YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

First.Daughter.2004.1080p.(CM).mp4

1.99 GB N/A video/mp4 72 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mili
6.3

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲက မင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကို လက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ် ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်း တစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။ အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကို ရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန် အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ...။ အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား...။ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။ File Size : (1.6 GB) and (850 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 7min Format : Mp4 Genre :  Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor & Jerrica Encoded by Thit San Khant

Horror • Mystery • Thriller
6.3 2022 129 mins
Mili
8MM
6.4

အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်... မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့် ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ မီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။ သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့ အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကို ရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ် စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာ သိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီး ဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့ အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ… သူ့စုံစမ်းမှုကြောင့် ရုပ်ရှင်ရဲ့ဇာစ်မြစ်ကိုပဲ ဖော်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပဲ ဒုက္ခရောက်မလား… ဒီအရှုပ်ထုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတွေကတော့ ပရိသတ်များစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မြေအောက်လောကရဲ့ ညစ်ညမ်းရုပ်ရှင်လောကအကြောင်း ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များမကြည့်သင့်ပါဘူး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Ninja ပဲဖြစ်ပါတယ်.. File Size :(2.3GB) (823 MB) and (281MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…02:03:00 Genre : Crime,Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Action • Comedy
6.4 1999 123 mins
8MM
Killer Design
7.5

“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM

Drama
7.5 2022
Killer Design
Nenu Meeku Baaga Kavalsinavaadini

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တေလဂူရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်... ပျော်ရွှင်တဲ့မိသားစုကနေ ဆင်းသက်လာပေမယ့် ကိစ္စတချို့ကြောင့် မိသားစုနဲ့ဝေးကွာနေရတဲ့ တယ်ဂျူဆိုတဲ့ကောင်မလေးဟာ ဘဝကို ပေါ့ပေါ့ဆဆနဲ့ ဖြတ်သန်းနေပြီး အရက်နွံထဲနစ်နေခဲ့ရပါတယ်...။ သူ့ကို အကြိုအပို့လုပ်ပေးတဲ့ တက္ကစီဒါရိုက်ဘာကောင်လေးရဲ့နာမည်ကိုတော့ ဗီဗစ်လို့ခေါ်တယ်...။ တယ်ဂျူဟာ ယောက်ျားတွေနဲ့ အချစ်ကို စိတ်နာပြီး ဘဝကိုရေစုန်မျောလိုက်နေတယ် တစ်ရက်တော့ ဗီဗစ်ဟာ တယ်ဂျူကို သူမဘဝပျက်မယ့်အရေးကနေ ကယ်တင်ခဲ့ပါတယ်... ဒီလိုနဲ့ သူတို့နှစ်ဦးစကားလက်ဆုံကျကြရင်း တယ်ဂျူဟာ သူ့မရဲ့ပျော်ရွှင်စရာမိသားစုဇာတ်ကြောင်းနဲ့ သူမရဲ့နောက်ကြောင်းကို ပြောပြပါတော့တယ်...။ ဗီဗစ်မှာလည်း သူ့ဘဝနောက်ကြောင်းလေးက ရှိနေပြန်တော့...။ သူတို့နှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ သူတို့နှစ်ဦးပတ်သက်ပုံ လှည့်ကွက်လေးတွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်...။ ဒီတော့ လူအယောက် 1.3K က IMDb 7.7 ပေးထားတဲ့ ဒီတေလဂူရိုမန့်ဟာသကားလေးဟာ ကြည့်လို့ကောင်းတဲ့ကားလေးပါလို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…2.21GB / 1.1GB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & HayMan

Comedy • Thriller
0 2022 130 mins
Nenu Meeku Baaga Kavalsinavaadini
Makmum 2
4.4

Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byPoe

Action • Crime • Drama
4.4 2021 92 mins
Makmum 2
Transformers: The Last Knight
6.1

၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။ သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ် အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့ လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်က ကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊ မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့ စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Adventure • Fantasy
6.1 2017 154 mins
Transformers: The Last Knight
In Dream
4

In Dream (2023) လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ် ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ် ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ် နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

Action & Adventure • Crime • Drama
4 2023 90 mins
In Dream
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Love Tactics 2
4.8

