YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

flhd-dexters05e09.1080p.(CM).mp4

1.68 GB 1080p video/mp4 215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Legend & Butterfly
6

The Legend And Butterfly(2023) ****************************** ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းက ပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ .. ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ .. ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့ daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုက မင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့ နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ... တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ .. စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History  ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae

Action & Adventure • Mystery
6 2023 168 mins
The Legend & Butterfly
Huesera: The Bone Woman
5.8

Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 2023 93 mins
Huesera: The Bone Woman
The Many Saints of Newark
6.4

ဒီဇာတ်လမ်းကတော့ ၁၉၉၉တုန်းကနေ စပြီး ၂၀၀၇အထိ ထွက်ရှိခဲ့တဲ့ The Sopranos Series ရဲ့ Prequel Movie ပဲ ဖြစ်ပါတယ် Prequel တစ်ခု ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင်လည်း The Sopranos Series ကို ကြည့်ဖို့ညွှန်းချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ နယူးဝက်မြို့ မှာ ဒီမီယို ဆိုတဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိပါတယ် အယ်လ်ဒို မော်တီဆန်းတီ က အဲဒီ့ ဒီမီယို မိသားစု နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဒါပေမယ့် သူက ဒီမီယိုမိသားစုက လူတွေထက်တောင် ပိုချမ်းသာပါတယ် သူ့မှာ ဒစ်ကီ မော်တီဆန်းတီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ် သူက ဒီဇာတ်လမ်းရဲ့ main character ပေါ့ဗျာ ဒစ်ကီ ဟာ သူ့ကိုယ်သူ ကောင်းမှုကုသိုလ်တွေချည်းပဲ လုပ်ပေမယ့် သူ့ဘဝဟာ အမြဲတမ်း ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ် လို့ ထင်တဲ့သူတစ်ယောက်ပါ ကျွန်တော်တို့လည်း အများအားဖြင့် ကိုယ့်အပြစ်တွေ ကို ကိုယ်မမြင်တတ်ဘဲနဲ့ ငါဘာလို့ အမြဲ ဒုက္ခရောက်နေတာလဲ လို့ တွေးမိသလိုမျိုးပါပဲ ဒစ်ကီ ဟာလည်း တတ်နိုင်သမျှ အများအမြင်မှာ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် သူ့ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကို " နယူးဝက်ရဲ့ သူတော်ကောင်းအများစု" ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါခင်ဗျ The Godfather လို Vibe မျိုးရစေမယ့် Ganster Movie တစ်ခုဖြစ်ပြီးတော့ Story line ရော Plot အချိတ်အဆက်လည်းကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းကို နောက်ကွယ်ကတော့ ဇာတ်ကြောင်းပြန်ပေးနေမယ့် သူကတော့ ခရစ်စတိုဖာ မော်တီဆန်းတီ ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ခရစ်စတိုဖာရဲ့ အဖေဖြစ်တဲ့ ဒစ်ကီ မော်တီဆန်းတီ ရဲ့ ဘဝနဲ့ သူ့ရဲ့ဦးလေး တိုနီ ဆိုပရာနို တို့နဲ့ ဘဝ ဆက်နွယ်မှု ၊ ထိုခေတ်အခါက လူမည်းများအပေါ် လူဖြူများရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု တို့ကို အဓိက ထား ရိုက်ပြထားပါတယ် ခရစ်စတိုဖာ မော်တီဆန်းတီ နဲ့ တိုနီ ဆိုပရာနို တို့က ဘယ်သူတွေ လဲ ဘယ်လိုပက်သက်လဲ ဆိုတာကိုလည်း ဒီဇာတ်ကားကို ဒေါင်းကြည့်ပြီး အဖြေရှာကြည့်ပေတော့ဗျာ File size…1.26GB / 1.87GB Quality…720p web h264 & 1080p web h264 Format…Mp4 Duration….2h Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Lai Laii And Thura Hein

Action • Adventure • Thriller
6.4 2021 120 mins
The Many Saints of Newark
Appendage
5.5

ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလို အလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ် ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလို မဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလို ထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။ စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့ အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့် တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲ စုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါ ဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်း သူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။ File size…1.05GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action • Drama • Romance
5.5 2023 94 mins
Appendage
Bubba Ho-tep
6.9

Bubba Ho-tep (2002) တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်‌စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။ တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် မသင်္ကာလို့ ဆက်စုံစမ်းလေ့လာကြည့်တော့ သူတို့လူအိုရုံက ရှေးဟောင်း အီဂျစ်မံမီကောင်ကြီး ကာလကြာရှည် ဝိညာဉ်စုပ်တဲ့နေရာဖြစ်နေတာ သိသွားပါတယ်။ ဒီလိုနဲ့ သူတို့ဝိညာဉ်အစုပ်မခံရရေး ကာကွယ်ဖို့ ဂျက်နဲ့ ဆီဘက်ရှန်တို့ လူအိုကြီးနှစ်ယောက် မံမီကို ရှင်းဖို့ဘယ်လိုကြံစည် လှုပ်ရှားကြလဲဆိုတာ ဆက်လက်အားပေးလိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.9 2002
Bubba Ho-tep
The Way He Looks
7.9

The Way He Looks ဟာ ဒါရိုက်တာ Daniel Ribeiro ရဲ့ရုပ်ရှင်ကားတိုဖြစ်တဲ့ I Don’t Want to Go Back Alone ကို မူရင်းသရုပ်ဆောင်တွေနဲ့ပဲ သူကိုယ်တိုင်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ 64th Berlin International Film မှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားနေရာအတွက် FIPRESCI Prize နဲ့best LGBT-themed feature အတွက် Teddy Award တွေအပါအဝင်ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုပေါင်း ၂၇ ဆုအထိရရှိထားတဲ့ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လီယိုနာဒိုဆိုတဲ့ မွေးရာပါမျက်မမြင်ကောင်လေးတစ်ယောက်၊ သူ့မှာ ဂျီယိုဗနာဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းကောင်မလေးရှိတယ်။ အဲ့ဒီကောင်မလေးကပဲ သူ့ရဲ့နေ့စဉ်လူမှုဘ၀တွေမှာအမြဲတမ်းကူညီဖြည့်ဆည်းရင်းဖြတ်သန်းနေကြတာပါ။ တစ်နေ့တော့ သူတို့ကျောင်းကို ဂါဘရီယယ်ဆိုတဲ့ လူချောလေးတစ်ယောက်ပြောင်းလာပါတယ်။ဂါဘရီယယ် ချောမချောဆိုတာ ဂျီယိုဗနာရဲ့အပြောနဲ့ပဲမြင်ရတာဖြစ်ပြီး လီယိုနာဒိုက သူ့ကိုမှန်းကြည့်ရုံသာတတ်နိုင်ပါတယ်။တစ်ဖြည်းဖြည်းနဲ့ ဂါဘရီယယ်ဟာ ဂျီယိုဗနာရဲ့နေရာကို အစားထိုးဝင်ယူလာခဲ့ပြီး လီယိုနာဒိုရဲ့စိတ်တွေပါ သူ့အပေါ်တိမ်းညွတ်လာခဲ့ပါတယ်။ ဒါတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ ဂျီယိုဗနာတစ်ယောက် ဝမ်းနည်းစိတ်ဝန်တိုစိတ်တွေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာတဲ့နောက်မှတော့..။ ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ဝါဒဖြန့်တာတွေ လိုရာဆွဲထားတာတွေတင်မက ဗီလိန်တွေပါမပါပဲ ချစ်စရာကောင်းအောင်ရိုးရှင်းလှပစွာတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။နာမည်ကျော်သရုပ်ဆောင်ကြီးတွေမပါဝင်တာကြောင့် နိုင်ငံတကာမှာပေါက်သင့်သလောက်မပေါက်ခဲ့ပေမယ့် The Way He Looks ဟာ Love Simon, Call me by your name တို့လို LGBT Coming-of-Age ရုပ်ရှင်တွေထဲမှာ နေရာတစ်ခုရှိသင့်အောင်ကောင်းတယ်လို့ညွှန်းပါရစေ။ ( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပါ ) File size_(1.3 GB)/( 680 MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

