YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Game.of.Thrones.S07E03.1080p.Bluray.x265-HiQVE.mp4

833.85 MB 1080p video/mp4 7702 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Just Go with It
6.7

Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ သူ့အလိမ်အညာ‌တွေပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်နေရမှာဖြစ်တဲ့အတွက် comedy ကားကြိုက်သူတွေ၊ စိတ်ညစ်နေတဲ့သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.32GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ..... Comedy , Raomance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action
6.7 2011 117 mins
Just Go with It
Laruan
5

ကမီးလ်ဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာထက်မြက်တဲ့မိန်းမဖြစ်ကြောင်း ဖေစ့်ဘုတ်ပေါ်မှာ ပုံတွေတင်စာတွေမရေးဘဲ ယောက်ျားနှစ်ယောက်ကို နဖားကြိုးထိုးထားပြီးတော့ လက်တွေ့သက်သေပြသူဖြစ်ပါတယ်။ ကမီးလ်အလုပ်က အိမ်တွင်းအလှဆင်လုပ်ငန်းဖြစ်ပြီးတော့ လုပ်ငန်းမှာ သူ့ငယ်ချစ်ဦးဂျော့ဖ်ကိုလက်ထောက်အဖြစ်ခန့်ထားသလို၊ သူ့ထက်အသက်နှစ်ဆကြီးတဲ့ နာမည်ကျော်ပန်းချီဆရာကြီးတစ်ယောက်ကို ရအောင်ယူထားပြီး အဲဒီပန်းချီတွေကို လုပ်ငန်းထဲမှာထည့်ရောင်းပြီး အသုံးချတတ်ပါတယ်။ ဒီလိုပဲ အားလပ်ရက်တွေမှာ ဂျော့ဖ်ကို ကောင်မလေးတစ်ယောက်ယောက်နဲ့အတူ အိမ်ကိုလာခိုင်းပြီးတော့ ခင်ပွန်းနဲ့ဂျော့ဖ်ခေါ်လာတဲ့ ကောင်မလေးတို့ကိုပစ်ထားပြီး အလုပ်ခန်းထဲမှာ နှစ်ဦးသားကြိတ်ပုန်းတွယ်လေ့ရှိပါတယ်။ စကားနည်းပြီး လူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ သူ့ခင်ပွန်းသည်အဘိုးကြီးဟာ ဒါတွေကိုရိပ်မိသလို မရိပ်မိသလိုအနေအထားပေမယ့် ဘာမှပြောလေ့မရှိပါဘူး။ အစစအရာရာအဆင်ပြေနေတဲ့ ကမီးလ်အတွက်အခြေအနေတွေဟာ ဂျော့ဖ်ခေါ်လာတဲ့ ပန်းချီကျောင်းသူ မိန်းမလှလေး သီယာရောက်အလာမှာတော့ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဘယ်သူနဲ့မှစကားပြောလေ့မရှိတဲ့ ပန်းချီဆရာအဘိုးကြီးဟာ ဒီကောင်မလေးကိုတော့ အရောတဝင်ပြုံးရယ်လာသလိုမျိုး ငယ်ချစ်ဦးဂျော့ဖ်ကိုယ်တိုင်ပါ သူ့ကိုလျစ်လျူရှုပစ်ပယ်လာ၊ ကောင်မလေးအပေါ်ဂရုစိုက်မှုတွေပုံကျလာချိန်မှာတော့ ထက်မြက်တဲ့ ကမီးလ်တစ်ယောက် မောဟမီးတွေတောက်လောင်ပြီး သူ့ဘဝထဲကယောက်ျားနှစ်ယောက်နဲ့ ဒီမိန်းကလေးကိုခွဲထုတ်ပစ်ဖို့ဆင်ကြံကြံရပါတော့တယ်။ မျက်နှာသစ်မဟုတ်ပေမယ့် ကားရိုက်ကြဲတဲ့ အသစ်ကလေးနှစ်ဦးဖြစ်တဲ့ Franki Russell ကို ကမီးလ်အဖြစ်၊ Ava Mendez ကို ညိုပြာညက် ပန်းချီကျောင်းသူလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
5 2022 86 mins
Laruan
Mythica: The Godslayer
5.9

ဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ဒါကြောင့် ကမ္ဘာပျက်ကိန်း ဆိုက်မယ့်အရေးကို ကာကွယ်ဖို့ရာ စုန်းမလေး Marek နဲ့ နတ်သူငယ်သွေးတစ်၀က်ပါတဲ့ သူခိုးဂျပိုး Dagen တို့ရဲ့ လက်ထဲကို ရောက်လာပါတော့တယ်။ ဒီတော့ သူတို့နှစ်ဦးဟာ Lich King နဲ့ သူ့ရဲ့အကြံအစည်ကို တားဆီးမယ့်ကိစ္စကို အကောင်အထည် ဖော်ဖို့ ခရီးရှည်ကြီးကို ထွက်ခွါရပါတော့တယ်။ တစ်ဖက်မှာလည်း လူသားနဲ့ နတ်ဘုရားတွေဟာ တရိပ်ရိပ်တက်လာနေတဲ့ zombie စစ်တပ်ကြီးကို တောင့်ခံရင်း Marek နဲ့ Dagen တို့သာ သူတို့တွေ အားလုံးရဲ့ တစ်ခုတည်း‌သော မျှော်လင့်ချက် ဖြစ်လာတဲ့အခါမှာတော့.... Mythica God slayer ဆိုတဲ့ Fantasy adventure ဇာတ်ကားလေးကို  CM ပရိသတ်ကြီးတွေအတွက် တင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်။) File Size - (2.01 GB) / (879.62 MB) / (364.03 MB) Quality – BluRay - (1080p) / (720p) / (480p) Duration - 1hr 58min Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator – Chuck Chuck Encoder – San Win Maung

Drama • Horror • Mystery
5.9 2016 118 mins
Mythica: The Godslayer
Above The Fire
6

ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို နှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာ သူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်း လုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ…? ရည်းစားဖြစ်သူ ရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ – ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ? မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

6 2023
Above The Fire
Rumble Through the Dark
6.7

Rumble Through the Dark (2023) ~ IMDb – 6.7/10, Rotten Tomatoes – 50% ~ “You either die a hero or live long enough to see yourself become the villain.” ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့… နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် တခြားကားကောင်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါပဲ။ တခြားမတွေးပါနဲ့ နိုလန်ခေါ်သုံးခံရတဲ့ထဲ ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ကောင်မှ မရှိပါဘူး။ ဒီကားကတော့ အဲဒီ ဟာဗီးဒန့်ကြီး Aaron Eckhart ရဲ့ ဒီနှစ်ထွက် အက်ရှင်ရုပ်ရှင်အသစ်ပါ။ ရိတ်တင်ဘာညာလည်းမဆိုးလှပါဘူး။ ဒါကိုမှ ရုပ်လေးနဲ့ လုပ်စားလို့ကောင်းတဲ့ နာမည်ကြီး Midnight Sun ဇာတ်လမ်းထဲက မင်းသမီး Bella Throneပါ ထပ်ဖြည့်ပေးထားတော့ ဒီကားက စိတ်ပြေလက်ပျောက်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေ အက်ရှင်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ထားတာကလည်း နာမည်ကြီးကုမ္ပဏီ Lionsgate ကနေပါ။ အက်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို တော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးကြပြီး Aaron ကိုလည်း ဒီရုပ်ရှင်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ ချီးကျူးထားကြပါတယ်။ ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။ အ​ကြွေး​တွေကို အကုန်ပြန်ဆပ်ပြီး အ​မေ့​ရဲ့ ​နောက်ဆုံးခရီးမ​ရောက်ခင် အိမ်​လေးကိုပြန်ဝယ်ပြီး ထား​ပေးချင်တဲ့ ဖိုက်တာ ဂျက် တစ်​ယောက်ရဲ့ ​နောက်ဆုံးထိုးသတ်ပွဲကို ရိုက်ပြထားတာပါ။ အထိုးအနှက်​တွေကို ​သေချာ​လေးရိုက်ပြထားပြီး ​သွေးထွက်သံယိုခန်း​တွေအများကြီးပါတာ​ကြောင့် အကြမ်းအတမ်းကြိုက်တဲ့သူ​တွေကြည့်သင့်တဲ့ကားကောင်းတစ်ကားဆို မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 920MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Action, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Rumble Through the Dark
Read My Lips
7.3

ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ??? ဇာတ်လမ်းအကျဉ်း…… ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါ‌တော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ဘယ်လိုကူညီမှာလဲဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ပြင်သစ်ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် လက်မနှေးဘဲ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ File size…(2.4GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 2001
Read My Lips
Babumoshai Bandookbaaz
7.1

