YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Fearless 2022 1080p WEB-DL CM.mp4

1.19 GB N/A video/mp4 107 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Bricks
1

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y

Comedy • Drama • Romance
1 2022 92 mins
The Bricks
League of Gods: Zhou Destruction
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

6 2023 99 mins
League of Gods: Zhou Destruction
Cruella
8.1

ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။ အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။ မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့ 101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။ File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson

Action & Adventure • Comedy • Drama
8.1 2021 134 mins
Cruella
Mission: Impossible – Ghost Protocol
7.4

Mission: Impossible – Ghost Protocol (2011) ================================ IMDb Rating 7.4/10 ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့… အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။ အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့ သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့…။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.4 2011 133 mins
Mission: Impossible – Ghost Protocol
You Are So Not Invited to My Bat Mitzvah
6

You Are So Not Invited to My Bat Mitzvah (2023) ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။ မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။ သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒီကားက Are You There God? It’s Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊ Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ဟာသမျိးတွေ ကြိုက်တတ်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း စတေစီဆိုတဲ့ကောင်မလေးဟာ ဂျူးမိသားစုဝင်တစ်ယောက်ပါပဲ။ ဂျူးတွေမှာ ဘာသာရေးအရ ၁၃ နှစ်ပြည့်ပြီးဆိုရင် Bat Mitzvah ဆိုတဲ့အခမ်းအနားကျင်းပပြီး လူကြီးအဖြစ်သတ်မှတ်ခံရပါတယ်။ အဲဒီနေ့ဟာ ဂျူးတိုင်းအတွက် အရေးအကြီးဆုံးနေ့ပါပဲ။ လူငယ်လေးတွေအနေနဲ့လည်း သူတို့ရဲ့ Bat Mitzvah နေ့ကို အပြီးပြည့်စုံဆုံးဖြစ်ဖို့ ကိုယ်စီ စိတ်ကူးတွေယဉ်ကြတာပါ။ အစဉ်အလာအရ ဘုရားကျောင်းမှာ ကုသိုလ်တစ်ခုလုပ်ရမယ်၊ တိုရာကျမ်းစာရွတ်မယ်၊ မိန့်ခွန်းတစ်ခုပြောမယ်၊ ညကျရင် ပါတီအကြီးအကျယ်ဆင်နွှဲရပါတယ်။ စတေစီဟာလည်း သူ့ရဲ့ Bat Mitzvah နေ့အတွက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဒီယာနဲ့ ပြင်ဆင်ပြီး စိတ်ကူးတွေယဉ်နေခဲ့တာကြာပါပြီ။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကကြားကို ကောင်လေးတစ်ယောက်ရောက်လာပြီး Bat Mitzvah နေ့မတိုင်ခင်မှာပဲ စိတ်ဝမ်းကွဲသွားကြပါတော့တယ်။ တော့ သူတို့အပြန်အလှန်ကူညီဖို့ စီစဉ်ထားတဲ့ Bat Mitzvah တွေမှာဘယ်လိုဖြစ်လာမလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2GB |1GB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder …..Aaron

TV Movie • Mystery • Thriller • Drama
6 2023
You Are So Not Invited to My Bat Mitzvah
Martha Marcy May Marlene
6.8

ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ Olsen​ ဖန်တွေကြည့်သင့်တဲ့ဇာတ်ကားပါ။ File size…(1.3 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Comedy • Romance
6.8 2011
Martha Marcy May Marlene
The Batman vs. Dracula
6.6

The Batman vs. Dracula (2005) ======================= IMDb Rating – 6.6/10 Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ ပင်ကွင်းလည်း သူများအပြောနဲ့ ရတနာတွေ လိုက်ရှာရင်း ရှေး ခေတ်က ဒရက်ကူလာကြီးရဲ့ အုတ်ဂူကို ဖွင့်မိသွားပါတော့တယ်။ ဒီလိုနဲ့ ပြင်ဆင်ချိန်သာ ရှိမယ်ဆို ဘာကိုမဆို အနိုင်ယူနိုင်တယ်ဆို တဲ့ ဆျာဘတ်နဲ့ ဒရက်ကူလာကြီးတို့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.24 GB) / (560 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Horror Translator…….Leonard Lin Encoder……….SWM

Romance • Thriller
6.6 2005
The Batman vs. Dracula
Do the World Darts 1
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။ ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

5.8 2007
Do the World Darts 1
Wolves
5.3

ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size… 2 GB / 980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung

5.3 2014
Wolves
Elevator
7.6

Elevator (2024) ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Romance
7.6 2024
Elevator
After Midnight
5.5

After Midnight (1989) ================ အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ် ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့ အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲ ကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အ တွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်း သင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ် ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ် လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့ တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲ သွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်း မြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လို Horror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ် ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.42 GB) / (675 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