7.9 2014
The Way He Looks
Cassino in Ischia
5.5

ရုပ်ရှင်လောကမှာ သက်တမ်းရင့်လာပြီးအသက်ကြီးလာပြီဆိုရင် နောက်တက်လေးတွေကို လမ်းဖယ်ပေးရတာကထုံးစံတစ်ခုပါပဲ။ တခြားနယ်ပယ်တွေမှာလည်း အဲ့လိုမျိုးဆိုပေမဲ့ ရုပ်ရည်နဲ့ လုပ်ကိုင် နိုင်စွမ်းတွေကိုမှီခိုပြီးလုပ်ကိုင်ရတဲ့အလုပ်မှာတော့ဒါမျိုးတွေကမလွှဲ မရှောင်သာပါပဲ။အဲ့ဒါကိုလက်ခံနိုင်ပြီး အနားယူသွားတဲ့သူတွေရှိသလို လက်မခံနိုင်ဘဲ ကိုယ့်ရဲ့အစွမ်းအစတွေကိုဆက်လက်ထုတ်ပြချင် နေသေးတဲ့ မင်းသားမင်းသမီးတွေလည်းရှိပါတယ်။ အဲ့ဒီအကြောင်းတွေကို ဟာသလေးတွေနှောပြီးမှ မြင်သာအောင် ရိုက်ကူးပြသထားတဲ့ Cassino in Ischia ဆိုတဲ့အမေရိကန်- အီတလီဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ထဲက ကက်စီနိုဆိုတဲ့လူကအထက်မှာပြောခဲ့သလိုပဲ အသက်ကြီးလာလို့ တက်သစ်စမင်းသားလေးတစ်ယောက်က သူ့နေရာတွေကိုအစားထိုးလာတဲ့အခါမှာ လက်မခံနိုင် မကျေမချမ်းတွေ ဖြစ်ပြီး အကြံအိုက်နေပါတော့တယ်။ ခေတ်ပေါ်ရေပန်းစား လူကြိုက်များတဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်ဖို့ ဆိုတော့လည်း အရိုးများသလေးချေးခါးသလေးဖြစ်နေတာနဲ့တိုင်တွေပတ် နေပါတော့တယ်။အဲ့ဒါကြောင့် အစ်စ်ကီရာဆိုတဲ့ကျွန်းလေးမှာ အပန်း သွားဖြေရင်း သူ့အစွမ်းအစတွေကိုထုတ်ပြဖို့ကိုယ်တိုင်ဇာတ်ညွှန်းရေးဖို့ ကြိုးစားရင်းနဲ့ အဲ့ဒီကျွန်းပေါ်ကခင်မင်စရာကောင်းတဲ့လူတွေနဲ့တွေ့ပြီး အောက်ခြေကို ထိုးကျနေတဲ့သူ့သရုပ်ဆောင်အလုပ်ကို ဘယ်လိုပြန် ဆွဲတင်သွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…2.94GB / 1.37GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
5.5 2024
Cassino in Ischia
Ma Da: The Drowning Spirit
4.9

Ma Da: The Drowning Spirit (2024) မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။ လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။ မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။ လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။ အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မက သူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား? မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.9 2024
Ma Da: The Drowning Spirit
Mon Mon Mon Monsters
6.3

