YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Father.Christmas.Is.Back.2021.480p.WEBRip[CM].mp4

556.9 MB N/A video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Malikappuram
8

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni

Drama • War
8 2022 121 mins
Malikappuram
Mona Lisa Smile
6.9

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာ ဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာ မလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကို အတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာ လကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်း တွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်း သူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။ သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက် လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့် အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက် မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြု ဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ် ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။ (ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(3.5 GB) / (1.07 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Arr Khun Winchester Encoder..........Zin Phyo Aung

Action • Adventure • Crime • Drama • Fantasy • Horror • Mystery
6.9 2003 117 mins
Mona Lisa Smile
As Good as Dead
6.7

As Good As Dead (2022) ~ Rotten Tomatoes - 71% ~ အခုမိတ်ဆက်ပေးမယ့် အက်ရှင်ဇာတ်ကားကတော့ ဝါရင့်မင်းသားကြီး Michael Jai White ကိုယ်တိုင်ရေး ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Rotten Tomatoes မှာ 71 % အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ Michael Jai White ကတော့ Boxing လောကမှာ The Man, The Myth, The Legend လို့ ခေါ်လေ့ရှိကြတဲ့ Mike Tyson အနေနဲ့ HBO က ထုတ်လုပ်ထားတဲ့ 1995 တုန်းက Tyson - O Mito ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့သူပါ။ ဒီဇာတ်ကားထဲမှာတော့ Lucas Oriel နဲ့ Gabriela Quezada တို့က Michael ကို လူငယ်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဘရိုင်ယန့်ဆိုတဲ့သူတစ်ယောက်ကနေ ပြဿနာရှာလာခဲ့တဲ့ အော်စကာဆိုသူ ချာတိတ်တစ်ယောက်ကို မိတ်ဖွဲ့မိရာကနေ ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတယ်။ အော်စကာဟာ MMA ဖိုက်တာ တစ်ယောက်ဖြစ်ချင်တဲ့အတွက် ဘရိုင်ယန့်ပုံမှန် ကိုယ်ဟန်ပြလေ့ကျင့်နေတဲ့အချိန်မှာ သွားချောင်းပြီး လိုက်အတုယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ အော်စကာပြဿနာတက်သွားတာကို ဘရိုင်ယန့်ကတွေ့သွားပြီးတော့ သူ့ကို သနားသွားလို့ သူရဲ့ Signature တိုက်ကွက်တွေကို သင်ပေးလိုက်ပါတော့တယ်။ အဲဒါကို အော်စကာက သတိမထားမိဘဲ သူ့စွမ်းရည်ကို တိုင်းတာချင်သပဆိုပြီး သူ့အစ်ကိုခေါ်သွားတဲ့ ချိန်းပွဲတစ်ခုမှာဝင်ထိုးပြီး နာမည်ကြီးသွားပါတော့တယ်။ ဘရိုင်ယန့်သင်ပေးလိုက်တဲ့ တိုက်ကွက်တွေမှန်း ဘရိုင်ယန့်ရဲ့ အဆွေအနှောင်းတွေက အော်စကာကနေတစ်ဆင့်သိလိုက်တဲ့အချိန်မှာ ဘရိုင်ယန့်ကို ရှာဖို့ကြိုးစားပါတော့တယ်။ ဒါနဲ့ပဲ ဘရိုင်ယန့်ဟာ တစ်ချိန်က ဘယ်သူများဖြစ်ခဲ့တာလဲ... ဘယ်လိုရာဇဝင်တွေရှိခဲ့မလဲ... ဆိုတာကို ဒီဇာတ်ကားမှာ ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 29Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

TV Movie • Thriller
6.7 2022 88 mins
As Good as Dead
The Twins Effect (Vampire Effect)
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ “Day For Night”စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama
6 2003
The Twins Effect (Vampire Effect)
The Phantom Lover
6.6

The Phantom Lover (1995) ~ IMDb – 6.6/10, Rotten Tomatoes – 60% ~ လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။ နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 865MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Music, Romace Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 1995
The Phantom Lover
Taeter Burger
5.5

ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ် သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်း လုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊ စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလို အခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်…။ လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကို သုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကို ကျွေးမွေးထားပါတယ်…။ အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလို စားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ် ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.59 GB / 812 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 15m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