Babumoshai Bandookbaaz (2017) IMDb Rating -7/10 Google User – 86% Genre – Crime/Thriller ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သဘာဝစစ်စစ်ကို အရသာလေးကိုခံစားကြည့်ကြရအောင်ပါ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းတာသတိပြုရပါမယ်။) ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Myin Thu နဲ့ Nyi Nyi Koe တို့မှတင်ဆက်ထားပါတယ်။

7.1 2017 122 mins
Babumoshai Bandookbaaz
Blade II Blade 2
6.7

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

Horror • Thriller
6.7 2002
Blade II Blade 2
Dance First

ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2023
Dance First
City of Damnation

City of Damnation (2009) **************************** Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့…. ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင် ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့် ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။ Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လို ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဥ်း- ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့ အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။ ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင် ယန်ဂန်ဆော့ရဲ့ နောက်ကြောင်းကိုလိုက်ပြီး ဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပြီး ဂိုဏ်းသတင်းတွေကို အတိအကျသိရဖို့အတွက် ဂိုဏ်းထဲမှာ သူလျှိုထည့်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါ အရာရှိချန်းတစ်ယောက်အရွေးခံလိုက်ရပါတယ်။ အရာရှိချန်း လူမိုက်ဂိုဏ်းအဖွဲ့ထဲကို လက်သစ်လူမိုက်အနေနဲ့ရောက်ရှိသွားချိန်မှာပဲ တစ်ဖက်လူမိုက်ဂိုဏ်းကလည်း ရဲတွေဟာ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်းသိတဲ့အတွက် ရဲဌာနထဲမှာ သူတို့ရဲ့ တစ်ဦးတည်းသော တက္ကသိုလ်ဘွဲ့ရအဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင် ဉာဏ်ထက်တဲ့ အီဂျုံဒယ်ကို သူလျှိုအနေနဲ့ လွှတ်လိုက်ပါတယ်။ လက်ရည်ရှိတဲ့ ချန်းချွန်းဒုံဟာ တစ်ဖက်လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ယုံကြည်မှုကို ရလာခဲ့ပြီး အဆင့်နေရာတွေ ရလာခဲ့သလို တစ်ဖက်က အီဂျုံဒယ်ကလည်း ထက်မြက်မှုတွေကို အသုံးချကာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့မှူး ရာထူးအထိ ရောက်လာပါတော့တယ်။ အချင်းချင်း သတင်းတွေ ဖလှယ်ရင်း ရဲတပ်ဖွဲ့ဘက်ကပဲ လူမိုက်ဂိုဏ်းကို နှိမ်နင်းနိုင်မလား လူမိုက်ဂိုဏ်းကပဲ ရဲတပ်ဖွဲ့ကို အနိုင်ယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင် ဟာသအနှောကြောင့် တစ်ခဏတာ စိတ်အမောလည်း ပြေစေနိုင်မယ့် ဇာတ်ကားကောင်းတစ်လက်ဆိုတာတော့ မမှားပါဘူး။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.34GB / 880MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 57m Genre ….. Comedy, Crime, Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

