YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

gaslit.s01e06.720p.CM.mp4

341.07 MB N/A video/mp4 122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Varisu
5.8

ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော် File size…3.27GB / 1.4GB Quality…4k HEVC AMZ WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL~ Yunni ~ Khin Khin ~ Sai ThuRein

Comedy
5.8 2023 170 mins
Varisu
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
The Admiral: Roaring Currents
7.1

လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း တကွဲတပြားတွေဖြစ်နဲ့ဆိုတော့ ဒီတိုက်ပွဲက သူ့အတွက်အခက်အခဲဆုံးပါပဲ... ကိုင်းသူဘယ်လိုတွေပြင်ဆင်လဲ...ဘယ်လိုတွေတိုက်ခိုက်လဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး... The Admiral: Roaring Currents(2014) ရုပ်ရှင်ကတော့ တောင်ကိုရီးယား Box Officeရဲ့ သမိုင်းမှာ (135)သန်းကျော်နဲ့ ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားကောင်း ရာဂဏန်းထွက်နေတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ ၄ နှစ်ကြာအောင် ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိသေးပါဘူး။ ဝေဖန်ရေးဆရာဝန်တွေ သမိုင်းပညာရှင်တွေ အကြိုက်တွေ့ခဲ့ပြီး ၆၁ မိနစ်ကြာ တိုက်ပွဲခန်း ရှည်ကြီးဟာ တစ်ချက်မှ မပျင်းရဘူးလို့ ဟောလိဝုဒ်ကဝေဖန်ရေးသမားတွေကလည်း ချီးကျူးကြပါတယ်။ နောက်ခံတေးဂီတနဲ့ တိုက်ပွဲပုံဖော်မှုတွေက သိပ်ကောင်းသလို ချွဲမင်ဆစ်ရဲ့ သရုပ်ဆောင်မှုကတော့ အထူးညွှန်းနေစရာတောင်မလိုပါဘူး။ (I saw the devil ကြည့်ဖူးရင် သူဟာဘယ်လိုသရုပ်ဆောင်လဲ ဆိုတာ သိသာပါတယ်။) File Size :(2.23GB) and (1.08GB) Quality : Blu-Ray 720p/1080p 5.1, Format…mp4 Duration…02:08:00 Genre :  Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae

Action • Crime
7.1 2014 126 mins
The Admiral: Roaring Currents
Dunkirk
7.5

ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ဗျူဟာကျကျနဲ့ ဒန်ကာ့ခ်ကမ်း ခြေကို ပြန်တိုက်ခိုက်နိုင်ဖို့ ကြိုး ပမ်းခဲ့ကြပါတယ်။ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီးနောက်မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ဒတ်ချ်စစ်သားပေါင်း သုံးသိန်း ကျော်ဟာ အန္တရာယ်ရှိတဲ့ အရပ် ကနေ ဘေးကင်းစွာနဲ့ စွန့်ခွာနိုင်ခဲ့ ကြပါတယ်။ စစ်တိုက်နေတာတွေချည်းပဲ တစ်ချိန်လုံး ပြနေတာမျိုးမဟုတ် ဘဲ မြေပြင်တိုက်ပွဲဖြစ်ခဲ့တဲ့ သီ တင်းပတ်၊ ပင်လယ်ပြင်မှာတိုက် ပွဲဖြစ်တဲ့ရက်၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဖြစ်စဉ် အလိုက် အပိုင်းခွဲပြီး တင်ဆက် ထားတဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ပြီး စစ်မြေပြင်တိုင်း မှာ တပ်သားတွေ ကြုံဆုံရတဲ့ အကြောင်းအရာ ဇာတ်ကွက် လေးတွေလည်း ပါတာမို့ ပရိ သတ်တွေကြည့်လို့ အဆင်ပြေ မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင် ထားသူတွေက ဖီရွန်ဝှိုက်ဟက်ဒ်၊ တော်မ်ဂလင်းကာနေ၊ ဂျက်လို ဒန်၊ ဟယ်ရီစတိုင်၊ အန်နူရင် ဘားနက်၊ ဂျိမ်းစ်ဒီအာစီ စသူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ထိပ်တန်းရုပ်ရှင် စာရင်းဝင်နေတဲ့ ဇာတ်ကားမို့ တကယ်ပဲ ကောင်း၊ မကောင်းကို တော့ ကိုယ်တိုင်ကြည့်ပြီးတော့ ဝေဖန်အကဲဖြတ်ကြဖို့ ညွှန်းလိုက်ပါတယ်။ ။ ရုပ်ရှင်အညွှန်းကို 7daily Website မှကူးယူဖော်ပြသည်။ File Size : (853 MB) Quality : Blu-Ray 720p Running Time : 1hr 46min Format : Mp4 Genre :Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Kyaw Lin Tun

