YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

For.Her.Sins.S01E01.1080p.mp4

938.76 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Arthur: Malediction
3.2

ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 695MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub)

Action & Adventure • Drama • Sci-Fi & Fantasy
3.2 2022 87 mins
Arthur: Malediction
200 Pounds Beauty
7.5

200 Pounds Beauty (2023) ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးက ဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ... ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါ ဟုတ်ပါတယ်...ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါ ဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကို ဒီ 2023ခုနှစ်ထွက် ''200 Pounds Beauty''ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ် Genre.....Comedy, Music, Romance Quality…. 1080p | 720p File size… 1.4GB | 674MB Format… mp4 Duration…. 1h  35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Funzae Encoder ..... Aaron

Crime • Mystery • Sci-Fi & Fantasy
7.5 2023 95 mins
200 Pounds Beauty
Minari
7.4

IMDb Rating. = 7.7/10 Rotten Tomatoes. = 100% Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

Comedy • Mystery • Sci-Fi & Fantasy
7.4 2021 115 mins
Minari
Death of the Ember
6

အခုတစ်ခေါက် CM က အက်ရှင်စုံထောက်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေအတွက် Death of the ember ဆိုတဲ့ စုံထောက်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တိတ်ဆိတ်ပြီး လှပတဲ့ ယွီမြိုမှာ မိုးညတစ်ညရဲ့ ထူးဆန်းတဲ့ ကားတိုက်လူသတ်မှုတစ်ခုကြောင့် ယုတ်မာမှုရဲ့ အပိုင်းအစတွေ ထွက်ပေါ်လာပါတယ်။ ရဲဖြစ်သူ အားကျန့်ဟာ တာဝန်အရ ချင်မိသားစု ကုမ္ပဏီတွင် သူလျှိအဖြစ်ဝင်ရောက်ခဲ့ပြီး စခန်းမှူးအသစ်ဖြစ်သူ လန်ကျဲနှင့်ပူးပေါင်းကာ မကောင်းမှုတွေကို ဖော်ထုတ်ရန် ကြိုးစားနေပါတယ် သိုသော် ချင်မိသားစု ညီအစ်ကို နှစ်ယောက်က အလွန်ဉာဏ်နီဉာဏ်နက်များပြီး သတိကြီးကြတဲ့အတွက် သူလျှိလှုပ်ရှားမှုအတွက် ခက်ခဲနေခဲ့ပါတယ် ချင်မိသားစု ညီအစ်ကိုရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ လောဘတွေနဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုတွေကြားမှာ အချိန်မရွေး သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့ အားကျန့်တစ်ယောက် တာဝန်ကို အောင်မြင်အောင် ဘယ်လို ထမ်းဆောင်မလဲဆိုတာကို CM က ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါဦးနော်။

6 2023
Death of the Ember
Ain’t Them Bodies Saints
6.4

ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့. သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့. တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ် စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီး ရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ? ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ. ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲ တခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီး အထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ. ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size… 1.7 GB / 430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Charm

6.4 2013
Ain’t Them Bodies Saints
We Are Marshall
7

Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။ We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to Lose a Guy in 10 Daysတို့ရဲ့ romantic iconလည်းဖြစ်ခဲ့သလို The Lincoln Lawyer, Interstellar တို့မှာဦးဆောင်ထားတဲ့ Matthew McConaughey၊ Captain America: The Winter Soldier (2014),The Falcon and the Winter Soldier(2021)တို့မှာ Falconအဖြစ်ပါဝင်ထားတဲ့Anthony Mackie၊ Fantastic Four(2015)မှာ invisible womanအဖြစ်သရုပ်ဆောင်ထားတဲ့ Kate Maraတို့အပါအဝင် အခြားနာမည်ကြီး castပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကြားမှာကိုယ်ကိုယ်တိုင် Marshallကျောင်းသားတစ်ယောက်လို၊ Huntingtownမြို့သားတစ်ယောက်လို ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

Drama
7 2006 124 mins
We Are Marshall
Diary of a Wimpy Kid Christmas: Cabin Fever
5.8