ဒီဇာတ်ကားကတော့ တရုတ်ဇွန်ဘီဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုပြကွက်ကြမ်းတွေ ပါတာမို့ ရွံတတ်သူများ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ အတန်းထဲက အဆင့် ၁ ကျောင်းသားကို ကျောင်းလူမိုက် အဖွဲ့က အတန်းကြေးတွေခိုးပါတယ်လို့ စွပ်စွဲခံရ‌အောင်လုပ်ပြီး တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခဲ့ပါတယ်။ အဲဒီမှာအတန်းပိုင်က အဆင့် ၁သမားကိုရော ကျောင်းလူမိုက်တွေကိုပါ အဖွဲ့ဖွဲ့ပေးလိုက်ပြီး လူမှုကူညီရေးအလုပ်တွေ ဝင်လုပ်ဖို့ ဒဏ်ပေးလိုက်ပါတယ်။ သူတို့အဖွဲ့သွားလုပ်ရတဲ့ တိုက်ခန်းက လူသားစား မကောင်းဆိုးဝါးတွေ ရှိတယ်လို့ နာမည်ကြီးနေတဲ့ တိုက်ခန်းဖြစ်နေတာပါ။ အဲဒီတိုက်ကနေ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကို ဖမ်းမိလာပြီး လူမိုက်အဖွဲ့ပီပီ ပေါက်ကရနှိပ်စက်နည်းတွေ မျိုးစုံသုံးပြီး အဲဒီဇွန်ဘီမကောင်းဆိုးဝါးကို နှိပ်စက်ခဲ့ပါတယ်။ ထိုအခါဇွန်ဘီအစ်မဖြစ်သူက သူ့ညီမဇွန်ဘီကို လိုက်ရှာနေရင်းနဲ့ အထက်တန်းကျောင်းသားတွေရဲ့ လက်ချက်ဖြစ်ကြောင်း သိသွားတဲ့အခါ ကလဲ့စားချေ သတ်ဖြတ်မှုတွေ လုပ်လာလို့ ကိုယ်မွှေးခဲ့တဲ့မီးကို ကိုယ်ပြန်ငြှိမ်းရတော့မယ့် လူမိုက်အဖွဲ့နဲ့ အဆင့်တစ်ကောင်တို့ဟာ လူသတ်ဇွန်ဘီမနဲ့ ထိပ်တိုက်ရင်ဆိုင်ရ‌‌ပါတော့တယ်။ File Size : 1.6 GB, 811 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Comedy, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

Crime • Drama • Thriller
6.3 2017 110 mins
Mon Mon Mon Monsters
Human Animals
5.6

တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်…။ File size… 1.3 GB / 511 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Drama • Romance
5.6 2020 89 mins
Human Animals
Elite Force: B.R.I. – Body Recovery Immmusination B.R.I

ထွက်​ရှိ​ထားတာ​ မကြာ​သေးတဲ့​ ဒီဇာတ်ကားဟာ Action/Sci-fi​ အမျိုး​အစား​ဖြစ်​ပြီး​ ဒါရိုက်တာ​ Roman Elpidio ရိုက်ကူး​ထား​တာပါ။ ကြာချိန် တစ်နာရီ​ခွဲခန့်သာရှိပြီး Sci-fi အနည်း​အကျဥ်း​ပါပေမဲ့ အက်​ရှင်​ဇာတ်​ကားလို့ပဲ ဆို​ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ BRI လို့​ခေါ်​တဲ့ ပရို​ဂရမ်​တစ်ခုဟာ ခြေ​လက်​အင်္ဂါတွေ ပျက်စီး​ဆုံးရှုံး​သွား​ရင်​တော့ အလို​လို​ပြန်ထွက်လာမဲ့ စွမ်း​ရည်​မြင့်​ စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်​ရှင်က ဒေါက်တာ​ Marco ဖြစ်​ပါတယ်​။ ပရို​ဂရမ် အဆုံး​မသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့​ လုပ်​ဖော်​ကိုင်​ဖက်​တစ်ဦးက ဒေါက်​တာ​ Marco ကို ခြိမ်း​ခြောက်​အကျပ်​ကိုင်​ပြီး သစ္စာ​ဖောက်​ပါတော့​တယ်​။ အဲဒါ​ကြောင့်​ ဒေါက်တာ​ Marco လည်း ကမ္ဘာ​အရပ်​ရပ်​က အိမ်​ခြေ​ရာ​မဲ့ စစ်သည်​ဟောင်း​လေး​ဦး​ကို ခေါ်​ယူလေ့ကျင့် အဆင့်​မြှင့်​တင်​ပေးပြီး Jasper ရဲ့ စီမံကိန်း​ကို ဟန့်​တားရပါတော့တယ်။ ဘတ်​ဂျက်​ရုပ်ရှင်​ဆိုပေမဲ့​ အက်​ရှင်​ခန်း​တွေက ထင်​ထားတာထက်​ ကောင်း​မွန်​ပြီး ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့​ဇာတ်​လမ်း​မျိုး​ဖြစ်​ပါတယ်​။ ဇာတ်​အိမ်​က အက်ရှင်ကားအများစု ထုံးစံ​အတိုင်း​ အနည်းငယ်​ အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာ​တစ်ခု​ထိ ဖျော်ဖြေ​မှု​ပေး​နိုင်​ပါလိမ့်မယ်​။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Horror
0 2025 91 mins
Elite Force: B.R.I. – Body Recovery Immmusination B.R.I
With or Without You
6.4