Love Tactics 2 (2022) ================ ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။ သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size……….(1.85 GB) / (833 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.8 2022 98 mins
Love Tactics 2
: Unknown Battle (2019)
6.1

အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…..။ ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကို စစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ….။ ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက် တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ… နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်…။ Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီး တန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး…။ ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကို မောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်…။ တပ်နီတော်တစ်ဖက်တည်းတင် ‌စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီး နောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို “Rzhev Meat Grinder” (ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်….။ ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကို တပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်….။ စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်း တန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ…။ အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီး တာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ…. တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ….။ File size…2.37GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 1942 113 mins
: Unknown Battle (2019)
Hitman

နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2008
Hitman
The Wind Will Carry Us
7.4

The Wind Will Carry Us (1999) ~ IMDb – 7.4/10, Rotten Tomatoes – 97% ~ Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။ “ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ဝတ္တုတွေကတော့ ဖတ်လိုက်တာနဲ့ ဖမ်းဆုပ်မိတယ်တဲ့။ ဝတ္တုတိုင်းကိုတော့ မဆိုလိုဘူးပေါ့။ ကဗျာအနှစ်သားဝင်နေတဲ့ ဇာတ်လမ်းမျိုးတွေလည်းရှိသလို ဝတ္တုနဲ့တူနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကျောင်းမှာ ကျုပ်တို့ကျက်ရတဲ့ ကဗျာတွေကတော့ ပိုးဖလံတို့ ပင့်ကူတို့ ဘာတို့အကြောင်းရေးထားတာတွေပေါ့။ ဒီကဗျာတွေကတော့ ကျုပ်တို့ကို ကဗျာရဲ့အရသာအစစ်ကို သင်ပေးဖို့ ထည့်ထားတဲ့ ကဗျာတွေတော့မဟုတ်ဘူးပေါ့။ ဒီကဗျာတွေက ကျုပ်တို့ကို ကဗျာကနေတစ်ဆင့် လူကောင်းသူကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ပါပဲ” လို့လည်း ဆိုခဲ့တယ်။ ဆိုရရင် ဒီစကားကိုကြည့်ရုံနဲ့တင် Abbas က တကယ့်ကဗျာသမားအစစ်လို့ ကျွန်တော်တို့ခံစားမိလောက်တယ်။ သူက ဒါရိုက်တာအပြင် ကဗျာဆရာလည်းဟုတ်တယ်။ သူ့ရုပ်ရှင်တွေကို ကဗျာဆန်ဆန်ရိုက်ချင်တဲ့လူမျိုးပေါ့။ ဒီတော့ ကျွန်တော်တို့အနေနဲ့လည်း သူ့ရုပ်ရှင်တွေကို ကဗျာတစ်ပုဒ်လိုပဲ ဖတ်လို့ရနိုင်မယ်။ Abbas ရဲ့တင်ဆက်ပုံက အင်မတန်ရိုးရှင်းပြီးကို အံ့ဩဖို့ကောင်းတယ်လို့ပြောရမယ်။ ဥပမာ Where Is the Friend’s House? ဆိုတဲ့ ရုပ်ရှင်ဆိုပါစို့။ သူ့ဇာတ်ကြောင်းက ရှင်းရှင်းလေးလိုပဲ။ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်းကျောင်းထုတ်ခံရမှာကို စာနာတဲ့စိတ်နဲ့ ဒုက္ခခံပြီး သူ့သူငယ်ချင်းအိမ်ကို