YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

From.Now.On.Showtime.S01E01.720p.CM.mp4

533 MB N/A video/mp4 4292 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Butler
7.3

2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦး File size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Horror • Romance
7.3 2013 132 mins
The Butler
Amazing Grace
6.9

IMDB...7.4 ၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့် ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့ စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်က ပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလို ဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုက အကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်.. File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • History
6.9 2006 117 mins
Amazing Grace
Behind the Blue Eyes

ငါတို့ရဲ့ ပုံပြင်မှာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမရှိပေမဲ့ ငါဒီဘဝမှာ နင့်ကို ရှာတွေနိုင်တာ ကံကောင်းမှုကြီးပဲ။ ဒီဇာတ်လမ်းလေးကတော့ ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး ရင်ခုန်ခဲ့ကြပါတယ်။ သို့ပေမဲ့ အကွာအဝေးတွေ၊ မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ယောက်ဟာ အကြိမ်ကြိမ် ခွဲခွါခဲ့ကြရတယ်။ ရှင်းဟွေ့တစ်ယောက် တွေဝေနေချိန်မှာ သူ့ဆီကို ဟန့်ချုံးရဲ့ အသံသွင်းထားတဲ့ ကက်ဆက်ခွေလေး ရောက်လာပါတယ်။ ကက်ဆက်ခွေနားထောင်ပြီးနောက် ရှင်းဟွေ့တစ်ယောက် သူ့ရဲ့အချစ်ကို လိုက်ရှာဖို့ အတိတ်က မှတ်ဉာဏ်တွေအတိုင်း တစ်ရက်တာ ခရီးထွက်ခဲ့ပါတယ်။ ရှင်းဟွေ့တစ်ယောက် ဟန့်ချုံးကို ရှာတွေ့နိုင်မလား...... သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့ အချစ်ကရော အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Action • Drama
0 2023 97 mins
Behind the Blue Eyes
The Great Illusionist
2

CM တရုတ်ကားဖန်တွေအတွက် ဒီတစ်ခေါက်မှာတော့ ရှားပါး ဖုန်တက် ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားထဲက မင်းသားကတော့ တရုတ်ဖုတ်ကောင်ကားဖန်တွေဆို သိကြမှာမို့ ဒီမင်းသားမြင်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းနိုင်မှာပါ... ဇာတ်လမ်းအကျဉ်းလေးကတော့ ပေဟိုင်မြို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို လုံစုန်အရာရှိအပါအဝင် စခန်းအားလုံး ခေါင်းခဲနေရတာပေါ့... ဘယ်လိုလူသတ်မှုမျိုးလဲဆိုရင်တော့... ရုတ်တရက်ကြီးလမ်းလယ်ခေါင်မှာ ရုတ်တရက်သေသူတွေကို အလောင်းစစ်ဆေးတော့ရေနစ်ပြီးသေကြောင်း အဖြေထွက်လာတာကြောင့်ပေါ့... ဒီအမှုကနေ စပ်ဆက်လေ့လာလိုက်တော့ လူ ၁၇ ယောက်လောက် တစ်ချိန်တည်းဒီလိုပုံစံတူသေတာလည်းရှိတာမို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုလို့ နာမည်တပ်ခဲ့ရတာပေါ့... ဒီလိုနဲ့ မစ္စတာရော်ဘင်အကူအညီနဲ့ အမှုကို စုံစမ်းဖော်ထုတ်တဲ့ ခရီးစဉ်ဆက်ခဲ့တာပေါ့... ဒီအမှုကိုစုံစမ်းရာကနေ သဘာဝလွန် ထူးခြားဖြစ်စဉ်တွေပါ ရှာဖွေတွေ့လာရာကနေ အမှုမှန်ပေါ်ပေါက်ပါ့မလား... အမှုနောက်ကွယ်မှာ ဘာလျို့ဝှက်ချက်ရှိမယ်ဆိုတာလေး ဇာတ်လမ်းလေး ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်လိုက်ကြပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Horror
2 2020 87 mins
The Great Illusionist
Sneakerella
6

ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Family, Musical Translator – Mr.Anderson Encoder – SWM

Thriller
6 2022 110 mins
Sneakerella
Marlowe

Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 885MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 49Min Genre – Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

