YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Fight Through The Yin-Yang House 2023 1080p WEB-DL CM.mp4

1.29 GB N/A video/mp4 498 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mixed by Erry
7.5

Mixed by Erry (2023) ================ IMDb Rating - 7.1/10 အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။ အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant Sett Naing Encoder..........Zin Phyo Aung

Drama
7.5 2023 113 mins
Mixed by Erry
The Doom Generation
6.3

ဒီဇာတ်ကားထဲမှာတော့ ချောမောလှပတဲ့မိန်းမပျိုတစ်ယောက် ပါဝင်သော လူငယ်သုံးယောက်ရဲ့ အချစ်ရမ္မက်ထန်မှုနှင့်အတူ ရူးမိုက်မိုက်လုပ်ရပ်တွေကို မြင်တွေ့ရမှာပါ ... 18+ကားဆိုပေမယ့် ဇာတ်လမ်းသွားလေးနဲ့ကြည့်လို့ဖီးလို့ကောင်းမှာပါ... ဇာတ်လမ်းအကျဉ်းက အေမီဆိုတဲ့ခပ်မိုက်မိုက်ကောင်မလေးနဲ့ ဂျော်ဒန်တို့ ချစ်သူနှစ်ယောက်ရဲ့ကြားကို ဇာ‌ဗီယာလို့ခေါ်တဲ့ ရူးမိုက်မိုက်ကောင်လေးတစ်ယောက် ဝင်လာခဲ့ရာကစခဲ့တာပါပဲ. ..သူတို့သုံးယောက်ဆုံတဲ့ညမှာပဲ လူသတ်မှုတစ်ခုကိုကျူးလွန်မိခဲ့ကြတယ်.. အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... File Size :(650 MB) and (224 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Adult , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ZZA Encoded by DS

Drama • Mystery • Thriller
6.3 1995 83 mins
The Doom Generation
The Outfit
7.1

အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ဘွိုင်း အဖွဲ့ကလည်း ပြန်လိုချင်၊ ပြိုင်ဘက် လာ ဖောင်တိန်း အဖွဲ့ကလည်းလိုချင်၊ ဒီလိုနဲ့ ဂိုဏ်းနှစ်ဖွဲ့လုံး ပဒူအုံ တုတ်ထိုးသလို ပျားပမ်းခတ်တွေ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ ဒီသပွတ်အူ ဇာတ်လမ်းကြီးကို အပ်ချုပ်ဆိုင်လေးမှာ ရှင်းကြဖို့ ဖြစ်လာတဲ့အခါ အပ်ချုပ်သမား အဘိုးကြီးခင်မျာ အသက်ရှင်သန်ဖို့အရေး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ပြာ စုံလင်စွာနဲ့ ရှောင်ထွက်၊ အသက်ဘေးကို လိမ္မာပါးနပ်စွာနဲ့ တိမ်းရှောင်ပုံကို twist များစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ Bridge of Spies ဇာတ်ကားမှာ သရုပ်ဆောင်ပိုင်နိုင်ခဲ့တာကြောင့် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရခဲ့တဲ့ Mark Rylance ကြီး ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားတာမို့အနှစ်ပါပဲ။ သူ့ကိုတော့ Ready Player One, Dunkirk, Don't Look up စသဖြင့် ဆေးစက်ကျရာ အရုပ်ထင်တဲ့သူမို့ ကြိုက်ကြတဲ့သူ များမယ်မှန်းသေချာပါတယ်။ သူ့အပြင် တခြားသရုပ်‌ဆောင်တွေအ‌နေနဲ့ Maze Runner နဲ့ Teen Wolf ထဲက Dylan O' Brien, Before I fall, Flower, Why him? တို့ထဲက မင်းသမီးလေး Zoey Deutch တို့ပါ ပါပါသေးတယ်။ အခုအချိန်ထိ IMDb မှာ 7.5 နဲ့ Rotten Tomatoes မှာ 86% ရရှိထားပါတယ်။ မှုခင်းနဲ့ ဒရမ်မာ အမျိုးအစားဖြစ်ပြီး ဘက်ဂျက်ကို 3.2 သန်း အကုန်ခံ ရိုက်ကူးထားပြီး ဂိုဏ်းအဖွဲ့တွေကြားက အားပြိုင်ကြတဲ့ မှုခင်းမြင်ကွင်းတွေကို ဖောဖောသီသီ မြင်ရဖို့ရှိတာမို့ ခံစားကြည့်ရှူလိုက်ကြပါဦး။ (ဇာတ်ကားအညွှန်းကိုတော့ Arr Khun Winchester မှ ရေးထားပေးပြီး ဇာတ်ကားကို Mr. Anderson နဲ့ Arr Khun Winchester တို့က ပြန်ထားပေးပါတယ်) Size - 1.36GB, 651.3MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 45Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson & Arr Khun Winchester Encoded by Ka Naung

