YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Expats S01E05 Central 720p AMZN WEB-DL (CM).mp4

731.59 MB N/A video/mp4 49 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
The Wonder
6.7

IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM

Drama • Romance
6.7 2022 108 mins
The Wonder
The Paper Man Returns
6.9

ဖူရွှိန်မြို့တော်မှာ တည်ရှိတဲ့ စက္ကူအရုပ်ဆိုင်လေးတစ်ဆိုင်ဆီကို ဧည့်သည်တစ်ယောက်ရောက်ရှိလို့လာခဲ့ပါတယ်....! သူကတော့ သတင်းတစ်ယောက်ဖြစ်တဲ့ လုရှောင်ရှန်းပါ ။ လာရတဲ့ အကြောင်းအရင်းကတော့ မြို့တော်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာတစ်ခုကြောင့်ပါ ။ အဲဒီ ထူးဆန်းလှတဲ့ အကြောင်းအရာက ဘာများဖြစ်နေမလဲ...? ❏ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ချောင်အိမ်တော်ရဲ့ မမလေးဖြစ်သူ ချောင်ယွမ်ယွမ်ဟာ သေဆုံးခဲ့ရပါတယ်။ ချောင်အိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်သူဟာ ချောင်ယွမ်ယွမ်ကို သဂြိုလ်ဖို့ စက္ကူရုပ်ဆိုင်ပိုင်ရှင် လျိုစန်းကို စက္ကူရုပ်တစ်ရုပ်လုပ် ခိုင်းခဲ့ပါတယ် ။ လျိုစန်းဟာ စက္ကူရုပ်အပေါ်ကို မျက်လုံးတပ်ပေးလိုက်တဲ့ အချိန်မှာတော့ ​ချောင်အိမ်တော် သခင်ကြီးကို လက်စားချေဖို့ ကြောက်မက်ဖွယ်ရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ...? ❏ သရဲ သစ္ဆေနဲ့ပတ်သတ်လာရင် အယူသီးခြင်းမရှိလှတဲ့ လုရှောင်ရှန်း တစ်ယောက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်း စစ်ဆေးရင်း သူနဲ့ပတ်သတ်ခဲ့သမျှ လူတွေဟာ သေဆုံးပြီးသားလူတွေဖြစ်ကြောင်း သိရှိသွားတဲ့အခါ....? ❏ လုရှောင်ရှန်းတစ်ယောက် ဒီအမှုရဲ့ နောက်ကွယ်အမှန်တရားကို ရှာဖွေနိုင်ပါ့မလား ...? ဆိုတာ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမဲ့ Horror ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် ။ အခုပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Thriller Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.9 2023 96 mins
The Paper Man Returns
Lupin's Daughter: The Movie
6.8

ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ဂျပန်ကားသဘောကျသူတွေအတွက် Action, Crime, Drama ရသစုံပါတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Lမိသားစုဟာ သူခိုးလုပ်ငန်းနဲ့အင်မွေးကြတဲ့မိသားစုပါ။ အဲ့ဒီအိမ်ရဲ့သမီးဖြစ်တဲ့ ဟန ဟာ သူခိုးမိသားစုသမီးဖြစ်ရတာကိုမုန်းတီးမိတဲ့သူပါ။ သူ့ရဲ့ချစ်သူကတော့ ရဲမိသားစုက ဆင်းသက်လာတဲ့ ခဇုဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကခိုင်မြဲလွန်းလှပါတယ်။ တစ်ရက်မှာတော့ တန်ဖိုးကြီးတဲ့ သရဖူတစ်ခုကို ခိုးဖို့ကြိုးစားရင်း L မိသားစုကြားက အတိတ်ရဲ့ အရှုပ်တော်ပုံတွေပေါ်ထွက်လာတဲ့အခါမှာတော့.....။ ဒီဇာတ်လမ်းဟာ Lupin Series ရဲ့သုံးကားမြောက်ဖြစ်ပြီး ရှေ့ကားနဲ့ ဇာတ်ကွက်ချိတ်ဆက်မှုတွေကိုလည်းရုပ်ရှင်ထဲမှာ တစ်ခါထဲ ဖြည်ပေးထားပါတယ်။ ဂျပန်စတိုင် Fancy Cosplay လေးတွေလည်းပါတာမို့ Action Fantasy ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။ File size…(2.3 GB)/(980 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:49:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lwin Htoo Aung & SST

Adventure • Animation • Comedy • Family
6.8 2021 110 mins
Lupin's Daughter: The Movie
Thatrom Thookrom
4

ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိထားပြီး IMDB ၆.၈ ရရှိထားတဲ့ တမီလ် အက်ရှင်/ဒရမ်မာ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ "လောကမှာ ပိုကောင်းတဲ့ဘ၀ကိုရဖို့ အိမ်မက်မက်ခွင့်တောင် ငါတို့အတွက်မရှိဘူးလား" တဲ့ ဟုတ်ပါတယ် တစ်နေ့လုပ် တစ်နေ့စားတောင်မဟုတ်ဘူး ပုလင်းခွံကောက်ပြီး ဝမ်းကြောင်းနေရတဲ့ သူငယ်ချင်းသုံးယောက်နဲ့ လူတကာက သူတို့ကို နှာခေါင်းရှုံ့နေတဲ့ကြားက သူတို့ကိုချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်။ သူတို့ရဲ့ အိမ်မက်ကတော့ ပိုက်ဆံကိုရိုးသားစွာရှာဖွေပြီး နိုင်ငံခြားမှာ အလုပ်လုပ်နိုင်ဖို့ပါ... နိုင်ငံခြားသွားဖို့ ရူပီး သုံးသိန်းလိုအပ်တာကြောင့် သူငယ်ချင်းအကူအညီနဲ့ အရက်သယ်တဲ့ကားကို မောင်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့.... အပေါ်ကအညွှန်းကြောင့်ရိုးရှင်းတဲ့ဇာတ်လမ်းလို့မထင်စေချင်ဘူး... အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း နိုင်ငံရေးအရှုပ်အထွေးတွေ... ငွေဖြူငွေမည်း...ငွေတု...အရက်တု ကိစ္စတွေပါ သိုင်းဝိုင်းထားပြီး တစ်ချို့အချက်အလက်တွေဟာ မြန်မာနိုင်ငံနဲ့ အတော်တူတာမို့လို့ ဇာတ်ကားကောင်းတစ်ကားအဖြစ် လိုက်ပါစီးမျောခံစားလိုက်ပါဦး.. over action တွေလည်းမပါသလို သုံးနှုန်းထားတဲ့စကားလုံးတွေကလည်း ထုံးစံအတိုင်းခိုက်စရာတွေချည်းပါပဲ... File size…1.96GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung

Crime • Drama • Mystery • Thriller
4 2020 131 mins
Thatrom Thookrom
When We First Met
6.6

လူ့ဘဝမှာတစ်ခါလောက်တော့အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင်လို့တွေးမိဖူးကြမှာပါ။ အကယ်၍သာပြန်ပြင်ဆင်ခွင့်ရှိရင် ဘာတွေကိုပြင်ဆင်မှာလဲ ပြင်ဆင်လိုက်ရင်ရော ဘာဖြစ်မှာလဲ ဆိုတာလဲတွေးမိကြမှာပါ။ အဲ့လို့မေးခွန်းတွေနဲ့ စိတ်ညစ်ဖူးတဲ့ လူတွေအတွက် ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးထဲက မင်းသားကတော့ပြင်ဆင်ခွင့်ရခဲ့သူတစ်ဦးပေါ့။ မေးစရာရှိတာက အဲ့ဒီအခွင့်အရေးဟာသူ့အတွက် ကံဆိုးတာလား ကံကောင်းတာလား ဆိုတာပါပဲ။ ပေါပေါ့ပါးပါးနဲ့ သူပေးချင်တဲ့မက်ဆေ့ကိုပေးနိုင်တဲ့ကားလေးမို့ ကားကောင်းလေးတစ်ကားလို့ပဲ ညွှန်းလိုက်ပါရစေ။ အချိန်ခရီးသွားကားတွေထဲကမှ ခွဲထွက်နေပြီး အဓိပ္ပါယ်ရှိတဲ့ကားလေးတစ်ကားပါ။ Ratingတွေ အနေနဲ့ကတော့ Imdb Rating6.5 နဲ့ Rotten tomatoes 4.2% ရရှိထားတဲ့ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က အေးမွန်ကျော်ပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Source :1080p.NF.WEBRip.DD5.1.x264-SiGMA Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Action
6.6 2018 97 mins
When We First Met
In the Heart of the Sea
6.7

IMDb rating 7.0/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကို Channel Myanmar ပရိတ်သက်ကြီးအတွက် တဖန်ပြန်တင်ဆက်ပေးလိုက်ပါပြီ။ December 2015 USA မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာတကယ့်ကို လက်ရာလက်ကွက် ရိုက်ကွင်းရိုက်ချက်တွေဟာပြောင်မြောက်လွန်းပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်မင်းသားကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Thor ( Chris Hemsworth ) ဖြစ်ပြီး . နောက်ထပ် တစ်ယောက်ကတော့နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Batman;Begins နဲ့ Batman;The Dark Night ဇာတ်ကားတွေမှ ာ လူဆိုးခန်းနေရာက အဓိကသရုပ်ဆောင်ခဲ့တဲ့ မင်းသား Cillian Murphyပဲဖြစ်ပါတယ်။ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ။ ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီ ပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ . မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သဘောၤကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်။ အက်ဆက်သဘောၤနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာ ဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။