0 2022 109 mins
Marlowe
Paranormal Activity

IMDb 6.3 ရရှိထားပြီး teen choice movie award အပါအဝင်ဆုသုံးခုနဲ့ ဆုပေါင်း 12ခုမှာဇကာတင်ထားတဲ့ Horror & thriller အမျိုးအစားဇာတ်လမ်းဖြစ်ပါတယ်။ Jumpscare တွေနဲ့သွေးသံရဲရဲ ထိတ်လန့်စရာမျိုးမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ကြက်သီးဖြန်းကနဲထစေမဲ့ ခံစားချက်မျိုးကိုရစေမှာပါ ဇာတ်လမ်းအကျဉ်း….. ကေတီနဲ့မီကာတို့ဟာ နှစ်ရှည်တွဲလာခဲ့တဲ့စုံတွဲတွေဖြစ်ပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်နေရင်း အိမ်မှာထူးထူးဆန်းဆန်းဖြစ်ရပ်တွေကြုံလာပါတော့တယ် ကေတီကတော့ငယ်ကတည်းကဒီလိုကြုံနေကျမလို့ သိပ်မထူးဆန်းတော့ပေမဲ့ မီကာတစ်ယောက်ကတော့စိတ်တွေလှုပ်ရှားပြီး ဒီ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို အရမ်းစိတ်ဝင်စားနေခဲ့တာပါ…. လူကိုလည်းဘာဒုက္ခမှမပေးဘဲ ဆန်းဆန်းပြားပြားတွေဖြစ်နေရတာဘယ်သူ့ကြောင့်လဲ သရဲလား တစ္ဆေလား နတ်ဆိုးလား ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုနဲ့နှစ်ယောက်သား ထူးဆန်းတဲ့ကိစ္စတွေကိုစုံစမ်းကြရင်း ဒီလိုဖြစ်ရပ်တွေကဘာကြောင့်‌ဖြစ်နေရတာလဲ အဲ့ထူးဆန်းတဲ့အရာကြီးကိုဖယ်ရှားနိုင်ပါ့မလား ဆိုတာကိုကြည့်ရှူရမှာပါ Paranormal activity ဇာတ်ကားတွေထုံးစံအတိုင်း စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလိုမျိုး ရိုက်ကူးထားတာမလို့ တကယ့် Ghost hunting show တွေကြည့်‌နေရသလို ခံစားရမှာဖြစ်ပါတယ် File size…(1.7 GB)/(871 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Horror,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama • Romance
0 2007
Paranormal Activity
Bajrangi Bhaijaan
8.1

Bajrangi Bhaijaan (2015) —————————— မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက် ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။ (ရုပ်ရှင်အညွှန်းကို လင်းခယံ မှရေးသားထားပြီး ရုပ်ရှင်ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Horror • Science Fiction
8.1 2015 159 mins
Bajrangi Bhaijaan
My Teacher, My Obsession
4.4

My Teacher, My Obsession (2018) ========================= “ချစ်ရသော ကျွန်မရဲ့ဆရာ… ရင့်ကျက်ပြီးယောက်ျားပီသတဲ့ပုံစံမို့ စွဲလန်းခဲ့တာ မှားသွားလား ? တကယ်ဆို တွေ့တာနောက်ကျခဲ့တာပဲရှိတာပါ။ လွဲချော်ခဲ့တဲ့ အချိန်တွေကို ပြန်အစားထိုးနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ ကျွန်မအတွက် ရလာတဲ့ရလာဒ် က ရူးနေပြီတဲ့လား။ ကျွန်မရူးတယ်ဆိုရင်လည်း အချစ်ရူးပဲဖြစ်မှာပါလေ… (ကိုင်လာ) “ အိမ်ထောင်ရေးပြသာနာကြောင့် ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာကြတဲ့ ခရစ်နဲ့ ရိုင်လီတို့သားအဖနှစ်ယောက်။ ခရစ်က ရိုင်လီတို့အင်္ဂလိပ်စာအတန်းမှာ စာသင်ရတဲ့ ကျောင်းဆရာဖြစ်ပြီး အရမ်းချောတဲ့ဆရာအသစ်ဆိုပြီး ကျောင်းသူ တွေကြားမှာ အာရုံစိုက်ခံရတဲ့ဆရာပေါ့။ ရိုင်လီကတော့ အဖေ့ကြောင့်သာ နေရာအသစ်ကိုပြောင်းခဲ့ရပေမယ့် နေသား မကျသေးတဲ့ ကျောင်းသူသစ်တစ်ယောက်။ အနေစိမ်းစိမ်းဖြစ်နေတဲ့ ကျောင်း သူအသစ်ကို အတန်းဖော်ကိုင်လာက နွေးနွေးထွေးထွေး ကြိုဆိုကူညီပေးခဲ့ပါ တယ်။ အမြဲတမ်းတစ်ယောက်တည်းပဲနေတတ်ပြီး ကင်မရာတစ်လုံးနဲ့ပဲ အချိန် ဖြုန်းနေတာကြောင့် သူငယ်ချင်းမရှိတဲ့ ကိုင်လာကရိုင်လီနဲ့အမြဲတမ်းတွဲနေခဲ့ ပါတယ်။ သူလိုချင်တဲ့အရာကို ရအောင်လိုချင်တဲ့ ကိုင်လာက အင်္ဂလိပ်ဆရာ လည်းဖြစ်၊ သူငယ်ချင်းရဲ့အဖေလည်းဖြစ်တဲ့ ခရစ်ကို သူဘယ်လိုမျိုးစွဲလန်းခဲ့ လဲ၊ လိုချင်တာကိုရအောင် ဘယ်လိုမျိုးအရယူခဲ့လဲ စတာတွေကို စိတ်ဝင်စားဖို့ ကောင်းအောင်ရိုက်ပြထားတာမို့ ဆက်ကြည့်လိုက်ပါဦးနော်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.5 GB) / (559 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Jo Jo Va Encoder……….SWM