5.5 1989
After Midnight
Love on the Danube: Love Song

ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(829 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… TV Movie , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
Love on the Danube: Love Song
Angithee 3
6

Angithee 3 2024 (အချစ်မီးလျှံ) ကူနယ်နဲ့ ရီဗာတို့ဟာ အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံပေါ့။ သူတို့ဟာ မင်္ဂလာဆောင်အပြီး ကူနယ့်မွေးရပ်မြေအိမ်လေးကို ဟန်နီးမွန်းခရီးအနေနဲ့ ပြန်လာခဲ့ကြပါတယ်။ ကူနယ့်မှာတော့ အမေပဲ ရှိတော့တာဖြစ်ပြီးတော့ အပန်းဖြေစခန်းလေး ဖွင့်ထားပါတယ်။ ကူနယ်တို့အိမ်မှာတော့ သူ့အမေကို ကူညီလုပ်ခိုင်းပေးနေတဲ့ သူတို့အိမ်က ကားမောင်းသမားကြီးရဲ့သမီးဖြစ်သူ ချန်ဒါနဲ့ အပန်းဖြေစခန်းကို ကူနယ့်ကိုယ်စား စီမံအုပ်ချုပ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ဆာမာတို့ နေကြပါတယ်။ ချန်ဒါဆိုတာကလည်း ကူနယ့်ကို ငယ်ငယ်လေးကတည်းက ချစ်ခင်ခဲ့သူဖြစ်ပြီး ခေါ်တာတောင် အစ်ကိုလေးလို့ပဲ ခေါ်သူပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ မတွေ့ရတဲ့သားလေး ပြန်လာမှာကို အိမ်ကနေ စိတ်လှုပ်ရှားစွာ စောင့်နေတဲ့ ကူနယ်ရဲ့ အမေ၊ မထင်မှတ်ဘဲ ကူနယ်တို့ ကားမတော်တဆဖြစ်တဲ့ သတင်းလည်းကြားရော အဲဒီအချိန်မှာပဲ ကံကြမ္မာဆိုးတွေ စတင်ခဲ့ပါတော့တယ်။ ချွေးမဖြစ်သူက အများကြီးမထိခိုက်ပေမယ့် ကူနယ်ကတော့ ကားမတော်တဆဖြစ်မှုကနေ ကျောရိုးထိခိုက်ပြီး တစ်သက်လုံးလမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြင်စဦးလင်မယားနှစ်ယောက် ရှေ့ဆက် ဘယ်လို စခန်းသွားကြမလဲ ……. အမေ, ချန်ဒါနဲ့ ဆာမာတို့ကရော ကူနယ့်အပေါ်မှာ ဘယ်လိုတွေ ဖြည့်စည်းလုပ်ကိုင်ပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023
Angithee 3
Sumala
5.8

Sumala (2024) IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။) File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Romance • TV Movie
5.8 2024 113 mins
Sumala
Dogma

