YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Falling.for.Christmas.2022.720p.NF (CM).mp4

1.12 GB N/A video/mp4 530 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bheed
6.1

IMDb 7.7/10 Drama မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။ 2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့ အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန် အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာ မွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အစိုးရက‌ အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာ‌ပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရော ပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.4Gb / 680MB Quality…1080p NF  WEB DL  / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ThaikSan~YH~Yunni~Cherry

Comedy • History
6.1 2023 112 mins
Bheed
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Hobo with a Shotgun
6.1

Hobo with a Shotgun (2011) သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ … ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။) File Size : 4.1GB, 1.3GB, 536MB Quality :1080p BDRip AAC 5.1CH, 720p BDRip, 480p Format : mp4 Duration : 1hr 26mins Genre : Action, Comedy, Horror Translated by Zwel Zan Aung Encoded by Kinnov

6.1 2011
Hobo with a Shotgun
Fingernails
5.9

Fingernails (2023) Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ ဂျယ်ရမီအယ်လန်ဝှိုက်တို့ကို သုံးထားသေးတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Sci-Fi / Romance ဆိုတဲ့အတိုင်း ဒရာမာဇာတ်လိုဇာတ်ကိုမှ Sci-Fi အမြင်သစ်တွေနဲ့ ခပ်ဆန်းဆန်းတင်ပြထားတယ်။ ပြောရရင် သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့ Foe နဲ့တောင်ဆင်တယ်။ A24 က ထုတ်တာမဟုတ်ပေမဲ့ A24 ကားတွေလို့ ကျွန်တော်တို့လက်ခံထားတဲ့ ပုံစံမျိုးတွေနဲ့လည်းဆင်တယ်။ သူ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်ထဲကလူတွေဟာ ချစ်သူစုံတွဲတွေကြားက အချစ်ကို စစ်မစစ် အကဲဖြတ်ဖို့အတွက် ချစ်သူနှစ်ဦးရဲ့ လက်သည်းခွံကို ခွာထုတ်ပြီး စက်ထဲထည့် စက်ကချပေးတဲ့ရာခိုင်နှုန်းကိုကြည့်ပြီး အတည်ပြုကြတယ်။ ပေါ့စတစ်ထွက်ရင် အပြန်အလှန်ချစ်နေကြတဲ့ အချစ်စစ်ဖြစ်ပြီး နဂ္ဂတစ်ထွက်ခဲ့ရင်တော့ မစစ်ဘူးပေါ့။ ဒီလိုနဲ့ ချစ်သူတွေစုံတွဲတွေဟာ သူတို့ကြားက အချစ်ကို စစ်မစစ်ကြည့်ဖို့ အဲဒီလိုအကဲဖြတ်ခဲ့ကြတယ်။ သိပ်အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဖြစ်နေရင်တောင်မှ စက် မစစ်ဘူးလို့ ထွက်လာရင် အကြောင်းအမျိုးမျိုးနဲ့ကွဲပြဲကြတယ်။ ဒီလိုစက်က ပေါ့စတစ်ထွက်နိုင်ခြေဆိုတာလည်း တစ်ရာမှာ တစ်ဆယ်ကျော်ပဲရှိတဲ့အထိ အတော်နည်းပေမဲ့ စစ်ချင်တဲ့လူတွေကလည်း သိပ်များခဲ့တယ်။ ဒီလိုနဲ့ အချစ်ရဲ့ ဆုတ်ကပ်ခေတ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားဖို့ ချစ်သူတွေကြား ပိုရင်းနှီးကျွမ်းဝင်လာစေဖို့ လေ့ကျင့်ခန်းသဘောဆန်ဆန်တွေ လုပ်ပေးတဲ့ အချစ်စာမေးပွဲဖြေဖို့ ကျူရှင်တက်ရသလို အချစ်ကျူရှင်သဘောမျိုးတွေလည်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား…။ အချစ်တွေကို ဒီလိုကန့်သတ်လို့ရနိုင်ရဲ့လား…။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဓာတ်ခွဲကြည့်လိုက်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 53Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.9 2023
Fingernails
Journey with Tarsilinha
7.3