မရောက်ရောက်အောင်သွားရှာတယ်။ စာနာတရားအကြောင်း လှလှပပလေးပြသွားတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ ကောင်လေးရဲ့ မစာနာနိုင်မှုကိုပါ ထည့်ပြသွားတယ်။ ကောင်လေးက လမ်းမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက တံခါးတွေကို အနုပညာတစ်ခုလို လုပ်ခဲ့ပေမဲ့ လူတွေက အခုသူ့တံခါးတွေကို ဖျက်ပြီး ခိုင်မာတဲ့သံတံခါးကြီးတွေနဲ့ အစားထိုးနေတာကို မြင်နေရတယ်။ သူ့ကိုစာနာပေးမယ့်သူလည်းမရှိဘူး။ နာကျင်နေရတယ်။ ကောင်လေးက အဘိုးကြီးဆီရောက်လာတော့ ကောင်လေးကို အဘိုးကြီးက သူ့တံခါးတွေကို သူဘယ်လိုလုပ်ခဲ့ကြောင်း၊ ဘယ်မှာသူ့တံခါးတွေရှိသေးကြောင်း၊ မြို့ကိုရောက်ရင်လည်း သူ့တံခါးတွေကို သူလိုက်ရှာသေးကြောင်း၊ ရှာမတွေ့တော့ကြောင်းပြောပြတယ်။ အပြန်ကျ အဘိုးကြီးက ကောင်လေးကို သူလုပ်ခဲ့တဲ့တံခါးတွေကို ပြချင်သေးလို့ တခြားလမ်းက သွားချင်ပေမဲ့ ကောင်လေးက နောက်ကျနေပြီဆိုပြီး ပိုမြန်မယ့်လမ်းကပဲသွားချင်ခဲ့တယ်။ အဘိုးကြီးနှေးနေတာကိုလည်း အားမလိုအားမရဖြစ်နေခဲ့တယ်။ ဒါက ကောင်လေးရဲ့ မစာနိုင်ခြင်းအကြောင်းပဲ။ ကောင်လေးက သူ့သူငယ်ချင်းအတွက်အိမ်စာရေးပေးချင်လို့ မြန်မြန်ပြန်ချင်တာ ဖြစ်နိုင်ပေမဲ့ သူ့သူငယ်ချင်းဝေဒနာထက် အများကြီးပိုကြီးတဲ့ အဘိုးကြီးရဲ့ဝေဒနာကိုတော့ သူနားမလည်လို့ မစာနိုင်ခဲ့ဘူး။ ကျွန်တော့်အမြင်အရတော့ ဒီရုပ်ရှင်က စာနာခြင်းရော မစာနာခြင်းရောမဟုတ်တဲ့ စာနာတရားဆိုတာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပဲ။ ဒါကို Abbas က ရိုးရိုးလေးနဲ့ ပြသွားတယ်။ The Wind Will Carry Us ကတော့ ဒီထက်နည်းနည်းပို Abstract ပိုဆန်သွားပြီလို့ မြင်တယ်။ The Wind Will Carry Us က တော်တော်လေးပိုဝေဝါးသွားပေမဲ့ ကျွန်တော့်အမြင်အရတော့ “အကျိုး” “အမြတ်” ” အကောင်း” “အဆိုး”တွေအကြောင်းပါပဲ။ အကောင်းနဲ့အဆိုးကို ဘယ်လိုပိုင်းခြားလဲ ငါကောင်းကောင်းမသိဘူး။ ဒွန်တွဲလျက်ရှိနေတယ်လို့တော့ ပြောကြတာပဲ။ ကောင်းတဲ့လူတွေလည်း အမြဲတမ်းမကောင်းနိုင်။ ဆိုးတဲ့လူတွေလည်း အမြဲတမ်းမဆိုးနိုင်။ ဒါပေမဲ့လည်း အကောင်းဘက်ကို ပိုသွားတဲ့လမ်းကြောင်းများစွာကို ငါတို့ကြိုးစားရှာဖွေခဲ့ကြတယ်။ ငါမသိဘူး။ တစ်ခါတလေပေါ့။ လမ်းလွဲခဲ့ကြတယ်။ အားလုံးမကောင်းကြပါဘူး။ ဒါပေမဲ့ အားလုံးအကောင်းဘက်ကို သွားချင်ကြတယ်။ အားလုံးနီးပါးပေါ့။ တစ်ယောက်ကပြောတယ်။ အားလုံးဟာ အကျိုးအမြတ်အတွက်ပဲတဲ့။ ဟုတ်မှာပါ။ ဒါပေမဲ့လည်း ဘာမှမကောင်းတာထက်စာရင် ဘယ်လိုပဲဖြစ်ဖြစ်ကောင်းနေသေးတာကိုက တော်ပါသေးတယ်။ ခင်မောင်ရင် စကားကိုလည်း ငါပြေးမြင်တယ်။ “ဘဝနေရန်အတွက် အနုပညာကိုချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းဖြစ်စေသည်” တဲ့။ ဒါပေမဲ့လည်း ငါတို့လူ့ဘောင်ရဲ့ စံနှုန်းအရဆိုရင် ဒါလည်းပဲ တော်တော်မှားသွားလိမ့်မယ်။ ဘောင်မရှိတဲ့အနုပညာသမားတွေက ငါတို့လူစံနှုန်းအရတော့ ကောင်းတယ်လို့ လူမြင်စရာဖြစ်နေမှာမဟုတ်ဘူး။ သူ့စံနှုန်း သူ့ရပ်တည်ချက်နဲ့တော့ မသွေဖီကြဘူး။ ထားပါ။ ဘရိတ်လေးတစ်ခုပေါ့။ တစ်ခါတလေ အကျိုးအမြတ်ကိုဦးတည်တဲ့စိတ်ဓာတ်ကို အနုပညာက ဘရိတ်အုပ်ပေးနိုင်လောက်တယ်။ ကောင်းလာတာလည်းဖြစ်နိုင်တယ်။ မကောင်းလာတာလည်းဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကြိုးစားကြည့်ခဲ့ကြပါတယ်။ ဘာမှရစရာမရှိတော့ရင်တောင်မှ အတတ်နိုင်ဆုံးပေါ့။ အားလုံး ခဏလေးပါ။ ကမ္ဘာကြီးမလည်တော့လည်း လိုတာထက်ပိုတာတွေကို မမက်နဲ့ပေါ့။ အကြောက်တရားဟာ ငါတို့ကို အဆိုးဆီ ဦးတည်စေလိမ့်မယ်။ ဘာကိုပဲဆုံးရှုံးရ ဆုံးရှုုံးရ မကြောက်ဖို့ပါပဲ။ ကမ္ဘာဟာ ဘယ်လိုပဲ ကွေ့ကောက်ကွေ့ကောက် ငါတို့သွားရမယ့်ဆီ “လေတွေက ငါတို့ကို ခေါ်ဆောင်သွားလိမ့်မယ်”… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1999
The Wind Will Carry Us
Bizarre Again
5.8