Action • Thriller
7.1 2022 105 mins
The Outfit
The Equalizer
7.2

ဂယ်ရီ ဟာ အထပ်သားစက်ရုံတစ်ခုမှာ နေ့စားအလုပ်သမား တစ်ယောက်အဖြစ် လုပ်ကိုင်ပီးး ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေသူတစ်ဦးပါ..။ နောက်ပီး သူ့ဟာ သူများအပေါ်ကူညီလိုတဲ့ စိတ်နဲ့, အမြဲတမ်း အကောင်းမြင်ပီး စိတ်ဓာတ်ကျနေတဲ့ လူတွေကို အားပေးတက်တဲ့ လူဖြစ်လို့ ပတ်ဝန်းကျင်ကလူတွေကလဲ ဂယ်ရီ ကို လေးစားချစ်ခင်ကြပါတယ်..။ အေးဆေးနေတက်တဲ့ ဂယ်ရီတစ်ယောက်.. တစ်နေ့.!! သူထိုင်သောက်နေကျ ကော်ဖီဆိုင်လေးမှာ ထိုင်သောက် နေရင်း....''အလီဇာ'' ဆိုတဲ့ ပြည့်တန်ဆာမလေး နဲ့ ခင်မိပါတယ်..။ ဂယ်ရီဟာ အမြဲတမ်းစိတ်ညစ်နေပီးး စိတ်ဓာတ်ကျနေတဲ့ 'အလီဇာ''ကို အားပေးရင်း လေးလေးစားစား ဆက်ဆံရင်း ပိုရင်းနှီးမိပါတယ်..။ ဒီလိုနဲ့..!! တစ်ရက်မှာ...'' အလီဇာ'' တစ်ယောက် သေလောက်အောင် အရိုက်ခံထားရပီးး ဆေးရုံမှာ ရောက်နေတယ်လို့ သတင်းကြားတော့် ဂယ်ရီဟာ ဆေးရုံထိလိုက်သွားပီး 'အလီဇာ' ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့ အခါ... အလီဇာ ဟာ..ပြည့်တန်ဆာအလုပ်ကို မလုပ်ချင်ပဲလုပ်နေရပီး ရုရှားမာဖီးယားဂိုဏ်းတွေ (ဖာခေါင်းဂိုဏ်း) နဲ့ ပတ်သတ်နေပါတယ်..။ ဒါကြောင့် ဂယ်ရီ ဟာ..အလီဇာ့ ကို လွတ်မြောက်ပေးဖို့, ပြည့်တန်ဆာဘဝကနေ ထွက်သွားခွင့်ပေးဖို့ အတွက် ရုရှားဂိုဏ်းခေါင်ဆောင်ကို ငွေပေးပီး သွားရောက်ငြိနှိုင်း ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က လက်မခံတာ ကြောင့် ဂယ်ရီဟာ.. ဂိုဏ်းခေါင်းဆောင် နဲ့ တပည့်၅ယောက်ကို စက္ကန့် ၃၀အတွင်းမှာ သတ်ပစ်လိုက်ပါတယ်..။ (သတ်တဲ့အခန်းက ကျွတ်ဆင်) ဒါကြောင့်တစ်ခြား ရုရှားမာဖီးယားဂိုဏ်း တွေကလဲ.. သူ့လူတွေကို သတ်သွားတဲ့ ဂယ်ရီကို လိုက်ရှာပီး ပြန်သတ်ဖို့အတွက် ကြေးစားလူသတ်သမားတစ်ဦးကို ငှါးရမ်းလိုက်ပါတယ်..။ ဂယ်ရီ..တစ်ယောက်..!! လူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ..?? ကြေးစားလူသတ်သမားနဲ့ရော ဘယ်လိုရင်ဆိုင်ရမလဲ..?? နောက်ပီး..!! လူ၅ယောက်ကို စက္ကန့် ၃၀အတွင်း သတ်နိုင်ခဲ့တဲ့ ဂယ်ရီ့ ရဲ့ နောက်ကြောင်းရာဇဝင်, ဘဝအမှန်က ဘယ်လိုပုံစံလဲ..?? ဆိုတာကိုတော့် ဒီရုပ်ရှင်ထဲမှာပဲ ဆက်လတ်ရှုစားကြပါ..။ ဒီကားဟာ Film Awards ဆုတွေ တစ်သီကြီးဆွတ်ခူး ရရှိထားပါတယ်..။ ဒီရုပ်ရှင်မှာ ဂယ်ရီအဖြစ် မင်းသားကြီး #Denzel Washington က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပီပြင်စွာ.. သရုပ်ဆောင်ထားပီးး, #Training Dayရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး #Antoine_Fuqua က ဒီရုပ်ရှင်ကို ရိုက်ကူးထားပါတယ်..။ တစ်ကားလုံး စွဲဆောင်မှုအပြည့်နဲ့ ကောင်းမွန်သေသပ်လှတဲ့ အက်ရှင်ခန်းတွေကြောင့် သင့်ကို အစ ကနေ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်..။ John Wick နဲ့ Criminal လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်..သင့်အတွက် ဒီရုပ်ရှင်ဟာ.. တကယ့် ''ရွှေ'' ပါပဲ..။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုသက်နိုင်ထူးရဲ. Facebook Account (https://www.facebook.com/profile.php?id=100014023510392) မှကူးယူဖော်ပြထားပါတယ်) File Size : (851 MB) Quality : 720pBluray Running Time : 2hr 12minutes Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Review by Thet Naing Htoo Encode by Thanhtike Zaw

