YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Frasier.2023.S01E09.720p.WEB(CM).mp4

225.69 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If...?
4.9

IMDb Rating - 5.8/10 ဗစ်တာနဲ့ မာဂေါ့တို့ချစ်သူနှစ်ဦးဟာ ရှေ့နေရုံးမှာအလုပ် တူတူလုပ်နေကြတဲ့ ရှေ့နေတွေဖြစ်ကြပါတယ်။ ပျော်ရွှင်စွာ အတူတူနေထိုင်ရင်း အိမ်ထောင်ပြုဖို့ကြိုးစားနေကြတဲ့ သူတို့နှစ်ဦးအတွက် အပြောင်းအလဲကြီးဖြစ်လာစေတာ ကတော့ သူတို့ရုံးကရာထူးအကြီးဆုံးသူ ရုတ်တရတ်ဆုံးပါး သွားရာကနေ လစ်လပ်ရာထူးအတွက်ယှဉ်ပြိုင်ကြရာမှာ နောက်ဆုံးယှဉ်ပြိုင်ရမယ်သူအဖြစ် ချစ်သူနှစ်ဦးထိပ်တိုက် တွေ့ဆုံကြပါတော့တယ်။ What if ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဗစ်တာအရွေးချယ် ခံလိုက်ရပြီး အတွင်းရေးမှုးနဲ့ဖောက်ပြန်တဲ့ဘဝ၊ မာဂေါ့ အရွေး ချယ်ခံရပြီး ဘော့စ်နဲ့ ဖောက်ပြန်ကြတဲ့ဘဝ တွေကို ပြိုင်တူရှု စားရင်း သူတို့နှစ်ဦး အဆုံးသတ်မှာ ဘာကိုရွေးချယ်ပြီး ဘယ်လို ဇာတ်သိမ်းကြမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်) File Size..........(1.72 GB) / (652 MB) / (369 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Chit Min Thu Encoder..........SWM