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 64 mins
Diary of a Wimpy Kid Christmas: Cabin Fever
Trees and Other Entanglements
6.6

Trees, and Other Entanglements (2023) IMDb – 6.6/10 ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ အိုင်းရင်းတေလာဘရော့စကီဆိုတာ မှတ်တမ်းရုပ်ရှင်တွေနဲ့ပဲ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးတစ်ဦး။ သူ့ရဲ့ပထမဆုံးဖြစ်တဲ့ နားမကြားတဲ့သူ့မိဘတွေအကြောင်းကိုရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Hear and Now(2007)ကနေတင် ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ သစ်ပင်တွေရဲ့အကြောင်းနဲ့ သစ်ပင်တွေနဲ့ ရောယှက်လာခဲ့တဲ့လူတွေရဲ့ဘ၀ဇာတ်ကြောင်းတွေပေါ့။ သစ်ပင်တွေမှာပဲ ကျွန်တော်တို့ရဲ့ လူသားသမိုင်းတွေကို ပြန်ပြောင်းပြောနိုင်တဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ ဒီရုပ်ရှင်ထဲမှာဆို သစ်ပင်တွေကြားမှာ ပုန်းကွယ်နေခဲ့တဲ့ ကလေးတစ်ယောက်၊ အမေရိကန် ဘွန်ဇိုင်းပညာရှင်တစ်ယောက်၊ သစ်ပင်တွေကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံပညာရှင်တစ်ယောက်၊ သစ်တောကြီးကို ကာကွယ်ဖို့ကြိုးစားတဲ့မိခင်တစ်ယောက်၊ ဘွန်ဇိုင်းပင်တွေကို မှီတွယ်ရင်း နေထိုင်ခဲ့ကြတဲ့ ဂျပန်မိသားစု…စတဲ့ ဇာတ်လမ်းပေါင်းများစွာ။ ဒီလို သစ်ပင်တွေရယ် သစ်ပင်တွေနဲ့ ဆက်စပ်နေတဲ့ဘ၀တွေရယ်ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ် Genre….. Documentary Quality…. 1080p | 720p File size… 2.9GB | 1.3GB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator …..aungmo3han Encoder ….. Aaron

Horror • Thriller
6.6 2023 115 mins
Trees and Other Entanglements
[18+] Baligtaran

ကတ်ဟာ ဒီဂျေကောင်မလေးတစ်ယောက်ဖြစ်ပြီး ငယ်ဘ၀ဖြစ်စဉ်တစ်ခုကြောင့် ယောက်ျားတွေကို ကြောက်ရွံ့ရှောင်တိမ်းတတ်ပါတယ်။ တစ်နေ့တော့ သူတို့ဘားပိုင်ရှင်နဲ့အတူပါလာတဲ့ ဒနိစ်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံပြီး ဒနိစ်ရဲ့ဖြားယောင်းသွေးဆောင်မှုကြောင့် မိန်းကလေးချင်းဆက်ဆံဖူးတဲ့အတွေ့အကြုံကို ပထမဆုံးခံစားမိပြီး ဒနိစ်ကိုစွဲလန်းသွားပါတော့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို Pansexual တစ်ယောက်အဖြစ်ခံယူထားတဲ့ ဒနိစ်ကတော့ သူ့ကိုအတည်မတွဲပဲ တစ်ခြားသူတွေနဲ့ခိုးစားမြဲစားနေတဲ့အချိန်မှာတော့ ကတ်တစ်ယောက် သူ့အနေအထားကို သူပြန်ဆန်းစစ်ဖို့ဖြစ်လာပါတော့တယ်။ Pantaxa laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy ကို အမိုက်စား DJ မမအဖြစ်စတိုင်အသစ်နဲ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (540 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:00:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024
[18+] Baligtaran
Autumn and the Black Jaguar
6

ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ အော်တန် ဆိုတဲ့ ကလေးမလေးနဲ့ “ဟုပ်” လို့ အမည်ရတဲ့ သူ့ရဲ့ ကျားသစ်နက်လေးအကြောင်းပါ ။ အော်တန်ဟာ တောထဲမှာ မွေးပြီး တောထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးမလေးဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်အပေါ်ရော တိရစ္ဆာန်လေးတွေအပေါ်ရော အရမ်းကြင်နာတဲ့ ကလေး တစ်ယောက်ပါ ။ ဒီလိုနဲ့ သူ့အမေ သေဆုံးပြီးတဲ့နောက်မှာ အရွယ်ရောက်လာတဲ့ အော်တန်ဟာ နယူးယောက်မြို့ကြီးပေါ်ကို ပြောင်းလာခဲ့ပြီး တစ်နေ့မှာတော့ သူ့ရဲ့ တောတွင်းမိသားစုတွေဆီက ပို့လိုက်တဲ့ စာကို မြင်လိုက်ရပါတော့တယ် ။ “ဟုပ်” လေး အသက်အန္တရာယ် ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားပြီးတဲ့ အော်တန်ဟာ အမေဇုန် တောထဲကို မရမကသွားပြီး ဟုပ်ကို ကယ်ဖို့ ကြိုးစားပါတော့တယ် ။ နောက်ဆုံးမှာ အော်တန် တကယ်ပဲ တစ်ကောင်တည်းကျန်တော့တဲ့ ရှားပါးကျားသစ်နက်လေး ဟုပ်ကို ကယ်နိုင်ပါ့မလား ။ ဇာတ်လမ်းအစမှာတင် အော်တန် အရမ်းမုန်းနေတဲ့ သူ့ဇီဝဗေဒဆရာမ မစ္စရှိုင်းမောကရော ဘယ်လိုပြောင်းလဲလာမလဲ ။ ဒီရုပ်ရှင်လေးမှာတော့ အော်တန်နဲ့ မစ္စရှိုင်းမောတို့ မတည့်အတူနေ ဆရာတပည့်နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size… (2.41GB) / (1.35GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6 2024
Autumn and the Black Jaguar
Flying Swords of Dragon Gate
5.9

Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။ တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။

5.9 2011
Flying Swords of Dragon Gate
Pal Pal Dil Ke Paas
4.5

Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…” ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့ ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီး တောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။ တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူ ဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့ ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက် ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကို ဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့ မြိုကြီးသူဆာ‌ဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာ ဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ…. ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကို ကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Romance
4.5 2019 144 mins
Pal Pal Dil Ke Paas
The Last Showgirl
6.6

The Last Showgirl (2024) IMDb Rating (6.6) / Rotten Tomatoes (83%) ဇာတ်လမ်းနာမည်က The Last Showgirl (နောက်ဆုံးပြဇာတ်မယ်) တဲ့။ ဝါရင့်မင်းသမီးကြီး Pamela Anderson ရဲ့ အံ့အားသင့်မှင်သက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်လို့ရမယ့် ဒရာမာဇာတ်ကားကောင်းတစ်ကားပေါ့။ Razzle Dazzle ဆိုတဲ့ ပြဇာတ်ရုံဟာ ၁၉၈၀ ခုနှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ဇာတ်ရုံတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း လက်စ်ဗီးဂတ်မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ဇာတ်ရုံတစ်ခုပေါ့။ ဒီဇာတ်ရုံအဖွဲ့သားတွေထဲကမှ ရှယ်လီဂါဒ်နာကတော့ တစ်ချိန်က ပြဇာတ်လောကမှာ အကျော်အမော်အဖြစ်နာမည်ကြီးခဲ့တဲ့ ကချေသည် တစ်ဦးပါ။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နှစ် ပေါင်း ၃၀ ကျော်အောင် ခေတ်စားလာခဲ့တဲ့ဇာတ်ရုံတစ်ခုဟာ လူစိတ်ဝင်စားမှုနည်းလာကြပြီး ခေတ်ကုန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ ဒီဇာတ်ရုံကြီးကို ပိတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ဘဝရဲ့အတောက်ပဆုံးအချိန်တုန်းက မီးရောင်တွေတလက်လက်အောက်မှာ ပရိတ်သတ်တွေရဲ့သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့တဲ့ပြဇာတ်မယ်တစ်ဦးဟာ ဇရာရဲ့ထိုးနှက်ချက်တွေ ခေတ်ရေစီးကြောင်းရဲ့ထိုးနှက်မှုဒဏ်တွေကိုခံရပြီး ဘဝရဲ့အကျဘက်ကိုရောက်ရှိလာပါတော့တယ်။ ဒီရုပ်ရှင်ဟာ အသစ်ထွက်ရှိတဲ့ရုပ်ရှင်တွေထဲမှာမှ ‘တန်း’ တစ်ခုရှိတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မှာရှိတဲ့ working class အမျိုးသမီးတွေရဲ့ Nightlife ကိုလည်း တစ်ဖက်တစ်လမ်းက မီးမောင်းထိုးပြထားပြီး ရသပေါင်းစုံ ခံစားချက်ပေါင်းစုံ ပေးစွမ်းနိုင်တာကြောင့် ကြည့်ရတာ မရှုံးမယ့်ရုပ်ရှင်တစ်ပုဒ်လို့ ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size…(5.6 GB) / (1.7 GB) / (861 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vader

