YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Face Me 2024 - Episode 03 - 1080p WEB [RMC].mp4

789.75 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore

လျို အဖြစ် James Jirayu Tangsrisuk အော်ဆွယ့် အဖြစ် Bow Maylada ထောင် အဖြစ် Great Sapol ဖော့ခွမ် အဖြစ် Peem Jaiyen ဇာတ်လမ်းအကျဉ်း ထိုင်း-ဂျပန် ကပြားတစ်ဦးဖြစ်တဲ့ လျိုက ပျောက်ဆုံးနေတဲ့ မိခင်ဖြစ်သူကို ရှာဖွေဖို့ အယုဒ္ဓယကို ရောက်လာခဲ့တယ် တစ်ပြိုင်တည်းမှာပဲ လျိုက အော်ဆွယ့်ဆိုတဲ့ မိန်းမပျိုလေးကို ချစ်မိသွားခဲ့တယ် ဒါပေမဲ့ ချစ်ရတဲ့ အော်ဆွယ့်က ဖော့ခွမ် အဓမ္မသိမ်းပိုက်ဖို့ ဝယ်ယူထားတဲ့ သူဖြစ်နေပြီး ဖော့ခွမ်က ရာထူးကြီးရှိနေရုံသာမက မှော်ပညာပါ တက်နေခဲ့တယ် လျိုက မှော်ပညာကို အနည်းငယ်သင်ယူထားပြီး အော်ဆွယ့်ကို အစေခံအဖြစ်က လွတ်မြောက်စေဖို့ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ပေမဲ့ ဖော့ခွမ်ရဲ့ မှော်ပညာက အားသာနေခဲ့တယ် လျိုအနေနဲ့ ထပ်ကြိုးစားပြီး ချစ်ရတဲ့ မိန်းကလေး အော်ဆွယ့်ကို ဖော့ခွမ်လက်က ကယ်တင်နိုင်မလား ရှာဖွေချင်နေတဲ့ မိခင်ဖြစ်သူကိုရော တွေ့သွားမလားဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုကြရအောင် ။ ( အညွှန်းရေးသားထားသူက‌တော့ Kyi Nue Zin ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:20:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

null 2021
Om! Crush on Me_ Ayothaya MahaRareuy
Nna Thaan Case Kodu
7.9

အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ပလပ်ဖောင်းခေါင်းအုံးရတဲ့ သူခိုးလေး ရာဂျီဗန်... ရုပ်ရည်ချောမောပြီး လူမမာ ဖခင်ကို ပြုစုနေရတဲ့ တမဲလ်အလုပ်သမလေး ဒေဗီ... သူတိုနှစ်ဦးဟာ ကံစီမံရာ ဇာတ်ဆရာအလိုကျအတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြရာ ဒေဗီက ရာဂျီဗန်ကို သူခိုးအလုပ်ကို ထပ်မလုပ်ဖို တောင်းဆိုပြီး Living Together နေထိုင်ခဲ့ကြရင်း တစ်နေ့မှာတော့ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ကို ခိုးဝင်တဲ့အမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်တမ်းက ဘုရားပွဲကနေပြန်လာရင်း လမ်းမှာ သုံးဘီးတစ်စီးက ဝင်တိုက်မိမလို ဖြစ်တဲ့အတွက် ရှောင်ရင်းကနေ အမတ်ရဲ့ အိမ်ထဲကို ခုန်ဝင်မိရင်း ခွေးဆွဲတာခံရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့သူခိုးဆိုပြီး တစ်ရပ်ကွက်လုံးက ဆွမ်းကြီးလောင်း ရဲလက်အပ်လိုက်တာပေါ့။ တရားရုံးမှာတော့ ရာဂျီဗန်ဟာ ဉာဏ်ရွှင်သူဖြစ်တာနဲ့အညီ ပစ္စည်းခိုးဖို ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ချက်ကျလက်ကျ ရှင်းပြရင်း သက်သေတွေကို ကိုယ်တိုင်ရှာရပါတော့တယ်။ အဲ့ဒီလိုနဲ့ ရာဂျီဗန်ဟာ သက်သေတွေ စုတုပြုပြီး ဖြစ်စဉ်ဟာ လမ်းမပေါ်က ချိုင့်ခွက် တွေကြောင့် ဖြစ်ကြောင်းတင်ပြရင်း ဆောက်လုပ်ရေးဝန်ကြီးကိုပါ စွပ်စွဲလိုက်တော့ ပွဲကြမ်းကုန်ပါလေရော... အဲ့ဒီချိုင့်ခွက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ...? လမ်းဖောက်ဖို အရည်အသွေးမပြည့်မီတဲ့ ကုန်ကြမ်းတွေကို ဘယ်သူက သုံးခဲ့တာလဲ...? ရာဂျီဗန်တစ်ယောက် တရားရင်ဆိုင်နိုင်ပါ့မလား...? ကဲ... ဇာတ်ကားရဲ့ အစပိုင်းမှတော့ ဟာသနှောတဲ့ Dialogue တွေနဲ့အတူ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ဒုတိယအပိုင်းမှာတော့ တရားခွင်စကားစစ်ထိုးပွဲတွေကို အဓိကထား ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆတွေအပြည့်နဲ့ မပျင်းရအောင် ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်တာမို ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ File size…2.45GB / 1.13GB Quality…1080p True WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kham Mon & Sora & Taylor & BpL & Yunni

