YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

GAP The Series (2022)_(Ep4)_720p.mp4

462.97 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bang Bang!
6.1

မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။ နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San

Action • Thriller
6.1 2014 153 mins
Bang Bang!
Plebs: Soldiers of Rome
5.7

~ IMDb rating - 6.5/10 ~ ဒီကားကို ညွှန်းရမယ်ဆိုရင်တော့... - ရယ်ရမယ် - ရယ်ရမယ် - ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။ တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့...။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့… သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လား စစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Science Fiction • Thriller
5.7 2022 86 mins
Plebs: Soldiers of Rome
Love Hotel
6.5

Love Hotel (1985) မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။ သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။ နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။ တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Crime • Drama • Thriller
6.5 1985 88 mins
Love Hotel
What Do We See When We Look at the Sky?
6.9

ဒီတခါ CM Fan တွေကို မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးတစ်ကားကတော့ ဂျာမန် Drama/Romance ဇာတ်ကားလေးပဲဖြစ်ပါတယ် ထူးခြားဆန်းပြားပြီး ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ နားလည်ဖို့ခက်ခဲတဲ့ အချစ်ဆိုတဲ့အရာနဲ့ ပေါင်းဖက်မိလိုက်တဲ့အချိန် အံ့ဩစရာဖြစ်ရပ်တွေဖြစ်လာတော့တာပေါ့ လီဆာ ဆိုတဲ့ ဆေးဆိုင်ကဝန်ထမ်းလေးနဲ့ ဂျီအိုဂီ ဆိုတဲ့ ဘောလုံးသမားလေးတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံမှုကနေ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြားမှာ ဘယ်လိုတွေရုန်းကန်ပြီးမှ အချစ်စစ်တစ်ခုနဲ့ပြန်လည်ပေါင်းစည်းခဲ့တဲ့ အကြောင်းလေးပေါ့ ထူးခြားတာက တခြား Romance ကားတွေလိုမျိုးမဟုတ်ဘဲနဲ့နောက်ခံစကားပြောလေးတွေနဲ့ပတ်ဝန်းကျင်မှာလူသားတွေသွားလာရုန်းကန်နေကြတဲ့ Scene လေးတွေနဲ့ ရိုက်ကူးထားတော့အသွင်အမြင်သစ်လေးတစ်ခုအနေနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.37 GB) Quality….Webrip 720p Format…mp4 Duration….02:30:00 Genre…Drama, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

6.9 2021
What Do We See When We Look at the Sky?
Dog Days of Summer
6.7

Dog Days of Summer(2023) ************************** Castaway Diva ဇာတ်လမ်းတွဲထဲက ဂျောင်ဂီဟိုငယ်ဘဝနေရာမှာ သရုပ်ဆောင်ထားတဲ့ Moon Woo Jin ရဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါတယ်။ Puberty Period ဆိုတာကိုတော့ လူတိုင်းဖြတ်သန်းခဲ့ကြဖူးပါတယ်။ဒီတစ်ခေါက်အလှည့်ကျလာတဲ့ KBS Special Drama လေးကဝောာ့ Puberty Period ကိုဝင်ရောက်လာတဲ့ လူငယ်လေးတွေကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့ ဖခင်ဖြစ်သူရဲ့ စီးပွားရေးအခြေအနေ မပြေလည်မှုကြောင့် အန်ယန်းကနေ ဒယ်ဂူကို ပြောင်းရွှေ့လာတဲ့ ၁၄နှစ်အရွယ် ကောင်လေးနဲ့ အစပြုထားပါတယ်။ ဒယ်ဂူမြို့သူမြို့သားတွေကြားမှာ အန်ယန်းသားလေး ဂင်အီဂျွန်တစ်ယောက် လေယူ‌လေသိမ်း ကွာခြားမှုကြောင့် သူငယ်ချင်းတွေရဲ့ ကျီစယ်နောက်ပြောင်မှုကို ခံနေရရှာပါတယ်။ ဒါတင်မကသေးဘဲ ဒယ်ဂူရဲ့ ပူပြင်းတဲ့ရာသီဥတုဒဏ်ကြောင့်ပါ စိတ်ရှုပ်ရတာကြောင့် မျက်နှာစိမ်းအရပ်မှာ တစ်ယောက်တည်း ဒေါသပုန်ထနေခဲ့ရပါတယ်။ အဲ့ဒီနောက် သူနဲ့ရွယ်တူတွေဖြစ်ကြပြီး ခပ်ဆန်းဆန်းအတွေးနဲ့စိတ်ကူးတွေပိုင်ဆိုင်ထားတဲ့ ဟန်ယောရွမ်းဆိုတဲ့ ကောင်မလေးနဲ့ ဂျောင်ဂျီဝုဆိုတဲ့ ဘောဒါတွေနဲ့ ဆုံတွေ့ကြတဲ့အခါမှာတော့…။ ဒယ်ဂူရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့အတူ World Cupကျင်းပနေတဲ့ကာလမှာ Puberty Period ကိုဝင်ရောက်လာတဲ့ လူငယ်လေးတွေရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အသက်14နှစ်အရွယ် လူငယ်လေးတွေကို အသားပေးရိုက်ကူးထားတဲ့ ဒီဇာတ်ကား‌လေးထဲမှာတော့ Main Castတွေ အနေနဲ့ Moon Woo Jin , Park Seo Kyung နဲ့ Choi Hyun Jin တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အညွှန်းကိုတော့ Treasure Htetမှရေးသားပေးထားပါတယ်… File size… 1.1GB/480MB Quality…HDRip1080p / 720p Format…mp4 Duration….1hr 04min Genre …..Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Tiff Miri, Treasure Hnin & Stary

