YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Gaalipata 2 (2022) 720p WEB-DL [RMC].mp4

1.3 GB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Rise of the Machine Girls
4.2

ဒီဇာတ်ကားကို အရိုးရှင်းဆုံးပြောရရင်တော့ Dark Comedy ပေါ့ ဇာတ်ကောင်တွေကလဲ သောက်တလွဲပဲ ဇာတ်လမ်းကလဲ ဂဂျိုးဂဂျောင်နဲ့ ဖြစ်နိုင်တာတော့ တစ်ခုမှမပါဘူး ဒါပေမဲ့ ဂျပန်တွေဆိုတာသိတဲ့အတိုင်းပဲလေ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းကတော့ အလွန်မြင့်မားကြတာကို Super Sentai (power ranger), ultraman, gundan စတဲ့ fictional characters ပေါင်းများစွာကိုမွေးဖွားပေးခဲ့တဲ့ ဂျပန်တွေဟာ ခုလိုမျိုးဇာတ်ကားတွေမှာ ထင်ရာတွေလုပ် ရိုက်ချင်သလိုတွေရိုက်ပြီး ဖျော်ဖြေရေးကိုပဲ အဓိကထားတင်ဆက်ကြတာ ထုံးစံနဲ့တူပါတယ် ဟ..ဒါဆို ဒီကောင်တွေ ရိုက်ချင်တာလျှောက်ရိုက်တာ ငါတို့က ဘာကြည့်ရမှာတုန်းဆိုရင် ကြည့်စရာစော်အလန်းလေးတွေပါပါတယ်....HOTD က အန်ကယ်ဒေမွန်ကြီး ခေါင်းထဖြတ်တဲ့အကွက်မျိုးက ဒီလိုကားထဲမှာ အားတိုင်းထည့် ပျင်းတိုင်းထည့်ပါတယ်...စောက်ရမ်းချပါတယ် သေနတ်တွေရော စက်ရုပ်တွေရော ဓားတွေရော စုံနေတာပါပဲ အဲ့တော့ ဘာကိုမှ ဂိမနေပဲ ဖျော်ဖြေရေးကို ဖျော်ဖြေရေးလိုပဲခံစားရင် ကွက်တိပါပဲ တစ်ခုတော့ရှိပါတယ် စောက်ရမ်းဖျော်ဖြေတယ်ဟဆိုပြီး မိဘတွေ ကလေးတွေနဲ့တော့အတူမကြည့်ပါနဲ့ ဆဲတာဆိုတာအသာထား လိင်ပြကွက်ဆိုတာတောင် အပျင်းပြေအလှူလိုထည့်ထားတဲ့ ဒီကားမျိုးက အန်ကယ်ဒေမွန်လို အန်ကယ်လေးရှိတဲ့ ဘာဘီလေးတွေလောက်ပဲ အဆင်ပြေမယ့် ကျန်တဲ့လူတွေ မိသားစုနဲ့မကြည့်သင့်တဲ့ ဆယ့်ရှစ်အပေါင်းကားလေးဖြစ်ကြောင်းတော့ လက်တို့လိုက်ပါရစေ File size…1.3GB / 697MB Quality…1080p BluRay / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror • Science Fiction
4.2 2019 75 mins
(18+) Rise of the Machine Girls
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Rally Road Racers
7.5

Rally Road Racers (2023) ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ ဇာတ်လမ်းအကျဉ်း လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama • Fantasy
7.5 2023 92 mins
Rally Road Racers
Love Hotel
6.5

Love Hotel (1985) မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။ သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။ နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။ တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Crime • Drama • Thriller
6.5 1985 88 mins
Love Hotel
The House of the Devil
6.3