Action • Adventure • Fantasy
7.9 2022 139 mins
Nna Thaan Case Kodu
Badhaai Do
6.9

ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါ သူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့ လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်း သဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်း သဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲ မိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူ လက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာ ပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........ File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni

Action • Drama
6.9 2022 147 mins
Badhaai Do
Starship Troopers 3: Marauder
4.7

2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့ လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေက စစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာ သူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။ တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။ အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာက စစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့က ဌာနချုပ်ကိုပြန်သွားကြပါတယ်... ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီး ကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကို ကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား... ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်

Drama
4.7 2008 105 mins
Starship Troopers 3: Marauder
Kasargold
6.7

Kasargold (သို့) လောဘသားတို့သွားရာလမ်း (2023) IMDb 7.0 ရရှိထားတဲ့ Malayalam စကားပြော action/thriller ရုံတင်ကားလေးပါ သရုပ်ဆောင်တွေအနေနဲ့ malayalam မျက်နှာသိသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Asif Ali, Sunny Wayne နဲ့ Vinayakan တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အယ်လ်ဘီဆိုတဲ့ ရွှေမှောင်ခိုတင်သွင်းသူတစ်ယောက်နဲ့ သူ့ရဲ့ ကောင်မလေး နန်စီတို့ဟာ မှောင်ခိုသွင်းလာတဲ့ “ရွှေ”တွေ ပျောက်သွားတဲ့ကိစ္စမှာ ပါဝင်ပက်သတ်မိပါတော့တယ် အယ်လ်ဘီရဲ့ အလုပ်ရှင်က ဒီခိုးမှုမှာ ဖိုင်ဇယ်ဆိုတဲ့လူကို အယ်လ်ဘီကို ရအောင် ရှာခိုင်းပါတော့တယ် တကယ်တမ်း ဖိုင်ဇယ်ကို တွေ့သွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မှာလဲ… ဒီကားက ဇာတ်ကောင်ကာရိုက်တာတွေကို Side character တွေအနေနဲ့တင်မဟုတ်ပဲ အသေအချာလေး နောက်ကြောင်းရာဇဝင်တွေ မိတ်ဆက်ပေးထားပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့အပြင် နောက်ခံဂီတကောင်းကောင်းနဲ့ ကြွကြွရွရွ ကြည့်ရှုရမှာပါ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ နောက်ကွယ်က လက်မည်းကြီးတွေအကြောင်းလည်း သေချာပြထားတာမို့ အတည်အတံ့ မှုခင်းရုပ်ရှင်ကို ရှာနေတဲ့သူတွေအတွက် “ရွှေ” ပါပဲ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

