YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

FBI.International.S02E22.1080p.AMZN.WEB-DL.(CM).mp4

841.28 MB 1080p video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
Just Like Heaven
6.9

ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့ Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။ သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကို‌မ‌မေ့နိုင်သေးတဲ့ ဒေးဗစ်အက်ဘော့တ‌ယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်း ဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာက‌ရောဘာကြောင့်လဲ?။ အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူ‌နေ သူတို့နှစ်ယောက်ရဲ့ ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့‌ အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာ ဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ် ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Romance • Thriller
6.9 2005 95 mins
Just Like Heaven
The Condemned
6

ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင် သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန် သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ... အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က (Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည် ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာ အတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီး ပေးလိုက်တဲ့အခါ…. မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့ အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာ အယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့….. နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်. WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ် Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Action • Fantasy
6 2007 113 mins
The Condemned
Dreamy Eyes
6.9

"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..." စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။ နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား သီချင်းတစ်ပုဒ်လား ဒါမှမဟုတ်... ဒါမှမဟုတ်... ဒါ... မှ.. မဟုတ်။ ထားပါလေ ခရေပွင့်ကြွေကောက် ပြန်လာသူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာပဲမဟုတ်လား။ လူသားတို့ ပေါင်းမိရင် ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲလေ...။ ဒီလိုနဲ့ ဒီကမ္ဘာပေါ်က သူရဲကောင်းများစွာတို့လိုပဲ ကောင်လေးဟာ ကျော့ဆုံးကို မမြင်ခဲ့ရဘူး။ နှစ်လသက္ကရာဇ်တွေ ကုန်လွယ်လွန်းလိုက်ပုံများ ရွာဈေးထိပ်က သစ်ပင်အိုကြီးတောင် သေဆုံးခဲ့တာ... ကြာပြီ။ နှင်းဆီခြုံတောကလေးမှာ ဝေဝေရီရီမျက်ဝန်းကလေးတွေဟာလည်း ပုံရိပ်အဖြစ်ပဲ ထင်ကျန်နေရစ်ခဲ့ပြီ။ ငြိမ်းချမ်းတဲ့ကံဇာတာနယ်မှာ လမ်းဖြောင့်ဖြောင့်သာမယ် ထင်မှတ်မှားဖူးခဲ့တဲ့ နေ့ရက်များစွာ ကုန်လွန်သွား...။ ဆော့ရင်းကစားရင်းက သပြေသီးမှည့်အကောက်သွားတဲ့ ကောင်မလေးတစ်ယောက် ထားခဲ့တဲ့ အုန်းလက်နွားကလေးဟာ ဒုတိယနေရာမှာလည်း ပထမအဆင့်နဲ့ ခေါင်းငုံ့ချစ်ခွင့်မရှိဘူးလို့ ဘယ်သူတွေပြောလဲ။ အခုတော့ စက်ဘီးကလေးမှာ ကယ်ရီယာခုံလေးလည်း မဲ့ခဲ့ပြီ။ ရထားချင်းလမ်းကွဲခဲ့ပုံများ တစ်ဘဝလုံးကုန်တာတောင်မှ ငါ့မှာမဆုံခဲ့ရဘူး။ လူအ,တစ်ယောက်လို့ အားလုံးက သမုဒ်ကြပါစေ။ နှင်းဆီခြုံတောအဝင်၀ တည်နေလှပတဲ့ ဝေဝေရီရီမျက်၀န်းတွေကို ဘာပဲဖြစ်ဖြစ် ငါကတော့ ဆက်ချစ်နေမယ်။ ရင်နှင့်အမျှ အလွမ်းရင့် လွမ်းမပြယ်။ " သံသရာကို ဘယ်လိုပဲအမည်ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက် ရှိတဲ့အကြောင်း သိစေချင်ရုံပါ... ။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ… ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ...။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ...။ ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့.. အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ...။ " ~ Word and Poetry Ref - နှင်းဆီပွင့်၊ အုန်းလက်နွား၊ ဘကြီးအောင်ညာတယ် (မင်းသုဝဏ်) - မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွလေးဖြစ်သည် (တာရာမင်းဝေ) - အလွမ်းရင့် လွမ်းမပြယ်၊ ငယ်သူမို့ (စိုးလွင်လွင်) - အချစ်ကိုဦးစားပေးခဲ့သူ (စိုင်းခမ်းလိတ်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 57Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.9 2019 117 mins
Dreamy Eyes
The Quest for Tom Sawyer’s Gold
5.1

