YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Fellow.Travelers.2023.S01EP2.WEB-DL1080p5.1CH(CM).mp4

790.39 MB N/A video/mp4 361 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Piano Teacher
7.3

~ IMDb - 7.5/10, RT - 73%, Meta - 79% ~ ပီယာနို မြည်သံညင်စေတဲ့ လက်ချောင်းတွေ ကျွန်တော့်ရဲ့ အရေခွံပါးလွှာနဲ့အတွေ့အခါ ပြန်လမ်းမရှိတဲ့မြစ်မှာ အကြိမ်ကြိမ်အခါခါ စီးဆင်း... သူမရဲ့နှုတ်ခမ်းတွေ... ဘယ်ဗိုကယ်ကို ဘယ်သံအထိမြင့်လဲ အပြာရောင်တွေညင်သာစွာ မြွေတစ်ကောင်ဟာ ရစ်ပတ် ရခဲလှဆိုသတဲ့ လူတစ်ကောင်ကို ဖြစ်ထွန်းစေတဲ့ အဆိပ်ရည်တွေဟာ လူတစ်ကောင်မဖြစ်မယ့် တွင်းနက်ဆီ တိုးဝှေ့ခဲ့ပေါ့... ဗီသိုဗင် မိုးဇက်တို့ထက် သူမရဲ့ အငွေ့အသက်ဟာ ခမ်းနားကြောင်းကိုလည်း နိဗ္ဗာန်ရဲ့အက်ကွဲကြောင်းလေးထဲ နမ်းရှိုက်တပ်မက်တဲ့ နှုတ်ခမ်းများသက်သေတည်... ကော်ရစ်ဒါထောင့် အိမ်သာပေါက် စတိုးခန်းနောက် ဘယ်နေရာတွေ ဘယ်လိုမရွေးပဲ အကြင်အနာ အဖြူအပြာတွေ သည်းသည်းမည်း... သူမရဲ့တွင်းဟောင်းဟာ ကျွန်တော်မဖတ်ဖူးတဲ့စာအုပ်တစ်အုပ်လို သစ်လွင်တောက်ပ အချစ်ရည်တတောက်တောက်ကျရင်း ကမ္ဘာကုန်ကျယ်သရွေ့ ခမ်းနားနေဦးမယ်... ဒီလိုပါပဲ ( ကြယ်တွေအကုန် လောင်ကျွမ်းသွားတဲ့အချိန်အထိ သူမကို ကျွန်တော် လိုအပ်နေဦးမယ်ဆိုတာ ကျွန်တော်သိနေတယ်။ ) ( ကျွန်တော်ကလည်း ဒီပင်လယ်အဟောင်းကိုမှ ခပ်သောက်ချင်နေတုန်းပဲ။ ) Erotic ကားပေမဲ့ ကိန်းမှာ မင်းသားဆုရော မင်းသမီးဆုရော ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး စာရေးဆရာမကလည်း နိုဘယ်ဆုရထားတဲ့ စာရေးဆရာမပါ။ ကိန်းမှာ ဂျူရီဆုရခဲ့ပြီး Palme d'Or ပါ ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ဆုပေါင်း ၁၈ဆုလည်းရထားပါတယ်။ ကျွန်တော့်ပီယာနိုဆရာမလေးကို ခင်ဗျားတို့သိကြပေမဲ့ ကျွန်တော့ပီယာနိုဆရာမလေးဟာ စောက်ချဉ်တော့မဟုတ်ကြောင်း မြည်းစမ်းခွင့်ရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 11Min Genre - Drama, Music Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
7.3 2001 131 mins
[18+] The Piano Teacher
Sleepers
7.6