IMDB Rating – 7.3/10 ၁၉၉၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီရုပ်ရှင်ဟာ ခရစ်ယာန်​သာသနာ အထူးသဖြင့်​ ကတ်​သလစ်ကျောင်းတော်ရဲ့ တရားသေ အယူအဆ​တွေ​ သမ္မာကျမ်းစာလာ ဒေသနာ​တွေနဲ့ ဘာသာရေး​အင်​စတီကျူးရှင်းတွေရဲ့ အကျင့်​ပျက်​မှုတွေကို​ ပြောင်​ပြောင်​တင်းသရော်​ထား​တဲ့အတွက်​ အနောက်​နိုင်ငံတွေ​က ကတ်​သလစ်အသိုင်းအဝိုင်းတွေကို ပွက်​လော​ရိုက်​သွား​စေခဲ့ပါတယ်။ ဒါရိုက်တာ​ဖြစ်သူ​လည်း အီးမေးလ်ကနေ ဆဲဆိုစာတွေ၊ ခြိမ်း​ခြောက်​စာတွေ ထောင်​နဲ့ချီ ရရှိ​ခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာ​ပြောရရင်​ ဒီရုပ်ရှင်​ထဲမှာ​ ဘုရား​သခင်​ကို အမျိုး​သမီး​အဖြစ်​ ပုံ​ဖော်​ထားတာတွေ၊ ခရစ်တော်​ရဲ့ Apostle ဆယ့်နှစ်ပါးအပြင် ၁၃ ပါးမြောက် Apostle လည်း​ရှိခဲ့ပြီး အဲဒီ​ နောက်​ဆုံး Apostle က လူမည်း​ဖြစ်နေ​လို့ သမ္မာကျမ်းထဲမှာ ချန်​လှပ်​ခဲ့တယ်​ဆိုတာ​တွေ၊ လူလူချင်း ကျွန်​ပြုရောင်းဝယ်တဲ့ခေတ်နဲ့ ဂျူး​တွေရဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တွေမှာ ကတ်သလစ်ကျောင်းတော်က လက်​ပိုက်​ကြည့်နေခဲ့တဲ့အကြောင်းတွေ စသဖြင့် ကျောင်း​တော်​ရဲ့ တရား​သေ အယူအဆ​တွေကို သရော်​လှောင်​ပြောင်​ထားတဲ့​ ဒိုင်​ယာ​လော့​တွေ အများကြီး​ပါဝင်​ပါတယ်​။ ရုပ်ရှင်​ထဲမှာ Ben​ Affleck, Matt Damon, Linda Florentino, Salma Hayek နဲ့ Chris Rock လို နာမည်ကြီး​သရုပ်ဆောင်​များ ပါဝင်​ထား​တဲ့အပြင်​ ၂၀၀၀ ဝန်းကျင်က နာမည်ကြီး​အဆိုတော်​ Alanis Morissette​ ကလည်း ဘုရား​သခင်​အဖြစ်​ ပါဝင်​ထားပါသေးတယ်။ ဒါရိုက်တာ​ကတော့ Kevin Smith ဖြစ်​ပြီး ဒီရုပ်ရှင်ထဲမှာပဲ Silent Bob ဆို​တဲ့ ဇာတ်​ကောင်​အဖြစ်​ ပါဝင်​အားဖြည့်​ထား​ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Bartleby နဲ့ Loki တို့ဟာ တမန်​တော်​နှစ်​ပါးဖြစ်ပြီး ဘုရား​သခင်​က အပြစ်​ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်​နေကြ​ပါတယ်​။ တစ်​နေ့မှာ​ သူတို့ရဲ့အပြစ်တွေကို ချေဖျက်​ပြီး ကောင်း​ကင်ဘုံ​ကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်​တစ်ခုကို တွေ့ရှိ​ခဲ့ပါတယ်။ ဒါကတော့​ ကတ်​သလစ်သာသနာရဲ့ တရား​သေ ယုံကြည်မှု​တစ်​ခုဖြစ်တဲ့ Planery Indulgence ဖြစ်​ပြီး​ နယူး​ဂျာစီက ဘုရား​ကျောင်း​တစ်ခု​ထဲက မုခ်​ဦး​တစ်ခုကို​ ဖြတ်​လျှောက်​လိုက်​ရုံနဲ့ ဘုရား​သခင်​က သူတို့​နှစ်ဦး​ကို ခွင့်​လွှတ်​ရမှာ ဖြစ်​တယ်​လို့ဆိုပါတယ်။ ဒါပေမဲ့​ ဒီကိစ္စ​က ​ထင်ထားတာထက် နက်​နဲပြီး သူတို့နှစ်ဦး​ မုခ်​ဦး​ကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်​တည်​မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး​ ပျက်​သုဉ်း​သွားမှာပါ။ ဒီတော့ ဘုရား​သခင်​ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦး​ဆောင်​ပြီး အဖွဲ့တစ်ခု ဖွဲ့စည်း​ကာ တမန်​တော်​နှစ်​ပါး​ကို တားဆီး​ဖို့ ပြင်ဆင်​ရပါ​တော့တယ်။ အဖွဲ့​ထဲမှာ The Last Scion ဖြစ်​တဲ့ မိန်းကလေး​တစ်ဦး၊ ခရစ်​တော်​ရဲ့ ၁၃ ပါးမြောက်​ Apostle​ နဲ့ Muse နတ်သမီး​တစ်ပါး၊ ဆေးသမား ​ဂျလေဘီနှစ်ယောက်​ ပါဝင်​ကြပါ​တယ်။ ဇာတ်လမ်း​အမျိုး​အစား​က Satire/Comedy အမျိုး​အစား​ဖြစ်​ပြီး​ ဒီရုပ်ရှင်ကို မုန်း​တီး​ကြသူတွေရှိသလို ​ယုံကြည်​မှု​နဲ့ဆိုင်တဲ့ လေးနက်​တဲ့ အကြောင်း​အရာ​တွေ​ကို ဟာသဆန်​တဲ့ ဒိုင်​ယာ​လော့တွေနဲ့ အနား​သတ်​ထား​ပုံ​တွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေး​ခွန်း​ထုတ်​သရော်​ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်​ရှင်​လို့လည်း သတ်မှတ်​နိုင်​ပါတယ်။ ရိုင်း​ပျပြင်းထန်တဲ့ စကားလုံး​တွေ၊ ပြကွက်တွေ ပါဝင်​တာကြောင့်​ R-rated သတ်မှတ်​ထား​ပြီး၊ ဘာသာ​ရေး​အရ ထိရှ​လွယ်​သူတွေ ကြည့်​ရှု​ဖို့​မသင့်ပါဘူး။ File size…(1.6 GB)/(897 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Crime • Drama • Mystery
0 1999
Dogma