With or Without You (2016) ************************** IMDb….. 6.4 ဒီတစ်ခေါက်မှာတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ မင်းသား Shin Min-Chul နဲ့ မင်းသမီး Jeon Hye-Bin တို့ရဲ့ ရိုမန့်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း- Yeon-Yi (Jeon Hye-Bin) ဟာ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Sun-Jae (Shin Min-Chul) ကတော့ လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒါရိုက်တာဖြစ်လာဖို့အတွက် အိပ်မက်မက်နေသူတစ်ဦးပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး လက်ထပ်ဖြစ်သွားခဲ့ပေမဲ့လည်း သူတို့ရဲ့အိမ်ထောင်ရေးဟာ စိတ်မကောင်းစွာနဲ့ပဲ ကြာရှည်မခံခဲ့ပါဘူး။ ကွာရှင်းလိုက်ပြီဖြစ်သော်ငြားလည်း သူတို့နှစ်ဦးဟာ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ် သူငယ်ချင်းကောင်းအဖြစ်နဲ့ ဆက်လက်ကျန်ရှိနေကြပြီး အလုပ်တွေ အတူလုပ်ကာ အခင်မင်မပျက် နေထိုင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အကြောင်းကို အတူရေးဖူးခဲ့တဲ့ ဇာတ်ညွှန်းကို ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့.. ခြေလှမ်းတစ်ချက်မှ အပျက်မခံတဲ့ သရုပ်ဆောင်လောကထဲမှာ Yeon-Yi တစ်ယောက် နာမည်ရအောင် ထိုးဖောက်သွားနိုင်ပါ့မလား…. Sun-Jae တစ်ယောက်ကရော အလုပ်ဖိအားဒဏ်တွေ အဆင်မပြေတော့တဲ့ သူတို့နှစ်ဦးရဲ့ကြားထဲက အေးစက်မှုဒဏ်တွေကို တောင့်ခံနိုင်သွားပါ့မလား… နှစ်ယောက်သားကရော နောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားနိုင်ပါ့မလား.. ဆိုတာတွေကို တငြိမ့်ငြိမ့်နဲ့ ကြည့်ရှုရမဲ့ အရမ်းရိုတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Yati Naing ပဲ ဖြစ်ပါတယ်။) File Size : 1.15GB/560MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:59 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by Tiff

Drama
6.4 2016 101 mins
With or Without You
Rule Breakers
7.1

( အဖွင့်ရက်သတ္တပတ်မှာတင် ရုံတင်ဝင်ငွေ ၁.၅ သန်းရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။) အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန် နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ရိုယာဆိုတဲ့မိန်းကလေးဟာ ပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့် မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုယာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကို မြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက် လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူ လေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့် ရိုယာနဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက် ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲ အစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကို ရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ File size… (1.78 GB) / (1.05 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Animation • Comedy • Adventure • Family • Fantasy
7.1 2025 120 mins
Rule Breakers
Silent Parade
6.2

