YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Feria.The.Darkest.Light.S01E03.720p.WEB-DL[CM].mp4

337.87 MB 720p video/mp4 816 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Admiral: Roaring Currents
7.1

လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း တကွဲတပြားတွေဖြစ်နဲ့ဆိုတော့ ဒီတိုက်ပွဲက သူ့အတွက်အခက်အခဲဆုံးပါပဲ... ကိုင်းသူဘယ်လိုတွေပြင်ဆင်လဲ...ဘယ်လိုတွေတိုက်ခိုက်လဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး... The Admiral: Roaring Currents(2014) ရုပ်ရှင်ကတော့ တောင်ကိုရီးယား Box Officeရဲ့ သမိုင်းမှာ (135)သန်းကျော်နဲ့ ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားကောင်း ရာဂဏန်းထွက်နေတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ ၄ နှစ်ကြာအောင် ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိသေးပါဘူး။ ဝေဖန်ရေးဆရာဝန်တွေ သမိုင်းပညာရှင်တွေ အကြိုက်တွေ့ခဲ့ပြီး ၆၁ မိနစ်ကြာ တိုက်ပွဲခန်း ရှည်ကြီးဟာ တစ်ချက်မှ မပျင်းရဘူးလို့ ဟောလိဝုဒ်ကဝေဖန်ရေးသမားတွေကလည်း ချီးကျူးကြပါတယ်။ နောက်ခံတေးဂီတနဲ့ တိုက်ပွဲပုံဖော်မှုတွေက သိပ်ကောင်းသလို ချွဲမင်ဆစ်ရဲ့ သရုပ်ဆောင်မှုကတော့ အထူးညွှန်းနေစရာတောင်မလိုပါဘူး။ (I saw the devil ကြည့်ဖူးရင် သူဟာဘယ်လိုသရုပ်ဆောင်လဲ ဆိုတာ သိသာပါတယ်။) File Size :(2.23GB) and (1.08GB) Quality : Blu-Ray 720p/1080p 5.1, Format…mp4 Duration…02:08:00 Genre :  Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae

Action • Crime
7.1 2014 126 mins
The Admiral: Roaring Currents
Exploited
4.5

လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။ အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။ သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး သူဖြစ်စေချင်တဲ့ ပုံစံကို ကျုံးသွင်းလို့ သူစိတ်ပျော်ရာအတိုင်း ကြိုးဆွဲနေပါတော့တယ်။ ဘရိုင်ယန်ရယ်၊ သူ့အစ်ကိုရယ်၊ သူ့အခန်းဖော်ရယ်၊ အခြားပတ်သက်ရာ ကျောင်းသူလေးတွေဟာ ဇာတ်ရှုပ်ကြီးကြားထဲမှာ အသက်ပါပေးရတဲ့အဖြစ်ရောက်လာပါတော့တယ်။ Gay အသားပေးဇာတ်ကားဖြစ်လို့ 21+ မဟုတ်ပေမဲ့ အမျိုးသားလိင်အင်္ဂါတွေ၊ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေ၊ မိသားစုနဲ့ အမြင်မသင့်တဲ့ လိင်ဆက်ဆံတဲ့အခန်းတွေပါဝင်ပါတယ်။ တစ်ယောက်တည်း ဒါမှမဟုတ် စိတ်တူကိုယ်တူသမားတွေပဲ အတူကြည့်သင့်ပါတယ်။ Gay လောကကို အမြင်မကြည်သူတွေ ရှောင်သင့်တဲ့ကားပါ။ ထပ်ပြောပါ့မယ်။ 21+ လုံးဝမဟုတ်ပါဘူးနော်။ 18+ လည်းမဟုတ်ပါဘူး။ မျှော်လင့်ပြီး ကြည့်လိုက်ပြီးကာမှ ဆဲဆိုနေရမယ့်အဖြစ်မလို့ပါ။ Plot twist ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဆုံးကာနီးအထိ twist တွေ ကြိုးစားပမ်းစား ထည့်ရိုက်ထားပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအထာနပ်တဲ့သူတွေအတွက်ကတော့ သိပ်ရင်မခုန်ရပါဘူး။ ဒါပေမဲ့ လူကြီးမင်းတို့က ကျောင်းသားဘဝ ငပွေးလုပ်တာတွေ၊ ပါတီတွေ၊ လိင်စိတ်ကြွစကားလုံးတွေနဲ့ အမူအယာ၊ အလှအပတွေကို နှစ်သက်တတ်သူဆိုရင်ဖြင့် ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(1.1 GB)/(470 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:21:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Drama • Fantasy
4.5 2022 81 mins
Exploited
[18+] Boy Bastos
5

၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲ ရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာ အာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်း ရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်း ခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှ ကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက် ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြား အဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါ အဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီ‌ကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီ‌ဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြား ဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေး ကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊ ၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / 800MB Quality…1080p WEBDL AAC 2.0 CH / 720p Format…mp4 Duration….1h 56mins Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by STA

Action • Drama • History • War
5 2022 116 mins
[18+] Boy Bastos
Quo Vadis, Aida?
7.6

IMDb Rating. = 7.9/10 Rotten Tomatoes = 100% July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။ 2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ကာကွယ်မှုရဇုန်အဖြစ် ကြေညာထားတယ်ပေါ့။ ဆာ့ဗ်တွေဘက်က လက်နက်ကြီးတွေကို မရုတ်သိမ်းရင် နေတိုးရဲ့လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်မယ်လို့ UNကနေ ရာဇသံပေးထားတယ်။ ထုံးစံအတိုင်းပေါ့ ဆာ့ဗ်တွေမြို့နားကပ်လာကတည်းက UN က တစ်လက်မမှ ထပ်မကပ်လာစေရဘူး ဘာညာကတိ‌တွေပေးတယ်။ ဟိုဘက်ကတပ်တွေက မြို့ကိုသိမ်းသွားတဲ့အထိကို နေတိုးရဲ့ လေကြောင်းတိုက်ခိုက်မှုလည်းမလာ ရိက္ခာတောင်မလာဘူး။အခြေစိုက်စခန်းက အရာရှိတွေပြောတဲ့ "ကျုပ်တို့ လုပ်နိုင်တာ အကုန်လုပ်နေပါတယ်"ဆိုတဲ့စကား ကြားရတာကလွဲ ဘာမှဖြစ်မလာခဲ့ဘူး။နောက်ဆုံး သူတို့ အခြေစိုက်စခန်းထဲ ၀င်သောင်းကြမ်းသွားတဲ့ အထိကို UNက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီကနေမှ ယူအမ်အခြေစိုက်စခန်းချထားတဲ့ ဆာဘရီနီကာမှာ UNကြီးငုတ်တုတ်ရှိနေလျက်နဲ့ UNရဲ့အဆိုးရွားဆုံးကျရှုံးမှု (ဝါ) UN သမိုင်းရဲ့ အကြီးဆုံးအမဲစက်ဖြစ်တဲ့ ဆရီဘရီနီကာ Genocide ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို ရိုက်ပြထားတယ်။ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ တရားခံဖြစ်တဲ့ ဘော့စနီးယား သားသတ်သမားလို့ အမည်တွင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီးတဲ့ ၁၉၉၅ ခုနှစ် ကတည်းက စပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်။ 2017 မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်စီရင်ချက်ကိုဖတ်ကြားတဲ့အချိန်မှာ အသတ်ခံရသူများ၏မိခင်များက လက်ခုပ်သြဘာပေးကြတယ်လို့ဆိုတယ်။ Quo Vadis ,Aida? ကို ဘော့စနီးယားဒါရိုက်တာ Jasmila Žbanićက ရေးသား ရိုက်ကူးထားပြီး 2021 အော်စကာဆုပေးပွဲမှာ Best International Feature Filmဆုအတွက် ဆန်ခါတင်၀င်ခဲ့တယ်။ ဆုကိုတော့ သိတဲ့အတိုင်း ဇိုးဘဲရုပ်ရှင်က ရသွားခဲ့တာပါ။ BAFTAအပါအ၀င် တခြားဆုပေးပွဲတွေမှာ ဆန်ခါတင် အတော်များများ၀င်ခဲ့ပြီး ဆုအချို့လည်းရထားခဲ့တယ်။ Ratingပိုင်းမှာလည်း ပေးချင်တဲ့သူပေးပြီး မကောင်းလည်း မြင့်ချင်သလိုမြင့်သွားနိုင်တဲ့ IMDbလည်း 7.9 ပါ။ 100%ပေးတဲ့ကား အရမ်းများနေလို့ ဖြတ်ရိုက်ချင်စရာ ကောင်းနေတဲ့ Rotten Tomatoes ကလည်း100% ပါပဲ။ နောက် သူတို့ထဲတော့ ကျွန်တော်အယုံဆုံး Rating ဖြစ်တဲ့ Metacritic Ratingက 97% ပါ။ Meta 97%ရတဲ့ကား အတော့်ကိုရှားပါတယ်။ အသေကောင်းပါတယ်ဆိုတဲ့ ကားတွေတောင် 95%မရောက်ပါဘူး။‌ နောက် ဒီရုပ်ရှင်ဟာ Metacriticက စာရင်းလုပ်ထားတဲ့ 2021 ရဲ့ ထွက်ပြီးသမျှ အကောင်း‌ဆုံး ကားစာရင်းမှာ နံပါတ်တစ်နေရာယူထားတယ်။ ဆိုတော့ကာ စိတ်ချလက်ချ ကြည့်လို့ရပါတယ်။ခေတ်ကာလအခြေနဲ့လည်း ကိုက်ညီတာကြောင့် Criticတွေထက်တောင် ကောင်းကောင်းကြီး ပိုခံစားလို့၀င်ကြမှာပါ။ Ref , BBC and Other News Medias (တန်ဖိုးရှိတဲ့ ဒီဇာတ်ကားအတွက် တန်ဖိုးရှိတဲ့ ရုပ်ရှင်အညွှန်းကို WiRa Aung က ဖန်တီးပေးထားတာပါ။) File size…(1.8 GB) / (900 MB) / (441 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by WiRa Aung

