YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Extras for Chasing The Dragon (2025) 1080p WEB-DL AAC2.0-CM.mkv

1.06 GB 1080p video/x-matroska 152 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Attack of the Hollywood Clichés!
6.2

လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.3 GB) / (470 MB) / (271 MB) Quality............WEB-DL 1080p / 720p / 480P Duration.........58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Comedy Translator.......Fiona Gillen Encoder..........SWM

Horror • Mystery • Thriller
6.2 2021 59 mins
Attack of the Hollywood Clichés!
(18+)Hot Sex Talk
7

အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးက live stream လွှင့်ပြီး ဘဝရပ်တည်ရေးကို ကြိုးစားနေတဲ့ ကိုရီးယားမလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် သူက ပထွေးနဲ့မနေချင်တဲ့အဆုံး မြို့ပေါ်ကိုတက်လာပြီး streamer လုပ်နေသူလေးပါ ဒီနေရာမှာ သူ့ရဲ့ Live stream အကြောင်းနဲနဲပြောပြချင်ပါတယ် သူက ခန္ဓာကိုယ်ကို ပြပြီး viewer တွေခိုင်းတာ လုပ်ပြရတာဖြစ်ပါတယ် အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပြီး လူငယ်တွေရဲ့အချစ်ရေး မိဘနဲ့သားသမီးကြားက အဖုထစ်လေးတွေ ကို ဇာတ်လမ်းဇာတ်ကွက်ပီပြင်ပြီး Streamer အကိတ်လေးရဲ့ ပြကွက်ဆန်းတွေကို ခံစားဖို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…576MB Quality…720p HDRIP Format…mp4 Duration….74 Mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Horror • Mystery • Thriller
7 2015
(18+)Hot Sex Talk
The Red Sparrow
4

The red sparrow ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တက်သစ်စမင်းသားတွေဆိုပေမယ့် ဇာတ်ဆောင် ဇာတ်ပို့ ဖြတ်လျှောက်က အစ အချိတ်ဆက်မိတာကြောင့် low budget လို့ မထင်ရလောက်အောင် ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ ဒါအပြင် ဇာတ်လမ်း ဇာတ်ညွှန်းကလည်း ဆွဲဆောင်မှု ရှိနေပြန်တယ်... ဒီဇာတ်လမ်းကို မိတ်ဆက်ဖို့ အများကြီးမလိုပါဘူး... တစ်ခွန်းတည်းပါပဲ... နည်းပညာခေတ်ကြီး 21 ရာစုမှာ နည်းပညာမှ မသိရင် ခေတ်နောက်ကျပါပြီတို့ လူတောမတိုးတော့ဘူးဆိုတဲ့ ယနေ့ခေတ်မှာ အားလုံးက မသိမသာ နည်းပညာရဲ့ သားကောင်ကနေ ကျေးကျွန်အဆင့်ထိရောက်လာကြတာကို တွေးတောမိပြီး အနာဂတ်မှာ နည်းပညာက ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ လူသားတွေကို ဘယ်လို ဝါးမြိုသွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့.... ဒါကြောင့် စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးပုံဖော် ဇာတ်ကားလေးကို ကြည့်ပြီး တကယ် ဒီလိုဖြစ်လာရင်လို့ တွေးပြီး ခဏလောက် ဦးနှောက် အလုပ်ပေးလိုက်ကြပါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Chu Chu ပဲ ဖြစ်ပါတယ်။ Genre.....Action, Sci-Fi Quality….WEB-DL 1080p and 720p and 480p File size…1,1GB and 626Mb and 307MB Format…mp4 Duration….1h 17min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chu Chu Encoder ..... LK

Crime • Thriller
4 2022 77 mins
The Red Sparrow
Moon-young
6.7

စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။ သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ? မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure • Mystery
6.7 2017 64 mins
Moon-young
The Anchor
5.5

သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါ Se-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး... “အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...” အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေ‌ဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ပုံရိပ်တွေ ဆက်တိုက်မြင်လာရတယ် အလုပ်တွေပါ ထိခိုက်လာတာကြောင့် သေသွားတဲ့မိန်းကလေးရဲ့ စိတ်ရောဂါကုဆရာဝန် In-Ho (Shin Ha-Kyun) နဲ့ တွေ့ခဲ့တယ် ဒီအမှုနဲ့ ထိုဆရာဝန်ပတ်သတ်နေတယ်လို့ သိလာပြီး သံသယဝင်လာတယ် ပြီးပြည့်စုံတဲ့ သတင်းကြေညာသူတစ်ယောက်ရဲ့ တုန်လှုပ်ယိုင်နဲ့လာပုံကို ကျောချမ်းရင်း ကြည့်ရမယ့်အပြင် သားသမီးနဲ့မိဘတွေရဲ့ စိတ်ထဲကခံစားချက်တွေကို ဖော်ကြူးထားတဲ့ အတွက် အမိုက်စားကားသစ်လေးကို အခုပဲကြည့်လိုက်ရအောင်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။ Genre.....Mystery, Thriller Quality….1080p | 720p| 480p File size… 1.6GB | 815MB | 296MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing Khin Encoder ..... August

Fantasy
5.5 2022 111 mins
The Anchor
The Secret Life of Walter Mitty
7.2

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။ လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။ ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။ ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား.. Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ… အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော… သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး.. သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ… မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့… သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ ... ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ… နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။ ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့…. အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။ (၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ??? Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက… ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အညွှန်းရေးသားထားသူကတော့ (Nucleon_Content #Admin_N) မှဖြစ်ပါတယ် ။ File size__(1.9GB) and (950MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:54:35 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
7.2 2013 114 mins
The Secret Life of Walter Mitty
Jane Eyre
7.3

၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ဆိုတတ်တာကြောင့် သူ့ဘဝက အရွယ်ရောက်တဲ့အထိအထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျောင်းကနေ ထွက်လာပြီး Thornfield Hallဆိုတဲ့ အိမ်ကြီးမှာ Mr. Rochester ဆိုသူရဲ့ အုပ်ထိန်းခံပြင်သစ်ကလေးမလေးကို စာသင်ကြားပေးရတဲ့ ဆရာမအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Mr. Rochesterရဲ့ ပုံစံအရ မာနကြီးပြီး တော်ရုံလူကိုတန်းတူညီမျှ သဘောမထားတတ်တဲ့သူက Jane နဲ့ တွေ့ပြီးနောက်မှာ နူးညံ့ပျော့ပြောင်းတဲ့အသွင်ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မှာ လူသိမခံတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကို Jane သိသွားတဲ့ အခါမှာ ဘာဆက်ဖြစ်မလဲ Janeကရော ဘာဖြစ်လို့ထွက်ပြေးလာတာလဲ Jane ထွက်ပြေးလာတဲ့နေရာအသစ်ကရော ဘယ်လိုပုံစံမျိုးလဲ ရုပ်ရှင်ကားက ဆက်ပြောပြသွားမှာပါ။ Pride & Prejudice နဲ့ romanceက နည်းနည်းလေးဆင်သလိုလို ရှိပြီးတော့ သူ့ပုံစံနဲ့ သူ ခံစားကြည့်ရှုလို့ကောင်းတဲ့ကားပါ။ File size…(2.3 GB)/(1.08 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.3 2011
Jane Eyre
Tales From The Occult: Body and Soul
5.9

Tales from the Occult : Body and Soulမှာ အပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါ ဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်က ကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲ ဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ် ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကို တဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ် တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာ ကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာ ဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့

Romance • Drama
5.9 2023
Tales From The Occult: Body and Soul
Matcha & Vanilla
6.6

Matcha & Vanilla (2021) Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းက ခါးသက်တဲ့အရသာရှိပြီး Vanilla အရသာကတော့ ချိုအီတဲ့ဘက်ကဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက် မလိုက်ဖက်ဘူးလို့ ထင်ရတဲ့အရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ နှစ်သက်ဖွယ်ရာ အရသာတစ်ခုထွက်လာသလို ဒီလို ချိုတလှည့် ခါးတလှည့် အရသာကပဲ ဘဝဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေသလိုပါပဲ။ ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ရင်ဆိုင်ကြုံတွေ့ရတာတွေက ခက်ခဲပါတယ်။ ခုလို ကင်ဆာနဲ့ ထိပ်တိုက်တွေ့ရချိန်မှာ ငွေကြေးအခက်အခဲတွေနဲ့ ပြဿနာအစုံကို သူတို့နှစ်ဦး ဘယ်လိုရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်မှာ Same Sex Marriage တွေကို တစ်မြို့ပြီးတစ်မြို့က လက်ခံလာကြပါပြီ။ ဒါပေမဲ့ ဥပဒေအရ တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေရပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 855MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 24Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.6 2021 84 mins
Matcha & Vanilla
Bajrangi Bhaijaan
8.1