TV Movie • Comedy • Romance
5.5 2023 75 mins
Taeter Burger
The Goldman Case
7.2

လုယက်မှုပေါင်းများစွာနဲ့ လူသတ်မှုအတွက် ရုံတင်စစ်ဆေးခြင်းခံခဲ့ရပြီး ထူးဆန်းစွာနဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ပြင်သစ်လက်ဝဲတော်လှန်ရေးသမား ပိုလန်ဂျူးလူမျိုး ပီးယားဂိုးမန်း ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတဲ့ ပြင်သစ် Crime/Drama/History ဇာတ်ကားကောင်းလေးတစ်ကားပါ အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ဂျူးမုန်းတီးရေး ဂျူးဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုတွေကြားထဲက တရားမျှတမှုအကြောင်းကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ သူ့ကိုအမိန့်ချမှတ်ခဲ့တဲ့ နောက်ဆုံးတရားခွင်ကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတာပါ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Drama • Fantasy
7.2 2023 118 mins
The Goldman Case
A Sound of Thunder

2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။ Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို သတ်နေတာက အလွန်အန္တရာယ်များကြောင်း သတိပေးခဲ့ပါတယ်။ Sonia သတိပေးခဲ့သလိုပဲ နောက်ရက် အချိန်ခုန်ကူးတဲ့ အချိန်မှာမတော်တဆမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၄နာရီ ပြည့်သွားတဲ့အခါမှ လက်ရှိအချိန်ကို သက်ရောက်မှု ဖြစ်သွားပြီး တစ်ခါမှ မမြင်ဖူးတဲ့ ကမ္ဘာဦးတိရစ္ဆာန်တွေလို အကောင်မျိုးတွေ ပေါ်လာပြီး ကမ္ဘာကြီးက တစ်မုဟုတ်ချင်း တောကြီးအသွင်ပြောင်းသွားခဲ့တာပါ။ နဂိုအခြေအနေ ပြန်ရောက်ဖို့ Travisက ဘာမှားသွားလဲ ဆိုတာ သိရအောင် လုပ်ပြီး အတိတ်ကို ပြန်ပြီး အချိန်ခုန်ကူးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား။ Travisကရော နဂိုအခြေအနေ ပြန်ရောက်အောင် ကြိုးစားတာ အောင်မြင်ပါ့မလား ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ပါ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Thriller, Science Fiction, Adventure and Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2005
A Sound of Thunder
Siapa Tutup Lampu?
6.2

Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်) Genre…..Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Thriller
6.2 2021
Siapa Tutup Lampu?
No Voltees
6.5

No Voltees (2024) / IMDb Rating (6.5) ၂၀၂၄ ခုနှစ် အသစ်ထွက် စပိန်စကားပြော မက်ဆီကို သရဲကားလေး ဖြစ်ပါတယ်။ အော်ရိုရာဆိုတာ ညှင်းပန်းနှိပ်စက်တတ်တဲ့ ပါတနာကြောင့် စိတ်ဖိစီးမှု ခံစားနေရတဲ့သူလေးပါ။ တစ်ရက်ကျ အမွှာမောင်လေးဖြစ်သူ မာတင်က တစ်ယောက်တည်းနေတဲ့ အမေ့အိမ်မှာ တစ်ခုခု ဖြစ်နေလို့ လာပါဦးဆိုပြီး ဖုန်းဆက်ခေါ်ပါတယ်။ မာတင်က ငယ်ငယ်တုန်းက ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို မေ့ပျောက်နေလို့ စိတ်ကုထုံးတွေပြပြီး အဖြေရှာနေသူပါ၊ မှတ်မိတဲ့ အစ်မကိုလည်း ဆက်တိုက်မေးနေခဲ့တာပေါ့။ ဒီလိုနဲ့ အမွှာမောင်နှမနှစ်ယောက် မပြန်တာကြာပြီဖြစ်တဲ့ အမေ့အိမ်ကို ပြန်ရောက်တဲ့အချိန် ပြဿနာတွေ တက်ပါတော့တယ်။ ဖခင်သေဆုံးခဲ့တာ အနှစ် ၂၀ ကျော်ပေမဲ့လည်း အမေဖြစ်သူက အဖေရှိတယ် ပြောလို့ပြော၊ အိမ်ထဲမှာလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လာတဲ့အခါ မောင်နှမနှစ်ယောက် အတိတ်တုန်းက စိတ်ဒဏ်ရာအဖြစ်အပျက်တွေနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာတော့… ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ခြောက်ခြားထိတ်လန့်ဖွယ်ရာတွေနဲ့အတူ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Duration….01:35:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.5 2024 95 mins
No Voltees
Super Bear
6.1

