YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Follow Your Heart E30 720p WEB-DL CM.mp4

294.25 MB N/A video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

~ IMDb rating - 6.6/10 ~ အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 32Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
null 2022
Picture Perfect Romance
Sadha Nannu Nadipe

ဒီတစ်ခါ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ် မွေးရာပါရောဂါနဲ့ ဆာဟာ ဟာ အိမ်နဲ့ဆေးရုံကလွဲ ဟိုဟိုဒီဒီသွားလာပျော်ပါးမရတဲ့ လှောင်အိမ်ထဲကပန်းကလေးပေါ့ သူ့ရဲ့အတွေးတွေစိတ်ကူးတွေကို မျှဝေခံစားမယ့် ရင်ဘတ်ချင်းတူတဲ့လက်တွဲဖော်တစ်ယောက် တောင့်တနေသူ အမ်ဂျေဆိုတာကတော့ လွတ်လပ်ပျော်ပါးတတ်သူ တစ်ခါတစ်ရံခိုးမှုအသေးစားလေးတွေကိုပါ ကျူးလွန်ပြီး ဘ၀ကိုပျော်ပျော်ကြီးခံစားနေသူ နေရာစုံလွင့်ချင်တိုင်းလွင့်နေတဲ့ အမ်ဂျေနဲ့ ဖန်အိမ်ထဲက ပန်းကလေးတို့ ဘယ်လိုတွေတွေ့ဆုံချစ်မိကြမလဲ ဆိုတာတော့... တစ်ယောက်နဲ့တစ်ယောက် အသက်ပေးလောက်အောင် ချစ်ကြသူတွေရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ဇာတ်လမ်းလေးကို ခံစားကြည့်ပါဦး File size…3.57GB / 1.57GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor ~ Yunni ~ Khin Khin

Drama
0 2022
Sadha Nannu Nadipe
Viking Wolf
5.8

လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်... ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်။ ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်။ အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်။ ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့... --------------------- ယခုလက်ရှိအချိန်... လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ပထွေးနဲ့ နေရတဲ့ သာလာဟာ မြို့သစ်လေးမှာ စိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်။ တစ်နေ့တော့... လူငယ်တွေဟာ ပင်လယ်အော်တစ်နေရာမှာ စခန်းချရင်း သောက်ကြစားကြ ပျော်ကြပါးကြပါတယ်။ သို့ပေမဲ့ မထင်မှတ်ဘဲ ပင်လယ်အော်က တောထဲတစ်နေရာမှာ မလှမပတဲ့ မတော်တဆမှုတစ်ခုကြောင့် အယ်လင်ဆိုတဲ့ ကောင်မလေး တစ်ယောက် သေဆုံးသွားပြီး ရဲတွေပါ အဖြေရှာမရတဲ့ ပဟေဠိဆန်ဆန် အဖြစ်အပျက်တွေဟာ ဆက်တိုက်ဖြစ်လာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 800MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 33Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y

Action • Comedy • Drama
5.8 2022 97 mins
Viking Wolf
Krishna Vrinda Vihari
5.1

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး.. ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ... ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့.. ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး.. ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစု ခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။ သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား... ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား... သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ

Action • Comedy • Crime
5.1 2022 139 mins
Krishna Vrinda Vihari
Gym Class
5.8

ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ... ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ... ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 660MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
5.8 2023 89 mins
Gym Class
The Unlikely Pilgrimage of Harold Fry
6.8

ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ ဘယ်ကပို့မှန်းလဲမသိ။ သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာ တစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwick upon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကို မေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ် ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့ နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်က အကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကို စာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါ သည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်း အဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက် ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီး ကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwick upon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့ အထိ‌စောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲ သူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။ File size…2.09GB / 702MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Horror • Mystery • Western
6.8 2023 108 mins
The Unlikely Pilgrimage of Harold Fry
Still Time
6.7

