YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Fall Into The Mortal World (2024) 1080p WEB-DL AAC2.0-CM.mkv

1.73 GB N/A video/x-matroska 1302 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider: Spirit of Vengeance
5

ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။ Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။ အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီကားမှာတော့ Jhonny Blaze တစ်ယောက် နတ်ဆိုးရဲ့ ကလေးကို ကယ်ရင်း သူ့ကိုယ်ထဲက ကျိန်စာကိုဖြေနိုင်ဖို့ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Ghost Rider အဖြစ် မင်းသားကြီး Nicolas Cage နဲ့ Moreau အဖြစ် မင်းသားကြီး Idris Elba တို့ကသရုပ်ဆောင်ထားပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:35:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Comedy • Drama • Romance
5 2011 96 mins
Ghost Rider: Spirit of Vengeance
The House of the Devil
6.3

The House of the Devil (2009) ~ IMDb – 6.3/10, RT – 85%, Shudder – 3.8/5 ~ ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များ‌နေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The House of the Devil (2009) ကြောင့် ဒီကားတွေ လမ်းစပွင့်ခဲ့တာ ဘာညာပေါ့။ ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ သူတို့၂ယောက်စလုံးမှာ ဒီလိုယုံကြည်ကိုးကွယ်မှုတစ်ခုကို အခြေတည်ထားတဲ့ ကားတွေရှိပါတယ်။ The House of the Devil ဟာ Horror ကားပေမဲ့ ရုပ်ရှင်ပွဲတော်တစ်ချို့က ဆုတွေရထားပြီး ငြိမ်ငြိမ်‌လေးနဲ့ကို မထင်ရင်မထင်သလို လန့်စရာကောင်းပါတယ်။ ၈၀ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ 16mm ဖလင်ကို သုံးပြီး retro စတိုင်ရိုက်ကူးထားတာမို့ ၂၀၀၉ကားပေမဲ့ သူ့ထက်ရှေးကျတဲ့ ကလပ်စစ် Horror ကားတွေလို ခံစားရမှာပါ။ ရိုက်ကူးတဲ့အချိန်က ၁၉ရက်တည်းပေမဲ့ ဆရာရိုက်တဲ့ကားဆိုတော့လည်း ဆရာအထာထွက်လာတာပါပဲ။ Horror ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ Ti West ရဲ့ Horror ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 920MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Fantasy
6.3 2009
The House of the Devil
Heathers
7.2

Heathers (1988) Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ….. လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ကောင်မလေးပါ။ သူကတော့ သူ့ရဲ့ အထက်တန်းကျောင်းသူဘဝကို အဆင်ပြေပြေဖြတ်သန်းချင်တာမို့ ဟယ်သာတွေနဲ့ ပေါင်းနေတာပါ။ ဗရော်နီကာဟာ လက်ရေးတုရေးရာမှာ ကျွမ်းကျင်တာမို့ ဟယ်သာတွေက အဖွဲ့မှာ လက်ခံထားကြပါတယ်။ သို့သော် ဗရော်နီကာဟာ ဟယ်သာတွေနဲ့ အကျင့်စရိုက်မတူတာကြောင့် သိပ်ပြီး အဆင်ပြေလှတယ်တော့ မဟုတ်ပါဘူး။ တစ်နေ့မှာ ဗ‌ရော်နီကာဟာ ဂျေဆန်ဒင်းဆိုတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပြီး သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းကို အများကြီး ညွှန်းမနေတော့ဘဲ ဇာတ်ကားထဲမှာ လိုက်ပါစီးမျှောကြည့်ပါ။ ၉၀ ခုနှစ်တွေရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲမှာ ပါခဲ့တဲ့ Winona Ryder ရဲ့ ငယ်ရွယ်နုပျိုနေတဲ့ အလှအပတွေကိုပါ ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 472MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Horror • Mystery • Thriller
7.2 1988 103 mins
Heathers
Face off: 48H
6.7

Face off: 48H (2021) ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။ နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူး ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ ဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါ ဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါ မင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါ သူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲ ဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် ‌အဖြေရှာကြည့်ဖို့အတွက် ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… 2GB | 1GB | 511MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.7 2021
Face off: 48H
An Officer and a Spy
7.2

၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကို ဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး… 2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံး ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်…။ ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့… ၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်…။ ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်…။ ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ…သူ့ကိုညွှန်းဆိုထားတာလဲ ရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ…။ အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲ နိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်…။ ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့ အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်….။ လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ… တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲ အလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ…။ အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ”အရာရှိတစ်ဦးနဲ့ သူလျှိုတစ်ယောက်”အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action
7.2 2019
An Officer and a Spy
Flora and Son
7.1