Bizarre Again (2022) IMDb Rating (5.8) LGBT အသိုင်းအဝိုင်းက ဖြစ်ရပ်တွေ ခွဲခြားဆက်ဆံခံရမှုများအကြောင်း တင်ဆက်ထားတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ လူးကပ်စ်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ထားတာဖြစ်ပြီး သူ့ခင်ပွန်းသည်ရဲ့ သားလေး မာလွန်ကို သားအရင်းလိုချစ်တဲ့လူပါ။ မာလွန်က ကျောင်းမှာ သူ့ကို g@y ဖြစ်နေလို့ လှောင်ပြောင်အနိုင်ကျင့်ကြတဲ့ကျောင်းသားတွေကို ဆက်ပြီးသည်းမခံနိုင်တဲ့အဆုံး အဆုံးစွန်လုပ်ရပ်တစ်ခုကို လုပ်မိလိုက်တယ်။ အဲဒီအချိန်မှာ ခင်ပွန်းသည်ကို အားကိုးမရတဲ့ လူးကပ်စ်က သူ့အဆက်ဟောင်းဖြစ်သူ မောရစ်ကို ဖုန်းဆက်အကူအညီတောင်းရပြီး ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကတော့ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(2.2 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:53:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan

Comedy • Romance
5.8 2022 113 mins
Bizarre Again
Four Mothers
7

IMDb Rating (7.0) / Rotten Tomatoes (91%) ဒီတစ်ခေါက်မှာတော့ ရင်ကိုနွေးထွေးသွားစေမဲ့ မိဘနဲ့သားသမီးကြားက ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ အက်ဒ်ဝပ် ဘရေဒီက အိုင်းရစ်ရှ် gay စာရေးဆရာတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “Aeons” ဝတ္ထုက အမေရိကားနဲ့ ကမ္ဘာတစ်ဝန်းက လူငယ်တွေအကြားမှာ ရုတ်တရက်ဆိုသလို ရေပန်းစားလာခဲ့ပါတယ်။ ဒီလိုအောင်မြင်လာလို့ အမေရိကားမှာ စာအုပ်ထုတ်ဝေပြီး ပွဲဦးထွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာပေမဲ့ တစ်ဖက်မှာတော့ အက်ဒ်ဝပ်ဟာ ‌ နာမကျန်းဖြစ်နေတဲ့ ၈၁နှစ်အရွယ် မိခင်ကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်နေရသူပါ။ အမေရိကားကို စာအုပ်မိတ်ဆက်ပွဲလုပ်ဖို့ သွားချင်ပေမဲ့လည်း အမေအိုကို မထားခဲ့ရက်တဲ့အပြင် ဘေးကသူငယ်ချင်း ၃ယောက်ကပါ သူတို့အမေတွေကို အက်ဒ်ဝပ်ဆီအပ်ထားခဲ့ပြီး ခရီးထွက်သွားကြပါတယ်။ ဒီလိုနဲ့ အမေအို ၄ယောက်နဲ့ အတူ အက်ဒ်ဝပ်တို့ ဘယ်လိုတွေဖြတ်သန်းကျော်ဖြတ်ကြမလဲဆိုတာကို ဒရာမာအချိုး အကွေ့လေးတွေနဲ့ လှလှပပရိုက်ကူးတင်ဆက်ထားပါ။ အက်ဒ်ဝပ်တစ်ယောက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ကျော်ဖြတ်ပြီး အမေရိကားကို book tourလုပ်ဖို့သွားနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (958 MB) / (420 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7 2024 89 mins