Comedy • Romance • TV Movie
4.9 2008 87 mins
What If...?
Thirteen Lives
7.9

~ IMDb - 7.9/10, Rotten Tomatoes - 88% ~ "Directed by Ron Howard" ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ တန်းစီရခဲ့တဲ့သူ။ တခြားကားကောင်းတွေအများကြီးလည်းရိုက်ထားတဲ့သူပါပဲ။ ဒီလိုလူက ဘာလို့ ဒီလိုကားရိုက်လဲ ဆိုတာတော့မသိပေမဲ့ ဒီကားလည်း IMDb - 7.9/10 , Rotten Tomatoes - 88% နဲ့ ရပ်တည်နေတာဆိုတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရော သဘောကျတဲ့ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားတွေကလည်း Colin Farrell တို့ Joel Edgerton တို့လို နာမည်ထက် အရည်အချင်းက ပိုသာနေတဲ့ မီးခဲပြာဖုံးတွေအပြင် Viggo Mortensen ကြီးပါပါသေးတယ်။ သူ့ကိုတော့ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများပြီး တခြားကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားတဲ့သူပါပဲ။ ဒါရိုက်တာရော မင်းသားတွေရောက အကောင်းကြိုက်တွေဆိုတော့ ဒီကား ကောင်းမကောင်းပြောဖို့မလိုပါဘူး။ အဆစ်အနေနဲ့ ထိုင်းရဲ့ နာမည်ကြီး Bad Genius ထဲက Teeradon Supapunpinyo ပါပါသေးတယ်။ (ဟာသပြောရရင်တော့ ဒီရုပ်ရှင်ထဲက Colin Farrell ရဲ့ဇာတ်ကောင်ဖြစ်တဲ့ John Volanthen က မစ္စတာဘင်းကြီး ရိုဝန်အက်ကင်ဆန်ကို သူ့နေရာက သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရွန်ဟောင်းဝတ်ကြီးက ငါတို့အဲဒီလိုကားမျိုးရိုက်တာမဟုတ်ဘူးကွဆိုပြီး ငြင်းပြီး Colin Farrell ကိုရွေးလိုက်ပါတယ်။ Volanthen ကတော့ Colin ကို သိတောင်မသိပါဘူးတဲ့...) ရွန်ဟောင်း၀တ်ဟာ အနောက်ကလူပေမဲ့ အရှေ့အကြောင်းကို အဓိကထားပြီး ရိုက်တဲ့ကားမှာ အရှေ့တိုင်းယဉ်ကျေးမှု ထိုင်းယုံကြည်မှုကို မပစ်ပယ်ဘဲ သေချာထည့်သွင်းရိုက်ကူးခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ နတ်ကိုင်သလိုလို ထင်နေကြတာမို့ နတ်ပုံကိုလည်း သေချာကြက်သီးထစဖွယ်ရိုကိခဲ့သလို ဆုတောင်းတာတို့ ကလေးတွေအတွက် အဆောင်ထည့်ပေးတာတို့ကို သေချာပြခဲ့သလို အင်္ဂလိပ်တွေရဲ့ တုံ့ပြန်ပုံကိုပါ သေချာပြခဲ့ပါတယ်။ တကယ့် ဝါရင့်ဆရာကျတဲ့ ဒါရိုက်တာပီသစွာ နှစ်ဖက်စလုံးကအမြင်ကို အခြေအနေတော်တော်များများမှာ ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအားလုံးသိပြီးသားဇာတ်ကို ရွန်ဟောင်းဝတ်ဟာ အတော်လေး အီမိုရှင်နယ်ဖြစ်အောင်ရိုက်ပြခဲ့သလို ဒီဖြစ်ရပ်မှာပါဝင်ကူညီခဲ့တဲ့ လယ်သမားအစ နိုင်ငံခြားသားအဆုံးရဲ့ အားထုတ်မှုတွေကိုလည်း တလေးတစားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်အချို့က ဒါမျိုးမှ စူပါဟီးရိုးကားအစစ်ဆိုတဲ့ သဘောမျိုးတောင် ချီးကျူးကြပါတယ်။ လူကိုလူချင်းကူညီတာထက် စူပါဟီးရိုးဆန်တာ ရှိဦးမလား။ ထူးတာကတော့ မိဘတွေရဲ့ပူပန်မှုကို ဖော်ပြတဲ့နေရာမှာ မြန်မာနိုင်ငံသူ ထိုင်းမှာနေပြီး နိုင်ငံပျောက်နေတဲ့ ရှမ်းအမျိုးသမီးကိုပဲ အဓိကဖော်ပြထားခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့ကို ထိုင်းဘက်က နိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဒိုကူလား ရုပ်ရှင်လား မသည်းကွဲရလောက်အောင် ပီပြင်သလို Colin ကလည်း ဒီရုပ်ရှင်ကို ရိုက်ရင်းစိတ်မသက်မသာဖြစ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ ဒီဖြစ်ရပ်ကို သရုပ်ဖော်ခဲ့တဲ့ထဲ ရုပ်ရှင်တွေထဲ ဒီကားအကောင်းဆုံးဖြစ်ဖို့များသလို ကယ်ဆယ်သူတွေဘက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ခရေစေ့တွင်းကျ ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ ကားအသစ်ထွက်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဆရာ့ဆရာ ဒါရိုက်တာကြီးတွေထဲက တစ်ယောက်ရဲ့ လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ ဒီရုပ်ရှင်ဟာ ၂၀၂၂ထဲ ခင်ဗျားကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ရာလောက်ကို စာရင်းလုပ်မယ်ဆို တစ်ဝက်လောက်မှာ ပါကိုပါနေမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 2H 27Min Genre - Action, Adventure, Biography Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery • Thriller
7.9 2022 147 mins
Thirteen Lives
Spiral: From the Book of Saw Saw 9
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Spiral: From the Book of Saw (2021) Saw 9 Saw ရုပ်ရှင်တွေရဲ့ ၉ ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Spiral လာပါပြီ။Spiral ဆိုတဲ့ ခရုပတ်ပုံလေးက ပြောင်းလဲခြင်း၊တော်လှန်ခြင်း၊တိုးတက်ခြင်းတွေကို ရည်ညွှန်းတယ်တဲ့။ဒီရုပ်ရှင်မှာတော့ လူသတ်သမား ပြောင်းလဲဖို့ကြိုးစားခဲ့တာကတော့ ရဲတွေကိုပါပဲ။အကျင့်ပျက်ရဲတွေအပြင် ရဲဥပဒေ အပိုဒ်ခွဲ-၈ ဖြစ်တဲ့ မိမိကိုယ်ကိုယ် ခုခံဖို့လက်နက်သုံးခွင့် ဥပဒေကိုပါ အလွဲသုံးစားလုပ်ခဲ့တဲ့ ရဲတွေ၊တစ်နည်းအားဖြင့် မလိုအပ်ဘဲ လူမတရားသတ်ပြီး လွတ်မြောက်နေတဲ့ ရဲတွေကို အပြစ်ပေးဖို့ကြိုးစားခဲ့တာပါပဲ။saw ရဲ့ထုံးစံအတိုင်း သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေကြတဲ့ကြားကတစ်ယောက်ပြီးတစ်ယောက်ကို သူတို့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့အပြစ်ပေးနည်းတွေနဲ့ကစားနည်းတွေ ကစားခိုင်းပြီး သတ်ဖြတ်ခဲ့တာကို ကြည့်ရမှာပါပဲ။ ဟော်ရာ ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်စရာ တစ်ကားရပါပြီ။

