YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Fire.Country.S01E01.1080p.CM.mp4

971 MB 1080p video/mp4 186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shaakuntalam
5.5

ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin

Adventure • Drama
5.5 2023
Shaakuntalam
Death to Smoochy
5.9

Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။ The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ရှယ်လ်ဒွန် မော့ပ်စ် ကို ဇွတ်အတင်း ဆွဲထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ အောင်မြင်လာတဲ့ စမူချီ ကို ရန်းဒေါ့ဖ် တစ်ယောက် နည်းနည်းလေးမှ မကျေနပ်လို့ ခဏခဏ အကွက်ဆင် ချောက်ချနေခဲ့တယ်။ ဒီလိုပဲ ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ ဝိသမလောဘကို မကြိုက်တဲ့ စမူချီ ရဲ့ ‌ဝင်ငွေထိခိုက်အောင် လုပ်ဆောင်မှုတွေ မကြိုက်တော့တဲ့ ရုပ်သံလိုင်းစပွန်ဆာတွေကလည်း စမူချီ ကို မကျေနပ်တော့ပါ။ ဒီလိုနဲ့ နှစ်ဖက်စလုံးက စမူချီ ကို အသေသတ်ဖို့ ကြိုးစားလာတဲ့အခါ Death to Smoochy (2002) ဇာတ်လမ်း ဖြစ်တည်လာပါတယ်။ Rating 6.3 မလို့ ရွေးချယ်ထိုက်တဲ့ဇာတ်လမ်းဖြစ်ပေမဲ့ Box Office မှာတော့ ခွက်ခွက်လန်ရှုံးတဲ့ huge bomb of BO ပါနော်။ ဒါပေမဲ့ နွေပူပူမှာ မိသားစုနဲ့အတူ တဝါးဝါး ဝဟားဟားကြည့်ပြီး အပူဒဏ်ကို မေ့နိုင်မှာမလို့ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(3GB) / (1.5GB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:50:00 Type__Comedy, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Horror
5.9 2002 109 mins
Death to Smoochy
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
Frances Ha
7.4

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ လူတွေရဲ့ နေ့စဉ် ဘဝမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်တွေ အတွက် ရုန်းကန်ရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ အကြောင်းကို B&W နဲ့ အလှပဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသဇာတ်မြူး ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အသက် 27 အရွယ် ဖရန့်စစ် ဟယ်လာဒေး (Greta Gerwig) ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ ကနေ နယူးယော့ခ်မြို့ကိုလာပြီး အကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ်ဝင်လုပ်ရင်း ကိုယ်ပိုင်အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ အကပညာရှင် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ နယူးယော့ခ်က တိုက်ခန်းတစ်ခုမှာ သူငယ်ငယ်လေး ကတည်းက ခင်လာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ (Mickey Sumner) နဲ့အတူ ငှားနေရင်း တနေ့မှာဆိုဖီက တခြားတိုက်ခန်းပို‌ကောင်းတဲ့တစ်ခုကို ပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘာပြဿနာအခက်အခဲပဲရှိရှိ ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းတတ်ပြီး သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာထင်‌နေခဲ့တဲ့ ဖရန့်စစ်တယောက် နယူးယော့ခ်မြို့ကြီးမှာဆက်လက်ရှင်သန်နိုင်ဖို့ ဘယ်လိုတွေ ဆက်ပြီး ရုန်းကန်ရမလဲ၊ သူလုပ်သမျှအလုပ်တွေကရော အကုန်အဆင်ပြေလာမလား၊ သူ့ရဲ့အပ်မက်ကရော ဖြစ်မြောက်လာမလား ကျရှုံးသွားမလား ဆိုတာကို ဆက်လက် ရှုစားပေးကြပါဦးခင်ဗျ။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

History • Thriller • War
7.4 2013 86 mins
Frances Ha
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Cars 3
6.9

ဇာတ်လမ်းပုံစံကတော့ မက်စ်ကွင်းစ် ရဲ့ ခြေကျချိန် ကို ရောက်လာပြီ ဆိုတဲ့ သတိပေးချက်နဲ့ အတူ ပြိုင်ကွင်းမှာပဲလူငယ် မုန်တိုင်းဂျက်ဆင် ကို ပိုးစိုးပက်စက် ရှုံးနိမ့်သွားခဲ့တာနဲ့ ဇတ်လမ်းကို ဇတ်ရှိန်စမြင့်ပေးလိုက်ပါတယ် မက်စ်ကွင်း ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာကြောင့်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှုတွေလိုအပ်နေတဲ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ အတွက် တဖန် ပြန်လည်ပြင်ဆင်ရာတွင် လေ့ကျင့်ပေးသူခရူးစ် နဲ့ စတင်တွေ့ဆုံခဲ့ရပြီး ခရူးစ် ရဲ့ စိတ်ဓါတ်မြင့်တင်ပေးမှု တွေနဲ့ မက်စ်ကွင်းစ် ဟာလူငယ်လေးတွေကြား ကားပြိုင်ကွင်းအတွင်း အပြေးလှမ်းဖို့ ရောက်ရှိလာတဲ့အခါမှာတော့... (ဘာသာပြန်သူကတော့ ကိုဝေယံမောင်ဖြစ်ပြီး အညွှန်းကိုတော့ ကိုသစ်ဆန်းခန့်မှရေးပေးထားတာပါ) File Size : (801 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encode by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2017 102 mins
Cars 3
Chong Zi – The Snow Fairy Love
6

ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင်

6 2023
Chong Zi – The Snow Fairy Love
League of Gods: Zhou Destruction I
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Action • Adventure • Comedy • Drama • Fantasy • Animation
6 2023
League of Gods: Zhou Destruction I
Rajamartanda
8.7

Rajamartanda (2023) “ရာဂျာ မန်တရာ” IMDb – 8.2/10 ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက် အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။ အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။ ဂီသာကတော့ မဟုတ်မခံသူပေါ့ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့ နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ… ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်‌ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorderရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်‌ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်‌နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Comedy • Romance
8.7 2023 135 mins
Rajamartanda
Fast Charlie

ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။ IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါ Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Fast Charlie
Goodnight Mommy
5.7

Goodnight Mommy (2022) ==================== IMDb Rating – 5.7/10 Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လော စိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါ ချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင် ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာ မျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူ တို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကို နှစ်ယောက် သံသယ၀င်လာကြပါတယ်။ နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယ ပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေ ကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြား ထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံး တော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇ လား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ် ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက် တော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်စေချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.36 GB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….C’mon Encoder……….SWM

5.7 2022 91 mins
Goodnight Mommy
Dead Man
7

Dead Man(2024) **************** ဒါရိုက်တာ Ha Joon Won ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ Cast တွေ‌အနေနဲ့ Cho Jin Woon , Hee-Ae Kim, Lee Soo Kyung တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller, Mystery, Crime အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ် အီမန်ဂျယ် (Cho Jin Woon)က စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ဦးစီးဦးဆောင် တစ်ယောက်အနေနနဲ့ နာမည်ငှားပေးပြီး အမည်ခံသူဌေး လုပ်ပေးတဲ့ အလုပ်ကို လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်…. တစ်နေ့မှာ သူဟာ လုပ်ငန်းကြီး တစ်ခုကနေ ဝမ် ၅သန်း ယူပြီးတော့ သူ့နာမည်ကို ငှားပေးလိုက်ပါတယ် … ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အီမန်ဂျယ်ဟာ ဘီလီယံ ၁၀၀ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးတော့ ဖိအားပေးမှုတွေကြောင့် သေလူအဖြစ်နဲ့ ဟန်ဆောင်လိုက်ရပါတယ် ….အမှန်တော့ သူဟာ တရုတ်နိုင်ငံက ထောင်တစ်ခုမှာ အကျဉ်းချခံထားရတာပါ ဒါပေမဲ့လည်း နိုင်ငံရေး အကြံ‌ပေးပုဂ္ဂိုလ်ဖြစ်တဲ့ အစ်မကြီးရှင်းရဲ့ အကူအညီနဲ့ ထောင်ကနေ လွတ်လာခဲ့ပြီးတော့ ကိုရီးယားနိုင်ငံကို ပြန်လာနိုင်ခဲ့ပါတယ်…. ထောင်က လွတ်လာတဲ့ အခါမှာ သူ့ကို သေလူဖြစ်အောင် ပြောင်းလဲပစ်လိုက်တဲ့ သူတွေကို ရှာဖွေပါတော့တယ် ,,,, သေလူလို နေနေရတဲ့ အီမန်ဂျယ်ရဲ့ ကလဲ့စား နိုင်ငံရေး အရှုပ်တော်ပုံ ပါတီတွေအကြား အားပြိုင်မှုတွေကို အသည်းတယားယားနဲ့ ကြည့်ရမှာမို့ အားပေးလိုက်ကြပါဦးလို့ ပြောချင်ပါတယ်…. File Size :1.4GB, 556MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Crime, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Miri Stary & Treasure Hnin Encoded by Phyo Pyae

Drama
7 2024
Dead Man
Civil War

A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ တစ်လမ်းလုံးမှာ စစ်ရဲ့ အနိဌာရုံတွေတွေ့၊ တိုက်ပွဲတွေကြားထဲရောက်၊ နှစ်ဘက်တပ်တွေ စည်းမရှိကမ်းမရှိ ရက်စက်နေတာတွေကို ကျော်ဖြတ်ပြီး ဝါရှင်တန်ဒီစီကို အရောက်နှင်ကြရမှာပါ။ ငွေဈေးတွေထိုးကြပြီး ဒေါ်လာ ၃၀၀ ပေးမှ ဆန်းဝှစ်တစ်လုံးပဲ ရတာတွေ၊ ကနေဒါ ဒေါ်လာဆိုမှ တန်ဖိုးရှိတာမျိုးတွေလည်း သဘာဝကျကျ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေကတော့ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု ဖြတ်လာရတာနဲ့တူပြီး တစ်ခန်းပြီးတိုင်း တွေးစရာတစ်ခုရတာမျိုးဖြစ်အောင်လည်း ပြထားပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ ရုပ်ရှင်ထဲမှာ ပါပါတယ်။ File size…(5.6 GB)/(2.1 GB)/(1 GB ) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:49:00 Genre…War, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

0 2024
Civil War