The House of the Devil (2009) ~ IMDb – 6.3/10, RT – 85%, Shudder – 3.8/5 ~ ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များ‌နေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The House of the Devil (2009) ကြောင့် ဒီကားတွေ လမ်းစပွင့်ခဲ့တာ ဘာညာပေါ့။ ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ သူတို့၂ယောက်စလုံးမှာ ဒီလိုယုံကြည်ကိုးကွယ်မှုတစ်ခုကို အခြေတည်ထားတဲ့ ကားတွေရှိပါတယ်။ The House of the Devil ဟာ Horror ကားပေမဲ့ ရုပ်ရှင်ပွဲတော်တစ်ချို့က ဆုတွေရထားပြီး ငြိမ်ငြိမ်‌လေးနဲ့ကို မထင်ရင်မထင်သလို လန့်စရာကောင်းပါတယ်။ ၈၀ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ 16mm ဖလင်ကို သုံးပြီး retro စတိုင်ရိုက်ကူးထားတာမို့ ၂၀၀၉ကားပေမဲ့ သူ့ထက်ရှေးကျတဲ့ ကလပ်စစ် Horror ကားတွေလို ခံစားရမှာပါ။ ရိုက်ကူးတဲ့အချိန်က ၁၉ရက်တည်းပေမဲ့ ဆရာရိုက်တဲ့ကားဆိုတော့လည်း ဆရာအထာထွက်လာတာပါပဲ။ Horror ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ Ti West ရဲ့ Horror ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 920MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Fantasy
6.3 2009
The House of the Devil
After Blue (Dirty Paradise)
5.3

After Blue (Dirty Paradise) (2021) အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ သားအမိနှစ်ယောက်ကို Kate Bush ကို သွားသတ်ခိုင်းပါတော့တယ်။ သားအမိနှစ်ယောက်ခမျာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ Kate Bush ကို သတ်ဖို့ ရှာပုံတော် ဖွင့်ကြရတဲ့အခါ … ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 2.9GB, 1GB, 536MB Quality : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format : mp4 Duration : 2hr & 9mins Genre : Fantasy, Sci-Fi Translated by Jane Encoded by Kinnov

Action • Adventure • Animation • Comedy • Family
5.3 2021 129 mins
After Blue (Dirty Paradise)
The Brothers Bloom
6.7

IMDb Rating (6.7) / Rotten Tomatoes (68%) နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo, The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီး ဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းကတော့…. မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်‌တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ….။

6.7 2008
The Brothers Bloom
Once Upon a Crime
5.2

Once Upon A Crime (2023) ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။ Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Khaing ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Crime Quality…. 1080p | 720p File size…2GB } 966MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Khaing Encoder ….. Aaron

5.2 2023 105 mins
Once Upon a Crime
Haunted Mansion
6.2

သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023) ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6.2 2023 123 mins
Haunted Mansion
Accepted
6.4

2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့ ​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။ ​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေ အမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာ မဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့ လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။ society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း ​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့ လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်း သတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။ လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင် အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီး မူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက် အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကို ပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲက မင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့ အလှ​ကိုလည်းခံစားနိုင်ပါတယ်။ ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size… 2.1 GB / 840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

Romance • Comedy
6.4 2006
Accepted
The Bodyguard
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ် လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
The Bodyguard
The Age of Adaline
7.2

The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့… ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်… Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်… ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်… ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့…. တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ”

7.2 2015 112 mins
The Age of Adaline
A Carpenter Christmas Romance
6.4

A Carpenter Christmas Romance (2024) IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။ အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။ အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။) File size…(1.2 GB) / (560 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:27:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe thiri swe

6.4 2024 85 mins
A Carpenter Christmas Romance
What a Feeling
6.4

What a Feeling (2024) IMDb Rating (6.4) မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။ အောင်မြင်ချမ်းသာပြီး အချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီး အဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ ချစ်သူတွေထည်လဲတွဲတတ်သူ၊ အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ What a Feeling ဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့ အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:46:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2024 110 mins
What a Feeling
The Trap
5.7