Action • Drama • History
7.2 2014 132 mins
The Equalizer
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
The Deer Hunter
8.1

The Deer Hunter (1978) =================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ….။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ….။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်….။ File size…2.97GB / 1.06GB Quality…WEB-DL 1080p5.1CH/ 720p Format…mp4 Duration….3h 3m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

8.1 1987 183 mins
The Deer Hunter
Bad CGI Gator

ဒီတစ်ခါမှာတော့ကြည့်ရှုသူပရိသတ်ကြီးကို ဇာတ်ညွှန်းရေးဆရာZalman ရေးဖွဲ့ထားပြီး ဒါရိုက်တာ Danny Draven ကရိုက်ကူးပုံဖော်ထားတဲ့ Bad CGI Gator ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားက နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြတဲ့ ကောလိပ်ကျောင်းသား ခြောက်ယောက်အပန်းဖြေခရီးထွက်လာကြပုံကို ဇာတ်အိမ်တည်ထားပြီး မင်းသားMichael Bonini နဲ့မင်းသမီး Maddle Lane တို့တစ်တွေ ပါဝင်အားဖြည့် သရုပ်ဖော်ထားပါတယ် ဇာတ်လမ်းအစမှာ ဆမ်တို့သူငယ်ချင်းတစ်တွေ ချက်ဒ်ရဲ့ဦးလေးအိမ်ကို နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြပုံနဲ့ အစပျိုးထားပြီး ဇာတ်လမ်းက ပိုင်စ်လေ့ လို့ခေါ်တဲ့ တစ်တော့ဆယ်လီ ဖြစ်ချင်နေတဲ့ သူငယ်ချင်းမလေးတစ်ယောက်က ကျောင်းသုံးလက်တော့ပ်တွေကို အောင်မြင်ကျော်ကြား နာမည်ကြီးဖို့အတွက် ရေကန်ထဲကိုလွှင့်ပစ်လိုက်ရာကနေ မထင်မှတ်ဘဲ ဧရာမလူသားစားမိကျောင်းကြီးအဖြစ် ပြောင်းလဲသွားရာကနေ စပါတယ် အဲ့နောက် ဘာတွေဆက်ဖြစ်ကြမလဲ သူတို့တွေကရော ဒီမိကျောင်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ပါ့မလား ဒီမိကျောင်းကြီးလက်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Comedy&Horror အမျိုးအစားကိုမှကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေ အလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်…. File size…1.34GB / 706MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….58m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2023
Bad CGI Gator
Something Good Coming
6.8

