YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Feels.Like.Home.S02E02.720p.YK(CM).mp4

340.35 MB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Perempuan Bergaun Merah
6.1

IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။ တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 894MB | 441MB | 231MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
6.1 2022 91 mins
Perempuan Bergaun Merah
Sleepless in Seattle
6.7

မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်.. ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုများစွာလည်းရရှိခဲ့ပါတယ်.. အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။ တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေ ပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင် ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့် အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့.. ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Romance
6.7 1993 105 mins
Sleepless in Seattle
Delicatessen
7.3

~ IMDb - 7.6/10, RT - 89%, Meta - 66% ~ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။ Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လို​နေပါတယ်။ အချိန်တိုင်းလို​နေရတာက စုတ်ပြတ်​နေတဲ့ တိုက်​ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမား​တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ​ရောင်းစားလိုက်လို့ပါပဲ။ ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်​ဟောင်းသမား Louison ဟာ ​အလုပ်​ခေါ်စာ​တွေ့ပြီး ​ရောက်ချလာပါတယ်။ နှစ်လိုဖွယ်​ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သ​ဘော​တော်​ခွေ့သွားချိန်မှာ​တော့ ချစ်ရသူ​လေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကား​ကောင်းတစ်ခုပါပဲ ဇာတ်လမ်းဟာ Horror ဖြစ်ပေမဲ့ Dark Comedy ဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်း​တွေဟာ စိတ်ညစ်ညူးစရာတွေကို ဟာသနှောထားတာကိုတွေ့ရပါမယ်။ ရိုက်ကူးရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း စံနှုန်းတစ်ခုမှာရှိနေတာကို တွေ့ရပေမယ့် Delicatessen ဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ သာမန် Horror ကား၊ လူသတ်ကားလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ ဒီကားက မသေခင် ကြည့်သွားသင့်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀၁ စာရင်းမှာ ပါဝင်တာ​ကြောင့် ရုပ်ရှင်သရဲ​တွေကြည့်ရှုသင့်တဲ့အ​ကြောင်း လက်တို့လိုက်ပါရ​စေ။ (ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 1.23GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 39Min Genre - Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama
7.3 1991 99 mins
Delicatessen
Paycheck
6.2

Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Susan

Crime • Thriller
6.2 2003 119 mins
Paycheck
Samajavaragamana
7

Samajavaragamana(2023) IMDb-8.1/10 ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။ သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni

7 2023 129 mins
Samajavaragamana
My True Friends: The Begining

My True Friends: The Begining (2022) ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း … မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း … ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း … ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားတာပါ။) File Size : 2.1GB, 1GB, 473MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Drama Translated by Hay Thar Oo & Shoon Encoded by Kinnov

Horror • Thriller
0 2022
My True Friends: The Begining
Catering Christmas
6.8

Catering Christmas (2022) ~ IMDb rating – 6.8/10 ~ ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly’s Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။ မော်လီတို့မြို့လေးမှာ “ဟယ်ရစ်ဆင်န်” ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ “ကာဆင်န်” ကို လုပ်ငန်းတွေလွှဲပေးပြီး အငြိမ်းစားယူဖို့ အကြံမျိုးစုံထုတ်နေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ကာဆင်န်ဟာ ဖောင်ဒေးရှင်းကို ဦးဆောင်ဖို့ လုံးဝဝါသနာမပါဘဲ လွတ်လွတ်လပ်လပ် ကမ္ဘာပတ်လို့ရတဲ့ ဓာတ်ပုံဆရာအလုပ်ကိုသာ ခုံမင်သူတစ်ယောက် ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဟယ်ရစ်ဆင်န် ဖောင်ဒေးရှင်းရဲ့ ခရစ်စမတ်ညစာစားပွဲအတွက် အကျွေးအမွေးတာဝန်ခံအဖြစ် မော်လီတို့ဆိုင်ကို ရွေးချယ်လိုက်တဲ့အခါ မော်လီနဲ့ ကာဆင်န်တို့ ရေစက်ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို ကံဇာတ်ဆရာရဲ့ ကြိုးဆွဲမှုကြောင့် လောကကြီးကို အမြဲတမ်း မှန်ဘီလူးကနေတဆင့်ပဲ ကြည့်တတ်တဲ့ ကာဆင်န်တစ်ယောက် သိပ်လှတဲ့ ထက်ထက်မြက်မြက် စားဖိုမှူးမလေး မော်လီ ကို ချစ်မိသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ချမ်းစီးစီး ညချမ်းထဲ စောင်ကိုက်ရင်း ကြည့်လိုက်ကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Thar Htet မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 590MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 26Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Thar Htet Encoded by Y

6.8 2022 85 mins
Catering Christmas
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
All I Want
5.1