4.4 2018
My Teacher, My Obsession
Late Checkout

Late Checkout 2023 (Review) တောအရပ်မှာ အေးအေးချမ်းချမ်းသွားနေမယ်ဆိုတဲ့သူတွေကို စိတ်ကင်ဆာအမျိုးမျိုးပေးမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ Horror Gerne ဖြစ်ပြီး Thriller ဖြစ်စေမယ့် Vibe သိပ်မပါတာကြောင့် တအားကြီးတော့ လန့်စရာမကောင်းပါဘူး။ ဒါပေမဲ့ R-rated ဖြစ်တာကြောင့် သွေးသံရဲရဲတွေကိုမှ ကြိုက်တဲ့သူတွေအတွက် Exciting ဖြစ်စေမှာပါ။ ရိုက်ချက်တွေကတော့ အသက်ဝင်ပြီး plot ပိုင်းကတော့ အားရစရာမရှိပါဘူး။ Runtime လည်း တိုတာကြောင့်လည်း ပါမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘော်ဒါတစ်သိုက်ဟာ ပိတ်ရက်မှာ ကဲဖို့အတွက် တောတွင်းတစ်နေရာက အိမ်တစ်လုံးကို စုငှားလိုက်ကြပါတယ်။ ငယ်ပေါင်းကြီးဖော်တွေဖြစ်တာကြောင့် အားလုံးတူတူ တပျော်တပါး သောက်ကြကဲကြဖို့ လာခဲ့တာဖြစ်ပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် လိုက်လာတဲ့သူ၊ ရည်းစားလိုချင်လို့ လိုက်ခဲ့တဲ့သူ ဘော်ဒါတွေ စုံနေခဲ့ပါတယ်။ သောက်ကြစားကြ မူးကြပြဲကြတာဆိုတော့ ပေါက်ကရတွေပြောရင်း အဲဒီပြောတဲ့ပေါက်ကရတွေက စကားနောက် တရားပါသလို အမှန်တကယ် ဖြစ်လာမှာတော့… ဘော်ဒါတွေထဲမှာ ဘယ်သူတွေ ရှင်ကျန်ခဲ့မှာလဲ…? လူသတ်သမားကတော့ ဘော်ဒါတွေထဲကပဲလား…? ဒါမှမဟုတ် တခြားတစ်ယောက်လား…? သိချင်ရင်တော့ ဇာတ်လမ်းလေးကိုသာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khant Zaw Naing ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 480MB Format… mp4 Duration…. 1h 9min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Naing Encoder ….. Aaron