Bajrangi Bhaijaan (2015) —————————— မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက် ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။ (ရုပ်ရှင်အညွှန်းကို လင်းခယံ မှရေးသားထားပြီး ရုပ်ရှင်ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Horror • Science Fiction
8.1 2015 159 mins
Bajrangi Bhaijaan
Eternal 831

အခုတစ်ခါမှာတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်စိတ်ကူးယဉ် animation ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်လမ်းလေးထဲမှာဆိုရင် စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေအပြင် ဂျပန်ဇာတ်လမ်းလို့မထင်မှတ်ရလောက်အောင် ကောင်းတဲ့ Animation လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်. ဇာတ်လမ်းအကျဉ်း ဆူဇူရှီရိုဆိုတဲ့ သတင်းစာပို့တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပြီး ပညာသင်ဆုအတွက် ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆူဇူရှီရိုမှာ အချိန်ကိုရပ်တန့်နိုင်တဲ့ စွမ်းအင်တစ်ခုရှိနေပါတယ်။ အဲ့ဒီ့စွမ်းအင်ရှိနေတာကိုလည်း ဆူဇူရှီရိုတစ်ယောက် သိခဲ့တာတော့ သိပ်မကြာသေးပါဘူး. ဒါပေမယ့် သူတို့နေတဲ့ နေရာမှာ ဆူဇူရှီရိုအပြင် နောက်ထပ်အချိန်ကို ရပ်တန့်နိုင်တဲ့ လူတွေရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နဲ့ ဆူဇူရှီရိုတို့ မထင်မှတ်ပဲ တွေ့ဆုံဖြစ်ခဲ့ပြီး ဇာတ်ရဲ့အဓိက အလှည့်အပြောင်းက ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ. အချိန်ရပ်တန့်နိုင်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြသထားတဲ့ Mystery, Adventure နဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ Jo Joe မှ ရေးသားထားပါတယ်။ File size…(1.6 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Joe Joe

0 2022
Eternal 831
Kalak
6.5

Kalak (2024) IMDb – 6.5/10 2023ခုနှစ်ကထွက်ရှိခဲ့တဲ့ စကင်ဒီနေးဗီးယားရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါတဲ့အတွက် အသက်မပြည့်သေးသူများ မကြည့်ရှုဖို့ ကြိုတင်သတိပေးပါရစေ။ ဂျန်ဆိုတဲ့ သူနာပြုအမျိုးသားတစ်ယောက် ဆယ်ကျော်သက်ဘ၀မှာ အဖေဖြစ်သူရဲ့အဓမ္မကျင့်ခံခဲ့ရတဲ့ စိတ်ဝေဒနာကြောင့် မိသားလေးတစ်ခုပိုင်ဆိုင်ထားပေမဲ့ ပုံမှန်ဘ၀နဲ့ရှင်သန်နိုင်ခြင်းမရှိခဲ့။ အဖေဖြစ်သူဆီက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ခံစားခဲ့ရတဲ့စိတ်ဝေဒနာကြောင့် ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း အဆင်ချောမနေခဲ့ပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အဖေဖြစ်သူကင်ဆာနဲ့ဆုံးခါနီး မဖြစ်မနေသွားတွေ့ဖို့ကြုံလာရတဲ့အခါ။ လောကဓံရဲ့ အရိုက်အနှက်ကိုလည်း နာကြင်စွာခံစားနေရတဲ့အချိန်ဖြစ်နေလေတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 3.59GB | 1.41GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.5 2024
Kalak
[21+] The Teenie Weenie Bikini Squad
4.5

