YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Falling.for.Innocence.E09.1080p.WEB-DL.mp4

1005.41 MB N/A video/mp4 34 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What Remains
4.7

ဒီဇာတ်ကားလေးကတော့ ခွင့်လွှတ်ခြင်းရဲ့ စွမ်း‌အားကြီးမားပုံကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ။ မြို့ငယ်လေးတစ်မြို့က သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မာရှယ်ဆိုသူရဲ့ အမျိုးသမီးကို ထရွိုင်ပါကာက မတော်တဆသတ်လိုက်မိပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည့်အလျောက် သည်းခံခွင့်လွှတ်ပေးခဲ့ပြီး ရုံးတော်မှာ ထရွိုင်ပါကာကို ပြစ်ဒဏ်လျှော့‌ပေါ့ပေးအောင်တောင် ကာကွယ်ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ ဆမ်မြူရယ်ကတော့ အမေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာတောင် သည်းခံခွင့်လွှတ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ ထရွိုင်တစ်ယောက် ထောင်ကလွတ်လာပြီး မာရှယ်တို့သားအဖရဲ့ မျက်စိရှေ့ကိုပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အကြားမှာဘာဆက်ဖြစ်ကြမလဲ ထရွိုင်ပါကာကရော သူလုပ်မိခဲ့တဲ့အပြစ်တွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆမ်မြူရယ်ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(740 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Reality
4.7 2022 101 mins
What Remains
Chained
6.7

ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမား ကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာ ကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ ဇာတ်လမ်းလေးအကျဉ်းကတော့ ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီး အိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား "ဘော့ဘ်" က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူက‌တော့ "ဘော့ဘ်" ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း "ဘော့ဘ်" ကခိုင်းသမျှကို နှစ်ပေါင်းများစွာ လုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။ ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ် ထားတာကိုခံရပြီး "ဘော့ဘ်" လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊ အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့ "ဘော့ဘ်" ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမား တယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။ ယုန်လေးကပဲ "ဘော့ဘ်" ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမား တယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီး သတ်လေ့ရှိတဲ့ "ဘော့ဘ်" က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့ ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လို အကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ File size…1.16GB / 514MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ..... Horror , Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Action • Horror
6.7 2012 94 mins
Chained
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Through My Window
7.4

ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။ စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို နီးစပ်သွားစေတာကတော့ Wifi လိုင်းလေးပဲ ဖြစ်ပါတယ်။ စာရေးဝါသနာပါတဲ့ မနူးမနပ်‌ကောင်မလေး Raquel နဲ့ အချစ်ဆိုတာကြီးက စီးတဲ့ဖိနပ်တစ်ရံလောက်တောင် တန်ဖိုးမရှိတဲ့ လူချမ်းသာ အသိုင်းအဝိုင်းက Ares တို့ ဘယ်လို နီးစပ်သွားကြမှာလဲ ဆိုတာ ခံစားချက်ရသ အပြည့်အ၀နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းဆိုတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီး crushနေခဲ့တဲ့ Raquel တို့ရဲ့ Wifi Password တစ်ခုအကြောင်းပြုရင်းဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတဲ့ ကားလေးပါ။ လူငယ်တို့ရဲ့ အချစ် အလွမ်းအဆွေး တွေကို လူငယ်ဆန်ဆန်ရိုက်ကူးထားတဲ့ စပိန်အချစ် ဒရမ်မာ ဟာသကားလေးဆိုတော့ ကြည့်ရှုရင်း မိမိရဲ့ wifi ကို ခိုးသုံးနေတဲ့ကောင်လေးချောချောရှိနေမလားကြည့်ကြပါဦး လို့။ လူငယ်ဇာတ်ကားဆန်ဆန် nude scene တွေ ခပ်ပါးပါးပုတ်ထားတဲ့ sex scene လေးတွေတော့ ပါ‌တာမို့ မိသားစုနဲ့အတူ ကြည့်ရှူရမယ့် ဇာတ်ကားမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Chuck Chuck တို့ဖြစ်ပါတယ်။) File Size - (1.21 GB) / (605.24 MB) / (272.7 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 56min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Chit Tee, Chuck Chuck Encoder – San Win Maung