ဘရာဇီး adventure animation ဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ ပေါ်တူဂီဘာသာစကားနဲ့ တင်ဆက်ထားတဲ့ ဘရာဇီးဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Celia Catunda နဲ့ Kiko Mistrorigo ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Marisa Orth၊ Alice Barion၊ Maira Chasseroux၊ Ando Camargo၊ Skowa နဲ့ Rodolfo Dameglio တို့ကဆောင်ရွက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်ရှစ်နှစ်အရွယ်ခန့် တာဆီလီညာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမအမေနဲ့ ခြံထဲမှာသစ်သီးခူးပြီးပြန်အလာ၊ အမေဖြစ်သူက သေတ္တာလေးတစ်လုံးဖွင့်ပြပြီး သူငယ်ငယ်ကအကြောင်းတွေ သမီးဖြစ်သူကိုပြောပြရင်း သေတ္တာထဲက အမှတ်တရပစ္စည်းလေးတွေ ထုတ်ပြတယ်။ အဲ့အချိန်မှာပဲ လေပြင်းကြီးရုတ်တရက်ကျရောက်လာပြီး သေတ္တာထဲကပစ္စည်းတွေပါ ပါသွားပါတယ်။ လေပြန်အငြိမ်မှာ ထူးဆန်းတဲ့အရိပ်အယောင်တစ်ခု တွေ့မိလို့ နောက်ကလိုက်ဖို့လုပ်နေတဲ့ တာဆီလီညာလေးတစ်ယောက် သူ့အမေရဲ့အဖြစ်ကိုတွေ့ရတော့ ပိုအံ့ဩမိရပြန်ပါတယ်။ အကြောင်းကတော့ သူ့အမေဟာ အရင်ကမှတ်ဉာဏ်တွေကို ထူးထူးခြားခြားဘာတစ်ခုမှ မမှတ်မိတော့တာပါ။ ဒီအဖြစ်ဟာ စောစောကထူးဆန်းတဲ့အရာနဲ့ပတ်သက်မှုရှိမယ်လို့ ယူဆပြီး တာဆီလီညာတစ်ယောက် သူ့အမေရဲ့အမှတ်တရပစ္စည်းတွေကို ယူသွားသူလို့ယူဆရတဲ့ အဆိုပါအရာနောက်ကို စွန့်စားခန်းဖွင့်ပြီးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တာဆီလီညာတစ်ယောက် အမေဖြစ်သူရဲ့အမှတ်တရတွေယူသွားတဲ့ ထူးခြားတဲ့အရာကိုတွေ့ပါ့မလား… သူ့အမေရဲ့အမှတ်တရပစ္စည်းတွေရော ပြန်ရပါ့မလား… သူ့အမေရဲ့မှတ်ဉာဏ်တွေ အရင်အတိုင်း အကောင်းပကတိပြန်ဖြစ်ပါ့မလား… သူ့ရဲ့စွန်းစားခန်းခရီးတစ်လျှောက် ဘာထူးထူးဆန်းဆန်းတွေကြုံရဦးမှာလဲ… ဒါတွေကတော့ ဇာတ်ကားလေးကိုဆက်လက်ရှုစားရင်းနဲ့ တွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဘရာဇီးဇာတ်ကားဖြစ်လို့ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် Animation Studio ကြီးတွေလောက် ဘတ်ဂျက်ပိုင်း၊ လက်ရာပိုင်း၊ သေသပ်မှုပိုင်း မယှဥ်သာပေမယ့် ပေါ့ပေါ့ပါးပါးအပျင်းပြေ entertainment ထက်ပိုတဲ့ ဆင့်ပွားတွေးစရာဒသနလေးတချို့ပါ ပါနေတာတွေ့မိလို့ စာရေးသူအနေနဲ့တော့ သဘောတွေ့မိတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb rating လည်း 7.3 ရထားတာဖြစ်လို့ မဆိုးဘူးလို့ပဲ ညွှန်းဆိုလိုက်ပါတယ်။ File size…(1.7 GB)/(881 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama
7.3 2021 93 mins
Journey with Tarsilinha
Holding the Man
7.4

Holding the Man (2015) ================= IMDb Rating – 7.4/10 Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australian romantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး Timothy Conigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထား တာပါ။ ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူ တီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာ ဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင် တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်း ချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွ သွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်း တွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တို အတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistry မိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.6 GB) / (700 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Alias Encoder……….SWM