Drama
7.6 2021 104 mins
Quo Vadis, Aida?
Jane
5.1

Jane (2022) ~ IMDb – 5.1/10, Rotten Tomatoes – 63% ~ ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာ‌ကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ… Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ Cyber bullying အကြောင်းကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ IMDb rating 5.1/10, ခရမ်းချဥ်သီး rating 63% ရထားတဲ့ကားဖြစ်ပြီး Riverdale မှာ Cheryl Bloosom နေရာကပါဝင်ခဲ့တဲ့ မင်းသမီီးချော Madelaine Petsch ကလည်း Olivia အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.23GB, 441MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 23Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Horror • Thriller
5.1 2022
Jane
The Switch

ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။ ၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2010
The Switch
Hatred
7.6

Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လို Hatred အမုန်းလို့ နာမည်ပေးထားပါတယ်။ ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်က အဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့ စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေ တကယ်ဖြစ်ခဲ့တဲ့ Volhynia – ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့ အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။ Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့ Rating 7.6/10 ရထားပါတယ်။ Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။ တကယ်ကိုထိုက်တန်ပါတယ်။ ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့ အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့ လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကို ထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင် ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။ စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့ အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ စကားအရဆိုလည်း ဒီဇာတ်ကားကို မကြည့်သင့်တဲ့ အကြောင်းအရင်းဆိုလို့ အဲ့ဒါပဲပါပါတယ်တဲ့။ ဒါပေမယ့် အဲ့လောက်ဆိုးရွားတဲ့ သမိုင်းအကြောင်းတွေ သိထားရတော့လည်း နောက်ထပ် ထပ်ရှိမလာအောင် ဆင်ခြင်နိုင် လက်ဆင့်ကမ်းနိုင်တာမျိုးတွေ ပိုလုပ်နိုင်သွားမှာမျိုးပေါ့။ ပိုလန်မိန်းမငယ်လေးတစ်ယောက်အကြောင်းကို မူတည်ပြီး အဖြစ်အပျက်အားလုံးနီးပါးကို ရိုက်ထားလို့ သရုပ်ဆောင်နေတယ်ဆိုတာ/ဇာတ်ကားဆိုတာ မေ့သွားလောက်တဲ့အထိ ကြည့်မိနေမှာပါ။ အစပိုင်းကိုလူများတွေက ဖောက်ပြန်တဲ့မိန်းမဇာတ်ကားများလား ထင်သွားတာလို့ ပြောကြပါတယ်။ အဲ့လိုဆိုတော့18+ အခန်းတွေလည်း ပါပါတယ်။ ရသစုံတယ်တို့ ပြောဖို့ခက်ပေမယ့် တကယ့်အဖြစ်အပျက်ဆိုးတွေ ဖြစ်ခဲ့တဲ့အချိန်ကို တကယ်မြင်နေရသလို ကြည့်ရတာမို့ ဇာတ်ကားနောက် ပါသွားပြီး