IMDb...7.5,,,,Rt...73 Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာ စာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလို ပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။ သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ သူငယ်ချင်းအဖွဲ့လိုက် လုပ်လိုက်တဲ့ ကျီစယ်မှုဟာ မရည်ရွယ်ထားဘဲနဲ့ လူတစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့အတွက် လူငယ်ထိန်းသိမ်းရေးစခန်းကို ‌လေးယောက်လုံး အပို့ခံလိုက်ရပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းမှာပဲ အစောင့်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာအသီးသီး။ နောက်ပြောင်မှုတစ်ခုကြောင့် ပြန်ရလိုက်တဲ့အဖိုးအခကတော့ တစ်ဘဝလုံးစာစိတ်ဒဏ်ရာတွေ။ အားလုံးဟာ ဒီနေ့အထိ ညအိပ်ရင်တောင် မီးပိတ်ပြီး မအိပ်ရဲတဲ့အထိပါပဲ။ နောက်၁၃နှစ်ကြာတဲ့အချိန်မှာတော့ လက်စားချေဖို့ အခွင့်အရေး ပြန်ရလာတဲ့အခါမှာတော့.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size : (2.39GB)(866MB) and (246MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:27:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Science Fiction • Thriller
7.6 1996 147 mins
Sleepers
Crush
7.5

ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။ Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ အပျော်ဆုံး အချိန်က ဘယ်အချိန်လဲ စဉ်းစားရကြပ်နေခဲ့တယ်။ အချစ်ရေးကို ပြောရအောင်လည်း သူ ငယ်ငယ်တည်းက ကြိတ်ကြိုက်လာခဲ့တဲ့ ဂက်ဘရီရဲလာ ဆိုတဲ့ ကောင်မလေးက သူ့ကို အဖက်တောင် မလုပ်ဘူး။ ကျောင်းရဲ့ နံရံတွေ ကျောင်းပိုင် ပစ္စည်းတွေမှာ ပုံလိုက်ဆွဲတဲ့ အမည်မဖော်လိုသူ ကင်းပန်း ဆိုသူဟာ ပေ့ချ်ဖြစ်တယ်လို့ တစ်ကျောင်းလုံးက ထင်ကြတယ်။ တစ်နေ့ ကျောင်းအုပ်ရုံးခန်းမှာ ကျောင်းပိုင်ပစ္စည်း လက်သရမ်းမှုနဲ့ သူ့ကို ကျောင်းနားပစ်မယ်လို့ ပြောတဲ့အခါ CalArts ကျောင်း ဝင်ခွင့်မရမှာစိုးလို့ ကင်းပန်း ဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးပါ့မယ်ဆိုပြီး သဘောတူညီမှုယူခဲ့လိုက်ရတယ်။ ဒီလိုနဲ့ ပေ့ချ် တစ်ယောက် ကင်းပန်းကို ဖော်ထုတ်နိုင်မလား? CalArts ကျောင်း ဝင်ခွင့်ရဖို့ ကောင်းမွန်တဲ့ အနုပညာလက်ရာတစ်ခု ဖန်တီးနိုင်မလား? တစ်ဖက်သတ်အချစ်ကရော ဘာဖြစ်သွားမှာလဲ? ဆိုတာတွေကို သိရအောင် ဒီကားလေးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size           : 2.4GB, 873MB, 420MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format             : mp4 Duration          : 1hr & 32mins Genre               : Comedy, Romance Translated by Kit Encoded by Kinnov

Horror
7.5 2022 92 mins
Crush
The Last Days on Mars
5.4

ဇာတ်လမ်းအညွှန်း မားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့ သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား… အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့ မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့် အချိန်ကနေ အစပြုထားပါတယ်။ သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။ သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာ သက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲ နမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကို အသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီး မာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။ အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲ ပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။ အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊ အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊ စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့် မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ amazing grace၊ Becoming Elizabeth တို့လို ဇာတ်လမ်းတွေမှာ ဝတ်စုံကြီးတွေနဲ့ သရုပ်ဆောင်ထားတာကို ကြည့်ဖူးလောက်ကြမယ့် မင်းသမီး Romola Garai က ဒီလို sapce horror ဇာတ်လမ်းမျိုးမှာ လိန်းအဖြစ် ဘယ်လိုသရုပ်ဆောင်ထားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action • Adventure • Drama • Family
5.4 2013 98 mins
The Last Days on Mars
Possessor
6.3

အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ..... File size… 900 Mb / 700 Mb Quality… Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre ... Sci-Fi, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Action • Crime • Drama • Thriller
6.3 2020 104 mins
Possessor
Godzilla
6.3