Action & Adventure • Animation • Drama • Sci-Fi & Fantasy
7.5 2017 107 mins
Dunkirk
Steve-O: Guilty as Charged
6.2

Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung

Horror • Mystery • Thriller
6.2 2016
Steve-O: Guilty as Charged
Dragon Gate Posthouse 6: Concubine Tears
6

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါကတော့ မိန်းမတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့ ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ယွဲ့ယာမြို့ကိုပြောင်းလာခဲ့တဲ့ ထျန်းယာအရက်ဆိုင်က သူဌေးမ ချိုးညန်ဟာ ဉာဏ်ကောင်းပြီး တော်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ သူမမှာ အပေါ်ယံမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ချိုးညန်အတွက်တော့ စိတ်ထဲမှာ စိုးရိမ်နေရပါတယ်။ တစ်ဖက်က ချိုးညန်တစ်ယောက် ကလေးမရနိုင်ခြင်း နောက်တစ်ဖက်မှာတော့ ယောကျာ်းဖြစ်သူ ဖန်းယိုသယ်ဟာ အရင်ဇနီး လျိုဖူရုန်အနားကို ပြန်သွားမှာ စိုးရိမ်နေရပါတယ်။ ဒီရခဲလှတဲ့ မိသားစုဘဝကို ထိန်းသိမ်းဖို့ သာမန်မိန်းမတစ်ယောက်လိုမျိုါ် ငြိမ်းချမ်းသာယာတဲ့ ဘဝမျိုးမှာ နေထိုင်ရဖို့ ချိုးညန်ဟာ နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး ထိုအတွက် လူသတ်ဖို့လည်း ဝန်မလေးခဲ့ပါဘူး။ သို့သော် ကံကြမ္မာရဲ့ စီမံမှုကြောင့် အဝေးကနေ ယောကျာ်းကိုလာရှာတဲ့ ဖူရုန်ဟာ အရက်ဆိုင်ကို ရောက်လာတဲ့အခါမှာတော့ …….. ဒီရုပ်ရှင်ထဲမှာတော့ သားကိုအလေးပေးပြီး သမီးကို တန်ဖိုးမထားတဲ့ တရုတ်နိုင်ငံရဲ့ရှေးခေတ်အချိန်က အမျိုးသမီးတွေရဲ့ ဘဝကြမ်းတမ်းခက်ခဲမှုတွေကို ချိုးညန်ရဲ့ဘဝအတွေ့အကြုံတွေ အဖြစ်နဲ့သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ချိုးညန်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကို CM ရဲ့ ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6 2018
Dragon Gate Posthouse 6: Concubine Tears
Vacancy
6.2

Vacancy (2007) ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Thriller • Horror
6.2 2007 85 mins
Vacancy
Chinese Paladin Prequel: The Wine Sword Fairy
5.7

