YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Four.Samosas.2022.1080p.(CM).mp4

3.05 GB N/A video/mp4 214 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hustle
6.2

2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ … ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့ အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ … ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့ နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့ တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာ ရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်… ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့ Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)

Horror • Thriller
6.2 2019 94 mins
The Hustle
Ingrid Goes West
6.4

Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Comedy • Drama
6.4 2017 97 mins
Ingrid Goes West
Family Matters
7.6

Family Matters (2023) ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် “ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ” ဒီ‌ဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထား‌ပေမဲ့လည်း သူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ် တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။ သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 538MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Encoder ….. Aaron

7.6 2023
Family Matters
Justice League: Warworld
5.7

Justice League: Warworld (2023) ======================== Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား…အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ လှုံ့ဆော်သံ နဲ့အတူ သူတို့ရဲ့ စွမ်းအားတွေကိုပါ စတင်ခံစားမိလာပါတော့တယ်။ သူတို့ ကိုလှမ်းခေါ်နေတဲ့အရာကရော ဘာများဖြစ်မလဲ၊ စူပါမန်းတို့ သုံးယောက် စစ်ကမ္ဘာထဲကမှာ ဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thetti Tun ဘာသာပြန်ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော Khant Sett Naing, Thetti Tun တို့ဖြစ်ပါတယ်) File Size……….(1.63 GB) / (581 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Khant Sett Naing, Thetti Tun Encoder……….Zin Phyo Aung

5.7 2023 90 mins
Justice League: Warworld
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Splinter

လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2008
Splinter
Sanjuro
8

၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ကို ခြစားမှုနဲ့ လုပ်ကြံပြီး ဖမ်းခေါ်သွားပြီးတော့ တပည့် ကိုးယောက်ကို ရှင်းပစ်ဖို့ သူ့လူတွေကို လွှတ်ခဲ့တာပါ။ ဒါနဲ့ Sanjuroက သူတို့ကို Kikuiရဲ့လူတွေ လက်ထဲက ကာကွယ်ပေးရင်း Mutsuta ကိုပါ Kikui လက်ထဲက ဘယ်လိုပြန် ကယ်မလဲဆိုတာ ကြည့်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်၆၀ကျော်က ရုပ်ရှင်ကား ပေမယ့် အောင်မြင်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ ရုပ်ရှင်အဟောင်းတွေ ကြည့်ရတာ နှစ်သက်သူတွေ သဘောကျစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

8 1962 96 mins
Sanjuro
[18+] Zack and Miri Make a Porno
6.5

ဂေါင်းကြီးတို့ လောကဓံတရားတွေ ရိုက်ခတ်လာလို့ စားဝတ်နေရေးမပြေလည်တော့ရင် အောကားရိုက်စားဖို့ တွေးဖူးကြလား??? ဒီဇာတ်ကားကတော့ ဂေါင်းကြီးတို့အကြိုက်ဖြစ်မယ့် ခွီလည်းခွီရ စိတ်လည်းကြွမယ့် ၁၈ ယောက်ပြည့်မှ ကြည့်လို့ရမယ့် ကားလေးဖြစ်ပါတယ်နော်။ တကားလုံးမှာ ပြောတဲ့စကားတွေက ထိမိလွန်းလို့ သောက်ရမ်းခွီနေရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇက်ခ်နှင့် မီရီဟာ အထက်တန်းကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းတွေဖြစ်ပြီးတော့ အိမ်ငှားခ မတတ်နိုင်တဲ့အတွက် တိုက်ခန်းတစ်ခုကို နှစ်ယောက်စုငှားပြီးတော့ အိမ်ငှားခကို တစ်ယောက်တစ်လစီ ပေးကြပါတယ်။ မီရီကတော့ အရင်လက အိမ်ငှားခကို သူပေးပြီးပြီဖြစ်တဲ့အတွက် ဒီလမှာတော့ ဇက်ခ်ပေးရမယ့်အလှည့်ရောက်လာပါတယ်။ ဒါပေမဲ့ ဇက်ခ်က သူ့လစာကို မတု ဝယ်လိုက်လို့ အိမ်ငှားခပေးစရာ မရှိတော့တဲ့အပြင် မီတာခ ရေဖိုးပါ မဆောင်ထားတဲ့အတွက် အဲဒီညမှာပဲ မီးပျက် ရေမလာ ဖြစ်ပြီး လကုန်ကျရင်လည်း တိုက်ခန်းက ထွက်ပေးရမယ့်အနေအထားရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဇက်ခ်က မီရီကို သူ့ရဲ့ အောကားရိုက်စားမယ့်အကြံကို ပြောပြပါတော့တယ်။ ဇက်ခ်ရဲ့ အလုပ်ကသူငယ်ချင်းကလည်း တီဗွီဝယ်မယ့်ပိုက်ဆံကို ခဏချေးပေးလိုက်တော့ သူတို့ရဲ့ အောကားရိုက်မယ့် အကြံလေး စတင် အကောင်အထည်ပေါ်လာပြီး သရုပ်ဆောင်တွေ ထပ်ခေါ်ကာ Star Wars တို့လို နာမည်ကြီး ဇာတ်လမ်းတွေကို Parody porn အနေနဲ့ ရိုက်ကူးကြပါတယ်။ ဒီတော့ ကြားထဲမှာ ဘယ်လိုတွေ သောက်တလွဲဖြစ်ဦးမလဲ၊ သူတို့ရိုက်မယ့်ကားက ပေါက်ပါ့မလား၊ ဇက်ခ်နှင့် မီရီကရော ဘယ်လို chemistry လေးတွေ အစပျိုးလာမလဲဆိုတာကို ရသစုံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.1 GB)/(1.1 GB) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Comedy, Romance Subtitle…. Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Matteo

