YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Finding Nemo (2003) 1080p BluRay 5.1 H {CM} TSK.mp4

2.75 GB N/A video/mp4 752 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
Memory Box
6.8

IMDb Rating ~ 6.8/10 Rotten Tomatoes ~ 93% 7 nominations လစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းက ဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ် အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကို လက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီး ဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံး တစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ် ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်း ကြည့်တဲ့အခါမှာတော့... လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ် ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.3 GB) / (479 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Roman Nox Encoder..........SWM

Crime • Drama
6.8 2021 100 mins
Memory Box
The Professor and the Madman
7.2

တစ်ခေတ်တစ်ခါက A+စတားတွေဖြစ်ခဲ့တဲ့ ခုထိလည်း နာမည်မကျသေးတဲ့ ရှောင်ပန်းန်နဲ့ မယ်ဂစ်ဆွန်တို့ အဓိကသရုပ်ဆောင်ထားတဲ့ကားပါ။ ဇာတ်အိမ်ကတော့ 19ရာစုအလယ်မှာ ပထမဆုံး အောက်စ်ဖို့ဒ်အဘိဓာန်ကို ရေးသားတည်းဖြတ်ခဲ့တဲ့ အကြောင်း ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပါပဲ။ အဘိဓာန်တစ်အုပ်ရဖို့ ဘယ်လိုဘယ်ပုံ ခက်ခဲတယ်ဆိုတာကို ကောင်းကောင်းကြီး ပြထားတယ်။နာမည်နဲ့အတော်လိုက်ပါတယ်။ ကိန်းကြီးခန်းကြီးစကားလုံးတွေ အရူးစကား‌တွေ အပြည့်နဲ့ပါပဲ။ သမိုင်းဒရာမာပေမဲ့ တင်ပြပုံ အရမ်းရှင်းမနေပါဘူး။ သမိုင်းတွေ ဒိုကူတွေ စိတ်၀င်စားတဲ့လူတွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသားကြီး ၂ယောက်ရဲ့ သရုပ်ဆောင်ကွက်တွေကို မြင်ရတာနဲ့တန်တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ File Size - (2.2 GB)/(1.17 GB)/(700 MB) Quality – BluRay- (1080p) / (720p) / (480p) Duration - 2hrs 4min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama Translator – WiRa Aung Encoder – SWM

Comedy • Drama
7.2 2019 124 mins
The Professor and the Madman
City of the Rising Sun
6.6

City Of The Rising Sun (1998) ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်‌ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။ အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊ သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီ‌ကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့‌ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Aye Phyo Encoder ….. August

Drama • Science Fiction • Thriller
6.6 1998 108 mins
City of the Rising Sun
Wedding Dress

Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။ သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။ အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီး‌‌လေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။ မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 554MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama
0 2022
Wedding Dress
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
[18+] Ganti-Ganti
6.1

Ganti-Ganti (2023) ပရိသတ်အချစ်တော်လေး Angeli Khang နဲ့ Summer, Lovely Ladies Dormitory တို့နဲ့နာမည်ကျော်လာတဲ့တက်သစ်စလေး Yen Renee Durano တို့ မတွဲစဖူးအတွဲထူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဗစ်ကီက နှိပ်စက်တတ်တဲ့ လိင်စိတ်တအားထန်ပြီး သွေဖည်ဖောက်ပြန်တတ်တဲ့ ခင်ပွန်းကြောင့် စိတ်ညစ်နေရပြီး အဲဒီလူသေမှပဲ သူ့လက်ကလွတ်မြောက်မှာဖြစ်တဲ့အတွက် ထွက်ပေါက်ကိုရှာနေတဲ့သူပါ။ တစ်နေ့တော့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ တက်ဒီဆိုတဲ့ အချဉ်ကောင်လေးတစ်ယောက်ကို ဖမ်းစားပြီး သူ့ခင်ပွန်းကိုလုပ်ကြံခိုင်းပါတယ်။ ဒါပေမဲ့ သူမသိခဲ့တာက တက်ဒီအပါအဝင် သူကြိတ်ပေါင်းထားတဲ့လူမှန်သမျှဟာလည်း ကလဲ့စားချေဖို့အကြံအစည်နဲ့ သူတို့ဘဝထဲကိုဝင်ရောက်နေတာဖြစ်ပြီး သူတို့တွေကြားမှာရော ဘယ်လိုဇာတ်လမ်းဟောင်းတွေရှိမလဲ… သူ့ကလဲ့စားအောင်မြင်နိုင်ပါ့မလား… အစရှိတာတွေကို ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 830MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 33Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.1 2023 92 mins
[18+] Ganti-Ganti
Arranged Love
6