Adventure • Drama • Family
5.8 2021
Spiral: From the Book of Saw Saw 9
The Archies

The Archies (2023) “အိပ်မက်မြို့လေးက လူငယ်ဘဝ” Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော teen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့ သမီး‌ချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီး အသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့ မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ “အာချီ” ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ “The Archies” ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့ စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါ ရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park မှာ ဟိုတယ်ဆောက်ဖို့ အာဏာပိုင်တစ်ချို့နဲ့ ကြံပါတော့တယ် ဒါကို သဘာဝ အလှတရား ချစ်မြတ်နိုးတဲ့ ဆယ်ကျော်သက်ကလေးတွေက သူတို့တန်ဖိုးထားတဲ့ အိပ်မက်မြို့လေး ရေးဗားဒေး စီးပွားရေးသမားလက်ထဲ မရောက်အောင် ဘယ်လို အဖြေရှာ ကယ်တင်ကြမလဲ အာချီရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘာလဲ ဘယ်လဲ ဆိုတာကို Netflix ထုံးစံအတိုင်း teen အငွေ့အသက်အပြည့်နဲ့ set design နောက်ခံသီချင်းစုံလင်စွာ ရိုက်ကူးတင်ဆက်ထားတာကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Romance • Crime • Drama
0 2023
The Archies
Horny Teenagers Must Die!