Super Bear (2019) ********************** တောရိုင်းထဲမှာ နေထိုင်ကျက်စားနေတဲ့ ဝက်ဝံသားအဖလေးနှစ်ကောင် ရှိပါတယ် .. ဆီဟငယ်ငယ်တုန်းက ဆီဟလေးအမေကို မှောင်ခိုသမားတွေ လာဖမ်းသွားတာကြောင့် အမိမဲ့သားလေးကို ဝက်ဝံဖေဖေကြီးက အရမ်းချစ်ရှာပါတယ် .. တစ်နေ့ သူတို့သားအဖနှစ်ကောင်အပေါ် ကံဆိုးမိုးမောင်ကျပြီး တောရိုင်းမှောင်ခိုသမားတွေဟာ ဆီဟလေးကို ဖမ်းသွားပါတော့တယ် .. ဝက်ဝံဖေဖေကြီးက သားဖြစ်သူကို ဖမ်းသွားတဲ့ကားနောက် လိုက်ခဲ့ပေမယ့် မမှီခဲ့ပါဘူး .. ဒီလိုနဲ့ လမ်းပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်မှောင်ခိုလုပ်နေတဲ့ အဖွဲ့ကိုလိုက်လံဖော်ထုတ်နေတဲ့ အေးဂျင့်ဟွန်တို့နဲ့ မထင်မှတ်ဘဲ တွေ့ဆုံမိပြီး သူ့သား ဆီဟကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် .. (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်) File size…1.23GB / 541MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….01:28:00 Genre ….. Animation , Family Subtitle….Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by AHtet

6.1 2019 85 mins
Super Bear
Fighting For The Motherland
5.8

အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက် ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကို လက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့…. ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာ တကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီး နယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြား ပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ် တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ် စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာ အများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာ တကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့် ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့ တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော်

Comedy • Horror • Thriller
5.8 2021 110 mins
Fighting For The Motherland
The Con Artists
6.5

The Con Artists (2014) ********************* IMDb… 6.5 ဒီတစ်ခါမှာတော့ Kim Woo Bin၊ Lee Hyun Woo၊ Ko Chang Seok တို့ အဓိကသရုပ်ဆောင်ထားပြီး ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့ The Con artist ဆိုတဲ့ ရာဇဝတ် ဟာသဇာတ်ကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ အီဂျီဟျော့ကတော့ ငွေစက္ကူအတုပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့အပြင် မီးခံသေတ္တာတွေကို ဖောက်ထွင်းပြီး ကျောက်မျက်ရတနာတွေ ပိုက်ဆံတွေကို ခိုးယူကာ အထက်တန်းဆန်တဲ့ဘဝမှာ နေထိုင်နေသူတစ်ဦးပါ။ အဲဒီလိုနဲ့ အီဂျီဟျော့က စီမံချက်ရေးဆွဲသူ ဂူအင်း၊ နည်းပညာဘက်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဟက်ကာ ဂျုံဘယ်တို့နဲ့ အတူ ပူးပေါင်းပြီး ဖောက်ထွင်းခဲ့တဲ့ ရတနာဆိုင်က သူဌေးဂျိုဒယ်ဂျင်းရဲ့ ရတနာဆိုင်ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဌေးဂျိုဒယ်ဂျင်းကလည်း အင်ချွန်း အကောက်ခွန်ဌာနကို ဖောက်ထွင်းဖို့အတွက် ကျွမ်းကျင်တဲ့လူကို ရှာဖွေနေခဲ့တာကြောင့် သူတို့ ၃ ဦးကို အလုပ်အတူတူ တွဲလုပ်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေ အတူပူးပေါင်းကာ လုံခြုံရေးတင်းကျပ်တဲ့ အကောက်ခွန်ရုံးထဲကို ဝင်ပြီးတော့ မိနစ် 40 အတွင်းမှာ 150 ဘီလီယံဝမ်ကို ခိုးယူဖို့အတွက် ဘယ်လိုတွေကြိုးစားသွားကြမလဲ..။ သူတို့ရဲ့ အစီအစဉ်ကရော အောင်မြင်သွားမလားဆိုတာတွေကိုတော့ ဒီကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်…) File Size : 2.03GB/ 900MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:57:00 Genre : Action, Thriller, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