တစ်ခုခုကိုတကယ်ကြီး ခံစားရမှာပါ။ နားမလည်လိုက်ဘူးလို့ ဖြစ်တာမျိုးတွေ ရှိခဲ့ရင် တခြားနိုင်ငံတကာက ကြည့်သူ့တွေလည်း ဖြစ်ကြပါတယ်တဲ့။ ကြည့်ရင်းနဲ့ သိသွားမှာပါ။ အဓိက ရိုက်ပြထားတာက ပိုလန်နဲ့ ယူကရိန်းကြားက ရင်နင့်ဖွယ် ဂျီနိုဆိုက်-လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်မှန်ကိုပါ။ အပြန်အလှန် ရန်ငြိုးရန်စလက်တုံ့ပြန်မှုတွေက လူကို လူလို့မြင်ဖို့ခက်တဲ့အထိက ဖြစ်ကုန်စေတာတွေပါ။ ဒုတိယတစ်ခေါက်ကြည့်ရင် ဇာတ်ကားကောင်းတိုင်းလိုလိုက ရိုးမသွားဘဲ ပိုမြင် ပိုကြည့်ကောင်းတာသိကြမှာပါ။ ဒီဇာတ်ကားလည်း အဲ့လို ကားမျိုးပါပဲ။ ဒါပေမယ် ဒုတိယတစ်ခေါက်ကြည့်မယ်ဆို အနိဌာရုံတွေကို ကျော်ပြီးဖြစ်ဖြစ် မျက်စိမှိတ်၊ အသံဖျောက်ထားပြီးဖြစ်ဖြစ် ကြည့်ကြည့်ပါ၊ ဇာတ်ကားအကြောင်းထပ်ပြောရရင်တော့ အဲ့ဒီဇာတ်ကားက ပိုလန်အကယ်ဒမီတွေ ၉ ဆုခန့် ရခဲ့ပါတယ်။ သရုပ်ဆောင်တိုင်းနီးနီးမှာ သရုပ်ဆောင်နေတယ်ဆိုတာ ခံစားမိအောင်လုပ်တဲ့လူကို မပါသလိုပဲ။ ကလေးငယ်ငယ်လေးတွေ ထည့်ထားတာကအစ တကယ့်ကို အံဝင်ခွင်ကျ တကယ်ဖြစ်နေတယ်ချည်းထင်ရတာ။ အများကြီးတွေ ထက်မပြောတော့ပါဘူး။ သမိုင်းထဲက အဖြစ်အပျက် တစ်ခုကို ကြည့်ကြည့်လိုက်ပါ။ It’s worth it ပါ၊ File size… 1.8 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 30m Genre ….. War/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

7.6 2016
Hatred
Svaha: The Sixth Finger
6.3

Svaha: The Sixth Finger (2016) IMDb Rating (6.3) / Rotten Tomatoes (75%) ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ… ဇာတ်လမ်းကတော့… ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာရေးအသုံးအနှုန်းတွေပေါ်မူတည်ပြီး အမှုကိုအဖြေရှာဖွေဖော်ထုတ်ထားတာမလို့ စိတ်ဝင်တစားလိုက်ပါကြည့်ရှုမှသာ အပြည့်အဝနားလည်မယ့်ရုပ်ရှင်ကားမျိုးပါ။

6.3 2016 122 mins
Svaha: The Sixth Finger
The Heretics
5

ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျ ပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းက ဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စု ပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီး စိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာ တွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်း တစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကို ပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့ အစီအရင်တွေက ဘာအတွက်လဲ။ ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့…. ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလို မရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Thriller • Action
5 2017 87 mins
The Heretics
The Beat Beneath My Feet
6.4

IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size… 1.7 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.4 2014
The Beat Beneath My Feet
My Big Fat Greek Wedding

ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Romance ဇာတ်ကားလေးပါ။ ဂရိမျိုးနွယ်သူဖြစ်တဲ့ တူလာက အသက် ၃၀အရွယ်ထိ အိမ်ထောင်မကျသေးတဲ့၊ ဘဝရည်မှန်းချက် ပျောက်ဆုံးနေတဲ့သူပါ။ သူတို့ဂရိလူမျိုးတွေက ယူရင်လည်း ဂရိအချင်းချင်းပဲယူကြပြီး ကလေးတွေလည်း အများကြီးမွေးကြကာ မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြသူများလည်း ဖြစ်ပါတယ်။ တူလာ့ရဲ့အဖေဖြစ်သူက အရေပြားပြဿနာကနေ ဓာတ်မတည့်တာအဆုံး Windex ဆိုတဲ့ မှန်သုတ်ဆေးထည့်ရင်ပျောက်တယ်လို့ ယုံကြည်သူပါ။ (ဘာမဆို ဆရာခိုနဲ့ပျောက် ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့လေ။) ဂရိဖြစ်ရတာကို အလွန်ဂုဏ်ယူတဲ့ အဖေဖြစ်သူက ဂရိမျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းတဲ့သူမို့ သူ့သမီးကို ဂရိတစ်ယောက်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးဖို့ နည်းမျိုးစုံနဲ့ကြံနေခဲ့တာပေါ့လေ။ တူလာက တခြားမိန်းကလေးတွေနဲ့မတူဘဲ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်သူဖြစ်တာနဲ့အညီ ဂရိမဟုတ်တဲ့ တခြားအမေရိကန်ကောင်လေး အီယန်ကို ချစ်မိသွားရာမှာတော့ မျိုးရိုးဂုဏ်စောင့်ထိန်းချင်တဲ့ သူ့အဖေနဲ့ တူလာ့ကြား ပဋိပက္ခတွေ ပေါ်လာပါတော့တယ်။ ချစ်သူကိုလည်း အင်မတန်ချစ်ပေမဲ့ အဖေ့စကားကို လွန်ဆန်ရခက်တဲ့ တူလာ့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ အီယန်ကရော တူလာ့ရဲ့အဖေဆီက မျက်နှာသာရဖို့လုပ်ရာမှာ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲ၊ နောက်ဆုံးမှာ သူတို့နှစ်ယောက် ရွှေလက်တွဲမြဲနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2002
My Big Fat Greek Wedding
The Lonely Man with the Ghost Machine
5

လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးပျက်စီးသွားပြီး ကိုယ်နဲ့ကိုယ်ချစ်ရတဲ့ချစ်သူ ဒါမှမဟုတ် လင်မယားဖြစ်သူနဲ့ပဲကျန်ခဲ့မယ်ဆိုရင်ဘ၀ကြီးကလွယ်ကူနေဦး မှာပဲလို့တွေးမိတဲ့လူတွေရှိမှာပါ။ဒါပေမယ့်တကယ်တမ်းကိုယ်တွေ့မျက်မြင် ကြုံလာရတဲ့အခါမှာတော့အဲ့လောက်လွယ်ကူနေမှာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့လူကကိုယ့်ဘေးမှာရှိနေမယ်ဆိုပေမဲ့ ပျက်စီးနေတဲ့ကမ္ဘာကြီးကို ကြည့်ပြီး တစ်နေ့တစ်နေ့ဖြတ်သန်းဖို့ကိုမနည်းရုန်းကန်နေရရင်တော့ လွယ်ကူမှာမဟုတ်တော့ပါဘူး။ အဲ့လိုစိတ်ကူးယဉ်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်ပုံဖော် ရိုက်ကူးထားတဲ့ The Lonely Man With The Ghost Machine ဆိုတဲ့ ဘက်ဂျက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အစမှာပြောခဲ့တဲ့အတိုင်း၀ူဇက်နဲ့နယ်လီတို့လင်မယားက ခရမ်းရောင် ကောင်းကင်တွေ တိမ်တိုက်ကြီးတွေနဲ့ ကောင်းကင်ပေါ်ကကျလာတဲ့ အကောင်ကြီးတွေရှိနေတဲ့ပျက်စီးနေတဲ့ကမ္ဘာကြီးမှာရှင်သန်အောင်ရုန်းကန် နေကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ စစချင်းတုန်းကတော့တစ်ယောက်လက်တစ်ယောက်တွဲပြီးလောကကြီးကို ရင်ဆိုင်ခဲ့ကြတယ်ဆိုပေမဲ့ကြာလာတဲ့အခါမှာတော့၀ူဇက်တစ်ယောက်လည်း စိတ်တွေလေလာပြီး အရက်တွေပဲသောက်နေပါတော့တယ်။ ဒီလိုနဲ့နယ်လီလည်းစိတ်တွေညစ်ပြီးစိတ်ပြေလက်ပျောက်လမ်းထွက် လျှောက်ရာကနေသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အကြီးအကျယ်တွေ နောင်တရနေတဲ့၀ူဇက်ကသူ့မိန်းမကိုပြန်ခေါ်ဖို့ကြိုးစားရင်းနဲ့ The Lonely Man With The Ghost Machine(အထီးကျန်နေသောယောက်ျားတစ်ယောက်နှင့် ဝိညာဉ်စက်)ဆိုတဲ့ဇာတ်ကားလေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ File size…809MB / 432MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Adventure • Fantasy • Horror
5 2024 90 mins
The Lonely Man with the Ghost Machine
Bagman
4.5