Flora and Son (2023) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ဒီလိုနဲ့ သူတို့သားအမိ၂ယောက်ပေါင်းပြီး သီချင်းတွေဖန်တီးဖြစ်သွားတယ်။ သူတို့ကြားက နားလည်မှုကလည်း ခိုင်မာလာခဲ့တယ်။ ရုပ်ရှင်ကတော့ ဒီထက်ပိုပါတယ်။ ဒါကတော့ ကျွန်တော်ပြောပြတတ်သလောက် ဇာတ်ကြောင်းပေါ့။ သေချာတာတော့ ဂီတာသင်ချင်တဲ့လူတွေရော ဂီတကို ချစ်တဲ့လူတွေရော ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းပါပဲ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ဒါရိုက်တာ John Carney က Sing Street တို့၊ Once တို့၊ Begin Again တို့လို ဂီတနဲ့မကင်းတဲ့ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဖြစ်သလို အဲဒီကားတွေအကုန် ဘယ်လောက်လန်းလဲ ကြည့်ဖူးတဲ့လူတွေသိမှာပါ။ တော်တော်များများလည်း အဲဒီသုံးကားစလုံးကို ကြည့်ဖူးကြမှာပါ။ Flora and Son ဟာလည်း သူ့ရဲ့အနုပညာအရအောင်မြင်ခဲ့တဲ့၊ ဂီတနဲ့မကင်းတဲ့ရုပ်ရှင် နောက်တစ်ကားအဖြစ် ထွက်ရှိလာပါတယ်။ မင်းသမီးကတော့ Robin Hood (2018), Bridge of Spies (2015) နဲ့ Behind Her Eyes (2021) တို့က မင်းသမီးဖြစ်သလို “(500) Days of Summer” ရုပ်ရှင်မှာ အားလုံးနဲ့ ခံစားချက်ထပ်တူကျခဲ့တဲ့ Joseph Gordon-Levitt ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Midsommar, Sing Street, Transformers: Age of Extinction တို့မှာ ပါဝင်ဖူးတဲ့ Jack Reynor လည်း ပါထားပါတယ်။ ဒါရိုက်တာရော Cast ရော လန်းတဲ့ ဂီတအသားပေးရုပ်ရှင်ကားကောင်းပါပဲ။ ” အစိတ်စိတ်အမွှာမွှာမဟုတ်ပေမဲ့လို့ တတိတိတရိရိ ကြွေခဲ့ရတဲ့နေ့တွေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ တစ်ခုခုရဲ့ လစ်လပ်ခြင်းမျိုးရဲ့ အသိအစွဲတွေ… ကမ္ဘာကို နားမထောင်ချင်ခဲ့တဲ့ အရိအရွဲတွေ။ နေ့တွေ ရက်တွေဟာ အလိုလိုသီချင်းဖြစ်သွားရင် ကမ္ဘာကို ငါနားထောင်ကြည့်ဖို့ မလိုလောက်ဘူး။ သီချင်းကို ငါ နားထောင်ကြည့်ဖြစ်တယ်။ င့ါကိုယ်ငါ ပြန်နားထောင်ကြည့်ဖြစ်တယ်။ သီချင်းထဲမှာ ကိုယ့်အသံတွေ ကိုယ်ပြန်ကြားရခဲ့ရပါတယ် ကမ္ဘာကြီးရေ။ မက်ဖို့ရာပဲ။ “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 37Min Genre – Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 2023
Flora and Son
Congrats My Ex!
9

ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ် (၂၀၂၃) တကယ်လို့ ကိုယ်က ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို စီစဉ်ပေးရတာဆို ဘယ်လိုနေကြမလဲ??? လီဆာဆိုတဲ့ကောင်မလေးက သူ့အဖွဲ့ဝင် အော့ဖီနဲ့ကျန်တို့နဲ့အတူ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီဖွင့်ထားပါတယ် တစ်ရက်ကျတော့ အီန္ဒိယစုံတွဲ အာရွန်နဲ့မိုနီကာတို့ရဲ့မင်္ဂလာပွဲကို ထိုင်းမှာကျင်းပဖို့ သူတို့ဆီလာအပ်ပါတယ် လီဆာကလည်း ရည်းစားဟောင်းဖြစ်သူအာရွန်ရဲ့ပွဲကိုလက်ခံခဲ့သလို ပွဲအတွက် ကင်မရာမန်းကလည်း လီဆာရဲ့ရည်းစားဟောင်း ထင်က တာဝန်ယူပေးထားရပါတယ် ၁၅၀၀ / မုမအွန် (နိုင်) လီဆာ ကတော့ ဒီပွဲစီစဉ်ချိန်မှာ ရည်းစားဟောင်းနဲ့ ပြန်ပတ်သက်မှုရှိသွားမလား လီဆာကို မမေ့နိုင်တဲ့ထင်တစ်ယောက်လည်း ဒီပွဲအပြီးထိ လီဆာနဲ့အတူအလုပ်တွဲလုပ်နေရတာကြောင့် ထင် နဲ့ လီဆာတို့ ဘယ်လိုဆက်ဖြစ်မလဲ အာရွန်နဲ့မိုနီကာကရော မင်္ဂလာပွဲကို ပြီးမြောက်စွာကျင်းပနိုင်မလားဆိုတာကတော့ P’Bright နဲ့ P’Bella တို့ရဲ့ ဓာတုဗေဒ မိမိလေးနဲ့ အရိုခန်းတွေကို “ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ်” ဇာတ်ကားထဲမှာ ကြည့်လိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.7GB | 882MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lei Wuyi Tun Encoder ….. Aaron

Drama • Horror
9 2023
Congrats My Ex!
Pay or Die
7.4

Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 991MB | 442MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.4 2023 90 mins
Pay or Die
A Christmas Carol
6.8

A Christmas Carol(2009) IMDb….6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ စုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း Forrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်……ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်… Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်… …Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်… ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ…. ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ… ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ.. ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်.. ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ… ကိုင်းခံစားကြည့်လိုက်ပါဦးနော်… File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather Oo

Drama • Crime
6.8 2009 94 mins
A Christmas Carol
Freeland
6

မြိုပြရဲ့မွန်းကျပ်မှုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာနဲ့ ခေတ်ရေစီးကြောင်းတွေရဲ့ များပြားလွန်းတဲ့တောင်းဆိုချက်တွေကို စိတ်ထဲက ခဏလွှတ်ချထားခဲ့ပြီး ကော်ဖီလေးတစ်ခွက်နဲ့ လေကောင်း လေသန့်ရမဲ့ မိုးနံ့သင်းသင်းပြတင်းပေါက်နားထိုင်ပြီး နားကြပ်ကိုတပ် အသံကိုအဆုံးထိချဲ့ပြီး ဒီဇာတ်ကားလေးထဲမှာ စီးမျောလိုက်ကြရအောင် ခင်ဗျာ။ ဒီဇာတ်ကားလေးမှာတော့ ဒဗ်လိုခေါ်တဲ့အမျိုးသမီးကြီးတစ်ဦးရဲ့ ဆေးခြောက်လုပ်ငန်းလေးတစ်ခုဟာ အစိုးရရဲ့ ပြောင်းလဲသတ်မှတ် လာတဲ့ ပိတ်ဆိုမှုတွေ၊ ခေတ်စနစ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကြား ယိမ်းယိုင်ကြပ်တည်းလာခဲ့တယ်။ ခေတ်နဲ့အမှီလိုက်ဖိုကို ငြင်းဆန်ခဲ့ပြီး သမရိုးကျအတိုင်းရှေ့ဆက်ခဲ့တဲ့ စီးပွားရေးသေးသေးလေးတစ်ခုဟာ ခေတ်စနစ်ကြားမှာ ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထွေထွေထူးထူးမရှိပဲ အေးအေးလူလူ vibe လေးပဲသွားထားပြီးတော့ သဘာ၀တရားကြီးရဲ့ အလှအပတွေ၊ ကျေးငှက်တွေရဲ့ အော်သံလေးတွေ၊ မြူတွေဝေ့ နေတတ်တဲ့တောင်တန်းကြီးတွေ၊ နယ်အစွန်အဖျားဒေသရဲ့ အလှအပ တွေနဲ့ ဇာတ်ကောင်တွေရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကို ကွက်ကွက်ကွင်းကွင်းချပြထားတဲ့ဇာတ်ကား‌ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File size…1.36GB / 654MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 20m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 2020
Freeland
IMAX:Hubble
7.6