The Quest for Tom Sawyer’s Gold (2023) ============================= မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ တကယ်လိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူမသိအောင် ခိုးထွက်သွားတဲ့ သားကို လိုက်ရှာဖို့လုပ်ရင်း အက်ဂီ လည်း စွန့်စားခန်းပြန်ထွက်ဖို့ ကြုံလာပါတယ်။ ဒါပေမယ့် ရတနာတွေ ကို လိုက်ရှာဖို့ ကြိုးစားတာက သူတို့ချည်းတင်မဟုတ်ဘဲ ကျောင်းကို အသစ်ရောက်လာတဲ့ မစ္စတာ အေဂျေ ဆိုတဲ့ ဆရာတစ်ယောက်လည်း ပါပါတယ်။ အက်ဂီဟာ ကောလိပ်မှာတုန်းက မစ္စတာ အေဂျေရဲ့ သုတေ သနလက်ထောက်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့တွေ ရွှေတွေကို လိုက်ရှာဖို့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပေါ့ပေါ့ ပါးပါး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.6 GB) / (714 MB) / (408 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 28Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Family Translator…….Leonard Lin Encoder……….SWM

5.1 2023 88 mins
The Quest for Tom Sawyer’s Gold
Mangkujiwo 2
7.1

Mangkujiwo 2 (2023) (မှန်သရဲ) IMDb 7.4/10 မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ.. အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ .. ၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ် ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့ သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် ) Genre….. Horror Quality…. 1080p | 720p File size… 1.7GB | 734MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yunni Encoder ….. Aaron

7.1 2023
Mangkujiwo 2
The Group

၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။ သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။ Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke Day Hill၊ Nobuse Junior၊ Alicia Novak တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ William Higo ဖြစ်ပါတယ်။ File size…(812 MB)/(428 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

0 2022
The Group
Daddy Daughter Trip

လယ်ရီက တီထွင်ဉာဏ်ရင့်သန်သူဖြစ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်တတ်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေက ကြီးကြီးမားမား ဖြစ်မလာသေးသူပါ။ သူ့ရဲ့သမီးငယ်လေး ၈ နှစ်အရွယ် မယ်ရာကတော့ ပုံဆွဲရာမှာ ထူးချွန်လှသူဖြစ်ပြီး လယ်ရီပြောပြတဲ့ပုံပြင်လေးတွေကို ပုံလေးတွေဆွဲပြီး ကြီးလာရင် ကာတွန်းရေးဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိသူလေးဖြစ်ပါတယ်။ ဒီလိုနဲ့ မယ်ရာ့ရဲ့နွေဦးကျောင်းပိတ်ရက်မှာ တခြားကလေးတွေလို ကျောင်းပိတ်ရက်ခရီးထွက်ချင်ပေမဲ့ အလုပ်မရှိဘဲ အချိန်ပိုင်းတွေသာလုပ်နေရတဲ့ လယ်ရီက ခရီးပို့ပေးမယ်လို့ အရင်နှစ်က ပေးခဲ့တဲ့ သူ့ရဲ့ကတိကို တည်အောင်ကြိုးစားရပါတော့တယ်။ လယ်ရီ တစ်ယောက် အစီအစဉ်မရှိဘဲ မယ်ရာ့ကို ခြေဦးတည့်ရာခေါ်သွားရင်း ဟိုဟိုဒီဒီလုပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကံကြမ္မာက သူ့အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ခရီးသွားဘလော့ဂါ လင်မယားနှစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရာမှာတော့… သူတို့ကြား ပြဿနာတွေနဲ့ လွဲချော်မှုလေးတွေကို Comedy/Animation အဖြစ် ဟာသဆန်ဆန် ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့အတူ ကြည့်နိုင်မဲ့ ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2022 100 mins
Daddy Daughter Trip
Pariah Vol. 1
6.9

Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် )