အင်္ဂလိပ်စကားပြော အိန္ဒိယ ရိုမန့်တစ် ရုပ်ရှင်လေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ဆန်းတာမို့ အတော်လေးကြည့်ပျော်မှာပါ မင်္ဂလာဆောင်က ထွက်ပြေးသွားသော သတို့သမီး မီရာဟာ ဦးလေးအဒေါ်နှစ်ယောက်နဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ မိန်းမငယ်လေးပါ မင်္ဂလာဆောင်မှာ သတို့သားကို ငုတ်တုတ်မေ့ကျန်နေစေခဲ့ပြီး အရာအားလုံးကို စွန့်ပယ်လို့ အမေရိကားကို ထွက်လာခဲ့တဲ့ ၈ နှစ်ကြာမှာတော့ နည်းပညာစွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လို့နေပြီ ဒါပေမဲ့ ကုမ္ပဏီဒေဝါလီခံမယ့်အရေး ပြဿနာတစ်ခုပေါ်လာတော့ကား ငွေကြေးလိုအပ်လာလို့ အိန္ဒိယက အဒေါ်တို့ထံ သူ့အမေရဲ့အမွေကို တောင်းရဖို့ဖြစ်လာတယ် သို့ပေမယ့်လည်း အိန္ဒိယလူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့အချက် သေတမ်းစာမှာပါနေတာကြောင့် “ဟန်ဆောင်ယောကျာ်း” ရှာဖို့ အလုပ်မှာတော့ … File size…(1.6 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama
6 2023
Arranged Love
Mula sa Buwan
5

Mula sa Buwan ဆိုတာကတော့ Edmond Rostand ရဲ့ ခေတ်ဟောင်း ဂန္ထဝင် Cyrano de Bergerac ကို အခြေခံပြီး မူရင်း ဖိလစ်ပိုင်ဂီတနဲ့ မမျှတသော ချစ်ခြင်းမေတ္တာ၊ အလှတရားနှင့် ခင်မင်ရင်းနှီးမှုတွေရဲ့ ပုံစုံတွေကို ပိုမိုရင်းနှီးသော ပုံပြင်- OURS အဖြစ် ဖန်တီးထားတာဖြစ်ပါတယ် 1940 ခုနှစ် မနီလာရဲ့ လှပသောရှုခင်းများကို ထည့်သွင်းထားပြီး ပုံဖော်တင်ဆက်ထားတဲ့ ပြဇာတ်လေးပါ အားလုံးခြုံငုံလိုက်ရင်တော့ ကဗျာဆရာ Cyrano၊ရဲ့ သူချစ်ရတဲ့ Roxane နဲ့ ကြင်နာတတ်တဲ့ ခရစ်ယာန်တို့ရဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့လည်း ဆိုနိုင််ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tartee ပါ ) File size_(4.4GB)/(2.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:55:00 Genre_Documentry, Musical Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Tartee

5 2023
Mula sa Buwan
Apartment 7A
5.8

Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary’s Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.3GB, 1.45GB, 735MB Quality – 4K HEVC, 1080p HEVC, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Psychological Horror, Psychological Thriller, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.8 2024 106 mins
Apartment 7A
Volcano High
5.9

Volcano High (2001) ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာ လက်ဆင့်ကမ်းနိုင်မယ့် “လျှို့ဝှက်ကျမ်းစာအုပ်” တစ်အုပ် ရှိပါတယ်။ ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက် ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ် Genre….. Action, Comedy, Fantasy Quality…. 1080p WEB-DL | 720p WEB-DL File size… 3.1GB | 1.5GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

