YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Extraction 2020 - 1080p [RMC].mp4

1.9 GB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alexander
5.9

Alexander (2004) ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။ သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။ အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။ ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။ အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။ အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။ အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။ ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။ ကြီးမြတ်တဲ့ အလက်ဇန်းဒါးရဲ့ ဘဝဇာတ်ကြောင်းကြီးကို ရုပ်ရှင်တစ်ခုတည်းနဲ့ ပုံဖော်ခဲ့တဲ့အခါမှာ လူအများစုရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရုပ်ရှင်ပြသချိန်က သုံးနာရီကျော်ရှိပြီး ဗိုလ်ချုပ် ပထောလမီ ကို သမိုင်းပညာရှင်အဖြစ် နာမည်ပြောင်အပေးခံရတဲ့အထိကို သူ့ရဲ့ဇာတ်ကြောင်းပြ နောက်ခံစကားပြောက နေရာတကာပါနေတာပါပဲ။ ဇာတ်ကားကြည့်တဲ့သူတွေအနေနဲ့ အနှောင့်အယှက်ကြီးစွာ ခံစားခဲ့ရသတဲ့။ အကယ်ဒမီများရှင် မင်းသားကြီး Colin Farrell ရယ်၊ ကျွန်တော်တို့ရဲ့ Angelina Jolie ရယ်၊ ကျွန်တော်သိပ်ကြိုက်ရတဲ့ အဘိုကြီးမင်းသား Anthony Hopkins ရယ်၊ စသဖြင့် Cast ကတော့ ဖျားသွားလောက်စရာပါပဲ။ ဒါပေမဲ့ Box Office မှာတော့ စရိတ်ကာမိရုံပဲပြန်ရခဲ့တာပါ။ Rating ကလည်း ထိုးဆင်းသွားပြီး Rotten Tomatoes မှာလည်း စုတ်ပြတ်သွားတာပဲ။ ပိုဆိုးတာက အဆိုးဆုံးရုပ်ရှင်ဆု၊ အဆိုးဆုံးသရုပ်ဆောင်ဆု၊ အဆိုးဆုံးဂီတဆု ဘာညာ ဆိုးဆိုးဝါးဝါးဇာတ်ကားတွေကို ပြောင်လှေင်ပြီးပေးတဲ့ ဆုတွေစာရင်းမှာ အနုပညာရှင် အတတ်ပညာရှင်ဆုတွေ တန်းစီပြီး စာရင်းဝင်ကုန်တာပါ။ အဆိုးဆုံးဆုတွေ မရခဲ့ပေမယ့် အဆိုးဆုံးအမျိုးသမီးစကားပြောဟန်ဆုတော့ ရသွားသေးတယ်။ Angelina Jolie နဲ့ Rosario Dawson တို့ရဲ့ မက်ဆာဒိုးနီးယန်းလေသံနဲ့ ဘာဘာရီယန်လေသံ လုပ်ပြောတာတွေ မပီမပြင်ဖြစ်ရတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်ကား ကျဆုံးရခြင်းက အနုပညာနဲ့ အတတ်ပညာတို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ သမိုင်းရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်တစ်ပါးကြီးကို လူတွေက နတ်ဘုရားဆန်ဆန် ယူဆ အထင်ကြီးထားချိန်မှာ ရုပ်ရှင်က သဘာဝဆန်လွန်းသွားလို့ လူတွေ စိတ်ပျက်သွားပုံရပါတယ်။ ရင်ထဲမှာ ပုံဖော်ထားတဲ့သူရဲကောင်းကြီးကို လိင်တူချစ်သူ၊ မာန်တက်နေတဲ့ အရက်သမားတစ်ယောက်အနေနဲ့ မြင်လိုက်ရချိန်မှာ လက်မခံနိုင်ဖြစ်ကြတယ်ထင်ပါရဲ့။ အလက်ဇန်းဒါးသာ တကယ်မရှိခဲ့ဘဲ ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို ပုံဖော်ထားတယ်ဆိုရင် ဒီဇာတ်ကားအောင်မြင်မှုက မိုးထိုးသွားမှာပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားက တိုက်ပွဲမြင်ကွင်းတွေမှာ ချီးကျူးမှုတွေရရှိထားတဲ့ စစ်ပွဲဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကတော့ သေချာပေါက်ပါပဲ။ ( ဘာသာပြန်းပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ် ) File Size__(4GB) / (2.2GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__03:27:00 Type__Action, Adventure, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Thriller
5.9 2004 175 mins
Alexander
[18+] Sweet Sugar
3.9