6.7 2023
Dog Days of Summer
Pendulum
7.8

Pendulum (2023) “အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း” IMDb 7.7 CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်… တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါ အမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်… အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး… သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့… ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ် အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ ….. ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ သူ့အတိတ်စာမျက်နှာကို ပြန်လည် တူးဆွဖို့ ကြိုးပမ်းပါတော့တယ် သူကရော သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အနာဂတ်ကို ပြန်လည်ပြုပြင်နိုင်မလားဆိုတာကို ၁ နာရီ ၄၅ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ပရိသတ်ကို မျက်တောင်တစ်ချက် မခတ်ရအောင် တင်ဆက်ထားတာမို့ ထူးဆန်းထွေလာ ဇာတ်လမ်းမျိုး နှစ်ခြိုက်ကြသူတွေ သဘောတွေ့မယ့် လက်ရာတစ်ခု ဖြစ်ကြောင်း ပြောရင်း… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Thriller • Drama • Horror
7.8 2023 106 mins
Pendulum
The Nightmare
5.7

The Nightmare (2015) ================== တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲ ဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့…။ တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာ ခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်း ဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီ သတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီး သွေးထွက်တယ်။ အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲ လာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့ သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။ (ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (557 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Horror Translator…….Ngwe Zin Encoder……….SWM

5.7 2015 90 mins
The Nightmare
The Art of Fighting
6.6

The Art of Fighting (2006) ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။ သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။ အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။ Genre….. Action, Comedy, Drama Quality…. 1080p | 720p File size…2.24GB | 976MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

6.6 2006
The Art of Fighting
Monster Mash
5.8

ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ရွာနားတစ်ဝှိက်မှာရှိနေတဲ့ သတ္တဝါအားလုံးကို ပစ်မှတ်ထားပြီး သူတို့ဆီကနေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လုယူဖို့ ကြိုးစားပါတယ်။ ဒရက်ကူလာလည်း သူ့သမီးအဖမ်းခံရပြီး တခြားသတ္တဝါတွေ တိုက်ခိုက်ခံရတာကို လိုက်စုံစမ်းရင်း မံမီ၊ သမန်းဝံပုလွေ၊ ကိုယ်ပျောက်လူသားတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ဖရန်ကင်စတိုင်းရဲ့ ရည်မှန်းချက်ကဘာလဲ၊ ဒရက်ကူလာတို့အဖွဲ့ကရော ဖရန်ကင်စတိုင်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာလားဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ပါဦး

5.8 2024
Monster Mash
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
Trinil
6

ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲ Jump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက် ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့ အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင် ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံ အတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ 1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင် အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2024 105 mins
Trinil
The Royal Tenenbaums

The Royal Tenenbaums ကတော့ Wes Anderson ကိုတကယ်လေးစားသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီးတော့ ပုံစံတွေအများကြီးပြောင်းထားတာတွေနှင့် အထူးသဖြင့်တော့သူရဲ့သုံးထာတဲ့ကာလာတွေက ဇာတ်လမ်းကိုပိုပြီးတော့အရသာဖြစ်စေတယ်။ ဇာတ်လမ်းပိုင်းမှာတော့ Royal Tenenbaum က သူ့မိသားစုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားတယ်။ သူသားနှစ်ယောက်နှင့် သမီးတစ်ယောက်ပေါ့ အဲ့လိုမျိုးလူတွေတစ်ယောက်စီတိုင်းမှာရှိနေတဲ့ပြဿနာတွေကို သေချာပြနိုင်တာတွေ၊ သူတို့ရဲ့ရင်ထဲမှာခံစားနေရတာတွေကိုပေါ်အောင်ပြနိုင်လို့ကာလာတွေသုံးထားတာတော့အကောင်းဆုံးပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ဇာတ်ကြောင်းကိုလိုက်မတွေးနိုင်တဲ့သူတွေအတွက် narrator ပါပါပါတယ် ။ မိသားစုတစ်ခုမှာ ပြဿနာတွေ အနှောင့်အယှက်တွေကို စိတ်ဝင်စားအောင်သာမကပဲနဲ့၊ဇာတ်ကားမှာ သူ့ရဲ့ creativity တွေ၊ လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်တွေ၊ ကိုယ်ကိုတိုင်ပဲနားလည်တဲ့ကိုယ့်ကိုယ်ကိုအဖြေပြန်ရှာနေရတာတွေ စိတ်ခံစားချက်တွေပါမယ်။ ဇာတ်ကောင်တွေအနေနဲ့လည်းအမိုက်စားတွေပါမယ်သူတို့ကိုယ်တိုင်ရဲ့character တွေကလည်းတစ်ယောက်ကိုတစ်မူထူးခြားတာဖြစ်တယ်။ The Royal Tenenbaums သည် ကြည့်ရှုသူတွေကို စိတ်ဝင်စားစရာတစ်ခု ၊ မိသားစုပြဿနာတွေ ၊အနုပညာလက်ရာတွေ၊ မြင်ကွင်းကောင်းကောင်းတွေ cinematic scence တွေ ပါဝင်လို့ ခေတ်လူငယ်တွေအနုပညာသမားတွေတစ်ခြားအပန်းဖြေအတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းလုံးဝကိုအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ။ File size…(1.9 GB)/(962 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2001
The Royal Tenenbaums
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai
Exploring the Clear Water River : Rebirth
5.7