Drama • Horror • Thriller
0 2009
City of Damnation
Scent of a Woman
8

Scent of a Woman (1992) IMDb (8.0) / Rotten Tomatoes (88 %) Won 1 Oscar. Another 5 wins & 14 nominations ဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O’Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်… “Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့” ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver မဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဖော်ပြခဲ့သလို Oscar ဆုရခဲ့တဲ့အထိအပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ Godfather ထွက်ပြီး ၂နှစ်အကြာထွက်ခဲ့တဲ့ကားဆိုတော့ကာ သူတို့၂ယောက်စတွေ့တဲ့အခန်းမှာGodfatherဟန်မပျောက်သေးဘူး မှတ်ရလောက်အောင် ဂေါ်တဲ့စတိုင်ကို မြင်ရဦးမှာပါ။ လူ့ဂွစာတွေ စရိုက်အတိုင်း သူတို့၂ယောက်ဟာသဟဇာတမဖြစ်တာတွေကြုံရပေမဲ့ တစ်ယောက်သဘော တစ်ယောက်နားလည်လာတဲ့အခါ လူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက်ဘယ်ရွေ့ ဘယ်မျှအထိ နှလုံးသားချင်း နီးစပ်သွားကြမလဲဆိုတာကို…ကျွန်တော်တို့ တငွေ့ငွေ့ ခံစားရမှာပါ။ ဒီဇာတ်လမ်းနဲ့”Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့”ဆိုတဲ့ခေါင်းစဉ် ဘယ်လို ပက်သက်သွားလဲဆိုတဲ့ အမေးတော့ ရှိမှာပါ။ “ကိုယ်သင်းနံ့ဟာ ဆွဲဆောင်မှုဆိုတာရဲ့ အပြင်းဆုံး လက်နက်တစ်မျိုးပဲ ဒီလက်နက်ကို ကောင်းကောင်းအသုံးချတက်တဲ့မိန်းမတစ်ယောက်ဟာ တခြားသော လက်နက်တွေကို မလိုတော့ဘူး “ဆိုတဲ့စကားလေးနဲ့ ချိတ်သွားသလို ဒီကားရဲ့ အဓိကဇာတ်ဆောင်ဟာ မျက်မမြင် တစ်ယောက်ပါ။ မထိမကိုင်ရပဲမျက်မမြင်တစ်ယောက် ခံစားနိုင်မဲ့ အမြင့်ဆုံးလိင်အာရုံ အရသာက ကိုယ်သင်းရနံ့ပါပဲ.။ Oscar သုံးနေရာအတွက် ရာထားခံရပြီး Oscar တစ်ခုရခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ပေးအရမ်းလှသလို ရသလည်းမနုံနဲ့ခဲ့ပါဘူး…ရုပ်ရှင်တစ်ကားကြည့်ပြီး တစ်စုံတစ်ရာသော ခံစားချက်ရယူချင်တယ်ဆိုပါစို့… ဒီကားဟာ ခင်ဗျား ခံစားကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ပဲဖြစ်ပါတယ်…)

8 1992 156 mins
Scent of a Woman
Nirangal Moondru
6.2

Nirangal Moondru (2024) “ပဟေဠိ” စိတ်ဝင်စားစရာဇာတ်အိမ်နဲ့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တမီးလ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း ပြောရရင်တော့ ရှရီဟာ သူ့ကျေးဇူးရှင် ကျောင်းဆရာရဲ့ သမီးဖြစ်သူ ပါဗာသီကို မေတ္တာသက်ဝင်နေတာဖြစ်ပြီး ဆရာ့မျက်နှာထောက်လို စည်းမကျော်နိုင်ဘဲရှိပါတယ် တစ်နေ့ မနက်အစောမှာ ကားတစ်စီးနဲ့ ပါဗာသီကို လူသုံးယောက်က ဖမ်းခေါ်သွားတာမြင်လိုက်ရပြီးနောက် စိုးရိမ်တကြီး ပါဗာသီကိုရှာဖိုအလုပ် တစ်ဖက်မှာလည်း ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဗစ်ထရီနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ ဆယ်ဗန်တိုရဲ့ဇာတ်လမ်းကိုယ်စီနဲ့အတူ ဘယ်လိုချိတ်ဆက်မှုတွေရှိနေမှာလဲ အခုပဲဒေါင်းကြည့်ပြီး အဖြေရှာလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Romance
6.2 2024 122 mins
Nirangal Moondru
The Last Rodeo

Neal McDonough ဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားဖြစ်ပြီး Bull ridingကိုအဓိကထားရိုက်တဲ့ကားလေးဆိုလည်း မမှားပါဘူး။ အကျဉ်းချူပ်ပြောရရင် Joe Wainwright ဆိုတဲ့ character ဟာ အရင်က Professional bull riderဖြစ်ခဲ့ပြီး သူ့မိန်းမလည်းဆုံး၊ သူလည်းဒဏ်ရာတွေရပြီး နားလိုက်ရပါတယ်။ ဒါပေမယ့် သူနဲ့ဝါသနာတူတဲ့ မြေးလေးက တရက်ကျ ဦးနှောက်အကြိတ်ရှိနေတာ သိလိုက်ရပါတော့တယ်။ အဲ့တော့ Joeဟာ အသက်၅၀မှာ Championship ပွဲကြီးဝင်ပြိုင်ရပြီး သူ့မြေးလေး ခွဲစိတ်တာကို ပေးနိုင်ဖို့ ကြိုးစားရပါတော့တယ်။ သူအောင်မြင်အောင် ပထမဆုကိုဆွတ်ခူးနိုင်ပါ့မလား။ သူ့မိသားစုကို သူကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိပ်ထိပ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phyu Thwe Zaw

Thriller • Adventure • Crime
0 2025
The Last Rodeo