အာကာသထဲကို အလည်တစ်ခေါက်ခေါ်သွားမယ့် Hubble Imaxလာပါပြီ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီစကြာ၀ဠာကြီးထဲမှာရှိနေတဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေ၊တိမ်မြှပ်‌နေတဲ့အလှအပတွေကို တူးဖော်ပြီး Hubble လို့ခေါ်တဲ့ အာကာသယာဉ်ကနေတစ်ဆင့် ကမ္ဘာမြေဆီကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားကြပုံအဖုံဖုံကို ကြည့်ရှူရမှာပါ။ ဒီစကြာ၀ဠာကြီးရဲ့လျှို့၀ှက်ချက်ကို ဖော်ထုတ်ပေးမယ့် Hubbleကို အာကာသအတွင်းလွင့်တင်ဖို့ပြင်ဆင်ခဲ့ရတဲ့ ခရီးလမ်းက မျှော်မှန်းထားသလောက် မလွယ်ကူခဲ့ပါဘူး။ အဲဒီလို မလွယ်ကူတဲ့ကြားကနေပဲ နောက်မဆုတ်တမ်း အဆင့်ဆင့်ပြင်ဆင်ရင်း ကြိုးစားလာကြတဲ့ အာကာသပညာရှင်တွေနဲ့ သူတို့ရဲ့ကြိုးစားမှုတွေကို ခံစားတွေ့မြင်ရမှာပါ။ Hubble ရဲ့တိုးတက်ကောင်းမွန်လာမှုနဲ့အတူ ဒီအာကာသကြီးရဲ့အလှတရားတွေကလည်း ပိုရုပ်လုံးပေါ်လာလို့ ကြည့်ရှူသူတွေအတွက်တော့ အချိန်ပေးရကျိုးနပ်စေမှာပါ။ ဒါပေမဲ့ အာကာသပညာရှင်‌တွေအနေနဲ့ အချိန်အားလူအားဉာဏ်အား အလုံးစုံရင်းပြီး ရလာတဲ့ရလဒ်က အမှန်တကယ်ရော အားရကျေနပ်ဖွယ်ရှိရဲ့လား!! ဘယ်အတိုင်းအတာထိ အရာထင်ခဲ့သလဲ!!ဆိုတာကိုတော့ Hubble IMAX နဲ့အတူ လိုက်ပါခံစားကြည့်ရှူပေးကြပါဦး။ File Size : 1.2 GB / 500 MB Quality : Blu-Ray 1080p / 720p Running Time : 40min Format : Mp4 Genre :Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

7.6 2010
IMAX:Hubble
Cracks
6.6

Cracks (2009) ************** ၁၉၃၀ ပြည့်နှစ်မှာ စည်းကမ်းတင်းကြပ်တဲ့ အထက်တန်းလွှာ ဗြိတိန်မိန်းကလေးဘော်ဒါကျောင်းတစ်ခုက ဒိုင်ဗင်အဖွဲ့ခေါင်းဆောင်ဒိုင်ဟာ ချောမောတဲ့နည်းပြမစ္စဂျီကို မိန်းကလေးချင်းကြိတ်ကြိုက်နေခဲ့သလို မစ္စဂျီကလည်း မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးပါ။ တစ်ရက်မှာတော့ အပယ်ခံစပိန်တော်ဝင်မင်းသမီးတစ်ဦးရောက်လာပြီး ကျောင်းကမိန်းကလေးအားလုံးထက် ပိုလှနေခဲ့ပါတယ်။ ဒိုင်ဗင်ထိုးစွမ်းရည်လည်းကောင်းမွန်တဲ့မင်းသမီးလေးဖီအမ်းမာကို မစ္စဂျီက ချက်ချင်းမျက်စိကျသွားခဲ့ပါတေ့တယ်။ မစ္စဂျီရဲ့ချဥ်းကပ်မှုကို ဖီအမ်းမာကလက်မခံတဲ့အခါမှာတော့ မစ္စဂျီတစ်ယောက် ဖီအမ်းမာကိုရဖို့အမျိုးမျိုးကြံစည်ပါတော့တယ်။ ဒါကိုသိနေတဲ့ဒိုင်က ဖီအမ်းမာကိုမနာလိုမုန်းတီးပြီး နေရာတကာမှာ ဖီအမ်းမာနဲ့လိုက်ပြိုင်ဆိုင်ခဲ့ပါတယ်။ မိန်းကလေးဘော်ဒါဆောင်တစ်ခုရဲ့သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက အရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်ဆိုးတစ်ခုကို ဘယ်လိုဖြစ်စေခဲ့တယ်ဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်) File size…1.98GB / 1.42GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by JULY Encoded by AHtet