Still Time(2022) ************** ဒီကားလေးထဲက မင်းသားဖြစ်သူ Dante က အလုပ်အရမ်းလုပ်တဲ့ Workaholic တစ်ယောက်ပါ သူအဲ့ဒီလို အရမ်းအလုပ်လုပ်တာကလည်း သူ့မိသားစုလေးကို ပြည့်ပြည့်စုံစုံထားချင်တာကြောင့်ပါ…. ဒါပေမယ့် တစ်နေ့ သူ့ရဲ့ အသက်၄၀ ပြည့်မွေးနေ့မှာ သူ့ရဲ့အိမ်မှာ ပါတီပွဲကျင်းပပါတယ်… အဲ့ဒီပါတီပွဲပြီးလို့ ညအိပ်ရာဝင်ပြီး နောက်တစ်နေ့မနက်မှာတော့ သူဟာ မနက်ဖြန်ဆိုတဲ့ အချိန်ကို ရောက်နေတာမဟုတ်ဘဲ နောက်တစ်နှစ် သူ့မွေးနေ့ကို ရောက်သွားတာပါ …. အချိန်ရှေ့ကိုကြိုက်ရောက်နေတဲ့သဘောပေါ့.. အဲ့ဒီနောက်မှာတော့ သူမထင်ထားတဲ့အရာတွေဖြစ်ပျက်နေတဲ့အတွက်ကြောင့် ဒါတွေကို သူဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့… File Size : (1.8GB) and (797MB) Quality :NF.WEB-DL1080P, 720p Format…mp4 Duration…01:49:00 Genre : Drama , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.7 2022 108 mins
Still Time
Justice League: Warworld
5.7

Justice League: Warworld (2023) ======================== Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား…အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ လှုံ့ဆော်သံ နဲ့အတူ သူတို့ရဲ့ စွမ်းအားတွေကိုပါ စတင်ခံစားမိလာပါတော့တယ်။ သူတို့ ကိုလှမ်းခေါ်နေတဲ့အရာကရော ဘာများဖြစ်မလဲ၊ စူပါမန်းတို့ သုံးယောက် စစ်ကမ္ဘာထဲကမှာ ဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thetti Tun ဘာသာပြန်ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော Khant Sett Naing, Thetti Tun တို့ဖြစ်ပါတယ်) File Size……….(1.63 GB) / (581 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Khant Sett Naing, Thetti Tun Encoder……….Zin Phyo Aung

5.7 2023 90 mins
Justice League: Warworld
Carrie
7.4

Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.4 1976
Carrie
Schumacher
7.4

Schumacher (2021) ============== IMDb Rating – 7.4/10 ” Michael Schumacher ” ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver’s Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။ Ferrari နဲ့အတူတူ 2000 ကနေ 2004 ခုနှစ်ထိ ၅နှစ်ဆက် World Championship ကိုရယူနိုင်ခဲ့တာက Schumacher ကို ဖော်မြူလာဝမ်းလောကရဲ့ GOAT တစ်ပါးလို့ သတ်မှတ်ခံခဲ့ရသလို လက်ရှိအကောင်းဆုံး ဒရိုင်ဘာဖြစ်တဲ့ Hamilton တောင် မချိုး ဖျက်နိုင်သေးတဲ့ Record ပဲဖြစ်ပါတယ်။ ကဲပြောတာလည်းများသွားပြီးတော့ Michael Schumacher တစ်ယောက်ရဲ့ အနိမ့်အမြင့် အတက်အကျဘဝဇာတ်ကြောင်းတွေကို ရိုက်ပြထားတဲ့ Schumacher ဆိုတဲ့ Documentary ဇာတ်ကားလေးကိုကြည့်ရှုခံစား လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(4 GB) / (1.5 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Sport Translator…….Thetti Tun Encoder……….Zin Phyo Aung

7.4 2021
Schumacher
Hell House LLC III: Lake of Fire
5.1

Hell House LLC III: Lake of Fire (2019) Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience – Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ “Morning Mysteries”ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့​က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ဖြစ်လာကြပါတယ်။ နဂိုတည်းက လူအသေအပျောက် တောက်လျှောက်ဖြစ်နေတဲ့ ပစ္စန္တရစ်ဟိုတယ်ကြီးထဲမှာကျင်းပမဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်တဲ့ပြဇာတ်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ Hell House LLC III ထဲမှာ ဆက်လက်ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Roseline မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 795MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 25Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Roseline Encoded by Y

Science Fiction • Drama • Mystery
5.1 2019 85 mins
Hell House LLC III: Lake of Fire
Raundal
7

Raundal (2023) “လယ်သမား” IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ … ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ် စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ် သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ်