Horror
6.6 2024
The Last Showgirl
[18+] The Pursuit of Lust 3
5

The Pursuit of Lust 3 (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊ သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျ ဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊ အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… ( 410 MB) / ( 220 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:36:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Family • Adventure • Comedy • Drama
5 2025
[18+] The Pursuit of Lust 3
Bad Psychiatrist
6.1

Bad Psychiatrist (2025) IMDb Rating (6.1) ဒီရုပ်ရှင်က စိတ်‌ကုထုံးဆရာဝန်လို့ သူ့ကိုယ်သူထင်နေတဲ့ အဘိုးကြီးနဲ့ စိတ်ရောဂါကုထုံးမေဂျာကို ကျောင်းတက်ပြီး လေ့လာနေတဲ့ ကောင်လေးတစ်ယောက်ကြားက ဇာတ်လမ်းပါ။ ဒီဇာတ်က အင်ဒီးလို့ပြောကောင်းပြောလို့ရတယ်။ ကိုယ်ထူကိုယ်ထရိုက်ထားတဲ့ ဇာတ်ပဲ။ ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပဲ။ ဇာတ်အိမ်က နိုင်သလားဆိုတော့ မဆိုးပါဘူး။ ဒိုင်ယာလော့တော့ တော်တော်အားနည်းတယ်။ ပြဿနာက မနိုင်ဘဲ ဒိုင်ယာလော့အကြီးကြီးတွေလျှောက်ထည့်လိုက်ရင်လည်း ပေါတောတောဇာတ်ကြီး ဖြစ်သွားမှာဆိုတော့ ဒီလောက်နဲ့ ဒီအနေက အံကိုက်ပဲလို့ ပြောချင်လည်းရတယ်။ ဒါပေမဲ့ လိုအပ်ချက်များနေတာကတော့ များနေတာပါပဲ။ ဒါပေမဲ့လည်း အိမ်ခြေရာမဲ့အဘိုးကြီးတစ်ယောက် အပေါင်းအသင်းမရှိဘဲ အပေါင်းအသင်းလိုက်ရှာနေတယ်။ ဘောင်မဝင်တဲ့ဘဝကြီးမှာ လုပ်မိလုပ်ရာတွေ လုပ်မိနေမယ်။ အဲဒီလိုလူကြီးက သူ့ကို အဖက်လုပ်တဲ့ တစ်ဦးတည်းသောကျောင်းသားလေးကိုပါ တိုင်ပတ်အောင်လုပ်နေတဲ့ ဘလက်ကော်မဒီဆန်ဆန် ရယ်စရာလည်းကောင်း ဝမ်းနည်းစရာကြီးလည်းဖြစ်နေတဲ့ အဖြစ်မျိုးကို ရိုးရိုးလေးပြထားတာကို စိတ်ဝင်စားရင်တော့ ကြည့်သင့်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:26:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Family • Drama • Comedy
6.1 2025 85 mins
Bad Psychiatrist