6.9 2024 135 mins
Pariah Vol. 1
Love Actually
7.6

Love Actually (2003) IMDb Rating (7.6) / Rotten Tomatoes (64 %) နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်…. မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာ ဘယ်မျိုးသောအကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကိုရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ကြီးတစ်ယောက်တော့ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး ? #LoveActually #HollywoodDope #Dave (ရုပ်ရှင်အညွှန်းကို Hollywood Dope Facebook Page မှ ကူးယူဖော်ပြပါသည်။)

7.6 2003 135 mins
Love Actually
The Mediterranean Laut Tengah
7.4

The Mediterranean (2024) IMDb Rating (7.4) Haia ဆိုတဲ့ အမျိုးသမီး လေး တစ်ယောက်ဟာ ကိုရီးယားနိုင်ငံကို သွားရောက်ပြီးတော့ မာစတာဘွဲ့ ယူဖို့ စကောလားရှစ် လျောက်ထားပြီး အိပ်မက် မက်နေတဲ့ကောင်မလေး တစ်ယောက် ဖြစ်ပါတယ်။ တနေ့မှာတော့ ကံဆိုးမိုးမှောင် ကျမှုတွေဟာ ဆက်တိုက် ဆိုသလို ဖြစ်လာပြီး သူမရဲ့ အဖေကို ဆုံးရှုံးလိုက်ရရုံသာမက သူမရဲ့ ကိုရီးယား စကောလားရှစ် လျှောက်လွှာဟာ ပယ်ချခံလိုက်ရပါတော့တယ်။ အဖေ အမေ မရှိတော့တဲ့ Haia လေး ဟာမကောင်းတဲ့ မိန်းမ အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ သူမရဲ့ ‌အဒေါ်နဲ့ အတူတူ နေရဖို့ အကြောင်းဖန်လာပါတော့တယ်။ သူမ အနေနဲ့ သူ့ အဒေါ်ရဲ့ လွှမ်းမိုးမှု အောက်ကနေ ရုန်းထွက်ပြီး ကိုရီးယားမှာ မာစတာ ဘွဲ့ ယူချင်တဲ့ အိပ်မက်ကကော ဖြစ်လာပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှု့ လိုက်ပါခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thet Naing ဖြစ်ပါတယ်။) File size…(1.5 GB) / (770 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:48:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thet Naing

Horror • Thriller
7.4 2024 108 mins
The Mediterranean Laut Tengah
47 Ronin
6.3

47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေ‌ေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်‌ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကို‌ဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ —————- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John Wickဇာတ်ကား‌ေတွနဲ့ကျွန်တော်တို့ရဲ့ အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reeves ပါလာတာပါပဲ။ သူဟာဒီဇာတ်ကားမှာ မှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီး ဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှာသရုပ်ဆောင်ထားပါတယ်။ ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့ လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။ အနှိမ်ခံရတယ်။ အချိုးခံရတယ်။ ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။ အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။ ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရော သူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။ ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။ ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size – (5.9 GB)/ (1.3 GB)/ (575MB) Quality – BluRay 4K HEVC/ 1080p / 720p Subtitle – burmese Translator – Nay Myo Thu Encoder – Thit San Khant

Drama • Mystery • Thriller
6.3 2013 119 mins
47 Ronin
Mukden Funeral Shop
6.2

“ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ …..ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ “ယင်းတောင်ရဲ့ နတ်ဆိုးအရှင်” ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ……မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ် စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း နက်နဲလာသည်နှင့်အမျှ ဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်သူ ရွှီစစ်ကျို ဟာလည်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်ကိုယ်တွေ ကြုံတွေ့လာရတဲ့အခါ….? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေကိုရော သူတို့တွေရှာတွေ့နိုင်ကြမလားဆိုတာ အသည်းတထိတ်ထိတ်ရင်တဖိုဖို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်လို့ Horror Movie ကိုကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ အသေချာပါပဲ

Drama • Family • Comedy
6.2 2022
Mukden Funeral Shop
Until Dawn
6

Until Dawn (2025) IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ? ဇာတ်လမ်းအကျဉ်း ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.5 GB) / (1.7 GB) / (840 MB) Quality….WEB-DL 1080p HEVC / WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:43:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Thit San Khant Translated by Matteo

6 2025 103 mins
Until Dawn