All I Want (2017) ============= မယ်လစ်ဆာနဲ့ အန်ဒရူးက သူတို့အိမ်ထောင်ရေးဆယ်နှစ် ပြည့်နှစ်ပတ်လည်အတွက် သူငယ်ချင်းတွေနဲ့ မိသားစုဝင် တွေကိုဖိတ်ပြီး ပါတီလုပ်ကြပါတယ်။ သူငယ်ချင်းတွေစုံကြ တဲ့အခါ ထုံးစံအတိုင်း အလုပ်အကြောင်း စီးပွားရေး အိမ် ထောင်ရေးတွေ ပြောကြတာပေါ့။ ငယ်ဘဝက အမှတ်တရ တွေလည်း မပါမဖြစ်ပေါ့ဗျာ။ အဲဒီလိုသာယာပျော်ရွှင်နေတဲ့အချိန်မှာ မယ်လစ်ဆာတို့ လင် မယားက သူတို့ကွာရှင်းတော့မယ်ဆိုတဲ့ အကြောင်း အသိ ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် ၁၀နှစ်ပြည့်တဲ့နေ့မှာတင် ပါတီလုပ်ပြီး ကွာရှင်းမဲ့အကြောင်း ကြေညာတာပါ။ အပြင်ပန်းမှာတော့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင် ရေးကိုပိုင်ဆိုင်ထားတဲ့ပုံပေါ်တဲ့ မယ်လစ်ဆာတို့က ဘာကြောင့် များ ကွာရှင်းရတဲ့အထိ ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ သူငယ် ချင်းဆက်ဆံရေး မိသားစုဝင်ကြားဆက်ဆံရေးတွေ သူတို့တွေရဲ့ မကျေနပ်မှုတွေ အမှန်တရားတွေကို သဘာဝကျကျ ရိုက်ကူးတင် ဆက်ပေးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.5 GB) / (522 MB) / (340 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….EL Encoder……….SWM

5.1 2017 91 mins
All I Want
Septembers of Shiraz
6.2

အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေ သိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့ အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာ ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။ တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။ ခင်ပွန်းဖြစ်သူနဲ့‌တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။ နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက် ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့ လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာ အစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။ ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့ အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ File size…1.75 GB/ 703MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.2 2015
Septembers of Shiraz
To Kill a Stepfather

နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
To Kill a Stepfather
Boudica

ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။ Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။ Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

TV Movie • Comedy • Drama • Romance
0 2023
Boudica
Elf
7.1

ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေ ရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့ Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်း ပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်း ဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကို ဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်း လာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့ နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာက သူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ် အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
7.1 2003 97 mins
Elf
The Prequel of Gold Convoyers 2: Super National Treasure
5.8

ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာ အားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်က ကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက “အမြီးကိုးချောင်းမြေခွေး” ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ “အမြီးကိုးချောင်းမြေခွေး” ရဲ့သတင်းက တိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။ နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာ ပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်က ပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ “အမြီးကိုးချောင်းမြေခွေး”ကို ဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။ နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့ သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ “နတ်သားနှင်းရည်ခံပြား” ကို “အမြီးကိုးချောင်းမြေခွေး” လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။ “နတ်သားနှင်းရည်ခံပြား” က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ…… ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့ “အမြီးကိုးချောင်းမြေခွေး” ကို ဖမ်းဆီးနိုင်လိမ့်မလား…… “အမြီးကိုးချောင်းမြေခွေး” ကရော ဘယ်သူ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2010
The Prequel of Gold Convoyers 2: Super National Treasure
The Case of Itaewon Homicide

The Case of Itaewon Homicide (2019) ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်​စင်​ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။ သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။ သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ သန့်စင်ခန်းထဲမှာ အတူတူရှိခဲ့တဲ့အချက်၊ လူသတ်လက်နက်က ပီအာဆန်ဆီမှာ တွေ့တယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပေမဲ့ အေဂျေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေတယ်။ နှစ်ယောက်လုံးကတော့ တစ်ယောက်ကို တစ်ယောက်လွှဲချတယ်။ အမှုစစ်ဘတ် ခေါင်းစားရပြီ။ စီအိုင်ဒီဘက်က စစ်ဆေးချက်တွေကလည်း တစ်ဖက်သတ်ဆန်သလိုလို လုပ်ကြံထားသလိုလို၊ ဒါဟာ သံသယရှိသူတွေနဲ့ သူ့ကြားက ဦးနှောက်တိုက်ပွဲပဲ။ Open ending ဖြစ်ပြီး ကိုယ်ကြည့်တဲ့ ရှုထောင့်ကနေ အရာအားလုံးက ပြောင်းလဲသွားနိုင်တာမို့လို့ ဇာတ်ကားကြည့်ပြီး တစ်ခုခု စဥ်းစားစရာ ရသွားချင်ရင်တော့ ကြည့်ဖို့ အထူး recommend ပါတယ်။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.6GB | 695MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2009
The Case of Itaewon Homicide