Silent Parade (2022) ******************** IMDb… 6.2 လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းမျိုးကို နှစ်သက်သူများ အကြိုက်တွေ့စေမယ့် Silent Parade ဆိုတဲ့ ဂျပန်စုံထောက်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဖြေရှင်းနိုင်ဘဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ အမှုအခင်းတွေကို ရူပဗေဒပညာရဲ့ နက်နဲမှုက ဘယ်လိုမျိုး လက်တွေ့ကျကျ စမ်းသပ်အဖြေရှာပေးသွားမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုမြင်ခံစားကြရမှာ ဖြစ်ပါတယ်။ Mysteryနဲ့ Drama ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေအပေါ် ထားရှိအပ်တဲ့ မေတ္တာ သစ္စာ အလှတရားတွေကိုပါ ခံစားရမှာဖြစ်တဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုး ပေးစွမ်း နိုင်တဲ့ စုံထောက်ကားဖြစ်မှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်း အေးချမ်းသာယာလှတဲ့ ကီခုနိုမြို့က နာမည်ကြီး နမီကီ မိသားစုစားသောက်ဆိုင်လေးက အဆိုတော်ဖြစ်ဖို့ ရည်မှန်းပြီး ကြိုးစားနေတဲ့ သမီးကြီးဖြစ်သူ ဆာအိုရိဟာ တစ်နေ့မှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အသက်ရှင်လျက်ရှိဖို့ မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ ၃ နှစ်အကြာမှာ သမီးဖြစ်သူရဲ့အရိုးစုကို ကီလိုမီတာ ၂၀၀ ဝေးတဲ့ မြို့မှာ တွေ့ခဲ့ကြရတာပါ။ ဆာအိုရိ သေဆုံးမှုကို စုံထောက်တွေဖြစ်ကြတဲ့ ခုဆာနဂီနဲ့ ယုဆုမီတို့ ကြိုးစားဆက်စပ်ဖော်ထုတ်ကြရာမှာ ယခင်က လူသတ်မှုနဲ့စွဲချက်ခံတင်ရပြီး သက်သေမရှိ နှုတ်ပိတ်နေမှုတို့ကြောင့် သံသယရှိသူအဖြစ်မှ လွတ်မြောက်နေသူ ဟာဆုနုမာ ဖြစ်နိုင်ကြောင်း သိရှိလာရပါတယ်။ ဒီလိုနဲ့ သက်သေအထောက်အထားနဲ့ ဟာဆုနုမာကို စွဲချက်တင်နိုင်ရေး စုံစမ်းနေကြစဉ်မှာပဲ ဟာဆုနုမာ သေသွားခဲ့ပါတယ်။ ဒါပေမဲ့ ဟာဆုနုမာသေဆုံးတဲ့နေ့ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကီခုနိုမြို့က နာမည်ကြီး ဇာတ်လမ်းသရုပ်ဖော်ချီတက်ပွဲ ကျင်းပတဲ့ရက်ဖြစ်နေခဲ့ပါတယ်။ တခြားဘာဒဏ်ရာမှမရှိဘဲ အသက်ရှူကြပ်သေဆုံးသွားတာကြောင့် ယုဆုမီဟာ ခုဆာနဂီရဲ့ သူငယ်ချင်းဖြစ်သူ ရူပဗေဒပါမောက္ခ ယုခါဝါ ကို အမှုအကြောင်း ပြောပြအကူအညီ တောင်းခံခဲ့ရာမှာတော့… အချိန်အတန်ကြာ ရဲတပ်ဖွဲ့မှ မဖြေရှင်းနိုင်တဲ့ အမှုတွေနဲ့ ဆာအိုရိ အသတ်ခံရမှု၊ ဟာဆုနုမာ သေဆုံးမှုတို့ကို စုံထောက် နှစ်ယောက်နဲ့ ရူပဗေဒပါမောက္ခတို့ ဘယ်လိုမျိုး အဖြေရှာသွားကြမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ DaoPhyo ပဲ ဖြစ်ပါတယ်။) File Size : 1.72GB/ 920MB Quality : BluRay 1080p/ 720p Format…mp4 Duration…01:41:03 Genre : Crime, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by Tiff

Romance • Drama • Comedy
6.2 2022 130 mins
Silent Parade