Sweet Sugar (1972) Sweet Sugar ဟာ သူ့ရှေ့က မိန်းမထောင်ကားတွေလိုလို မိန်းမထောင်ကား ဆန်ဆန်ပါပဲ။ ဒီလိုကားတွေ အဲဒီကာလမှာ တော်တော်ခေတ်စားခဲ့တယ်ထင်ပါတယ်။ စကီလေး မတရား ထောင်ကျ။ ထောင်မှာ အလုပ်ကြမ်းလုပ်ရ။ နောက်မတရားမှုတွေနဲ့ ကြုံလာ လွတ်ဖို့ကြိုးစား ဒါမျိုးတွေပေါ့။ မတူတာကတော့ ဒီကားမှာ Sugar လို့ခေါ်တဲ့ ခပ်လန်းလန်း ကာရိုက်တာမလေး ပါဝာာပါပဲ။ Sugar ဟာ တစ်ခါတလေ အေးစက်တယ်။ တစ်ခါတလေ နွေးထွေးတယ်။ တစ်ခါတလေ ချိုမြသလို တစ်ခါတလေ ခါးသက်တယ်။ တစ်ခါတလေ ခေါင်းပွတ်ခံရတာကြိုက်တဲ့ ခွေးကလေး။ တစ်ခါတလေ ဆတ်ဆတ်အထိမခံတဲ့ မြွေဟောက်မလေး။ ဒီလိုအဆိပ်ပြင်းပြီး ကြင်နာတတ်တဲ့ Sugar ရဲ့ Erotic ဇာတ်ကလေးမှာ နွေးထွေးကြမ်းတမ်းတဲ့ Sugar ရဲ့ အလှတရားတွေပါတာမို့ မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 670MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by RGB

Drama
3.9 1972 86 mins
[18+] Sweet Sugar
Palm Trees and Power Lines
6.3

Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama
6.3 2023 110 mins
Palm Trees and Power Lines
Me Time
5.9

ခုမှ netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ ဟာသကားလေးပါ ဇာတ်ကားနာမည်က me time ဆိုတဲ့အတိုင်းပဲ ကိုယ့်အတွက်ကိုယ်ပဲ အချိန်ပေးကြမယ်ပေါ့ နာမည်ကြီး ဟာသ သရုပ်ဆောင် Kevin Hart နဲ့ Mark Wahlberg တို့ အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးမလို့ မရယ်ရမှာတော့ စိတ်မပူပါနဲ့ ဇာတ်လမ်းကတော့ ဆွန်နီ (kevin) နဲ့ ဟက် (mark) တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ပြီးတော့ ဟက်ရဲ့ မွေးနေ့တိုင်းကိုလည်း တူတူဖြတ်သန်းခဲ့ကြတယ် အသက်တွေကြီးလာတော့ ဆွန်နီက မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ ငယ်ငယ်ကလိုလည်း ဟက်နဲ့တူတူပျော်ပျော်ပါးပါး မရှိတော့တာလည်း ကြာပါပြီ မိသားစုနဲ့ ကလေးတွေကိုပဲ ဂရုစိုက်နေရတဲ့ ဆွန်နီ တစ်ယောက် ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်ခဲ့ပါဘူး တစ်ရက်မှာ မိန်းမနဲ့ကလေးတွေက အားလပ်ရက်ခရီးသွားတော့ မိန်းမကလည်း သူ့ကိုယ်သူ အချိန်ပေးဖို့ဆိုပြီး တစ်ယောက်တည်း ထားခဲ့ပါတယ် အဲမှာ ဆွန်နီက ကိုယ့်အတွက်ကိုယ်အချိန်ပေး မလုပ်ဖြစ်တာတွေ လုပ်ရင်း ဟက်ရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ပါတီကို သွားခဲ့ပါတယ် မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့လည်းတွေ့ ပါတီတွေကျင်းပ နှစ်ယောက်ပေါင်းပြီးတော့ တလွဲတွေလုပ်တာတွေကို ဟာသတွေနဲ့ ပူးတွဲကြည့်ရမယ့် ဇာတ်ကားလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.63GB | 949MB | 364MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Adventure • Animation • Comedy • Family • Fantasy
5.9 2022 104 mins
Me Time
Ayngaran
5

ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ... တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ... တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ... အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7GB, 1.3GB, 696MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 17mins Genre : Action, Drama Translated by Moe Lay & Chothet_mlmt Encoded by Kinnov

Comedy • Drama • Romance • TV Movie
5 2022 135 mins
Ayngaran
Cell 211
7.5

၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား… တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အသည်းတထိတ်ထိတ် ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          :  (1.9GB), (819MB) & (354MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr & 53mins Genre              : Action, Adventure, Crime Translated by  May Myat Thu Encoded by Kinnov

Science Fiction
7.5 2009 110 mins
Cell 211
The Dirt
7.5

Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လို Rock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါ The Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့ အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကို ဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ … Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး … မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ သီချင်းတွေဟာလည်း သူတို့ရဲ့မူရင်းတေးသီချင်းတွေဖြစ်ပါတယ်… ဒီဇာတ်ကားထဲမှာ Motley Crue ဝိုင်းတော်သား လေးယောက်ရဲ့ လမ်းဘေးရောက် ဘဝအဖုံဖုံကနေ Rock ဂီတကိုရူးသွပ်ပြီး အခွေအချပ် သန်းတစ်ရာကျော်ရောင်းချရတဲ့ ကမ္ဘာကျော်တွေဖြစ်လာခဲ့ပုံတွေ… နာမည်ကြီးပြီးနောက် လိင် မူးယစ်ဆေး အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ပြိုလဲခဲ့ကြပုံတွေ ကို ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ရော့ခ်ဂီတကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ မလွဲမသွေပါပဲခင်ဗျား…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ)

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2019 108 mins
The Dirt
Carnifex
4.7

ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။ အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင် ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ လက်ရှိအလုပ်အကြောင်း ရှင်းပြရင်း မှတ်တမ်းရိုက်ကူးလိုက်နဲ့ပေါ့။ သူတို့မသိတာက လူတွေတစ်ခါမှ မတွေ့ဖူးတဲ့ သားရဲမျိုးစိတ်အသစ်တစ်ခုဟာ တောမီးကြောင့် စားကျက်မြေပြောင်းလာရပြီး သူတို့နဲ့ အနီးအနားကို ရောက်လာတယ်ဆိုတာပဲ။ ဘန်၊ဘေလေ နဲ့ ဂရေ့(စ်)တို့ သုံးယောက် တောနက်ထဲအထိ ရောက်လာပြီး မမျှော်လင့်ဘဲ အဲ့အကောင်ကြီးနဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ File size…(3.7GB) / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre…Horror / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

4.7 2022
Carnifex
Kurukkan
5.9

Kurukkan (2023) IMDb-6.1/10 ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။ သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။ သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်)