History • Drama
0 2023
Late Checkout
Bibi
6

Bibi (2024) ဒီ BiBi ဆိုတဲ့ ဇာတ်လမ်းကတော့ Psychological, Thriller အမျိုးအစားကို နှစ်သက်တဲ့ CM ပရိသတ်တို့အတွက်ကတော့ ကွက်တိပါပဲ။ ဗီဗီယန်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ ကလေးဘဝကအဖြစ်ဆိုးတွေကြောင့် တစ်ဘဝလုံးစိတ်ဒဏ်ရာရပြီး ကြီးပြင်းလာခဲ့သူပါ။ အသက်အရွယ်ရလာတာတောင်မှ စိတ်ဒဏ်ရာမပျောက်သေးတဲ့ ဘီဘီဟာ မူးယစ်ဆေးသုံး အရက်အလွန်အကျွံသောက်ပြီး လူသူမဆန်လောက်အောင် စိတ္တဇသမားသယောင်ဖြစ်လာသူပါ။ တစ်နေ့ သူ့ရဲ့အတိတ်ကို ပြန်အမှတ်ရသွားတဲ့အချိန်ကစပြီးတော့ အက်ရ်ှဝုဒ်ဗီဗီယန်ဟာ သူ့ရဲ့ငယ်ဘဝတုန်းက ဆုံးပါးသွားခဲ့တဲ့​ ညီမအကြောင်းကို ထင​်ယောင်ထင်မှားစဖြစ်လာပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အသည်းသန်ဖြစ်လာတဲ့ ဗီဗီယန်ဟာ တစ်ခုခုဖြစ်တိုင်း သူ့သမီး ဘီဘီကိုသွားမှီခိုရှာပါတယ်။ ဒါပေမဲ့ တကယ်လက​်တွေ့မှာ ဗီဗီယန်တစ်ယောက် ဘယ်လောက်ထိတောင် စိတ်ရူးပေါက်ပြီး ထင်ယောင်ထင်မှားဖြစ်နေလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (800 MB) / (440 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:35:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6 2024 92 mins
Bibi
Hell of a Summer
5.9

Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။ နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။ သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။ Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လို့အတော်ပျော်ဖို့ကောင်းတယ်။ ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.1 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Mystery Duration…. 01:28:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Crime • Drama
5.9 2025 88 mins
Hell of a Summer
The Smoke Master O Mestre da Fumaça
5.6

The Smoke Master (2024) IMDb Rating (5.6) ဂေဘရီရယ် နဲ့ ဒန်နီရယ်တို့ ညီအစ်ကိုနှစ်ဦးဟာသူငယ်ချင်းများနှင့် သိုင်းပညာကို အတူသင်ကြားနေကြရင်း တစ်နေ့တော့ တရုတ်လူဆိုးဂိုဏ်းတစ်ခုရဲ့ မျိုးဆက်သုံးဆက် လက်စားချေမှုကို ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။ ပုံပြင်လိုလို ယူဆထားတဲ့ မျိုးဆက်သုံးဆက် လက်စားချေမှုဟာ မျက်စိရှေ့တည့်တည့်ရောက်လာသောအခါ ဘယ်လိုရင်ဆိုင်ကြမလဲ။ ထူးခြားတဲ့အငွေ့စတိုင်သိုင်းပညာကိုလည်း ဘယ်လိုသင်ယူကြမလဲဆိုတာကို ကြည့်ရှုခံစားရမည့် သိုင်းပညာအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy,Fantasy Duration….01:45:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Eunice

Science Fiction • Action • Thriller
5.6 2024 104 mins
The Smoke Master O Mestre da Fumaça
Uninvited
5.8

Uninvited (2024) IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။ အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။ သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား? ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama • Romance
5.8 2024 93 mins
Uninvited
Semi-Soeter
5.5

ဂျေစီနဲ့ဂျေပီဆိုတဲ့ အလုပ်ကြိုးစားတဲ့ အောင်မြင်တဲ့ စုံတွဲဟာ ကလေးမယူဖို့ ကတိပြုထားသူတွေ။ ပြောရရင် ကလေးယူဖို့ထက် အလုပ်ကိုပဲ ဖိလုပ်နေကြတဲ့သူတွေပေါ့။ ဒါပေမယ့် ဘေဘီထုတ်ကုန်ကုမ္ပဏီတစ်ခုနဲ့ အလုပ်သဘောတူညီဖို့ သူတို့ဟာ ပြီးပြည့်စုံတဲ့ မိဘတွေလို ဟန်ဆောင်ရတဲ့ အခြေအနေထဲ ရောက်သွားပြီး အလွဲအချော်တွေ၊ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေက သူတို့ရဲ့ ကတိကဝတ်တွေကို စမ်းသပ်ရင်း အချစ်နဲ့ ဘဝရဲ့ အဓိပ္ပါယ်ကို ပြန်လည်ဆန်းစစ်စေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတာကြောင့် ကြည့်ရှုလိုက်ကြပါဦး… File Size… (2.07 GB) / ( 1.04 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Horror
5.5 2025
Semi-Soeter