Drama • Family
7.4 2022 112 mins
Through My Window
Heart Parade
4.9

Heart Parade (2022) ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့ အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးက Dachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလို ချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့် သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှု Tod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကို တစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshund ပွဲဈေးတန်းလေးကို ဦးဆောင်လုပ်နေပြီး အဲဒီပွဲမှာ Tod လည်းဝင်ပြိုင်ဖူးပေမယ့် ပထမဆုနဲ့လွဲချော်ခဲ့ရတာကို သူ့သခင်က မကျေနပ်ခဲ့ပါဘူး။ ဒီတော့ Magda လည်း ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသာရိုက်နိုင်ခဲ့ရင် ဒါရိုက်တာဖြစ်သူ အမြင်ပြန်ကြည်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ Karol တို့သားအဖရှိရာမြို့ကိုရောက်လာတဲ့အခါ ..။

Drama • Mystery • Science Fiction • TV Movie • Thriller
4.9 2022 108 mins
Heart Parade
[18+] Shiho
6.7

*********** အကကို ဝါသနာပါပေမယ့် ဘဝပေးအခြေအနေကြောင့် စွန့်လွှတ်ထားရတဲ့ ၁၇နှစ်အရွယ်အထက်တန်းကျောင်းသားလေး ဝူမင်းဟာ ဖခင် ဆုံးသွားတဲ့နောက် သူ့အဖေကို ပြုစုပေးခဲ့ဖူးတဲ့ ဆူဂျောင်းနဲ့ တစ်အိမ်တည်းမှာ အတူနေဖြစ်သွားခဲ့ပါတယ်… အမေအရွယ် ဆူဂျောင်းကို ဝူမင်းက ချစ်မိသွားပေမယ့် သူမက စကားမပြောတတ်တဲ့အပြင် နေမကောင်းဖြစ်နေတာကို သိပြီး အတတ်နိုင်ဆုံး ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်… ဒါပေမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားတာတောင်မှ သူမဆေးဖိုးဝါးခလောက်သာ ပေးနိုင်တာကြောင့် သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ ပိုက်ဆံများများရမယ့် အလုပ်ကိုလုပ်ဖို ဆုံးဖြတ်ရာကနေ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ကိုယ်ချစ်ရသူကို ကာကွယ်ပေးဖို ကြိုးစားပေးတဲ့သူနဲ့ ချစ်ရတဲ့သူကို အရယူနိုင်ဖို လုပ်တဲ့သူရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်… မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းများပါလို့ သတိထားစေချင်ပါတယ်.. File Size :(1.2 GB) and (532 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:43:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Action • Comedy • Crime
6.7 2019
[18+] Shiho
Too Beautiful To Lie
5.9

လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။

Action • Adventure • Science Fiction • Thriller
5.9 2023
Too Beautiful To Lie
Tribble Riding

Triple Riding (2023) ================== အိန္ဒိယရုပ်ရှင်ပရိသတ်တွေ ခေတ္တခဏအမောပြေစေမယ့် Kannada စကားပြော rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ရမ်ဟာ ဆရာဝန်တစ်ယောက်ဆိုပေမဲ့ လူနာတွေကို ဂူဂဲလ်ခေါက်ပြီးကုနေတဲ့ ရမ်းကုတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ တာဝန်ကျတဲ့နေရာက ခွဲစိတ်ဆရာဝန်မလေးကို မြင်မြင်ချင်းကြွေဆင်းသွားခဲ့ပြီး နှစ်ဦးနှစ်ဖက် မေတ္တာမျှခဲ့ကြပေမဲ့ ဆရာဝန်မလေးရဲ့အဖေက သူ့သမီးကို ဝန်ကြီးချုပ်ရဲ့သားနဲ့ ပေးစားဖို့ပြင်ဆင်လာတဲ့အပြင် နောက်ထပ် မိန်းမလှလေးနှစ်ယောက် ထပ်ပေါ်လာချိန်မှာတော့ လေးပွင့်ဆိုင် Triple Riding ဇာတ်လမ်းသွားလေး ဖြစ်ပေါ်လာခဲ့ပါတယ်။ လောင်ရတာတွေ ကြည့်ရတာများလို့အီနေတဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးခံစားလို့ရမယ့် ၂ နာရီကျော်စာ အချစ်ဟာသဇာတ်မြူးလေးဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ရဲ့ Bollywood Team member တွေပဲဖြစ်ပါတယ်။)