Action • Crime • Thriller
6.6 2009 104 mins
Cracks
A Sudden Case of Christmas
4.8

A Sudden Case of Christmas (2024) ခရစ္စမတ်ကာလာနီးလာပြီဆိုတော့ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကားတွေကအပြိုင်အဆိုင်ထွက်လာကြပြီပေါ့နော်။ ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မိသားစုနဲ့ တူတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုရင်တော့ Abby နဲ့ Jacob တို့စုံတွဲဟာ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူတို့သမီးလေးဖြစ်တဲ့ Claire လေးကို အဘိုးဖြစ်သူ Lawrence နေထိုင်ရာ အီတလီနိုင်ငံက မိသားစုပိုင်ဟော်တယ်ကြီးတစ်ခုကိုခေါ်လာခဲ့ပါတယ်။ ပုံမှန်ဆို ခရစ္စမတ်နားနီးမှ လာလေ့ရှိပေမဲ့ ဒီတစ်ခါတော့ နွေလယ်ခေါင်ကြီးပေါက်ချလာပြီး အဖေဖြစ်သူကို Claire လေးနားလည်အောင်ရှင်းပြဖို့ အပူကပ်ပါတော့တယ်။ Claire သိသွားတဲ့အခါမှာတော့ နွေလည်ခေါင်ကြီးမှာ ခရစ္စမတ်လုပ်ချင်တယ်လို့ပူဆာပါတော့တယ်။ မိဘတွေ အိမ်ထောင်ကွဲတော့မှာဖြစ်လို့ မြေးဖြစ်သူရဲ့ဆန္ဒကို Lawrence တစ်ယောက်လိုက်လျောပေးရင်း သူ့ဟော်တယ်မှာ ခရစ္စမတ်ပွဲကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ Claire တစ်ယောက် သူ့မိဘတွေအဆင်ပြေအောင် ခရစ္စမတ်ပွဲမှာဘယ်လိုမျိုးကြံစည်သွားမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(1.6 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Family Duration….01:32:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by S4L

Drama
4.8 2024 92 mins
A Sudden Case of Christmas
The Volunteers: The Battle of Life and Death
6.3

သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ… စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ… ဒီဇာတ်လမ်းလေးမှာတော့… စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး… ဘာတွေကြုံတွေ့ခဲ့တယ်… ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်… ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်… တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ… ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်တာမို့… သမိုင်းကြောင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဗျူဟာတွေ၊ စစ်မြေပြင်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ကွင်းဆင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်… စစ်ကားတွေကို ကြည့်ချင်တယ်ဆို… ဒီပေါ်လစီကားကြီးကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက ဦးဆောင်ပြီး ကိုယ်ခံပညာအသားပေးကားမှ ရိုက်တဲ့ ဝူကျင့်၊ ချန်ခိုင်ခယ် ဒါရိုက်တာကြီးရဲ့သား ချန်ဖေးယွီ၊ ကာရိုက်တာတိုင်းကို ရင်ဘတ်ကြီးနဲ့ သရုပ်ဆောင်တတ်တဲ့ ကျူးယိလုံတိုနဲ့အတူ ပေါက်စီမြေက အနုပညာရှင် တစ်ဝက်လောက်ကို ခေါ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

6.3 2024
The Volunteers: The Battle of Life and Death
After Us, the Flood Jälkeemme vedenpaisumus
5.8

After Us, the Flood (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ Finland နိုင်ငံကနေ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံ(Sci-fi ) ကားလေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက ရာသီဥတု အပြောင်းအလဲကြောင့် ပျက်စီးလုဆဲဆဲဖြစ်နေပြီး ထက်မြက်ပြီး တော်တဲ့ သိပ္ပံပညာရှင်က ဒါကို ကယ်တင်ဖို့ အတိတ်ကိုပြန်သွားပြီး ဘယ်လိုတွေ လုပ်မလဲ။ ရာသီဥတုပျက်စီးရတာက ဘယ်သူ့ကြောင့်လဲ ပြန်လာရမဲ့အချိန် အောင်မြင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေကိုလဲ ရိုက်ပြထားသေးတာမလို့ သိပ္ပံချည်းသပ်သပ်မဟုတ်ပဲ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:37:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

Drama
5.8 2024 97 mins
After Us, the Flood Jälkeemme vedenpaisumus