CM ရဲ့ ပရိသတ်တွေအတွက် အပန်းဖြေဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဖြစ်ပါတယ်။ အမြဲပေါ့ပျက်ပျက်နေပြီး ခက်ခဲတဲ့ ကိစ္စမှန်သမျှကို မနက်ဖြန်ကို အချိန်ဆွဲပြီး ရှောင်ပုန်းနေတတ်တဲ့ ထုံရှောင်လျို့ဟာ မနက်ဖြန်ကို မရောက်နိုင်တဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရပါတယ်။ အဲဒီနေ့မှာပဲ သူ့ရဲ့ချစ်ရသူတာ့လျန်က ဒုဗိုလ်မှူးကောင်းနဲ့ လက်ထပ်ရမှာဖြစ်ပြီး တာ့လျန်က မြစ်ထဲခုန်ချပြီး သူ့ကိုယ်သူသတ်သေသွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ဒီကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ရခဲ့ပါတယ်။ အဲဒါကတော့ မနက်ဖြန်ကို မရောက်ဘဲ အဲဒီနေ့ကိုပဲ ထပ်ခါထပ်ခါ ပြန်ရောက်သွားလို့ဖြစ်ပါတယ်။ ချစ်သူကို ကယ်တင်ဖို့ ထုံရှောင်လျို့က ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action
5.7 2025
Exploring the Clear Water River : Rebirth
The Dumpling Queen
6.2

ဒီဇာတ်ကားလေးကတော့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်တဲ့ သမီး(၂)ယောက်မေမေရဲ့ ဘာမှမရှိတဲ့ဘဝကနေကမ္ဘာအဆင့်အထိတရုတ်ဖက်ထုပ်ကိုဖြန့်နိုင်တဲ့အထိကြိုးစားခဲ့တဲ့ ဖြစ်ရပ်မှန်ဘဝအတ္ထုပ္ပတ္တိတစ်ခုကိုရိုက်ကူးထားတဲ့ အားတက်စရာဇာတ်လမ်းပဲဖြစ်ပါတယ်။ အရသာတွေထဲကအကောင်းအဆုံးအရသာကတော့ နွေးထွေးတဲ့အိမ်ရဲ့အရသာပဲဖြစ်မယ်ထင်ပါတယ်။ ချင်းသောင်ကသမီး(၂)ယောက်အမေအိမ်ထောင်ရှင်မတစ်ယောက်ဟာ ခင်ပွန်းနဲ့တွေ့ဖို့ဟောင်ကောင်ကိုလိုက်သွားခဲ့ပါတယ်။ ဟောင်ကောင်ကို ရောက်တဲ့အချိန်မှာတော့ ခါးသီးတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီ ခင်ပွန်းနဲ့ပြတ်စဲကာ သမီး(၂)ယောက်ကို သူတစ်ယောက်ထဲပျိုးထောင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဟောင်ကောင်မှာဆွေမရှိမျိုးမရှိ အခက်အခဲတွေကြားမှာရုန်းကန်ရင်း သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်လေးကတော့ လူတိုင်းကိုသူ့ရဲ့ဖက်ထုပ်ကိုစားလိုက်တာနဲ့အိမ်ရဲ့အရသာကို သတိရသွားစေချင်တဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ် အခက်အခဲတွေကြားထဲမှာ မကောင်းတဲ့သူတွေ တွေ့ခဲ့ရသလို ကောင်းတဲ့သူတွေရဲ့ဖေးမမှုတွေနဲ့အတူ သူမရဲ့ရည်ရွယ်ချက်လေး အောင်မြင်နိုင်ပါ့မလား

Romance • Drama
6.2 2025
The Dumpling Queen