0 2022
Tribble Riding
Kaazh

Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)

0 2024
Kaazh
Deadly Estate
5.7

ဟိုတယ် တစ်ခုမှာ ဖြစ်သွားခဲ့တဲ့ လူသေမှု တစ်ခုကို အဓိကထား ဇာတ်အိမ်တည်ထားပါတယ်။ ဇာကီရာက အဆင့်မြင့်ဟိုတယ် တစ်ခုရဲ့ မန်နေဂျာပါ။ ဒါပေမယ့် ဟိုတယ်မှာ ကြိုးစားသလို လိုအပ်ချက်တွေအတိုင်း ဟိုတယ်အတွက် လုပ်ပေးခဲ့ပါတယ်။ တစ်နေ့တော့ ဟိုတယ်ကို နာမည်ကျော် သူဌေးနဲ့ သူ့သား ရောက်လာခဲ့ပါတယ်။ သားဖြစ်သူက အပျော်မယ် တစ်ယောက်ကို ခေါ်လာပြီးနောက် အမှုတစ်ခုဖြစ်ပြီး ဇာကီရာကိုပါ အမှုပတ်ပါတော့တယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ လုပ်ရင်း မထင်မှတ်တဲ့ ဒုစရိုက်လုပ်ငန်းတစ်ခု အကြောင်းကိုပါ တွေ့သွားပါတော့တယ် File size…(1.4 GB)/(640 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

5.7 2023 84 mins
Deadly Estate
Winner
6.2

Winner (2024) IMDb Rating (6.2) ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာ ရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာ‌တွေရှိနေပေမဲ့ *ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလုပ်ရပ်ဟာ သူ့အတွက် အန္တရာယ်ကျရောက်စေတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ FBI အဖွဲ့ဟာ ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ *ဝင်နာ* ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီး မြန်ဆန်စွာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုတွေကို အစိုးရက အက်စပွန့်နေ့ခ်ျအက်ဥပဒေ (အသံလွှင့်မှုဆိုင်ရာဥပဒေ) နဲ့ ပြစ်မှုစွဲတင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Reality Winner အဖြစ် Emillia Jones က သရုပ်‌ဆောင်ထားပါတယ်။ Kathryn Newton ကလည်း Reality ရဲ့ အစ်မအဖြစ် လုပ်ခွင့်ရသလောက် ဇာတ်ကွက်လေးတွေမှာ တာဝန်ကျေခဲ့ပါတယ်။ ဇာတ်ကားအဆုံးမှာ ဖြစ်ရပ်မှန်ထဲက လူအစစ်တွေရဲ့ ဓာတ်ပုံများပါ ထည့်ပေးထားလို့ ဗဟုသုတ ရစရာပါ။ ဒီတော့ ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကားမှာတောင် အစိုးရက သူမပြောချင်တဲ့အရာကို လျှာရှည်ပြီး ဖော်ကောင်လုပ်တဲ့သူကို ဘယ်လိုများ အငြိုးတကြီး လက်စားချေလိုက်သလဲဆိုတာကို သံဝေဂရစရာ ကြည့်ရှုရမှာဖြစ်ကြောင်းပါဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်) File size…(2.1 GB) / (880 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:44:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