5.9 2023 124 mins
Kurukkan
Barbie in A Mermaid Tale 2
6

Barbie in A Mermaid Tale 2 (2011) ========================= IMDb Rating – 6.0/10 ကိုယ့်ရဲ့ရေသူမဘဝကို လက်ခံနိုင်သွားတဲ့ Merliah ကတော့ ကုန်းပေါ်မှာရော ရေထဲမှာပါ ဆယ်လီဖြစ်နေပါပြီ။ လူတစ်ဝက် ရေသူမတစ်ဝက်မို့လို့ ရေအောက် မှာထီးနန်းဆက်ခံဖို့လည်း မဖြစ်သလို Merliah ကလည်း နန်းတက်ဖို့စိတ်မဝင် စားဘဲ ဝါသနာပါတဲ့ Surfer အလုပ်ကိုပဲ ဆက်လုပ်နေဖြစ်တာပါ။ Surfing သက် တမ်းတစ်လျှောက် “Queen of the Waves” လို့တင်စားခံလာရတဲ့ Merliah တစ် ယောက် … ဒီတစ်ခါ Second movie မှာတော့ ပြိုင်ဘက်တစ်ယောက် ရလာပါ တယ်။ Merliah လည်း Kylie Morgan ကို ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲကြီးမှာ မရရအောင်ချိုးဖို့ပြင်ထားတာပေါ့။ ဒါပေမယ့် ရေအောက်မှာတော့ Merliah အမေက နန်းလွှဲရမယ့်လူမရှိဘဲ သူပဲနန်း ပြန်တက်ရမှာမို့ နန်းတက်ပွဲအတွက် Merliah ကို ပြိုင်ပွဲတစ်နှစ်အောက်စေချင်နေ ပါတယ်။ တစ်သက်လုံးကြိုးစားလာလို့ နေရာတစ်ခုရောက်နေတဲ့ Merliah ကလည်း ထီးနန်းကိစ္စတွေကြောင့်နဲ့ ပြိုင်ပွဲကိုအအောက်မခံနိုင်ပါဘူး။ ဒီအခြေအနေတွေအား လုံးကို စောင့်ကြည့်နေတဲ့ ငါးတစ်ကောင်ကတော့ Merliah ကိုမနာလိုတဲ့ Kylie ကို အသုံးချပြီး Eris ကို လွှတ်ပေးဖို့ကြိုးစားတာ အောင်မြင်သွားပါတော့တယ်။ Merliah လည်းရှိမနေတဲ့ နန်းတက်ပွဲနေ့ကွက်တိမှာမှ Eris တစ်ယောက် ပြန်လွတ်လာတဲ့အခါ မှာတော့ … (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.44 GB) / (706 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Hnin Wut Yi Encoder……….SWM

6 2011
Barbie in A Mermaid Tale 2
As We Know It
5.6

As We Know It (2023) Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။ ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်… ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်… သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ… သူတို့ရဲ့တွဲခဲ့တုန်းက မပွင့်လင်းခဲ့တာတွေ ပြန်လည် ဖြေရှင်းရင်း ဘရုစ်နဲ့ အမ်မလီတို့ရဲ့ အတိတ်ကိုပါ သိလိုက်ရတဲ့ ဂျိမ်းစ်တစ်ယောက် အသည်းနှစ်ထပ်ကွမ်း ကွဲသလိုဖြစ်သွားပါတယ်။ ဒီကြားထဲ ဖုတ်ကောင်ကပ်ဆိုးကြီးကလည်း မပြီးသေးတော့ အိမ်ထဲမှာ သူတို့၃ယောက်သား ပိတ်မိနေပြီး အရင်က အမှားတွေ မကျေလည်တာ‌တွေကို ပြန်လည်‌ဖြေရှင်းတာကို တွေ့ရမှာပါ။ ကံကောင်းတာက ဘရုစ်က မထင်မှတ်ဘဲ ဗိုင်းရပ်စ်အတွက် ဖြေဆေးရှာတွေ့သွားပြီး ဘယ်လိုအလှည့်အပြောင်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာ… ဆက်လက်ပြီး ရှုစားပေးကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 780MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 24Min Genre – Comedy, Horror, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Romance
5.6 2023
As We Know It
War On Terror: KL Anarchy
6.7

War on Terror : KL Anarchy (2023) နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း … ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။ ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှ ကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲ ပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်) Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 709MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2023
War On Terror: KL Anarchy
Aftermath

Mystery, Sci-fi အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့ တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။ သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။ အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင် နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Animation • Family • TV Movie
0 2024 78 mins
Aftermath
Preparations for a Miracle
8.2