Four Mothers
Holy Family Sveta obitelj
7.1

Holy Family (2024) Sveta obitelj ဒီ ခရိုအေးရှားစကားပြောဇာတ်ကားလေးကို ခရိုအေးရှား-ဆာဘီးယား ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ Luna Pilic (သူမရဲ့ ပွဲဦးထွက် ဇာတ်ကားပါ), Ivan Cuic, Nikola Djuricko, Judita Frankovic စသူတို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းရေးသားသူ Slavica Snur နဲ့ Vlatka Vorkapic တို့ဖြစ်ပြီး ဒါရိုက်တာကတော့ Vlatka Vorkapic ဖြစ်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဇာတ်ကားဆု၊ ဝတ်စားဆင်ယင်မှု၊ သရုပ်ဆောင်၊ ဇာတ်ပို့ စသဖြင့် ဆုပေါင်း ၅ဆုရထားပြီး ဇကာတင်စာရင်း တစ်ကြိမ်ဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၀ ခုနှစ်တွေမှာ စလိုဗေးနီးယားရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဘောလ်ကန်ကျေးလက်ရှုခင်းများနဲ့ စလိုဗေးနီးယားရိုးရာ ကျေးလက်မင်္ဂလာဆောင်တစ်ခုကို တွေ့မြင်ရမှာဖြစ်ပြီး ပါးစပ်က ဘုရား၊ ဘုရား လက်က (ဒီဇာတ်ကားမှာတော့ လက်ကမဟုတ်ပါ) ကားယားကားယား လုပ်ကြပုံကတော့ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို ဘယ်ဘာသာဝင်တွေမှာမဆိုမြင်ရတတ်တယ် ဆိုတာ သက်သေခံပါလိမ့်မယ်။ ဇာတ်အဖွင့်ကတော့ ဘော့စ်နီးယားကနေ လာရောက်အလုပ်လုပ်တဲ့ နေ့စားအလုပ်သမလေး ယန်ညာ (Luna Pilic)ကို သူ့အလုပ်ရှင် မြေပိုင်ရှင်သူဌေး မာကို (Nikola Djuricko)က သူ့ရဲ့တစ်ဦးတည်းသောသားနဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတာလဲ၊ နောက်ကွယ်က အကြောင်းရင်းတွေက ဘာဖြစ်မလဲ၊ ယန်ညာရဲ့ ဘဝလေးကရော သာယာသွားနိုင်ပါ့မလား ဆိုတာကို ဆက်လက်ရှုစားကြပါ။ အပြောအဆိုတစ်ချို့နဲ့ ကိုယ်တီးလုံးမြင်ကွင်းတစ်ချို့၊ လိင်ဆက်ဆံခန်းတစ်ချို့ ပါဝင်လို့ ကြည့်ရှုသူများဆင်ခြင်သင့်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။) File size… (1.5 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:56:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Drama
7.1 2024 115 mins
Holy Family Sveta obitelj