ရှူရှန်းဂိုဏ်းဟာ လူ့ပြည်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ရှူရှန်းဂိုဏ်းက နင်အဆင့်တပည့် စီးထူကျုံးဟာ ထူးခြားတဲ့သွေးစီးဆင်းနေတဲ့အတွက် အရက်မသောက်ရရင်မူးနေတက်ပြီး အရက်သောက်ရမှ နိုးကြားနေတတ်သူ ဖြစ်ပါတယ်။ စီးထူကျုံးဟာ သိုင်းပညာမှာ ကျွမ်းကျင်ပေမဲ့ လွတ်လပ်ခြင်းကို နှစ်သက်သူ ဖြစ်တဲ့အတွက် ဂိုဏ်းစည်းကမ်းတွေကို မလိုက်နာပဲ အကြီးအကဲတွေအတွက် ခေါင်းကိုက်စရာတပည့်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ယုန်မိစ္ဆာမလေး ဖုန်းရှောင်ရွှိနဲ့ တွေ့ဆုံခဲ့ပြီး သူ့စိတ်ထဲမှာ ဖုန်းရှောင်ရွှိကို ရင်းနှီးနေသလို ခံစားနေရပါတယ်။ ဖုန်းရှောင်ရွှိကလည်း သူ့ကိုယ်သူ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စီးထူကျုံးရဲ့ချစ်သူဖုန်းရှောင်ရှန်းရဲ့ ညီမလေးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဖုန်းရှောင်ရွှိကို ဆရာဦးလေးက ရှူရှန်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖုန်းရှောင်ရွှိကနေပြီးတော့ သူ့ဂိုဏ်းတူညီလေး နန်ကုန်းဟွမ်ဟာ ဝံပုလွေမိစ္ဆာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နန်ကုန်းဟွမ်ကို ကာကွယ်ပေးဖို့အတွက် စီးထူကျုံးတို့တစ်တွေ ရှူရှန်းမှ ထွက်ပြေးခဲ့ပြီး ယွိကျိုးမြို့ကို ရောက်ရှိလာပါတယ်။ သူတို့တစ်တွေ ရှူရှန်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းက လွတ်မြောက်နိုင်ပါ့မလား…… ဖုန်းရှောင်ရွှိကရော ဘာအတွက် စီးထူကျုံးကို လာရောက်ချဉ်းကပ်နေတာလဲ…… စီးထူကျုံးရဲ့ ထူးခြားတဲ့ သွေးမျိုးရိုးကရော ဘယ်က ဖြစ်လာတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
Chinese Paladin Prequel: The Wine Sword Fairy
[18+] Sweet Release
5.2

==================== ရီယန်းနဲ့ဇန် တို့ဟာ ငယ်ငယ်လေးကတည်းကတွဲလာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ အခုချိန်မှာတော့ သူတို့ချစ်သူနှစ်ယောက်လုံးဟာ အကြောင်းကိုယ်စီနဲ့အဝေးကိုထွက်သွားတဲ့အတွက် စိတ်ပြေလက်ပျောက် ခရီးထွက်ကြဖို့ဖြစ်လာပါတယ်။ အဲ့ဒီခရီးကို မိမိကိုယ်ကိုပြန်လည်ရှာဖွေရေး ခရီးစဉ်အဖြစ် အမည်ပေးလိုက်ကြပြီး သူတို့နဲ့အတူ ဇန်းရဲ့အိမ်နီးချင်းဖြစ်တဲ့ ပဟေဠိဆန်ပြီးအမြဲဝမ်းနည်းနေတတ်တဲ့ လူးကပ်စ်ဆိုတဲ့ ကောင်လေး တစ်ယောက်လည်း အမှတ်မထင်ပါလာခဲ့ပါတယ်။ Ataska Mercado နဲ့ Dyessa Garcia ဆိုတဲ့တက်သစ်စ Vivamax မင်းသမီးလေးနှစ်ယောက်ခေါင်းဆောင်ပါဝင်ထားပြီး သူတို့ရဲ့ခရီးစဉ်အတိုင်း ပျော်စရာတွေ ဝမ်းနည်းစရာတွေ အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ဖိုလှိုက်မောစရာတွေကို သူတို့နဲ့အတူလိုက်ပါခံစားရမယ့် Road Movie ကောင်းကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.5GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Comedy
5.2 2024
[18+] Sweet Release
Over the Fence
6.6

ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။ File size… 1.8 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Drama • Music
6.6 2016
Over the Fence
Beezel
5.5