Drama • Romance
7 2023
Raundal
Whirlwind Smrst
5.5

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူကဘယ်သူလဲလို့မေးလိုက်ရင် ကိုယ်ကိုယ်တိုင်ပါပဲလို့ပြောရမှာပါပဲ။ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ဘ၀ကို ကောင်းမွန်အောင် ပျော်ရွင်စရာကောင်းအောင် လုပ်ပေးနိုင်သလို ဝမ်းနည်းစရာကောင်းအောင် အဆိုးဆုံး အခြေအနေဆိုရင် ကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့အထိပါ ကိုယ့်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ရန်သူမဖြစ်စေဘဲ မိတ်ဆွေအဖြစ်ပေါင်းသင်းနိုင်ဖို့ကအရေးကြီးပါတယ်။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဒီလို အကြောင်းအရာမျိုးကို စိတ္တဇဆန်ဆန် သည်းထိပ်ရင်ဖို ဖြစ်အောင်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Smrst ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ မှုခင်းဆေး စိတ်ပညာရှင် မာတင်ဖြစ်ပြီး သူ့အလုပ်ကတော့ ရာဇဝတ်မှု တရားခံတွေရဲ့စိတ်ကျန်းမာရေးကို အကဲဖြတ်သုံးသပ် ပေးရတာပဲဖြစ်ပါတယ်။သူ့မိန်းမပေါင်လာက ကင်ဆာ ရောဂါသည်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်လုံး အတွက်အဆင်ပြေဖို့အတွက် ကင်ဆာရောဂါသည်တွေကို ကုသပေးတဲ့ ဟော်တယ်လိုမျိုး ကျန်းမာရေးစခန်းတစ်ခုကို သွားခဲ့ပါတော့တယ်။အဲ့ဒီမှာသူ့မိန်းမအတွက်ကုသမှုခံ နေရင်းနဲ့ သူကိုင်ရမဲ့အမှုဖြစ်တဲ့ လူသတ်မှုတရားခံကို သုံးသပ်ဖို့လုပ်ခဲ့ပါတော့တယ်။လူသတ်မှုလို့ဆိုပေမဲ့ သူအင်တာဗျူးခဲ့တာတွေကို ပြန်လည်စစ်ဆေးကြည့်တဲ့ အခါမှာ တရားခံက သူလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ လေ အမျိုးသမီးလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သဘာ၀ လွန်အရာကြီးအကြောင်းကိုထပ်ခါထပ်ခါပြောနေမှန်း သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအကြောင်းဆက်သုံးသပ်ရင်း ဒီလိုအရာကြီးကတကယ်ရှိတာလား တရားခံကပဲဂျင်းထည့် နေတာလားဆိုတာတွေအပြင် သူတို့လင်မယားနှစ်ယောက် ရော အဲ့ဒီစခန်းကြီးမှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာ တွေကိုရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.35GB) / (804MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Family
5.5 2024 122 mins
Whirlwind Smrst
Mere Husband Ki Biwi

Mere Husband Ki Biwi 2025 (ကျွန်မယောက်ျားရဲ့ ဇနီးလောင်း) IMDb – 5/10 အန်ကူဆိုတဲ့လူငယ်လေးဟာ အိမ်ထောင်ကျပြီးသွားပေမဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူတစ်ယောက်ပါ။ အန်ကူရဲ့ ဇနီးဖြစ်သူ ပရာဘလင်းဟာ အမြဲ ပြဿနာရှာတတ်လို့ အန်ကူတစ်ယောက်လည်း စိတ်မချမ်းမသာဖြစ်နေရတော့တာပေါ့။ တစ်နေ့တော့ အန်ကူတစ်ယောက် ရီရှီကေ့ရှ်ကို သွားပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သွားရောင်းဖို့လုပ်တဲ့အချိန်မှာ တစ်ချိန်က ဇာတ်လမ်းရှိခဲ့ဖူးတဲ့ အန်တာရာခန်နာဆိုတဲ့ ကောင်မလေးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတော့တယ်။ အန်တာရာခန်နာဆိုတာကတော့ ယောက်ျားလေးများကြားမှာ ရေပန်းစားပြီး အကုန်လုံးက ဇာတ်လမ်းဖြစ်ချင်လောက်တဲ့အထိကို အရမ်းလှတဲ့ကောင်မလေးပါ။ ဒီလိုနဲ့ ရီရှီကေ့ရှ်မှာ အန်ကူနဲ့ အန်တာရာတို့ တွေ့ဆုံကြရင်း အန်ကူတစ်ယောက် မိန်းမကို မေ့ပြီး အန်တာရာကို ချစ်မိသွားရာကနေ ………. အန်ကူ, အန်တာရာနဲ့ ပရာဘလင်းတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ……… ပရာဘလင်းတစ်ယောက် ယောက်ျားဖြစ်သူကို သူ့ဘက်ပြန်ပါလာအောင် ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ… ဆိုတာကို အချစ်ဟာသကားလေးဖြစ်တဲ့အတိုင်း ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်? (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama • Mystery
0 2025 142 mins
Mere Husband Ki Biwi
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express