2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. IMDb Rating6.4 ရရှိထားပြီးတော့ Rotten Tomatoes 75% အထိလည်းရရှိထားပါတယ်.. ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဂျပန်နိုင်ငံက ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်လမ်းတွဲကို အမေရိကပုံစံ အသက်သွင်းပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်.. အချွန်အတက်များနဲ့ရက်စက်ယုတ်မာစွာ..အဖျက်စွမ်းအားကောင်းတဲ့အထပ်မြင့်မိုးမျှော်အဆောက်အဦးများထက်ကြီးမားတဲ့သတ္တဝါကြီးတွေဟာ လူသားတွေရဲ့ရပ်တည်မှုကိုခြိမ်းခြောက်လာစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်.. ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီး အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။ တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလို Power Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။ သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထားတာ အရမ်းပီပြင်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်ရတာဖြစ်လို့လည်း ကြည့်ရတဲ့သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ Joe က ဒီ Nuclear Plant ပြိုကျတာဟာ သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလို့ ခံယူထားပြီး အစိုးရက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်နေပါတယ်။ ၁၅ နှစ်ကြာပြီးမှာတော့ သူ့ရဲ့ သား Aaron Taylor-Johnson (Kick-Ass မင်းသား ဖြစ်ပြီး၊ Avengers:Age of Ultron မှာ Quicksilver အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။) က မိန်းမနဲ့ကလေးနဲ့ ရှိနေသလို စစ်ထပ်ထဲမှာလည်း Bomb Specialist အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ သူ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်မှာပဲ သူ့အဖေက Japan မှာ ဖမ်းခံနေရလို့ အာမခံနဲ့သွားထုတ်ပေးရာက စပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်ကို သိခဲ့ရပါတယ်။Nuclear Power Plant ပြိုကျခဲ့တာက သဘာ၀ အတိုင်း ငလျင်မဟုတ်ပဲ MUTO (Massive Unidentified Terrestrial Object) ကြောင့်ပြိုကျခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ဖီလစ်ပိုင်မှာတွေ့တဲ့ MUTO ဥနှစ်ဥထဲက အထီးရဲ့ ဥက အကောင်ပေါက်ပြီး ဂျပန်ကိုရောက်လာတာဖြစ်ပါတယ်။ MUTO တွေရဲ့ အဓိက အစာက Nuclear Radiation ဖြစ်တာကြောင့် Nuclear Power Plant မှာလာပြီး အသိုက်လုပ်နေနေပါတယ်။ အဲ့ဒီအချိန်ထဲက လူတွေက မသတ်ရဲသလို မသတ် ပဲနဲ့ လေ့လာမှုတွေလုပ်နေခဲ့ကြပါတယ်။ (သတ်လိုက်ရင် သူဆီက Radiation တွေ Nuclear ဗုံးဖောက်သလို ပွင့်ထွက်မှာ စိုးလို့လို့ ရှင်းပြထားပါတယ်။) MUTO နဲ့ Godzilla တို့က လူတွေထက်နှ်စ်သန်းပေါင်းများစွာစောပြီး ကမ္ဘာကြီးမှာ Radiation တွေ ရှိနေတဲ့ အချိန်ထဲက ရှင်သန်နေတာဖြစ်ပါတယ်။ သူတို့က ဒီ Radiation ကနေ အဟာရဖြစ်ပြီး နေလာရာက တစ်ဖြည်းဖြည်း Radiation နည်းလာတဲ့နောက် ရေအောက်ထဲကို ဆင်းပြီးနေလာ ကြပါတယ်။ ရေအောက် ကြမ်းပြင်က ကမ္ဘာ့ဗဟိုနဲ့ နည်းပြီး Radiation ပိုရလို့ဖြစ်ပါတယ်။ ဖီလစ်ပိုင်မှာတွေ့တဲ့ Godzilla ရုပ်ကြွင်းက MUTO တွေကြောင့် သေတာဖြစ်မယ်လို့လည်း ရှင်းထားပါတယ်။MUTO အမရဲ့ဥကိုတော့ Nevada, USA ကို သယ်သွားခဲ့ပြီး အဲ့ဒီမှာရှိတဲ့ Nuclear Waste ထားတဲ့ တောင်ကြားထဲမှာ ထားထားပါတယ်။ အမက ဥကနေ အကောင်မပေါက်သေးပဲ အထီးက အရွယ်ရောက်လို့ အချက်ပေးတော့မှ သူက အကောင်ပေါက်လာတာဖြစ်ပါတယ်။ ၁၅ နှစ်ကြာပြီးတဲ့နောက်မှာ Japan က အထီးနဲ့ Nevada က အမတို့ San Francisco မှာ တွေ့ကြပြီး မျိုးပွားဖို့ အစီအစဉ်ဖြစ်ပါတယ်။ဒါပေမယ့် အထီးက အမကို Signal ထုတ်လွှတ်ပြီး ဆက်သွယ်ရာမှာ ကြားထဲက Godzilla က ကြားသွားပြီး တဖန် နိုးထလာပါတယ်။အဲ့ဒီကနေ Godzilla နဲ့ MUTO နှစ်ကောင်ရဲ့ တိုက်ပွဲ ကို ပရိတ်သတ်ကြီးရင်သက်ရှုမောဖွယ် ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ Godzilla က ဒီကားမှာ လူတွေကို ဒုက္ခပေးဖို့မဟုတ်ပဲ "Godzilla came to restore balance to the nature" လို့ပြောထားပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လာတဲ့ ရန်သူတွေကို Godzilla က အမြဲ ရင်ဆိုင်ရပြီး ကမ္ဘာကြီးကို စောင့်လျှောက်နေတာဖြစ်ပါတယ် (Original Japan ကားကြည့်ဖူးသူတွေသိမှာပါ။)အရင်ကားဟောင်းတွေရဲ့ အရသာမပျက်ပဲ အမြင်ဆန်းနဲ့ ရိုက်ကူးထားနိုင်ပြီး Visual Effect ကောင်းကောင်း နဲ့ ကြည့်ရသလို၊ ဇာတ်လမ်း ဇာတ်သွားလည်း အရမ်းကောင်းပါတယ်။ Fight Scene တွေကလည်း အထူးကောင်းမွန်ပြီး၊ Godzilla ကို တင်ဆက်သွားတာလည်း အရမ်းပီပြင်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ ဇာတ်ရှိန်အတက်အကျ ဘာမှပြောစရာမရှိသလို၊ Godzilla ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Atomic Ray ကိုလည်း မြင်တွေ့ခံစားရမှာဖြစ်ပြီး၊ ဒီဘက်ခေတ်လူငယ်တွေ၊ ၁၉၅၀ ကျော်က ဂျပန် ကားမကြည့်ဖူးတဲ့လူတွေအတွက် ဒီကားက Godzilla ရဲ့ အနှစ်သာရကို အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Godzilla က အရင်တုန်းကနဲ့ ယှဉ်ရင် အနည်းငယ်ဝနေတာကိုတွေ့ရပါတယ်။အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရုံမှာ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ကား ကောင်း ဖြစ်ပါတယ်။ (No Sex, No Nudity) ပါ။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ကလေး လူကြီးမရွေးကြည့်သင့်တဲ့ကားဖြစ်ပြီး Rated PG-13 ပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြသည်...) File size…(2.0 GB) and (1.2 GB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Drama
6.3 2014 123 mins
Godzilla
Epitaph
6.7