စုန်းမွေးထားတဲ့အိမ် သရဲမွေးပြီးအစာကျွေးတယ် စုန်းမွေးပြီးအစာကျွေးတယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တိုငယ်ဘဝမှာ အမြဲတမ်း ကြားဖူးနေတဲ့ယုံတမ်းပုံပြင်တွေပေါ့။ ဒီလိုယုံတမ်းတွေဟာ ကိုယ်တွေအာရှဘက်မှာသာမက အနောက် နိုင်ငံတွေမှာလည်းရှိပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဲလိုမျိုးယုံတမ်းတစ်ခုကို ပုံဖော်ရိုက်ကူးထားတာပါ။ နယူးအင်္ဂလန်မှာရှိတဲ့အိမ်ကြီးတစ်လုံးရဲ့ မြေအောက်ခန်းထဲက စုန်းမဟာ သူအသက်ရှင်ဖိုအတွက် အိမ်ကိုလာတဲ့လူတွေကို စားသုံးရပါတယ်။ ပထမတော့စားသုံးတယ်ဆိုပေမယ့် နောက်ပိုင်း မှာတော့ အိမ်မှာရှိတဲ့အိမ်ပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိအဲဒီစုန်းကို မွေးထားသလိုဖြစ်လာပါတော့တယ်။ Horror ကားတွေကို စောင့်နေတဲ့သူတွေအတွက်တော့ ကြည့်လိုကောင်းမယ့် ဇာတ်ကား မျိုးပါပဲ။ သွေးသံရဲရဲသတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်တွေနဲ့ ကြောက်တတ်သူတွေကြည့်ဖိုတော့ မသင့်ပါဘူး။ File size…956MB / 599MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2024 82 mins
Beezel
Kombu Vatcha Singamda
4.6

Kombu Vatcha Singamda (2022)”ဦးချိုပါသော ခြင်္သေ့” ============================================ ၂၀၂၂ က ထွက်ရှိတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူမာသီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီးနောက်မှာ မပြန်ဖြစ်တာ ၅ နှစ်ကြာပြီရှိတဲ့ သူ့ရဲ့မွေးရပ်မြို့လေးဆီကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့လေးဟာ သူမှတ်မိထားတဲ့ပုံစံနဲ့မတူဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး သုသာန်တစပြင်လိုမျိုး လူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်။ အဲဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့ သူတို့မြို့လေးအတွက် အနစ်နာခံသွားတဲ့ လူငယ်ငါးယောက်ရဲ့အကြောင်းကို သိခဲ့ရပြီး အဲဒီလူငယ်ငါးယောက်ရဲ့အကြောင်းနဲ့ သူတို့ မြို့လေး ဘယ်လိုတိတ်ဆိတ်ခြောက်ကပ်သွားတာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.6 2022
Kombu Vatcha Singamda
Scooby-Doo! Music of the Vampire
6.3

စကူဘီတို့အဖွဲ့ ကတော့ ဘယ်မကောင်းစိုးဝါးနဲ့ ဘယ်အချိန်ကကြုံရမှန်းမသိအောင်ကို ပဟေဠိပြဿနာတွေ ဖြေရှင်းလို့နေပါတယ်။ အဲဒီတော့ အပန်းဖြေခရီးလေး လိုအပ်လာတာပေါ့။ အားလပ်ရက်မှာ စကူဘီနဲ့ရှက်ဂီတို့ တစ္ဆေသရဲ၊နာနာဘာဝမ‌တွေ့ချင်ပါလို့ ကြွေးကြော်ထားကြပေမယ့် ဗယ်မာရွေးချယ်လိုက်တဲ့မြို့လေးက ဗန်ဟဲဆင်း တည်ထောင်ခဲ့တဲ့မြို့လေးပါတဲ့။ ကဲ ပြောရရင် ဗန်ပိုင်းယားမြို့လေးပေါ့။ ဒီတစ်ခေါက်ရော ဉာဏ်ကြီးရှင်အဖွဲ့ ဘာတွေကြုံလို့ ဘယ်လိုဖြေရှင်းကြဦးမလဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ စကူဘီဒူးဇာတ်လမ်းတွေမှာ အကောင်းဆုံး musical ဇာတ်လမ်းလေးပါပဲ။ CM ဖန် စကူဘီဒူးဖန်တွေအတွက် doo doo doo- doo doo doo Scooby-Doo! တင်ဆက်လိုက်ပါပြီ။ File Size : 1.5 GB, 862 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

Drama
6.3 2012 79 mins
Scooby-Doo! Music of the Vampire
Iron Man 2
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man 2 (2010) IMDb Rating (6.9) / Rotten Tomatoes (72 %) MCU ရဲ့ တတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး Scarlett Johansson ရဲ့ Black Widow ဇာတ်ကောင်နဲ့ James Rhodes ရဲ့ War Machine လိုဇာတ်ကောင်တွေကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Budget $170–200 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $623.9 million ထိပြန်လည်ရရှိခဲ့ပြီး Robert Downey Jr. ရဲ့ Iron Man ဇာတ်ရုပ်က ပိုမိုပီပြင်လာပါတယ်။

