YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Family.The.Unbreakable.Bond.(2023)EP5.WEB-DL.720P(CM).mp4

497.03 MB N/A video/mp4 1861 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Furioza
6.3

ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size          : 2.7GB,  1.1GB & 539MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format            : mp4 Duration         : 2hr & 19mins Genre              : Action, Crime, Drama Translated by  May Myat Thu Encoded by Kinnov

Comedy • Family • Fantasy • Music • Science Fiction • TV Movie
6.3 2021 139 mins
Furioza
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
Brothers
7.5

Brothers (2004) အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။ အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 2.6GB, 1.1GB, 551MB Quality : 1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 1hr 57mins Genre : Drama, War Translated by Themes

TV Movie • Comedy • Romance • Drama
7.5 2004
Brothers
Pleasantville
7.5

Pleasantville (1998) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။ အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။ လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ… ဘာကြောင့် အရောင်စုံလာတာလဲ… ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။ ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။ ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။ ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ‌ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။ “Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို ‌အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.40GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Comedy
7.5 1998
Pleasantville
Murder Syndicate

2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။ ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့ ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့ အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကို သားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာ မရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာ အနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီး သူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့ အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကို ရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.11 GB / 508MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Murder Syndicate
Beyond Existence
5.7

ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကို ရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့ အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကို တွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာ ပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်က ပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေ ရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်း အန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲ သူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲ သူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရော ဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.37GB / 588MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2022
Beyond Existence
Impuratus

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2022 135 mins
Impuratus
Ali G Indahouse

Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2002
Ali G Indahouse
[18+] Mad Movie
5.1

အာယာခါဟာ မင်ဂျွန်းတို့ မိသားစုကို တွေ့ဖို့အတွက် သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ဆာအိုရီနဲ့အတူ တောင်ကိုရီးယားကို လာခဲ့ပါတယ်။ တစ်​နေ့မှာ ဆာအိုရီ၊ အာယာခါနဲ့ မင်ဂျွန်းတို့ ​လျှောက်လည်ကြရင်း .. ရုတ်တရက် မင်ဂျွန်းက ​ပျောက်သွားခဲ့ပါတယ် .. အာယာခါတို့ ၂​ယောက် မင်ဂျွန်းကို လိုက်ရှာရင်း ​.. ယုံဂျွန်းနဲ့ ဒုံဟျွန်းဆိုတဲ့ သရဲရုပ်ရှင်ရိုက်ကူး​ရေးလုပ်​နေတဲ့သူ ၂​ယောက်နဲ့​ တွေ့သွားပါ​တော့တယ် ယုံဂျွန်းတို့ ၂ ​ယောက်က ဆာအိုရီနဲ့ အာယာခါကို ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းကာ .. အပန်းဖြေကစားကွင်းအောက်ထပ်က ပိတ်ထားတဲ့ အ​ဆောက်အဦတစ်ခုဆီ ​ခေါ်သွားခဲ့ပါတယ် .. အဲဒီအ​ဆောက်အဦထဲမှာ သူတို့ ၄ယောက် ဘာဆက်ဖြစ်ကြမလဲ .. မင်ဂျွန်းက​ရော ဘယ်ကို​​​ရောက်သွားလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. File Size : 1.59 GB, 552 MB Quality : 1080p,720p Format…mp4 Duration…01:16:6 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

5.1 2015 74 mins
[18+] Mad Movie
The Human Condition II: Road to Eternity
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.15GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
8.5 1959 178 mins
The Human Condition II: Road to Eternity
A Nonsense Christmas with Sabrina Carpenter
6.8

A Nonsense Christmas with Sabrina Carpenter (2024) IMDb Rating (6.8) 2024 မှာ viral ဖြစ်သွားတဲ့ Espresso ဆိုတဲ့ သီချင်းကို ကြားဖူးနားဝ မရှိသူဆိုတာ မရှိသလောက်တောင် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီသီချင်းနဲ့အတူ Sabrina Carpenter ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူ့ရဲ့ အနုပညာနဲ့ အရည်အချင်းကို အရင်ကထက်ပိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ Short n’ Sweet era ကျမှ သူ့ကို စရင်းနှီးသူဆိုရင်တော့ သူ့ရဲ့ သီချင်းတွေ နားထောင်ပြီး ဒီကောင်မလေး nasty ဖြစ်လိုက်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပါယ်နှစ်ခွဖြစ်စေပြီး witty ဖြစ်တဲ့ စာသားလေးတွေ ရေးတတ်တာက Sabrina Carpenter ရဲ့ အထာပါပဲ။ ဘာသာပြန်ကတော့ ဒီလိုစကားလုံးတွေကို လှပအောင် ကြွယ်တတ်တဲ့ သူ့စတိုင်လ်ကို အတော်သဘောကျပါတယ်။ အခုချိန်မှာ Sabrina Carpenter ဟာ Short n’ Sweet tour လုပ်နေပါတယ်။ Christmas Holiday မှာလည်း ပရိတ်သတ်တွေ မပျင်းရလေအောင် ဆရာမလေးက Netflix နဲ့အတူ A Nonsense Christmas ဆိုတဲ့ musical comedy holiday special လေး ထွက်ရှိထားပါတယ်။ ဆိုလိုတဲ့အတိုင်းပဲ သီချင်းတွေလည်းဆိုရင်း ဟာသတွေလည်း လုပ်ရင်း SNL ကြည့်နေရသလိုပါပဲ။ အစက သီချင်းတွေပဲ တန်းစီဆိုသွားမယ်ထင်ထားပေမဲ့ တင်ဆက်ထားပုံက ဆန်းသစ်ပြီး ကြည့်လို့ကောင်းပါတယ်။ ဒါ့အပြင် နာမည်ကျော်တေးဂီတရှင်အမျိုးသမီးတွေလည်း Guest အနေနဲ့ လာရောက်တင်ဆက်ထားပါသေးတယ်။ ဒီတော့ TV-14 rating လို့ သတ်မှတ်ပေးထားတဲ့ Netflix ရှိုးမှာ အဆဲသန်တဲ့ မမဆဘရီနာတို့ သူ့ကိုယ်သူ ဘယ်လိုတွေ ချုပ်တည်းပြီး တင်ဆက်သွားမလဲဆိုတာ ရှုစားပေးကြပါဦး။ **P.S – ကျန်တဲ့သီချင်းတွေ English လို စာတန်းထိုးထား‌ပေမဲ့ ရှိုးမိတ်ဆက်သီချင်းလေးကတော့ မပြန်မဖြစ်မလို့ ဘာသာပြန်လိုက်ရပါတယ်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ A 5ft Tall Girl ဖြစ်ပါတယ်။) File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Documentary, Music Duration….00:50:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by A 5ft Tall Girl