6.2 2024 103 mins
Winner
Fatal Intuition
5.8

Fatal Intuition (2015) ******************** CM ပရိသတ်ကြီးအတွက် 2015 ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Yu Hae Jinနဲ့ Joo Won တို့ ပါဝင်ထားတဲ့ Fatal Intution ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဂျန်ဝူနဲ့ အွန်းဂျီတို့ဟာ မိဘတွေ ဆုံးသွားပြီးကတည်းက မောင်နှမနှစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ ညီမဖြစ်သူ အွန်းဂျီကို လာထိရင် လုံးဝသည်းမခံနိုင်တဲ့ ‌အစ်ကိုဖြစ်သူ ဂျောင်ဝူက သူတို့နဲ့ သွေးဝေးပေမဲ့ ဆွေမျိုးတော်စပ်တဲ့ မြောင်ဂယူကိုတော့ သည်းခံပြီး နေလာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လူတွေ ဘယ်လိုသေမလဲဆိုတာကို ကြိုမြင်နိုင်တဲ့ အီရှီအွန်းကို ရပ်ကွက်ထဲက စုန်းမဆိုပြီးတော့ အဆက်အဆံမလုပ်ကြပေမဲ့ အွန်းဂျီကတော့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုခဲ့လို့ ရင်းနှီးသွားခဲ့ပါတယ် .. ဒီလိုနဲ့ တစ်ရက်မှာ မောင်နှမနှစ်ယောက် စကားများပြီး ဂျောင်ဝူက အွန်းဂျီကို အိမ်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ ရက်ပိုင်းလောက်အကြာမှာတော့ အွန်းဂျီကို သေဆုံးလျက် တွေ့ခဲ့ရပြီး သူ့ဘဝလေး ပျက်စီးသွားခဲ့ရပါတော့တယ်။ ရဲတွေက မြောင်ဂယူကို တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းခဲ့ပေမဲ့ တရားခံအစစ်က မြောင်ဂယူမဟုတ်တာကို သိနေတဲ့ ဂျောင်ဝူက သူ့ညီမကို သတ်ခဲ့တဲ့ တရားခံကို သူကိုယ်တိုင် ဘယ်လိုဖမ်းမလဲ။ အကြားအမြင်ရနေတဲ့ ရှီအွန်းကရော ဘယ်လိုတွေ ကူညီပေးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…3.41GB / 845MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 49 min. Genre ….. Thriller, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Comedy • Drama • Romance
5.8 2015 109 mins
Fatal Intuition
The Hills Have Eyes
6.4

ဒီ Horror ရုပ်ရှင်ကတော့ ၁၉၇၇ ကတည်းက နာမည်ကြီးခဲ့တဲ့ ဂန္ဓာဝင်ကားတစ်ခုကို ပြန်လည်ရိုက်ကူးထားတာပါ။ မူလရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ လူသူမရှိတဲ့ ကန္တာရလိုနယ်မြေတစ်ခုထဲကို ရောက်ရှိသွားမိတဲ့ မိသားစုတစ်စုဟာ လူသားပုံပျက်နေတဲ့ စိတ္တဇအဖွဲ့တစ်ခုရဲ့ လိုက်လံသတ်ဖြတ်ခြင်းလက်ကနေ အလွတ်ရုန်းဖို့ ကြိုးစားရတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်း၊ ရိုက်ကူးချက်၊ သရုပ်ဆောင် အားလုံးကောင်းမွန်ပါတယ်။ ဟော်ရာကြိုက်သူတွေ နှစ်ခြိုက်မှာဖြစ်ပေမယ့် အသည်းငယ်သူတွေနဲ့ သွေးသံရဲရဲမကြည့်ရဲသူတွေ အတွက်တော့ မသင့်တော်ပါဘူး။ ပိုစတာမှာ ပြောထားတဲ့ ” ကံကောင်းတဲ့သူတွေ အရင်သေခွင့်ရသွားတယ်” ဆိုတာနဲ့ ညီအောင်ကို ကြောက်စရာအချိန်ကာလကြီးကို မြင်ရပါလိမ့်မယ်။ ခံစားကြည့်ပါ။

Thriller • Horror • Romance
6.4 2006 107 mins
The Hills Have Eyes
The Radleys
5.5

အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။ File size…1.46GB / 773MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.5 2024 115 mins
The Radleys
The Score
6.8