6.5 2014 116 mins
The Con Artists
One Piece: The Movie
6.9

One Piece: The Movie (2000) IMDB- 6.9/10, RT-86% —————————– ငဖီတို့ရဲ့ 2000 ခုနှစ်ကထွက်ရှိထားတဲ့ Movie ဖြစ်ပါတယ်။ Crew တ္ပေကတော့ Usopp join ပြီးတဲ့ကာလကို အခြေခံထားတာပေါ့။ ဇာတ်လမ်းက Woonan ဆိုတဲ့ ပင်လယ်ဓားပြကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရွှေတွေအားလုံးရဲ့သုံးပုံတစ်ပုံ ပမာဏကို ရှာဖွေစုဆောင်းခဲ့ပါတယ်။ အဲဒါ ပြီးတော့ သူစုဆောင်းခဲ့တဲ့ တောင်ပုံယာပုံရွှေတွေကို ကျွန်းတစ်ကျွန်းမှာမြှုပ်နှံထားခဲ့တဲ့အတွက်… ဒီကျွန်းရဲ့ မြေပုံကိုရထားတဲ့ ပင်လယ်ဓားပြအဖွဲ့နဲ့ ကောက်ရိုးဦးထုပ်အဖွဲ့သားတွေ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရွှေတွေကိုရော ဘယ်သူတွေရသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ One Piece ဇာတ်လမ်းတွဲမကြည့်ဖူးသေးတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေပြီး… One Piece fan တွေအတွက်လည်း အလွမ်းပြေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 2 GB / 650 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 51m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Na Ei

Comedy • Romance
6.9 2000 51 mins
One Piece: The Movie
Zero Effect
6.9

Zero Effect (1998) IMDb Rating (6.9) / Rotten Tomatoes (66%) ဒီဇာတ်ကားကတော့ အခုဆိုရင် ဝါရင့်ဒါရိုက်တာတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Bill Pullman နဲ့ ဝါရင့်ဟာသမင်းသားဖကြီးဖြစ်တဲ့ Ben Stiller တို့က ဇာတ်ဆောင်မင်းသားတွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy, Crime, Drama genre ဝင် ဇာတ်ကားတစ်ကားတဲ့အတွက် boomers တို့ ဒါမှမဟုတ် ၂၁ ရာစုအစက ဒရာမာတွေကို သဘောကျတဲ့သူတွေအတွက်တော့ ဂွတ်ရှယ်လို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း ဒါးရ်လ်ဇီးရိုးလို့အမည်ရတဲ့ ပုဂ္ဂိုလ်က သူ့လောကမှာဆိုရင် ထိပ်တန်းအလွတ်တမ်းစုံထောက်တစ်ယောက်အနေနဲ့ နာမည်ကြီးတဲ့သူပါ။ သူက ဘယ်တော့မှ သူ့ရဲ့သရုပ်မှန်အမည်မှန်ကိုမပြဘဲ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ အာလိုကနေပဲတစ်ဆင့် အမှုသည်တွေနဲ့ ဆက်သွယ်စကားပြောပြီး သူတို့ပြဿနာတွေကို အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြေရှင်းပေးနိုင်တဲ့အတွက် နာမည်ကြီးနေတဲ့သူပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ ဒါးရ်လ်က သူ့အလုပ်မှာအရမ်းတော်ပေမယ့် social စကေးကလည်းမကောင်း၊ အားတဲ့အချိန်မှာ ရေးတဲ့သီချင်းကလည်း အရမ်းငြီးငွေ့ပြီးဆိုးရွားလွန်းတဲ့အတွက် သူ့လက်ထောက် အာလိုတစ်ယောက် တစ်ခါတစ်လေကျ စိတ်ပျက်နေရသူပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာတော့ လူချမ်းသာတစ်ယောက်ကို အမည်မသိပုဂ္ဂိုလ်တစ်ယောက်က ခြိမ်းခြောက်လာပါတယ်။ ဇီးရိုးဟာ ဂရေဂိုရီစတာ့ခ်လို့ခေါ်တဲ့ လူချမ်းသာတစ်ယောက် သူ့ရဲ့လုံခြုံရေးသေတ္တာသော့ပျောက်သွားတဲ့အပြင်မှာ တစ်ချိန်က စတာ့ခ်ရဲ့ ရန်ဘက်တော်ဖြစ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်က သူ့ကိုခြိမ်းခြောက်အကြပ်ကိုင်လာတာကို ဖြေရှင်းပေးဖို့ဖြစ်လာပါတယ်။ ဇီးရိုးတစ်ယောက် စတာ့ခ်ရဲ့အမှုကိုဖြေရှင်းပေးတဲ့တစ်လျှောက် ဘယ်လိုအတွေ့အကြုံ အလှည့်အပြောင်းမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.6 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime, Drama, Mystery, Romance, Thriller Duration…. 01:57:03 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

6.9 1998 116 mins
Zero Effect