6.8 2024 50 mins
A Nonsense Christmas with Sabrina Carpenter
The Revenant
8

အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ဇာတ်လမ်းကိုလုံးဝအသက်ဝင်သွားအောင် ချပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဇာတ်ကားကောင်းလို့မပြောပါရစေနဲ့။ ထိပ်တန်းဇာတ်ကားပါ။ကောင်းတယ်ဆိုတာထက်ကိုလွန်သွားပါပြီ။ File size… 8.3 GB / 3 GB / 1.8 GB Quality… BluRay 4K HEVC / 1080p / 720p Format… mkv & mp4 Audio… AAC & E-AC-3 Duration…. 2h 6m Genre ….. Action, Adventure, Biography Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hades

Music
8 2015 157 mins
The Revenant
Hi-Five
7.1

Hi-Five (2025) ************** IMDb… 7.1 Moving လို vibe မျိုးလေး ရစေမဲ့ စွမ်းအားရှင်ဟာသကားသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ Jin Young, Yoo Ah-In, Ra Mi-Ran, Oh Jung-Se, Ahn Jae-Hong, Lee Jae-In, Kim Hee-Won စတဲ့ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်သရုပ်‌ဆောင်ပေးထားကြပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဝမ်ဆော (Lee Jae-In)၊ ဘတ်ဂျီဆောင်း (Ahn Jae-Hong)၊ ဂင်ဆွန်းညော (Ra Mi-Ran)၊ ဟောရက်ဆွန်း (Kim Hee-Won) နဲ့ ဟွမ်ဂီဒုံ (Yoo Ah-In) တို့ဟာ အမည်မဲ့အလှူရှင်တစ်ဦးဆီကနေ ကိုယ်တွင်းအင်္ဂါ လက်ခံအစားထိုးထားကြသူများဖြစ်ပါတယ်။ အဲဒီနောက်မှာ ထူးခြားလာတာတစ်ခုကတော့ ကျန်းမာလာတဲ့ ခန္ဓာကိုယ်နဲ့အတူ သဘာဝလွန်စွမ်းအားတွေကိုပါ ရရှိလိုက်တဲ့ အချက်ပါပဲ… ဒီလိုနဲ့ သူတို့ငါးဦးဟာ ကိုယ်ပိုင်အမှတ်အသားကနေတစ်ဆင့် အချင်းချင်းရဲ့ ဖြစ်တည်မှုကို သိရှိသွားပြီး အဖွဲ့ ဖွဲ့စည်းဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ဆောယောင်းချွန်း (Park Jinyoung) ဟာ ပန်ကရိယ အစားထိုး ခွဲစိတ်ပြီးနောက်မှာ သဘာဝလွန်စွမ်းအားရရှိသွားပြီး သူ တစ်သက်လုံး အိပ်မက်မက်လာခဲ့ရတဲ့ immortal ဖြစ်နိုင်ဖို့အတွက် ကိုယ်တွင်းအင်္ဂါအစားထိုးထားတဲ့ ကျန်သဘာဝလွန်စွမ်းအားရှင်တွေကို လိုက်ရှာတဲ့အခါမှာတော့… စူပါဟီးရိုးအဖြစ်နဲ့ လူတွေကို ကယ်တင်ပေးချင်တဲ့ ဝမ်ဆော၊ ဂျီဆောင်း၊ ဆွန်းညော၊ ရက်ဆွန်း၊ ဂီဒုံတို့ ငါးဦးနဲ့ ရရှိထားတဲ့ စွမ်းအားကို အသုံးချပြီး ကိုယ့်လိုအင်ရမ္မက်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေတဲ့ ယောင်းချွန်းတို့ကြားက ပြိုင်ဆိုင်မှုလေးတွေကို ဟာသလေးနှောပြီး စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးဗျို့… (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.10GB/ 1.96GB Quality : WEB-DL 1080p HEVC/ 720p Format…mp4 Duration…02:00:04 Genre : Action, Comedy, Sci-Fi, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.1 2025 120 mins
Hi-Five