အသက် ၂၀ ကျော် ၃၅ ဝန်းကျင်တွေကြားထဲ ဖြစ်တတ်တဲ့.. အမြန်အောင်မြင်ချင်သလို အိပ်မက်တွေလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ လက်တွေ့ဘဝမှာ ပိတ်မိနေတဲ့ ကိစ္စကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကို အကျဉ်းမိတ်ဆက်ပေးရမယ်ဆိုရင်တော့… ရွှီကျစ်ဆိုတဲ့ ဒါရိုက်တာအရူးလေးဟာဆိုရင် ကျောင်းပြီးတည်းက ရုပ်ရှင်နဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ပြီးတော့ … ရှုတင်မှာပဲ အချိန်ဖြုန်းနေခဲ့တော့တယ်… ဒီလိုနဲ့ပဲ လက်ထောက်ဒါရိုက်တာ ဖြစ်လာခဲ့ပြီးပေမယ့် သူ့အိပ်မက်ကတော့ ဖြစ်မလာသေးဘူးပေါ့… သူ့အိပ်မက်ဖြစ်တဲ့ သူကိုယ်တိုင်ကျေနပ်ပြီး ပရိသတ်ကို ပြချင်တဲ့ စိတ်ကူးထဲက ရုပ်ရှင်ကို ရိုက်နိုင်တဲ့ ဒါရိုက်တာ ဖြစ်လာဖို့ကိုပေါ့… တစ်ဖက်မှာလည်း မင်းသားရူး ကျာအာနဲ့ မိတ်ဆွေဖြစ်နေပြန်တာပေါ့… သူကလည်း ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်အသီးသီးကို ဖန်သားပြင်ကတစ်ဆင့် သရုပ်ဆောင်ပြီးတော့ ခံစားကြည့်ချင်ပါတယ်တဲ့လေ… ဒါကြောင့်လည်း သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေပြန်တာပေါ့… ဒီလို လူနှစ်ယောက်က ရှုတင်မှာ အချိုရည်ရောင်းတဲ့ စကားထစ်တဲ့ အစ်ကိုအရူးကြီးကို တွေ့ခဲ့တာပေါ့… ဒီအစ်ကိုအရူးကြီးဟာဆိုရင် တစ်ချိန်က စီးပွားကောင်းလုပ်ခဲ့ပေမယ့် အခုတော့ အရသာမရှိတဲ့ အချိုရည်ကို ရောင်းပြီးတော့ ဘဝရှင်သန်နေတယ်တဲ့… ဒီလိုကနေ တစ်နေ့ ရွှီကျစ် အလုပ်ပြုတ်တာကစလို့… ရွှီကျစ်အားကိုးနဲ့ ဒေလီးကြေးရနေတဲ့ ဖြတ်လျှောက် ကျာအာရော… အချိုရည်ရောင်းတဲ့ အစ်ကိုအရူးကြီးပါ အလုပ်မရှိတော့ဘူးပေါ့… ဒီလိုတစ်ချိန်တည်း အလုပ်လက်မဲ့ ၃ ယောက်က နိုင်ငံခြားကပြန်လာတဲ့ ရုပ်ရှင်ရိုက်ချင်တဲ့ လုပ်ငန်းရှင်ငပေါနဲ့ဆုံပါလေရော… ဒါနဲ့ အတိုချုပ်ပြောရရင် ရွှီကျစ်က သူ့အရင် ဒါရိုက်တာယောင်ဆောင်ပြီးတော့ ဒီအလုပ်ကို လက်ခံလိုက်တာပေါ့… ဒီတော့ကာ သူတို့အလိမ်တွေဘယ်တော့ပေါ်သွားမှာလဲ… အလိမ်တွေကရောပေါ်လာမှာလား… နိုင်ငံခြားက ပြန်လာတဲ့ လုပ်ငန်းရှင်ငပေါကရော တကယ် အလိမ်ခံမိသွားတာလား… သူတို့ကို တစ်ပတ်ရိုက်ဖို့ ပြန်လိမ်နေတာလား… ဒီကားလေးက အလှည့်အပြောင်းအများကြီးနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စိတ်အမောဖြေပြီး ရယ်မောနိုင်ဖို့ ကြည့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်…

Action • Adventure
5.7 2025
The Trap