Comedy • Drama
6.7 2015 122 mins
In the Heart of the Sea
Mr. Pregnant
8.1

Mr.Pregnant IMDb-8/10 အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားအသစ်စက်စက်လေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ် ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ ဒီခေတ်စကားအရဆို crush နေတာပေါ့ မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက် မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့ မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။ တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့ တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။ အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။ မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့ သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကို ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ် ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ… (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ~ ToMoတို့ပဲဖြစ်ပါတယ်)

Action • Family
8.1 1900 142 mins
Mr. Pregnant
Alibi.com 2
6.5

Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့ အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့ Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ် တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 88 mins
Alibi.com 2
Tembang Lingsir
5.4

Tembang Lingsir (2019) ထူးထူးဆန်းဆန်းကြည့်ချင်သူများအတွက် ဘာဖြစ်နေမှန်းမသိတဲ့အထိ ထူးထူးဆန်းဆန်းနဲ့ ကြည့်ရမယ့်ဇာတ်ကားလာပါပြီ။ တစ်နေ့ အိမ်မီးလောင်မှုနဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ မာလာဟာ ဦးလေးအိမ်မှာ လိုက်နေဖို့ ဖြစ်လာခဲ့ပါတယ်။ ဦးလေးနဲ့ အဒေါ်က ကောင်းသလောက် မကောင်းတာက အိမ်ကြီးပါပဲ။ စရောက်တည်းက ထူးဆန်းမှုတွေနဲ့ ကြုံရပြီး၊ အမြဲလိုလို ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့မြင်နေရပါတော့တယ်။ အဲ့လိုနဲ့ပဲ ဘာတွေဆက်ဖြစ်မလဲ သိချင်ရင် ဇာတ်ကားထဲမှာ ကြည့်လိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 920MB | 483MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator …..Su Myat Encoder ….. Aaron

5.4 2019 90 mins
Tembang Lingsir
Kahin Pyaar Na Ho Jaaye
4.4

Kahin Pyaar Na Ho Jaaye (2000)”ချစ်မိသွားနိုင်တယ်” ========================================= ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။ အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။ အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)

4.4 2000 165 mins
Kahin Pyaar Na Ho Jaaye
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
Werckmeister Harmonies Werckmeister harmóniák
8

Werckmeister Harmonies (2000) IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့.. မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (13.6 GB) / (3.9 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery Duration….02:20:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Romance • Drama
8 2000 139 mins
Werckmeister Harmonies Werckmeister harmóniák
Kutsal Damacana 5: Zombi!

Kutsal Damacana 5: Zombi (2025) (ကာသလွန်ရေဘူး ၅ ဇွန်ဘီ) ဇာတ်လမ်းအကျဉ်း ကွတ်စတယ် ဒါမာကာနာဟာ ပဋိပက္ခဇာတ်ကားအသစ်ဖြစ်ပြီး ဇွန်ဘီ ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖွယ် ကောလာဟလများ ပါဝင်ပါတယ်။ နာမည်ကြီး မင်းသမီ၊ ဇာတ်ဆောင်တွေနဲ့ရိုက်ကူးထားတာပြီး ဟာသနဲ့ စွန့်စားမှုတွေ ပေါင်းစပ်ထားပါတယ်။ ဟာသနှင့် ကြောက်ရွံမှုကို ပေါင်းစပ်ထားတာကြောင့် လူကြိုက်လည်းအတော်လေးကိုမှ များပါတယ်။ ဇာတ်လမ်းမှာ ဇွမ်ဘီတွေက ကြီးပြင်းလာပြီး ပန်းခြံမြိုလေးတစ်ခုမှာ ဖျက်ဆီးနေကြပါတယ်။ ဇာတ်ဆောင်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကာ ကာကွယ်ကြရရင်း ဟာသအပြည့်နဲ့ စွန့်စားမှုတွေကြောင့် ကြောက်စရာမကောင်းပဲ ဟာ,သနဲ့ရယ်စရာတွေအလွန်ပဲပါဝင်နေပါတယ်။ လက်ရှိ လူကြိုက်များတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေဖိုအတွက်ကြည့်ဖို သင့်တော်ပါတယ်။ ကြောက်စရာနည်းပြီး ဟာသကြိုက်တတ်တဲ့ သူတွေအကြိုက်ဖြစ်လို ကြည့်ကြည့်ဖိုကိုတိုက်တွန်းချင်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian, Cym, Yunni, V, Honey တိုမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။

0 2025 97 mins
Kutsal Damacana 5: Zombi!