6.7 2023
Kasargold
Angel Whispers
5.6

ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။ မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။

5.6 2015
Angel Whispers
Night of the Demons 2
5.9

Night of the Demons 2 (1994) ===================== Night of the Demons 2 မှာတော့ 1 ထဲမှာ မိစ္ဆာဝင်ပူးခံရတဲ့ အန်ဂျလာရဲ့ညီမဖြစ်တဲ့ မယ်လစ်ဆာဟာ စည်းကမ်းတင်းကြပ် တဲ့ ခရစ်ယာန်ကျောင်းကို အပို့ခံလိုက်ရပါတယ်။ အန်ဂျလာရဲ့ ကိစ္စကပြီးသွားခဲ့ပေမဲ့ ဟောလ်အိမ်ကြီးရဲ့ ကောလဟာလတွေ က ပြီးမသွားခဲ့ပါဘူး။ လူတွေရဲ့ အန်ဂျလာကို ဟောလ်အိမ်ကြီးမှာတွေ့ခဲ့တယ်ဆိုတဲ့ စကားတွေက မယ်လစ်ဆာတက်နေတဲ့ စိန့်ရီတာကျောင်းအထိ ပြန့်သွားခဲ့ပြီး အရဲစွန့်သွားချင်တဲ့သူတွေ ရှိလာခဲ့ပါတယ်။ ဟော လိုးဝင်းညကိုရောက်တော့ ကျောင်းမှာကပွဲလုပ်တဲ့အခါမှာ မယ် လစ်ဆာရဲ့သူငယ်ချင်းတစ်သိုက်က ဆရာတွေလစ်တဲ့အချိန်မှာ ကျောင်းရဲ့ အဆောင်ကနေ ခိုးထွက်ပြီး ပါတီတစ်ခုကိုသွားတက် ကြပါတယ်။ ပါတီလုပ်မယ့်နေရာက ဟောလ်အိမ်ဖြစ်နေတာကို သူတို့တွေအားလုံး သိလိုက်တဲ့အခါမှာတော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.14 GB) / (862 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Horror Translator…….Kasashi Encoder……….SWM

5.9 1994
Night of the Demons 2
The Hyperions

“ဟိုက်ပါရီရန်များ” 2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ် ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် … Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ် ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို Titan Badge တွေနဲ့ ပြန်လဲဖို့ လုပ်တဲ့အခါမှာ… တစ်ချိန်က သားအဖအရင်းလို ဆက်ဆံရေးရှိခဲ့တဲ့ ပရော်ဖက်ဆာနဲ့ ဗစ်စတာတို့ ဘယ်လို တင်းမာမှုတွေ ဖြစ်လာမလဲ သူတို့နှစ်ယောက်ရဲ့ လူတွေမသိတဲ့ တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကိုတော့… DVD/EVD ခေတ်က ဘတ်ဂျက်နည်း B ရုပ်ရှင်တွေရဲ့ အရသာကို ပြန်လည်ခံစားနိုင်မယ့် ဒီကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာသာပြန်ကတော့ Sike Tanဖြစ်ပါတယ်။ File size…(1.8 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Science Fiction, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Crime • Thriller
0 2022
The Hyperions
What We Did on Our Holiday

ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်ထိုင်ကြည့်ပြီး ခွီးလို့ရမယ့် ၂၀၁၄ ခုနှစ်ထွက် ဗြိတိသျှ black comedy- drama ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Outnumbered ဆိုတဲ့ BBC Show တစ်ခုကို အတုခိုးပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Doctor Who (2005) မှာပါဝင်တဲ့ David Tennant နဲ့ Jack Reacher (2012)၊ Die another day (2002) စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်တဲ့ မင်းသမီးချော Rosamund Pike တို့ခေါင်းဆောင်ပါဝင်ထားပြီး Billy Connolly၊ Ben Miller၊ Lewis Davie၊ Celia Imrie၊ Amelia Bullmore စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Andy Hamilton နဲ့ Guy Jenkin တို့ကပူးတွဲရိုက်ကူးထားပြီး BBC Films၊ Creative Scotland စတဲ့ကုမ္ပဏီများကထုတ်လုပ်ထားပြီး UK၊ US နိုင်ငံတွေမှာ Lionsgate ကဖြန့်ဖြူးပေးထားပါတယ်။ ကုန်ကျစရိတ် ပေါင် ၃.၅ သန်းဝန်းကျင် ဘတ်ဂျက်သုံးစွဲထားပြီး Box Office မှာတင် ဒေါ်လာ ၁၀.၇ သန်း ပြန်ရတာဖြစ်လို့ တွက်ချေကိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးစိတ်မချမ်းမသာမဖြစ်ရစေဖို့ ကလေးတွေကို သူတို့အတူမနေကြောင်းအဘိုးကို သွားမပြောဖို့ ဖခင်ဖြစ်သူ ဒေါက်က စည်းရုံးရာကနေ မအောင်မမြင်ဖြစ်ပြီး တလွဲတွေတောက်လျှောက်ဖြစ်ပါတယ်။ လွဲချက်လက်လွန်ပြီး အဘိုးဖြစ်သူခမျာ မျောက်လောင်းသုံးကောင်မွှေတဲ့ဒဏ်နဲ့ သူ့အတွက်စီစဥ်ပေးတဲ့ ပါတီကိုပါ မတက်လိုက်ရတဲ့အထိ အလွဲလွဲအချော်ချော်တွေချည့်ဖြစ်ကြပုံကို တစ်ကားလုံးခွီးရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။ မိသားစုဝင်များကြား၊ လင်မယားနဲ့ သားသမီးမိဘကြား ဖြစ်တတ်တဲ့စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ လွဲချော်မှုတွေအကြောင်း ဟာသနှောတင်ပြရင်း ဘဝမှာထားသင့်ထားအပ်တဲ့ စိတ်ထားမျိုး၊ ရှင်သန်မှုပုံစံမျိုးကိုလည်း တစ်စွန်းတစ်စလှစ်ဟပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဝေဖန်ရေးပိုင်းမှာလည်း IMDb rating 6.9 နဲ့ Rotten Tomatoes လည်း 75% ရထားတာဖြစ်လို့ ဆက်ဆက်ကြည့်ရှုကြဖို့ လက်တို့လိုက်ရပါတယ်။ File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Horror • Mystery
0 2014 95 mins
What We Did on Our Holiday
Joy Ride 3 : Road Kill