Something Good Coming (2023) IMDb Rating (6.8) မတူညီတဲ့ပြဿနာတွေကိုယ်စီရှိနေကြတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦး မတော်တဆဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတဲ့ ရိုးရှင်းတဲ့ Comedy, Drama, Romance ကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူညီတဲ့အချက်က ရိုးရှင်းတဲ့ပုံစံလေးဖြစ်ပေမဲ့ ပုရိတ်သတ်ရဲ့ ရင်ကို ထိစေတဲ့ တစ်ကယ့်ကိုလေးနက်တဲ့ စိတ်ခံစားချက်တွေ ရရှိသွားစေနိုင်တဲ့ အကြောင်းအရာလေးတွေ ပါဝင်နေတယ်။ နှစ်ဦးကြားနွေးထွေးမှုလေးတွေ ကို့ရို့ကားယားဆက်နွယ်မှုလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရင်ထိစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.7 GB) / (830 MB) Quality….WEB-Rip 1080p HEVC /0720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama
6.8 2023
Something Good Coming
Blitz
6.3

Blitz (2024) IMDb Rating (6.3) / Rotten Tomatoes (81%) ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက ဗြိတိန်ကို ‌ဗုံးတွေကြဲခဲ့ချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရီတာလို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အဖေရယ် သားဖြစ်သူ ဂျော့ဂ်ျရယ်နဲ့ ဘဝကို အေးအတူပူအမျှ ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ တစ်နေ့တော့ သူတို့နေထိုင်ရာ မြို့လေးဟာ နာဇီတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲမဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မလို့ သားသမီးရှိတဲ့ မိသားစုတွေဟာ ကလေးတွေ ဘေကင်းဖို့အတွက် ကျေးလက်ဒေသဘက်ကို စစ်ရှောင်ဖို့ ပို့ဆောင်ကြရပါတယ်။ ဒီထဲမှာ ရီတာရဲ့ သားလေး ဂျော့ဂ်ျလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျော့ဂ်ျဟာ သူ့အမေနဲ့ပဲ နေချင်သူပါ။ မိခင်နဲ့ ကတောက်ကဆဖြစ်ပြီး ရထားပေါ် ပါသွားတဲ့ ဂျော့ဂ်ျဟာ အမေမှာလိုက်တဲ့ လိမ်လိမ်မာမာနေနော်ဆိုတဲ့ စကားကို နားမထောင်ဘဲ တစ်ကိုယ်တည်း အိမ်ပြန်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းမှာ ရီတာအဖြစ် Ladybird, Little Women စတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်တဲ့ မင်းသမီးချော Saoirse Ronan က ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size…(3.5 GB) / (1.6 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, History, War Duration….02:00:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy

6.3 2024 120 mins
Blitz
The Accidental Detective 2: In Action
6.5

The Accidental Detective 2: In Action (2018) IMDb Rating (6.5) ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။ Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။ Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ဒီမှာ https://www.channelmyanmar.to/?s=accidental+detective ကြည့်ပါ။

Family • Comedy • Adventure • Romance
6.5 2018 116 mins
The Accidental Detective 2: In Action
BASEketball
6.5