Comedy • Drama
6.5 2008
[18+] Zack and Miri Make a Porno
Puppet
5.7

နန်းတွင်းအရှုပ်တော်‌ပုံတွေနဲ့ plot twist တွေအများကြီးပါတာ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် The Puppet ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝမ်ယွင်ကျစ်ဆိုတဲ့ ဓား‌ရေးပြပြီး ပြဇာတ်ကတဲ့ကောင်လေးဟာ တစ်နေ့မှာတော့ ခရီးသွားရင်း မတရားမှုကိုတွေ့လို့ဝင်ကူညီရာကနေ မတော်တဆ တော်ဝင်ကိုယ်ရံတော်တွေကို သတ်မိသွားပြီးတော့ ကျောင်အကျဉ်းထောင်ထဲရောက်သွားပါတော့တယ် ။ အဲဒီကျောင်အကျဉ်းထောင်က လူ့ပြည်မှာရှိတဲ့ ငရဲပြည်လို့တောင် သတ်မှတ်ထားကြနဲ့ အကျဉ်းထောင်ကြီးဖြစ်ပါတယ် ။ သေဖို့ရက်ကိုစောင့်ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်နေရတဲ့ ဝမ်ယွင်ကျစ်ကို မိန်းမစိုးကျန်းချန်က အသက်ထပ်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ။ သူ့ကို မင်းကြီး မင်တိုင်းပြည်နဲ့ မိန်းမစိုးကျန်းချန်‌ဆီမှာ တင်းကျန်ဆိုတဲ့နာမည်နဲ့ အမှုထမ်းခွင့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ ဝမ်ယွင်ကျစ်တစ်ယောက် မိန်းမစိုးကျန်းချန်ရဲ့ ရုပ်သေးရုပါစပြီးဖြစ်လာပါတော့တယ်။ တင်းကျန်နာမည်နဲ့ မင်းမှုထမ်းဖြစ်သွားတဲ့ ယွင်ကျစ်တစ်ယောက် နန်းတွင်းအရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ? သူကိုယ်တိုင်ကရော ပြဿနာတွေထဲ ဘယ်လိုဝင်ပါလာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါအုံးနော်။

5.7 2024
Puppet
Wheelman
6.4

လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix က Thriller ကားကောင်းလေးပါ။ ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့ လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။ တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာ သူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့ လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေ ကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီ ကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကို ကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကို ထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ် ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေ လုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ် အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိက ကားထဲက ဓာတ်လှေကားမှာ ယှဉ်ထိုးတဲ့ဘဲဖြစ်ပြီး နောက်ကျ Crossbone ဆိုပြီး ဖြစ်သွားတဲ့ Frank Grillo ပဲ ဖြစ်ပါတယ်။ Rating ကလည်း 6.4 ရရှိထားတာမို့ ပေါကားမဟုတ်တာတော့ အသေအချာပါပဲ။ File size…957MB / 451MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

6.4 2017
Wheelman
Kleks Academy
5.5

ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက် ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့ စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်.. ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာ ကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာ တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီး အလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက် နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာ တက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေး အရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်း မမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာ မသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်း ဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာ ပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့ အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်း သူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူ မိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့….။ File size…2.15GB / 1.02GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 10m Genre ….. Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Romance
5.5 2023
Kleks Academy
Rautu ka Raaz
6.5

Rautu Ka Raaz 2024 မရဏအလွန်ကအမှန်တရား IMDb -6.5/10 မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက် မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။ အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့ အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကို သေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီး လုပ်တော့တာပေါ့။ ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီး သေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ…. တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊ အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကို တိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့…. အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရော ကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

6.5 2024 135 mins
Rautu ka Raaz
Robin and the Hoods
5

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့ အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြ ထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လို စိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေ ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့ သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျ ဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံ တစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့ လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကို ဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက် တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊ နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကို ကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Horror • Thriller
5 2024
Robin and the Hoods
Forever Home
5