ပြိုင်ကားမောင်းသမား ဂျော်ဒန်နဲ့အော်စတင်တို့ဟာ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ကနေဒါက ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ခရီးထွက်လာခဲ့ကြပါတယ်။ လမ်းတစ်ဝက်က ထရပ်ကားနားစခန်းတစ်ခုမှာအမြန်ရောက်နိုင်တဲ့ဖြတ်လမ်းကိုရှာရင်းနဲ့အဝေးပြေးလမ်း နံပါတ် ၁၇ ဆိုတာကိုတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီဖြတ်လမ်းဟာ ပုံနှိပ်မြေပုံပေါ်မှာသာရှိနေပြီး GPS ပေါ်မှာလုံး၀ရှိမနေတာပါပဲ။ အဲ့ဒီလမ်းအကြောင်းစုံစမ်းလိုက်ချိန်မှာတော့ သူတို့စုံစမ်းတဲ့ထရပ်ကားမောင်းသမားက အဲ့ဒီလမ်းက မသွားသင့်ကြောင်း အဲ့ဒီလမ်းကို လူသတ်လမ်းကြားလို့ခေါ်ပြီး အဲ့ဒီလမ်းမှာ ပျောက်ဆုံး သေဆုံးခဲ့တဲ့သူတွေဟာ အမေရိကန်တကြောလုံးမှာရှိတဲ့ ဘယ်လမ်းထက်မဆို များတယ်ဆိုတာ သူတို့ကိုပြောပြပါတယ်။ ဒါပေမယ့် ခေတ်လူငယ်ပီပီ ပုန်ကန်တတ်တဲ့၊ အယုံအကြည်မရှိတဲ့စရိုက်တွေနဲ့ သူတို့တစ်သိုက်ဟာ အဲ့ဒီလမ်းအတိုင်းထွက်ခဲ့ကြပြီး လမ်းမှာတွေ့တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ကို ကျော်တက် ၊ ပိတ်မောင်းရင်း အပျော်တမ်းစနောက်မိတဲ့အခါမှာတော့.. အဲ့ဒီလမ်းဟာ တကယ်ပဲ သူတို့အတွက် သေမင်းတမန်လမ်းကြီးဖြစ်လာပါတော့မယ်။ Joy ride triology ရဲ့နောက်ဆုံးကားဖြစ်ပြီး Franchise ထဲမှာမှ သတ်ခန်းဖြတ်ခန်းရော ဝတ်လစ်စလစ်ခန်းတွေပါပါဝင်ပြီး အကြမ်းဆုံးကားဖြစ်ပါတယ်။ အထူးသဖြင့် Wrong turn ထဲကလို ကြမ်းတမ်းလွန်းတဲ့သွေးထွက်သံယိုတွေ ပါဝင်တဲ့အတွက်ကြည့်ရဲမှ ကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.8 GB)/(934 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2014
Joy Ride 3 : Road Kill
Rebel Moon – Part One: A Child of Fire
6.4

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။ File size…(1.8 GB)/(1 GB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….02:13:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.4 2023
Rebel Moon – Part One: A Child of Fire
By the Stream
6.9

By the Stream (2024) ******************** IMDb…..6.9 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Drama အမျိုးအစားလေးဖြစ်ပြီး Toronto International Film Festival မှာ ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ The HandMaiden ထဲက မင်းသမီး Kim Minhee, Parasyte:The Grey ထဲက စုံထောက် မင်းသား Kwon Hae Hyo, ပြဇာတ်မင်းသမီး Cho Yoon Hee, မင်းသား Ha Seong Guk နဲ့ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂျွန်အင်း (Kim Min Hee) ဟာ စမ်းချောင်းဘေးမှာ ထိုင်ကာ သဘာဝတရားကို ခံစားရင်း သူ့အထည်အလိပ်တွေရဲ့ ဒီဇိုင်းကို ရေးဆွဲလေ့ရှိသူပဲ ဖြစ်တဲ့အပြင် အမျိုးသမီးတက္ကသိုလ်တစ်ခုက ဆရာမတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ တက္ကသိုလ်ရဲ့ နှစ်စဉ်ဟာသပြဇာတ်တိုအတွက် သူမရဲ့ဌာနမှ တာဝန်ယူရသော်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ကျောင်းသားတစ်ယောက် လူမှုရေးကိစ္စဖြစ်ပြီး အဖွဲ့မှ နှုတ်ထွက်သွားတဲ့အခါ ဆရာမ ဂျွန်အင်းတစ်ယောက် တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင်-ဒါရိုက်တာဖြစ်တဲ့အပြင် သူမ၏ ဦးလေးဖြစ်သူ ချူရှီအွန်း (Kwon Hae Hyo) ကို အကူအညီ တောင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျွန်အင်းတို့ဌာနက ပါမောက္ခဂျောင် (Cho Yoon Hee) ဟာ ဦးလေး ချူရှီအွန်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ ပြဇာတ်တိုအတွက် လေ့ကျင့်တဲ့ အချိန်အတွင်း ဖြစ်ပေါ်လာမဲ့ ဆရာနဲ့ တပည့်တွေကြားက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ခင်မင်ရင်းနှီးလာပုံတွေကို ရိုက်ကူးပြသထားတဲ့ Drama ကားကောင်းလေးမို့လို့ By the Stream ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 2.00GB/ 900MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:52:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Family • Drama • Music
6.9 2024 111 mins
By the Stream