BASEketball (1998) IMDb Rating (6.5) / Rotten Tomatoes (41%) အမေရိကန်နိုင်ငံမှာ baseball ပြိုင်ပွဲအလွန်နာမည်ကြီးခဲ့တဲ့ကာလပေါ့။ အဲ့ဒီအချိန်မှာအားကစားဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အချိန်။ Baseball World Series ရဲ့ပြိုင်ပွဲတစ်ခုကို Joe Cooper နဲ့ Doug Remer တို့သူငယ်ချင်းနှစ်ယောက်ဟာ လာရောက်ကြည့်ရှု့နေခဲ့ပါတယ်။ အဲ့ဒီ့နေ့မှပဲ Reggie Jackson ကလည်းမှော်ဝင်နေသလိုကိုကောင်းရော။ တစ်ပွဲတည်း home run သုံးခါရိုက်ခဲ့တယ်။ ကံကောင်းချင်တော့ နောက်ဆုံးရိုက်ချက်ဟာ Coop ဆီကိုကျလာခဲ့တယ်။ ငယ်ရွယ်တဲ့ Coop ဟာ တစ်နေ့ငါလည်းသူ့လိုအားကစားသမားကြီးဖြစ်ရမယ်ပေါ့။ တကယ်တမ်းကြီးလာတဲ့အခါ Coop နဲ့ Remer တို့နှစ်ယောက်သား ဘာမှအလုပ်မယ်မယ်ရရမရှိ။ အလေလိုက်ကောင်းနေခဲ့ပါတယ်။ Remer ကကျောင်းတုန်းက Crush လေး ပါတီပွဲလုပ်တယ်ဆိုလို့ အဖော်ဆွယ်ပြီး Coop ကိုပါခေါ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ လူကုံထံအသိုင်းဝိုင်းကြားမှာမလို့ ဘယ်သူမှသူတို့ကို အဖက်မလုပ်ချင်ခဲ့ပါဘူး။ ဒါနဲ့ပဲပျင်းလို့ Basketball လေးဆော့နေတုန်း သူ့crush လေးရဲ့ဘဲက နှစ်ယောက်ချင်းကစားဖို့ စိန်ခေါ်ပါတော့တယ်။ Coop ကလည်းလူလည်ဆိုတော့ မနိုင်မှာသိတဲ့အတွက် လျှောက်ဖောလိုက်ပြီး ကစားနည်းအသစ်ကိုထွင်မိသွားပါတယ်။ Basketball ကို Baseball စည်းမျဉ်းနဲ့ဆော့ရတာပါ။ ဒါနဲ့ပဲကစားနည်းကတွင်ကျယ်လာပြီး နိုင်ငံအဆင့်ပါဖြစ်သွားပါတော့တယ်။ ဒီကနေမှတဆင့် Coop နဲ့ Remer တို့နှစ်ယောက်ကြုံရမယ့်အရာတွေကို ဟာသဆန်ဆန်လေးတင်ဆက်ထားပါတယ်။ သရော်တာတွေလည်းအများကြီးပါတဲ့အပြင် အူတက်အောင်ရယ်ရမဲ့ဟာသဇာတ်ဝင်ခန်းတွေလည်းအများကြီးပါတာမလို့ White Chicks လိုဇာတ်ကားမျိုးကိုကြိုက်တဲ့သူတွေဆိုရင် ကြည့်ကြည့်ဖို့အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(3.8 GB) / (1.9 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama • Romance • Mystery
6.5 1998 103 mins
BASEketball
Time Renegades
6.8