5.9 2001
Volcano High
Camera
6.4

ဒီဇာတ်ကားလေးက ဘ၀မှာ ဆုံးရှုံးလိုက်ရတဲ့အရာ တစ်ခုခု ရှိတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားပါ။ ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ သာမန် အဖြစ်အပျက်တွေထဲက စိတ်လှုပ်ရှားစရာတွေကို မြင်အောင် ကြည့်တတ်ဖို့အတွက် အဓိက မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်အနေနဲ့ ဒီဇာတ်ကားကို နောက်ဆုံးထိ ကြည့်မယ်ဆိုရင် ဘေးမှာ တစ်ရှူးဘူးလေး ဆောင်ထားဖို့ အကြံပေးလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်း ************** ဒီ ဒရာမာကား‌လေးက အော်စကာဆိုတဲ့ စကားမပြောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဘဝအကြောင်း၊ သူ့ဘဝရဲ့ ဖြတ်သန်းမှု တစ်စိတ်တပိုင်းအကြောင်းကို ဟတ်ထိအောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီ ကောင်လေး အော်စကာဟာ တစ်နေ့မှာ အရမ်း သဘောကောင်းတဲ့ အဲရစ်ဆိုတဲ့ စက်ပြင်ဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံမိပြီး အော်စကာရဲ့ ကင်မရာ အပျက်တစ်လုံးကို အဲရစ်က ပြင်ပေးရင်း ဇာတ်လမ်းက စတင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နေထိုင်တဲ့ တံငါရွာလေးကို ဇိမ်ခံဟိုတယ် ပရောဂျက်တွေ ရောက်လာတဲ့အခါ .. ရွာသားတွေကြားမှာ ဘယ်လို သဘောထားကွဲမှုတွေလဖြစ်ကြလဲ။ ပြီးတော့ အဘိုးကြီး အဲရစ်နဲ့ ကောင်လေး ‌အော်စကာကရော သူတို့ရဲ့ ရင်းနှီးမှုမှာ ဘာတွေကို ရင်ဆိုင်ရပြီး ကျွန်တော်တို့ကို ဘယ်လို မက်ဆေ့တွေ ပေးသွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်မေ့တမော ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံ‌ရေးတွေက အတိတ်ရဲ့ ဒဏ်ရာတွေကို အနာကျက်မြန်အောင် ကုသပေးနိုင်တယ်ဆိုတာ ဒီဇာတ်ကားကြည့်ပြီးရင် သဘောပေါက်သွားမှာတော့ အသေအချာပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ဖြစ်ပါတယ် ) File size…1.31GB Quality…WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.4 2024
Camera
Diabolik – Who Are You?
5.7

Diabolik – Who Are You? (2023) IMDb Rating (5.7) ၁၉၆0 ခုနှစ်တွေမှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်၊ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီယာဘိုလစ်နဲ့အီဗာကန့်ဆိုတဲ့စောရဝိဇ္ဇာနှစ်ယောက်ဆုံတွေ့ခဲ့ပုံအကြောင်းကို ၁၉၆၀ကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ သူတို့နောက်ကိုလိုက်ပြီးတားဆီးဖို့ကြိုးစားနေတဲ့ စုံထောက်ဂျင်ကိုနဲ့ရော ဘာတွေဆက်ဖြစ်မလဲ ဒီယာဘိုလစ်ဆိုတဲ့သူကရော တစ်ကယ်တန်းဘယ်သူလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.6 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Mystery, Thriller Duration….02:04:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

Comedy • Romance
5.7 2023 124 mins
Diabolik – Who Are You?
Drug Hunter 2

ဒီတစ်ခါ CM ကနေမှုခင်းဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ရွာလေးတစ်ရွာမှာ ကျန်းမင်ဆိုတဲ့ လူတစ်ယောက်သေဆုံးသွားခဲ့ပြီး ဈာပနပွဲကျင်းပနေစဉ်မှာ ရဲတွေကဈာပနပွဲကျင်းပသူတွေကို ဖမ်းဆီးနေတာပေါ့။ အကြောင်းရင်းကတော့ သေဆုံးသူကျန်းမင်က မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းနဲ့ ပတ်သက်မှုရှိနေပြီး အလောင်းကိုယ်ထဲကိုမူးယစ်ဆေးတွေဖွက်သယ်နေကြတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့ပဲ။ ဒါပေမဲ့ ဘယ်လိုမှရှာမတွေ့တာကြောင့်အလျော့ပေးခဲ့လိုက်ရတယ်။ ဒီအမှုဖြစ်ပွားတဲ့နေရာကတော့ လန်ရှီးရွာလေးဖြစ်ပြီးလန်ရှီးရွာအနီးတဝိုက်မှာ တင်လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ရန်ယွိဖန်က ဒီလူသတ်မှုရဲ့ခေါင်းဆောင်ကဒီရွာမှာရှိနေမယ်လို့ သတ်မှတ်ပြီးတော့ရွာထဲကို ဝင်စုံစမ်းကြတယ်။ဒီလိုနဲ့ရွာရဲ့စခန်းမှူးဖြစ်သူ လီဝေမင်ကလည်းဒီအမှုကြောင့် ခရိုင်ကနေရွာကိုပြောင်းလာပြီး ရန်ခေါင်းဆောင်တို့နဲ့အတူတူ လိုက်လံစုံစမ်းဖော်ထုတ်ကြတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာကြမလဲ။ မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ထင်ပေါ်အောင်ပြသထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရူလိုက်ရအောင်

0 2024
Drug Hunter 2