Epitaph(2007) ************** Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦး ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့ 1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်…ဒီကားအတွက် ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်… ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ အရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် …. သူ ငယ်စဉ်ကတည်းက ‌မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်… မိဘချင်း သဘောတူထားသော်လည်း ‌Jung Nam တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ …. တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်.. ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လွန်စွာလှပတဲ့ သူလေးဖြစ်တော့ ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်… အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ …. ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော် File Size : (1.5GB),&(608MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:58:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tiff ,Miri & Treasure Htet Encoded by Phyo Pyae

Thriller • Horror
6.7 2007
Epitaph
The Kids Are All Right

The Kids are All Right လို့ခေါ်တဲ့ဒီဇာတ်ကားလေးက 2010 ခုနှစ်ကထွက်ရှိထားတဲ့ Romance/ Drama ကားလေးတစ်ကားဖြစ်ပြီး IMDB rating 7 အထိ ရရှိထားပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပြီး LGBT နဲ့ပတ်သက်ပြီး အရမ်း serious မဖြစ်သူတွေအနေနဲ့ ကြည့်လို့အဆင်ပြေစေမဲ့ ကားလေးတစ်ကားပါပဲ။ နစ်ခ်နဲ့ဂျူးလ်စ်ဟာ LGBT အတွဲတစ်တွဲဖြစ်ပြီး သုက်ပိုးအလှူရှင်အကူအညီနဲ့မွေးထားတဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပုံမှန်ကနေခွဲထွက်နေတဲ့ မိသားစုလေးတစ်ခုပါ။ ဒါပေမဲ့ဂျူးလ်စ်က မှီခိုသူအိမ်ရှင်မနေရာကိုရောက်နေတဲ့ သူ့ဘဝသူ မကျေမနပ်နဲ့ သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ဒီအတွက်လည်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာ သားဖြစ်သူလေဆာက သုတ်ပိုးအလှူရှင် သူတို့ရဲ့ဖခင်အရင်းကို တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်နေသူဖြစ်ပြီး ဒီအတွက်လည်း အသက် (၁၈) နှစ်ပြည့်ခါစ ရပ်ဝေးကိုကျောင်းသွားတက်တော့မဲ့အစ်မဖြစ်သူ ဂျိုနီကိုအပူကပ်ပြီး သူတို့ရဲ့သုက်ပိုးအလှူရှင်ကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ တစ်ခေါက်တွေ့ပြီးတဲ့နောက်မှာ ရေစက်ကုန်ပြီလို့ထင်မှတ်ထားပေမဲ့ သူတို့ဖခင်အရင်းရဲ့ပါဝင်ပတ်သက်လာမှုဟာ အေးချမ်းနေတဲ့သူတို့မိသားစုထဲကို သက်ရောက်မှုအကြီးကြီးတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်မဖြစ်မလဲဆိုတာကတော့……. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

0 2010
The Kids Are All Right
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
The Magic Roundabout
5.2

2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ငယ်ဘ၀ကိုပြန်လည်လွမ်းဆွတ်စေမဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout : The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင် ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချို အရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကို ဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီက သကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီး သွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်း ခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီး ဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီး ထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံ အစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကို သူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။ သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့ သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည် အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကို ဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေက ဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size…1.65GB / 926MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 21m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
5.2 2005
The Magic Roundabout
Dusk for a Hitman
6.5

Heartbeats, Avant le crash, Virage – Double Faute, An Eye for Beautyတို့နဲ့ လူသိများတဲ့ Eric Bruneau က main character အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီလိန်နေရာကိုလည်း I Killed My Mother, Lac Mystère, Québec-Montréal, Gabrielleတို့နဲ့ ကျော်ကြားလာတဲ့ Benoît Gouinက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မွန်ထရီးရယ်မှာ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လုပ်ကြံရေးသမား ဒေါ်နယ်လဗွိုင်းရဲ့ဘဝဇာတ်​ကြောင်းကို ficလေးတွေနဲ့ရောပြီး ကြည့်လို့ကောင်းအောင် တင်ဆက်ပေးထားပါတယ်။ လု့ဒ်ဒူဘွားကတော့ ရဲတွေတောင် မဖမ်းနိုင်တဲ့ နယ်မြေပေါင်းများစွာပိုင်ဆိုင်တဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒေါ်နယ်က လု့ဒ်ဒူဘွားရဲ့သစ္စာခံ လုပ်ကြံရေးသမားလေးပါ။ လု့ဒ်အတွက်ဆို ဒေါ်နယ်က ၂ခါတောင် ပြန်မစဥ်းစားဘဲ သတ်လေ့သတ်ထရှိသူပါ။ ဒါပေမယ့် တစ်ခုရှိသွားတာက ဒေါ်နယ်မှာ ကာလ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။အဲညီက ဒေါ်နယ့် ညီလို့ မထင်ရအောင် တကယ်ကိုပြဿနာရှာတဲ့ကောင်ပါ။ ဒီလိုနဲ့ လုဒ့်က ကာလ်က သူ့နယ်မြေထဲမှာ ဆေးလာရောင်းနေတယ်ဆိုပြီး ဒေါ်နယ်ကို လုပ်ကြံခိုင်းလိုက်ပါတယ်။ ကာလ်က ဘယ်လိုတွေ ပြဿနာထပ်ရှာသေးလဲ၊ ကာလ်ကြောင့် ဒေါ်နယ် ဘယ်လိုဒုက္ခရောက်မလဲ၊ ဒေါ်နယ်က လု့ဒ်ဒူဘွားခိုင်းသလို သူ့ညီကို သတ်မှာလား။ အစရှိတာတွေကို Crime/Thrillerအမျိုးစားပုံစံနဲ့ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