{21+} The Teenie Weenie Bikini Squad (2012) Comedy/Pornographic ဒီတစ်ခါ Darkside Productionကနေ ထပ်မံတင်ဆက်ပေးချင်တာကတော့ စုံထောက်အက်ရှင်စိတ်ဝင်စားတဲ့ အမှောင်လောကသားတို့အတွက် အစုံထောက်မဲ့ စုံထောက်မလေးတွေရဲ့ဇာတ်လမ်းပေါ့။ ဆန်ဒီ၊ နစ်ကီနဲ့ ဂျက်စမင်းဆိုတဲ့ မင်းတုန်းမင်းကြိုက်ဆော်ကြီးသုံးဗွေက အမှုတွေကို အသွင်ယူဖြေရှင်းတဲ့ အလွတ်တမ်းစုံထောက်မလေးတွေ။ ဆန်ဒီ့စကားအရဆို အသွင်ယူဖို့အတွက် ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းသွားရသွားရ ကျွန်မတို့ကအဆင်သင့်ပဲတဲ့။ သူတို့အဖွဲ့ရဲ့နာမည်က Teenie Weenie Bikini Squad။ အမှုတိုင်းကို အောင်မြင်စွာဖော်ထုတ်ပြီး တရားခံကိုဖမ်းဆီးပေးနိုင်တဲ့ သူတို့သုံးယောက် နေ့မနားညမနား တအားအားစုံစမ်းဖော်ထုတ်ကြပုံကို ခေါင်းကြီးတို့ စိတ်ဝင်တစား ရှုမြင်ပုံဖော်ခံစားသက်ဝင်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

4.5 2012
[21+] The Teenie Weenie Bikini Squad
The Assessment
7.1

The Assessment (2025) IMDb Rating (7.1) / Rotten Tomatoes (83%) Elizabeth Olsen နဲ့ Himesh Patel တို့ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဆိုက်ကိုဒရာမာပါ။ လူနည်းနည်းနဲ့ ဇာတ်လမ်းအဆန်းမျိုးကို ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ဒီလို ဇာတ်လမ်းမျိုးလည်း အရင်က မကြည့်ဖူးကြသေးလောက်ပါဘူး။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးမှာ သယံဇာတနဲ့ စားစရာတွေကုန်ခါနီး အချိန်မှာ လူတစ်စုက ကမ္ဘာပေါ်မှာပဲ နေရာတစ်ခုကို ဖန်လုံအိမ်ပုံစံတည်ဆောက်ပြီး အသက်ရှင်အောင်နေကြပါတယ်။ အဲဒီ နေရာကို မလာရတဲ့လူတွေကတော့ ကမ္ဘာဟောင်းမှာ စုတ်ပြတ်နေအောင် နေကြရတာပါ။ အဲဒီ ကမ္ဘာသစ်ထဲမှာ လိုတာအကုန် အပြည့်အစုံရရုံမက ဆီနိုစီဒင်းဆိုတဲ့ ဆေးတစ်မျိုးကိုပါ ဖော်စပ်နိုင်ခဲ့ပြီး နေမကောင်းဖြစ်တာတွေ အသက်ကြီးတာတွေ အားလုံးကိုပါ ရပ်တန့်စေခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာသစ်ထဲကလူတွေက တစ်ယောက်အသက်ကို တစ်ယောက် မှန်းလို့မရကြပါဘူး။ အဲဒီနေရာရဲ့ ကန့်သတ်ချက်ကတော့ ကလေးမွေးခွင့်မရှိတာပါပဲ။ ရင်းမြစ်တွေမလောက်မှာဆိုးတဲ့အတွက် ကလေးတစ်ယောက်ယူခွင့်ရဖို့ဆိုရင် ခက်ခက်ခဲခဲ လျှောက်လွှာတင်ရပြီး အရမ်းခက်ခဲတဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။ အဲဒီစစ်ဆေးမှုကို အောင်မှပဲ ကလေးမွေးခွင့်ရမှာပါ။ ဒီဇာတ်လမ်းထဲက စုံတွဲကလည်း ကလေးမွေးခွင့်လျှောက်ထားပြီးနောက်မှာ စစ်ဆေးရေးမှူးက အိမ်မှာ ၇ ရက် အတူလာနေပြီး မိဘဖြစ်ဖို့ အရည်အချင်းမီမမီ မျိုးစုံစစ်ဆေးပါတော့တယ်။ ဒီတော့ နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲ၊ ဘာလှည့်ကွက်တွေ ရှိနေမလဲဆိုတာ တရစ်ချင်း ဖြည်ပြပါလိမ့်မယ်။

7.1 2025 114 mins
The Assessment
Dinasari
5.7

Dinasari (2025)”နေ့တိုင်း” ===================== တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။ သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။ အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama
5.7 2025
Dinasari