Bagman (2024) ဒီ ကြောက်စရာကောင်းတဲ့ ဟော်ရာကားက Colm McCarthy ရဲ့ လက်ရာပါ။ သူကတော့ Black Mirror, Peaky Blinders, Shelock တို့လိုအကောင်းဆုံးစီးရီးတွေမှာ အပိုင်းတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ။ မင်းသားကတော့ Me Before You နဲ့ အားလုံးသိကြတဲ့ Sam Claflin ပါ။ ဇာတ်လမ်းအကျဉ်း ပက်ရဲ့ မြို့လေးမှာ အိတ်နဲ့လူကြီးဆိုတော့ ကြောက်စရာပုံပြင်တစ်ခုရှိတယ်။ အဲဒီလူကြီးက လိမ္မာတဲ့ကလေးတွေကို ဖမ်းပြီးပျောက်ကွယ်သွားအောင်လုပ်တတ်တယ်တဲ့။ အဲဒီကို အတော်များများက ပုံပြင်လို့ပဲ မှတ်ကြပေမဲ့ ပက်ကတော့ ကလေးဘဝတုန်းကတည်းက အဲဒီပုံပြင်ကို အရိုးစွဲအောင် ကြောက်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံပါဘူး။ သူအရွယ်ရောက်လို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ သူ့ရဲ့ ဇာတိမြို့လေးကို ပြန်လာဖို့ အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာပဲ အိတ်နဲ့လူကြီးဆိုတာ တကယ်ရှိကြောင်း သိလာပြီး သူ့ရဲ့သားကို ပစ်မှတ်ထားနေကြောင်းသိတဲ့အခါ ပက်နဲ့ သူ့မိန်းမက သူတို့သားကို ကယ်တင်ဖို့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(2.2 GB) / (1.3 GB) / (690 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:33:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin, Ka Naung Translated by Mr.Anderson

Drama
4.5 2024
Bagman
The Hunter’s Anthology – The Demon Hunter
5

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ File size… (1.53GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 6m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 126 mins
The Hunter’s Anthology – The Demon Hunter
Dr. Sander’s Sleep Cure
6.5

Dr. Sander’s Sleep Cure (2024) IMDb Rating (6.5) ပေါ့ပေါ့ပါးပါး Dramatic ဆန်ဆန် Fantasy Horror ကားကို ကြိုက်နှစ်သက်ကြသူများအတွက် Estonian Director ဖြစ်တဲ့ Mart Sander ရဲ့ Dr. Sander’s Sleep Cure ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်း‌ပေးချင်ပါတယ်နော်။ အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်က ‌Dr. Sanderရဲ့ ကုထုံးကို အသုံးချရင်း အိပ်ပျော်ဖို့ အားထုတ်ရာကနေမှ ပုံမှန်မဟုတ်ဘဲ ဆန်းပြားတဲ့ကုထုံးကြောင့် ထူးထူးဆန်းဆန်း အိပ်မက်တွေ မြင်မက်တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကုထုံးမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အိပ်မပျော်ခင်မှာ စိတ်ကူးယဉ်ကြည့်ရင်း အိပ်မက်ထဲထိခေါ်ဆောင်သွားနိုင်ကြောင်းကို ပြသထားပြီး ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာဆိုရင် ကိုယ်ဟာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးကိုမဆို ပြုလုပ်နိုင်ကြောင်း ကုထုံးမှာထည့်သွင်းထားပြီး အဲဒီဇာတ်ကောင်အတိုင်းကို အိပ်မက်ထဲမှာ စီးမျောခံစားရင်း အဆုံးမှာ အိပ်ပျော်သွားနိုင်ဖို့ကို ရည်ရွယ်ထားတာပါ။ အဲဒီတော့ ကုထုံးအတိုင်း စီးမျောရင်း တကယ်ပဲ အိပ်ပျော်သွားနိုင်မလား၊ ဆိုးကျိုးတွေရော ရှိနေမလားဆိုတာ ကြည့်ရှုခံစားရမယ့် Fantasy Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size… (1.5 GB) / (760 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 01:43:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Vivien Cho

6.5 2024 98 mins
Dr. Sander’s Sleep Cure