The Score ( 2001) IMDb Rating (6.8) / Rotten Tomatoes (74%) နာမည်ကြီးမင်းသားများပါဝင်ထားသောအမေရိကန်ဖောက်ထွင်းမှုဆိုင်ရာဂ န္တဝင်ဇတ်ကားကောင်းတစ်ကား.. ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာနေတဲ့ နစ်ခ်ဝဲလ်(ရောဘတ်ဒီနီရိုးRobert De Niro)ဟာကနေဒါပြည်နယ်တွေသာမကပဲ အခြားနိုင်ငံများကမီးခံသေတ္တာတွေကိုပါဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသူဖောက်ထွင်းသမားတစ်ယောက်ဖြစ်ပါတယ်။ မက်စ်(မာလွန်ဘရန်ဒို Marlon Brando)ကတော့ နောက်ကွယ်ကနေလိုတဲ့ငွေကြေးကိုထောက်ပံ့ပေးပြီးပစ္စည်းရလာတဲ့အခါဝယ်သူရှာပြီးဝေစုခွဲလေ့ရှိပါတယ်။ နစ်ခ်က ဂျက်ဇ်ဂီတကလပ်ကိုပိုင်ပေမယ့်အကြွေးပေးဖို့ကျန်နေပါသေးတယ်။သူကလည်း ဒီအလုပ်ကနေအနားယူပြီးအေးအေးဆေးဆေး နေဖို့စိတ်ကူးထားပါတယ်။ နစ်ခ်ရဲ့ချစ်သူဒိုင်ယန်း(အိန်ဂျယ်လာဘက်စ်ဆက်ထ် Angela Bassett)ကလည်းဒီအလုပ်ထပ်မလုပ်ဖို့ပြောလာပါတယ်။ ၂၅ နှစ်လုံးဖောက်ထွင်းမှုတွေလုပ်လာပြီး ဒီတစ်ခါနောက်ဆုံးပဲအချီကြီးကြံပြီးနစ်ခ်နဲ့မက်စ်တို့ဖောက်ထွင်းခိုးယူဖို့ကြံတဲ့ပစ္စည်းက သူတို့နေတဲ့မွန်ထရီယယ်မြို့ကအခွန်ကောက်ခွန်ရုံးမှာရှိနေတဲ့အခါနစ်ခ်ကမလုပ်ချင်ပေမယ့်မက်စ်ကိုငဲ့ပြီးလုပ်မယ်ဆုံးဖြတ်လိုက်ပါတယ်။ နစ်ခ်တစ်ယောက်တည်းဒါကိုလုပ်လို့မရပဲအတွင်းလူတစ်ယောက်လိုလာတဲ့အခါဖောက်ထွင်းသမားလောကထဲကိုစဝင်လာတဲ့ ဂျက်ခ်ဆဲလား( အက်ဒဝပ်နော်တန်Edward Norton)နဲ့တွဲလုပ်ရဖို့ဖြစ်လာပါတယ်။ သူတို့ဖောက်ထွင်းခိုးယူမှာကဘာပစ္စည်းလဲ ဘာတွေကို ဘယ်လိုအစီအစဥ်ဆွဲသလဲ ဘယ်လိုတွေဖောက်ထွင်းသလဲဆိုတာနဲ့ မထင်မှတ်တဲ့အလှည့်အပြောင်းတွေကစိတ်ဝင်စားစရာကောင်းလို့ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရှု့နိုင်ပါတယ်။ ရုပ်ရှင်မှာစတန့်တွေ အထူးပြုလုပ်ချက်တွေမပါပဲ ဇတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ပြနိုင်ပါတယ်။ဖောက်ထွင်းမှုဇတ်ကားတွေထဲမှာတော့ ဂန္တဝင်ဇတ်ကားတစ်ကားလို့သတ်မှတ်ထားကြပါတယ်။ ဒါရိုက်တာ ဖရန့်ခ်အော့ဇ်(Frank Oz)ကရိုက်ကူးထားပါတယ်။ မင်းသမီး အိန်ဂျယ်လာဘက်စ်ဆက်ထ်ကဆုနှစ်ခုအမည်စာရင်းတင်သွင်းခံရပြီး NAACP Image Award ဆုကိုဇတ်ပို့သရုပ်ဆောင်အနေနဲ့ရရှိခဲ့ပါတယ်။ ငွေးကြေးအရလည်းအောင်မြင်တဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File Size : 1.84GB / 930MB Quality : 1080p 5.1ch / 720p Duration : 02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Sakar Khin Encoded by Heather Oo

6.8 2001 124 mins
The Score