6.5 2023 105 mins
Dusk for a Hitman
Cheena Trophy
7.1

Cheena Trophy (2023)”ချစ်လက်ဆောင်” ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။ စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)

7.1 2023 122 mins
Cheena Trophy
House on Haunted Hill
5.6

ဟော်ရာ ကားကောင်းတွေ သဘောကျတဲ့လူတွေအတွက် 1999 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပန်းဖြေဥယျာဉ်ပိုင်ရှင် မီလျံနာ သူဌေးကြီး ပရိုက်စ်ရဲ့ မိန်းမရဲ့မွေးနေ့ပါတီလုပ်ဖို့ လူငါးယောက်ဆီကိုဖိတ်စာရောက်လာခဲ့ပါတယ်။ ပါတီကိုတော့ ခြောက်လှန့်တောင်ကုန်းပေါ်က အိမ်မှာ ကျင်းပမှာဖြစ်ပြီး ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို ဒေါ်လာ တစ်သန်းစီပေးမယ်လို့ ဖိတ်စာထဲမှာ ရေးထားပါတယ်။ ဒီလိုနဲ့ ပါတီညမှာ ဖိတ်ထားတဲ့ ဧည့်သည် (၅) ယောက်ရောက်လာပေမဲ့ မူလဧည့်သည်စာရင်းထဲကလူတွေမဟုတ်ဘဲ တခြားလူတွေဖြစ်နေခဲ့ပါတယ်။ ပါတီကျင်းပမဲ့ အိမ်ကြီးကလည်း 1931 မှာ မီးလောင်သွားပြီး လူအစုလိုက်အပြုံလိုက်‌ေ-သဆုံးခဲ့ရတဲ့ စိတ္တဇဆေးရုံဟောင်းကြီးပါ။ ပါတီအစောပိုင်းမှာ ထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့တာကို ပရိုက်စ်ရဲ့လူတွေလုပ်နေတာလို့ထင်ခဲ့ကြပေမဲ့ အိမ်ကြီးကိုယ်တိုင်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့ အခါမှာ … File Size : 2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

5.6 1999
House on Haunted Hill
Ben-Hur Ben Hur
5.7

Ben-Hur (2016) Ben Hur ရောမခေတ် ဂျူးလိယက်ဆီဇာ ဂျေရုစလင်နဲ့ ဂျူး အာရပ် စတဲ့ဇာတ်ကောင်တွေကို အခြေပြုလို့ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကို ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေရဲ့ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးထားပြီး Rating တွေ မကောင်းလှပေမယ့် သူ့ဟာနဲ့သူကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ လူသားတွေရဲ့ အတ္တ မာန အာဃာတ တွေကြောင့် ဒီကမ္ဘာကြီးပေါ်မှာ ဘုရားတွေပေါ်လာပြီး ကယ်တင်ခြင်းခံရတယ်လို့ ခံစားမိစေမှာပါ။

Drama • Crime
5.7 2016 125 mins
Ben-Hur Ben Hur