7.4 2015 128 mins
Holding the Man
Jaws: The Revenge

Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ရိုက်ဖြစ်ပုံကလည်း ယူနီဗာဆယ်က သူတို့ရဲ့ ခက်ခဲနေတဲ့နှစ်တွေမှာ ရှေ့က jaws အဆက် ၂ကားဟာ အဆဲခံရလည်း ဝင်ငွေတော့ကောင်းသေးတာကြောင့် ငွေရပြီးရောသဘော ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း အဆိုးဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဒီရုပ်ရှင်ကို မိုက်ကယ်ကိန်းရိုက်နေတုန်းက ရော်ဂျာအတ်ဘတ်က ” မိုက်ကယ်ကိန်းက Hannah and Her Sistersရုပ်ရှင်အတွက် သူရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ဆုကိုယူဖို့ ပွဲမတက်တာက Jaws 4 ရိုက်နေလို့ဗျ။ သူက ဒီရုပ်ရှင်ကို လုံးဝစိတ်နှစ်ထားတာ ။ မပြီးမချင်း အိမ်ပြန်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့ဆို အဲဒီရိုက်ကွင်းကနေ သူထွက်လာမိရင် လုံးလုံးပြန်သွားချင်တော့မှာမဟုတ်တာ သူ့ကိုယ်သူသိနေလို့ပဲ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။ Jaws 4 ဟာ ငွေကြေးအရလည်း Jawsကားတွေထဲ မအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ စပီးဘာ့ခ်ရဲ့ မှော်ကို စပီးဘာ့ခ်ဆီကပဲ ကျွန်တော်တို့ ရနိုင်မှာပါပဲ။ File size… 2.8 GB / 1.2 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

0 1987 89 mins
Jaws: The Revenge
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Broken Hearts Trip

Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller
0 2023
Broken Hearts Trip
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up
Dark Night of the Soul

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama, Mystery အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က ကမ္ဘာကြီးပေါ်မှာ ကူးစက်ရောဂါဗိုင်းရပ် တွေရှိခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်တွေဟာ ရေခဲခေတ်နဲ့အတူ ဝင်ရိုးစွန်းဒေသတွေရဲ့ ရေခဲဆောင်ကြီးတွေထဲမှာ အေးခဲပြီး ပိတ်မိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေခဲဆောင်တွေ အရည်ပျော် လာတဲ့အခါမှာတော့ ရှေးဟောင်းဗိုင်းရပ်တွေကလည်း လူသားတွေကို ကူးစက်လာပါတော့တယ်။ အဲလက်စ်ဆိုတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဟာ ဒီဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကလည်း သူမအပေါ်မှာ မူတည်နေပါပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူသူမရှိတဲ့ဒေသမှာ ကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ကလည်း ညပ်မိနေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဗိုင်းရပ်ကြောင့် စတင်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးကြီးနဲ့ အစပြုထားပေမဲ့ ဇာတ်လမ်းတစ်လျှောက်မှာတော့ အဲလက်စ်ရဲ့ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကို တင်ဆက်ထားတာပါ။ ကားထဲမှာ ပိတ်မိနေရင်း သေလုမျောပါးဒဏ်ရာကြောင့် ထင်ယောင် ထင်မှားဖြစ်နေတဲ့ အတွေးစတွေကို တင်ဆက်ထားပြီး တာဝန်ဝတ္တရား ၊ ရွေးချယ်မှု၊ အကျိုးဆက်နဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို မေးခွန်း ထုတ်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်ကိုပါ ကြည့်ရင်းနဲ့ အတွေးစထဲ မျောသွားစေမဲ့ ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ အဲလက်စ် တစ်ယောက် ရှင်သန်ကျန်ရစ်နိုင်ခဲ့မလား၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ File size… (1.48GB) / (667MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Drama • Thriller • Horror
0 2024 81 mins
Dark Night of the Soul
The Night of the Skirt
5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့ လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်း ဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်,,, Roos ဆိုတဲ့ အမျိုးသမီးဟာ လက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက် Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကို ဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင် နေရာချပေးနိုင်တယ်လို့ ယုံကြည်ထားသူတစ်ဦးပါ… ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny… လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bob… ပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo… မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့ Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ် Roos ဟာ ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီး လိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ ခေါင်းကိုက်စရာတွေကို ရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ် စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တင်ပြထားပြီး အမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးကို အချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ ညွှန်းဆိုပေးလိုက်ပါရစေဗျာ………. File size… (2.05GB) / (1.01GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 2024
The Night of the Skirt