Time Renegades (2016) *********************** IMDb… 6.8 IMDb 6.8 ရှိတဲ့ Sci-fi thriller ကိုမှ Romance နဲ့ရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Hospital Playlist နဲ့ လူကြိုက်များတဲ့ မင်းသား Jo Jung Suk, Search WWW နဲ့ Low Life တို့မှာ ပါဝင်တဲ့ မင်းသမီး Im Soo Jung, Squid Game S2 S3 မှာ ပါဝင်ခဲ့တဲ့ Player 246 Lee Jin Wook တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…. ၁၉၈၃ခုနှစ်ရဲ့ နှစ်သစ်ကူး Countdown လုပ်တဲ့အချိန်မှာ အထက်တန်းပြဆရာ ဂျီဟွမ် (Jo Jung Suk) က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ယွန်းဂျောင် (Im Soo Jung) ကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းပြီး ခဏအကြာမှာပဲ ချစ်သူဖြစ်တဲ့ ယွန်းဂျောင်ရဲ့ ပိုက်ဆံအိတ် အခိုးခံရလို့ ဂျီဟွမ်က သူခိုးအနောက်ကို လိုက်ရာကနေ ဓားထိုးခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီလိုပဲ ၂၀၁၅ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ လူသစ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂွန်းအူ (Lee Jin Wook) ကလည်း လူအုပ်ထဲမှာ တရားခံကို ဖမ်းဖို့ကြိုးစားရင်း သေနတ်ထိမှန်လိုက်ရပြီး ဆေးရုံကိုရောက်သွားခဲ့ပါတယ်။ ၃၂နှစ် အချိန်ကွာဟာမှုကြားမှာ တူညီတဲ့ရက်၊ တူညီတဲ့ အချိန်မှာပဲ ဂွန်းအူနဲ့ ဂျီဟွမ်က ဆေးရုံမှာ အသက်လုနေရတဲ့အချိန်ပေါ့… ဇာတ်လမ်းက အဲဒီမှာစတာပါပဲ… နှစ်ယောက်စလုံး သေရေးရှင်ရေး အချိန်ကို ဖြတ်ကျော်ပြီးနောက်မှာ ၁၉၈၃ခုနှစ်က ဂျီဟွမ်နဲ့ ၂၀၁၅ခုနှစ်က ဂွန်းအူတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်ကို အိပ်မက်ကနေတစ်ဆင့် မြင်လာရပါတော့တယ်။ ပြောချင်တာက ဂွန်းအူကလည်း အိပ်မက်ထဲကနေ ဂျီဟွမ်ကြုံတွေ့ရတာတွေကို မြင်ရသလို ဂျီဟွမ်ကလည်း အိပ်မက်ထဲကနေ ဂွန်းအူ ကြုံတွေ့ရတာတွေကို မြင်ရပါတော့တယ်… ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင် ပြီးမသွားသေးဘဲ သူတို့အိပ်မက်တွေကနေတစ်ဆင့် ၁၉၈၃ခုနှစ် အတိတ်မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကို ၂၀၁၅က ဂျီဟွမ်က စုံစမ်းဖို့ ဖြစ်လာပါတော့တယ်… Plot Twist တွေလည်း ပါမယ်.. ဇာတ်လမ်းဆန်းဆန်းလေးလည်း ကြည့်ချင်တယ်ဆို ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ M ပဲ ဖြစ်ပါတယ်။) File Size : 1.82GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:44 Genre : Thriller, Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by M Encoded by Tiff

Adventure • Comedy
6.8 2016 107 mins
Time Renegades
0000 Kilometre
5

0000 kilometre(2024) ရုပ်ရှင်ဟာဆိုရင် 3391 kilometre movieရဲ့sequel ဖြစ်ပြီး turkish romance/drama အမျိုးစားပဲ ဖြစ်ပါတယ်။ Izmir နဲ့ Ege ဆိုတဲ့ ချစ်သူ၂ဦးဟာ long distance couple ဘဝကနေ စတင်ပြောင်းလဲပြီး တစ်အိမ်ထဲ တူတူနေထိုင်ကြပါတယ်။ သူတို့ရဲ့ပျော်ရွှင်နေတဲ့အချိန်တွေထဲမှာ Izmirဆီကို အမည်မသိဖုန်းတစ်call ဝင်လာရာကနေ ဇာတ်လမ်းလေးရဲ့ အရှုပ်တော်ပုံကစပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်း ချစ်သူစုံတွဲတွေတိုင်းဖြစ်ရတတ်တဲ့ သဝန်တိုမှု၊မာန နဲ့ သစ္စာဖောက်မှုတို့အပေါ် ပြဿနာတတ်ကြပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ Izmirနဲ့ Ege တို့ မိသားစုနှစ်ဖက်ကလည်း ကိုယ်စီအရှုပ်အရှင်းတွေ ဖြည်ချလိုက်တဲ့အချိန် ဖြစ်လာမယ့် သမီးရည်းစား ကတောက်ကဆတွေကို ဘယ်လိုဖြေရှင်းသွားမလဲ… မိသားစုတွေနဲ့ရော ပြန်အဆင်ပြေနိုင်မလား၊ Ege တို့ ၂ယောက်ရော ပေါင်းစည်းသွားနိုင်မလားဆိုတာကိုတော့ တူတူလိုက်ပါကြည့်ရှုလိုက်ရအောင်…။ File Size… (1.58 GB) / (910 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

Thriller
5 2024 110 mins
0000 Kilometre