Forever Home (2024) ဂျူးလ်စ်နဲ့ အန်ဒရူးလို့ခေါ်တဲ့လင်မယားနှစ်ယောက်ဟာ အိမ်အသစ်တစ်လုံးကိုလိုချင်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီလိုနဲ့ နှစ်နဲ့ချီ ပိုက်ဆံစုဆောင်းပြီးတဲ့နောက်မှာ အိမ်ဟောင်းလေးတစ်လုံးကို တစ်ခါထဲအပြတ်ချေပြီး ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အိမ်ကိုကြော်ငြာပေးခဲ့တဲ့ ပွဲစားက မသင်္ကာစရာကောင်းနေတာပါ။ များသောအားဖြင့် အိမ်စာချုပ်ချုပ်တဲ့အခါ မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းမျိုးစုံကို နာရီနဲ့ချီအချိန်ပေးဖတ်ပြီးမှ နေရာမျိုးစုံမှာ ဝယ်ယူသူတွေက လက်မှတ်ထိုးကြတာပါ။ ဒါပေမဲ့ အခုပွဲစားကတော့ အလျင်လိုနေတဲ့အိမ်ငှားနှစ်ယောက်ကိုတွေ့တော့ အခွင့်ကောင်းယူပြီး ပိုင်ဆိုင်မှုသက်သေပြတဲ့စာချုပ်ထဲမှာ တစ်နေရာပဲလက်မှတ်ထိုးခိုင်းပြီး ချန်သွားခဲ့တာပါ။ ဒါကို ဂျူးလ်စ်နဲ့အန်ဒရူးဟာသတိမထားမိသေးပါဘူး။ အိမ်ကို ဝယ်ဖိ့လာကြည့်နေတုန်းကလည်း ထူးဆန်းတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ ဂျူးလ်စ်တို့တိုးခဲ့ပါသေးတယ်။ အိမ်သစ်ကိုရောက်ပြီး ရက်ပိုင်းအကြာမှာ အဲဒီအိမ်နီးချင်းကလည်း မလာသင့်တဲ့အချိန်တွေမှာရောက်ရောက်လာပါတယ်။ ဒီလိုနဲ့ အန်ဒရူးနဲ့ဂျူးလ်စ်တို့ဟာ မထင်မှတ်ဘဲ သူတို့ဝယ်လိုက်တဲ့အိမ်ရဲ့ လျှို့ဝှက်ချက်ကိုသိပြီးသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.3 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:54:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5 2024 115 mins
Forever Home
The Third Murder
6.7

The Third Murder (2017) ************************** ဒီတစ်ခေါက် ဂျပန်ရှေ့နေကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ် .. နာမည်ကြီး ဥပဒေပညာရှင် ရှိဂဲမိုရိက သတ်ဖြတ်မှုနဲ့ ဓားပြမှုအမှုအတွက် စွပ်စွဲခံနေရတဲ့ မိဆုမိကို ကာကွယ်ဖို့ တရားပြိုင်စွပ်စွဲခံရသူဘက်ကနေ ရှေ့နေလိုက်ခဲ့ပါတယ်။ မိဆုမိကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်တုန်းက လူသတ်မှုအတွက် ထောင်ကျဖူးပြီးသားဖြစ်ပါတယ်။ မိဆုမိက မိမိရဲ့ အပြစ်ကို .. ဖမ်းဆီးခံရ ပြီးပြီးချင်းမှာ ဝန်ခံပြီးသား ဖြစ်‌နေတာကြောင့် ရှိဂဲမိုရိနဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ ဒီအမှုမှာ အနိုင်ရဖို့အတွက် အလားအလာနည်းသွားပါတယ်။ အပြစ်ဒဏ်အတွက်ကလည်း သေဒဏ်ပေးခံရနိုင်တဲ့ အခြေအနေမျိုးပါ .. ဒါပေမဲ့ ရှိဂဲမိုရီက ဓားစားခံ မိသားစုဝင်တွေနဲ့ မိဆုမိရဲ့ အမြင်တွေကို လိုက်နားထောင်ကြည့်ပြီး .. ဒီအမှုကို နက်နက်ဖြာဖြာ ဆန်းစစ်မိသွားပြီးတော့ .. မိဆုမိက တကယ့် လူသတ်သမား ဟုတ်ရဲ့လားဆိုတာကို ခေါင်းထဲမှာ အနည်းငယ် သံသယဖြစ်လာတဲ့အချိန်… မိဆုမိရဲ့ ထပ်တိုး ပြောင်းလဲလာတဲ့ ဝန်ခံချက်တစ်ခုကြောင့် မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ စပွိုင်းပါသွားမှာစိုးလို့ ဒီလောက်ပဲ ပြောပါတော့မယ်နော်။ ရှေ့နေကား ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ကားကောင်းလေး တစ်ကားပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.71GB / 876MB Quality… BluRay 1080p/ 720p Format…mp4 Duration…. 2 hr. 4 min. Genre ….. Mystery, Psychological, Law, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

War • History
6.7 2017 125 mins
The Third Murder