6.9 2010 124 mins
Iron Man 2
Riff Raff
6

တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်ကြီးတွေပဲ ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသဇာတ်ကား ကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဟာသကားဆိုလို့ နူးနူးညံ့ညံ့တော့မထင်လိုက်ပါနဲ့။ မိသားစုတွေကြားထဲကအချစ်အကြောင်းကို ကြမ်းကြမ်း တမ်းတမ်း အပစ်အခတ်တွေနဲ့ပုံဖော်ထားတာဖြစ်ပြီး ဇာတ်လမ်းကကောင်းလွန်းလို့ တစ်ကားလုံးမပျင်းရဘဲ ပရိသတ်ကိုစီးမျောခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Riff Raff ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေကလည်း လူငယ်ဘ၀မှာတင်မကဘဲ အခုအသက်ကြီးတဲ့အထိ ကြမ်းနေဆဲဖြစ်တဲ့ အက်ရှင် လူကြမ်းမင်းသားကြီး Ed Harris တို့ American Pie Series မှာနာမည်ကြီးခဲ့တဲ့ Jennifer Coolidge တို့ နာမည်ကြီး ကလေးဟာသသရုပ်ဆောင် Miles J. Harvey တို့အပြင် တခြားသော နာမည်ကြီးတွေများစွာပါဝင်ထားတဲ့အတွက် တစ်ခါလောက်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းက မိသားစုအကြောင်းဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့ အဓိကမိသားစုအကြောင်းစပြောရမှာပါပဲ။ ဒီဂျေဆိုတဲ့ကောင်လေးက သူ့အမေဆန်ဒီနဲ့အတူတူ သူ့ပထွေး ဆိုပေမဲ့ အဖေအရင်းလိုချစ်ရပြီး အဖေလို့ပဲခေါ်တဲ့ဗင်းဆင့်တို့နဲ့ အတူတူ ပျော်ရွှင်တဲ့မိသားစုလေးကိုထူထောင်ပြီးနေထိုင် ကြပါတယ်။အခုလည်း နှစ်သစ်ကူးနေ့မှာအပန်းဖြေဖို့အတွက် ကျေးလက်က သူတို့ရဲ့အပန်းဖြေအိမ်မှာသွားရောက်နေထိုင် နေကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီညမှာပဲ သူတို့ဆီကို မထင်မှတ် ထားတဲ့ ဧည့်သည်တွေရောက်ချလာပါတော့တယ်။ အဲ့ဒီဧည့်သည်တွေကဘယ်သူတွေလဲဆိုရင်တော့ ဗင်းဆင့်ရဲ့ သားအရင်း ရော့ကို သူ့ကောင်မလေးနဲ့ သူ့အရင်မိန်းမ ရုသ်တို့ပဲ ဖြစ်ပါတယ်။ရောက်လာတဲ့ပုံစံကတော့ ရေးကြီးသုတ်ပျာဖြစ်နေပြီး ဘာအကြောင်းအရင်းကြောင့်လဲဆိုတာလည်း သေချာမသိရ သေးပါဘူး။ဒါပေမယ့် အဖေဖြစ်တဲ့ဗင်းဆင့်ကတော့ သူ့သား တစ်ကောင် ပြဿနာရှာလာပြီမှန်း တန်းသိလိုက်ပါတော့တယ်။ ဒီလိုနဲ့ဒီအိမ်မှာ မိသားစု ၂ ခုအတူပေါင်းနေခဲ့ရပြီး ရော့ကိုသယ် လာတဲ့ပြဿနာတွေက ဒီအိမ်အထိလိုက်လာမလား…… အဲ့ဒီပြဿနာကရော ဘာဖြစ်မလဲ….. မိသားစုတစ်ခုအနေနဲ့ရော အဲ့ဒီပြဿနာကို သူတို့တွေအတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတွေကိုပါ စိတ်ဝင်စားစရာကောင်းစွာ ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.51 GB) / (743 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Drama
6 2024 103 mins
Riff Raff