Preparations for a Miracle (2024) IMDb Rating (8.2) “Preparation for a miracle” က Tobias Nölle ရိုက်ကူးခဲ့တဲ့ contemporary science fiction ဖြစ်ပြီး IMDB 8.2/10 ရရှိထားတဲ့ ဂျာမဏီဘာသာစကား အခြေစိုက် Switzerland နဲ့ Germany တွဲဖက်ထုတ်လုပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Science fiction နဲ့ documentary ပုံစံ ‌နှစ်ခုရောထားပြီး ထူးခြားတဲ့ ဇာတ်ကြောင်းပြောကြားမှု၊ Visual ကောင်းကောင်းနဲ့ အဓိက theme တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နည်းပညာအပေါ် လေးနက်တဲ့ထင်ဟပ်မှုတွေဖြစ်ပေါ်အောင် ရိုက်ကူးတင်ပြထားပါတယ်။ Plot summary: အနာဂတ်က လူသားသွင်ပြင်ပုံသဏ္ဌာန်နဲ့ Android တစ်ခုက ဘုရင်ကြီးရဲ့အသံကိုဖမ်းဖို့ 2022 ခုနှစ်ကို အချိန်ခရီးသွားလာခဲ့တယ်။ သူ့ရဲ့မစ်ရှင်ကတော့ သူတို့စက်‌တွေရဲ့ ဖြစ်တည်မှုမေးခွန်းတွေအားလုံးအတွက် အဖြေကို ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တဲ့ လူသားဘုရင်ကြီးရဲ့ လှပတဲ့အသံကို သွင်းယူပြီး အနာဂတ်ကို ပြန်လာခဲ့ဖို့ပါပဲ။ ဒီလိုနဲ့ ဘုရင်ကြီးကို တစ်ခါမှမမြင်ဖူးတဲ့ Android ဟာ စက်ရုပ်တွေနဲ့ ပြောဆိုမေးမြန်းပြီး လူသားတွေကြား အူကြောင်ကြောင်ရောထွေးနေထိုင်ကာ ဘုရင်ကြီးကိုတွေ့ဖို့ ကြိုးစားရင်း သူနားမလည်တဲ့ အတိတ်က လူသားတွေနဲ့ စက်ပစ္စည်းတွေရဲ့ အခြေအနေတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (760 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary,Science Fiction Duration….01:29:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Drama
8.2 2024 88 mins
Preparations for a Miracle
Mr and Mrs Bachelor
5.5

Mr and Mrs Bachelor (2025) အချစ်ကြိုး IMDb 6 အလွန်အေးချမ်းတဲ့ မင်္ဂလာမနက်ခင်းတစ်ခုမှာ မအေးချမ်းတာက‌တော့ သတို့သမီး‌လေး စတက်ဖီပါ မင်္ဂလာဆောင်ဖို့အချိန်ရောက်တော့မှ သတို့သားထွက်ပြေးသွားလို့ ဧည့်သည်တွေစုံ‌တော့မှ ပွဲဖျက်ရမဲ့ကိန်းဆိုက်နေပြီး ကူရာကယ်ရာမဲ့နေရှာပါတယ် ခင်ပွန်းလောင်းက ဒီလိုမလုပ်လောက်ဘူးဆိုတဲ့စိတ်နဲ့ မင်္ဂလာဝတ်စုံကြီးဝတ်ပြီး သတို့သားလောင်းရှိတာမြို့ဆီ လိုက်သွားပါတော့တယ် သူ့ခရီးမှာ မမျှော်လင့်ဘဲ ဆုံစည်းခဲ့ရသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဘဝကို တစ်ကိုယ်တည်း လွတ်လပ်စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားတစ်ဦးပါ အခြေအနေအရပ်ရပ်ကြောင့် လူကြီးနဲ့ကလေးဇာတ်လမ်းစဖို့ အကြောင်းဖန်လာလေတော့ လုံးဝခြားနားတဲ့ စိတ်နေသဘောထားတွေနဲ့ ပန်းတိုင်တွေ ရှိကြတဲ့ သူတို့နှစ်ဦး .. တစ်ဦးက မင်္ဂလာပွဲရဲ့ ဖိအားတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန် နောက်တစ်ဦးကတော့ ဘဝကို အေးအေးဆေးဆေး ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူမျိုးဖြစ်နေတော့ ဟာသရသတွေ ထူးခြားတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်လျှောက်မှာ အချစ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ကြည်နူးမှုလေးတွေနဲ့ကို စောင်ကိုက်ကြည့်ရှုလိုက်ပါဦးရှင် ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy
5.5 2025
Mr and Mrs Bachelor