Horny Teenager Must Die 2024 မိသားစုနဲ့အတူ မကြည့်ရှုသင့်သော ဇာတ်ဝင်ခန်းများ စကားပြောများ ပေါများစွာပါဝင်သည့် R rated ရုပ်ရှင်ဖြစ်ပါသည်… ယခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ လုံးဝကို လန်းတဲ့ Horror လူသတ်ကားလေးပဲ ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တောအုပ်ကြီးထဲ အိမ်ဟောင်းကြီးတစ်လုံးကို ဘော်ဒါတွေစုပြီးသွားကြပြီး လူသတ်သမားက ရှယ်လိုက်သတ် အကုန်လုံးပြေးကြလွှားကြနဲ့ ရင်တထိတိထိတ်ဖြစ်ရတဲ့ ခံစားချက်မျိုးကို ပြန်ရစေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဟုတ်ပါတယ် သူငယ်ချင်းတွေ စာမေးပွဲအောင်စာရင်းထွက်တော့ တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အပျော်ခရီးထွက်လာကြပြီး ရေချိုးခန်းမရှိ အိမ်သာမရှိ ဖုန်းလိုင်းပါပျောက်နေပေမဲ့ ကြင်နာရမဲ့ စုံတွဲလေးတွေပါလာတဲ့သူတွေကတော့ မိုးမမြင်လေမမြင်ကို ချစ်ကြည်နူးနေပါတယ် အဓိကမင်းသား ဒရူးကတော့ သူ့ကောင်မလေးက အပျိုစင်လေးမို့ အဆင့်တက်ဖို့ အကြံနဲ့ သု့စော်ကိုရော သူ့စော်သူငယ်ချင်းကိုပါ ခေါ်လာတာပါ အဲ့မှာပဲ ထူးဆန်းတဲ့လူပျောက်တာတွေ လူသေတာတွေဖြစ်လာတဲ့အခါ သူတို့ကိုအမဲလိုက်နေတာ ဘယ်သူလဲ ဘာလို့ဒီလိုလုပ်နေတာလဲ စတဲ့အဖြေများစွာကို ရင်တထိတ်ထိတ်နဲ့ ရှာဖွေခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Drama • Thriller
0 2024
Horny Teenagers Must Die!
A Match for the Prince
6.2

A Match for the Prince (2023) ====================== IMDb Rating – 6.2/10 အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။ မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကြင်ယာရှာပေးရင်း အောင် သွယ်နဲ့မှ သံယောဇဉ်တွယ်မိသွားတဲ့အခါ အချစ်ကြောက်ရောဂါကနေ ရုန်းထွက်ပြီး နှစ်ယောက်လုံး ရွှေလက်တွဲသွားကြမလား ဒါမှမဟုတ် တော်ဝင်လက်ထပ်ပွဲမှာပဲ စီစဉ်ထားတဲ့အတိုင်း လက်ထပ်လိုက်ရမလား ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Aditi ဖြစ်ပါတယ်) File Size……….(1.39 GB) / (763 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Aditi Encoder……….SWM

6.2 2023 90 mins
A Match for the Prince
Do Not Expect Too Much from the End of the World

ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့… ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။ လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်” ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
Do Not Expect Too Much from the End of the World
First Daughter

ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex

0 2004
First Daughter
Nobel Son
6.1

ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2GB)/( 990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2007 110 mins
Nobel Son
Primer
6.7

Primer (2004) Genre – Drama, Sci-fi, Thriller အင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲ ကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကို တခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကို တစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့် သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size… 1.7 GB / 892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Drama/Sci-Fi/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

Thriller • Crime • Action • Mystery
6.7 2004
Primer
The Man Who Wasn’t There
7.5

မရှိခဲ့တဲ့သူတစ်ယောက်အကြောင်း မနေ့က လှေကားခွင်မှာ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူရှိမနေပြန်ဘူး ဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။ မနေ့က လှေကားပေါ်တက်လာတော့ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူး ဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။ “Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။ ၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ရုပ်ရှင်တွေနဲ့ လူအများသိကြမှာပါ။ အခြားရုပ်ရှင်ရိုက်ကွင်းတစ်ခုက ခေတ်ဟောင်းဆံပင်ညှပ်ဆိုင် ပိုစတာကို မြင်ခဲ့ရာက ဒီဇာတ်လမ်းကို အတွေးရခဲ့ကြပြီး ခေတ်ဟောင်း film noir ပုံစံအတိုင်း နောက်ခံစကားပြောပုံစံကို အသုံးပြုထားပါတယ်။ ပုံမှန် film noirတွေနဲ့ ကွဲပြားတာကတော့ ဒီရုပ်ရှင်မှာ ဘီသိုဗင်ရဲ့ ဂန္တဝင်တေးသွားတွေကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar Aung

7.5 2001 116 mins
The Man Who Wasn’t There
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Gemini
6.2

Gemini (2002)”ဂျီမီနီ” ================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Horror • Action • Crime
6.2 2002 160 mins
Gemini