YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

.Everyday.Relationship.2018.WEB-DL.1080P(CM).mp4

1.47 GB N/A video/mp4 1245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Get Hard
6

ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကား လုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း (Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက် တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက် သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်း တောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြား တွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင် မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက် တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန် နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံး ဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊ နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လို အရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TmmT

Documentary • Comedy
6 2015 100 mins
Get Hard
Sex Is Crazy
5.9

လိင်မှုကိစ္စတွေကို ဆန်းသစ်ပြီးပွင့်လင်းစွာ တင်ပြလေ့ရှိတဲ့ စပိန်‌တွေရဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီလိုဇာတ်ကားတွေမှာ နာမည်ကျော်တဲ့ ဒါရိုက်တာ Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတွေဟာ ကမ္ဘာသူ အမျိုးသမီးတွေကိုပြန်ပေးဆွဲပြီး သူတို့ဂြိုဟ်ရဲ့မျိုးဆက်တွေပြန့်ပွားဖို့ အသုံးချတဲ့အကြောင်းပြဇာတ်မှာ သရုပ်ဆောင်နေတဲ့မင်းသမီးတွေကို တကယ့်ဂြိုဟ်သားအစစ်တွေက တွေ့ပြီး အဲဒီပြဇာတ်အတိုင်း အကောင်အထည်ဖော်ကြပုံကို ဟာသနှောထားတာပါ။ အဲဒီကနေမှ ရုပ်ရှင်အတွင်းက ရုပ်ရှင်တွေအဖြစ် ဇာတ်ကွက်တွေ တစ်ကွက်ပြီးတစ်ကွက် ပြောင်းသွားကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်ကွက်တိုင်းကို အလွန်လွတ်လပ်ပွင့်လင်းစွာ တင်ဆက်ထားပြီး သရုပ်ဆောင်တွေလည်း တစ်ကားလုံးနီးပါးအဝတ်မပါတာမို့ ရှင်းရှင်းဘွင်းဘွင်း ရှုစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 570MB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Comedy • Romance
5.9 1981 83 mins
Sex Is Crazy
Maybe I Do
4.9

Maybe I Do (2023) =============== တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။ အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။ အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.45 GB) / (484 MB) / (267 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Sai Sumali Encoder……….SWM

4.9 2023
Maybe I Do
Master
7

Master(2016) ************ Lee Byung-hun အဓိက ပါဝင်ထားတဲ့ ဒီအက်ရှင်ကားကြီးဟာ BO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်.. ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့ တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။ ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။ သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File Size :(2.6GB)(1.04GB) and (342MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:23:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

7 2016
Master
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
The Uninvited
6.3

The Uninvited (2009) ================= IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thiha Kyaw ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Kyaw (Theo Kat)

Drama • Action
6.3 2009
The Uninvited
Yudo: The Way of the Bath
6.6

Yudo: The Way of the Bath ( 2023 )========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ရေချိုးခဲ့တာကို မြင်နိုင်တယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်က တိုကျိုမှာ ဗိသုကာသမားအဖြစ်လုပ်နေတဲ့သူ။ မြို့ကြီးပြကြီးမှာနေနေတဲ့ အောင်မြင်နေတဲ့လူလို့ ဆိုရမယ်။ သူ့အဖေ အသုဘကိုတောင် မလာနိုင်တဲ့အထိ အလုပ်တွေရှုပ်နေတဲ့သူပေါ့။ အတက်ပြီးရင် အကျလာတော့ သူ့အကျအချိန်မှာ သူက သူနယ်မြို့ကလေးကို ပြန်ရောက်လာတယ်။ သူ့ညီဦးစီးနေတဲ့ သူ့အဖေရဲ့ ရေချိုးအိမ်ကို ပြန်ရောက်လာတယ်။ သူ့အကြံက အဲဒီနေရာကိုရောင်းပြီး အမြတ်ထွက်အောင်လုပ်ဖို့ပေါ့။ ဒီလိုဇာတ်ကနည်းနည်းရိုးသလိုတော့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ အခရာတော့မကျဘူး။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ ရေချိုးအိမ်မှာ သူဝင်ကူရင်း အကြွင်းအကျန်နေရာကြီးလို့ သူထင်နေခဲ့တဲ့နေရာအကြောင်း သူပိုသိလာရတယ်။ ဒီရေချိုးအိမ်ဟာ ဒီကလူတွေရဲ့ နှလုံးသားတွေကို ချိတ်ဆက်ပေးထားတာသိလာရတယ်။ ဒါပေမဲ့လည်း ဒီရေချိုးအိမ်ကို မရောင်းမဖြစ်ရောင်းဖို့ အကြောင်းတော့ ဖန်လာခဲ့တယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲဆိုတာကို‌ ရေချိုးခြင်းနဲ့ပဲ ချိတ်ဆက်ပြသွားတယ်။ရေချိုးခြင်းရဲ့ အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ထက် စိတ်ကို သန့်စင်ပေးဖို့လို ဒီရုပ်ရှင်ထဲက ရေချိုးရသေ့ကြီးက ဆိုခဲ့တယ်။ ရေချိုးခြင်းဟာ နေလိုပဲတဲ့။ တိမ်အထူဆုံးကောင်းကင်မှာတောင် နေမင်းဟာ ထွန်းလင်းနိုင်သလို အညစ်ထေးဆုံးစိတ်တွေကိုတောင် ရေချိုးခြင်းက သန့်စင်ပေးနိုင်တယ်တဲ့။ ဒီရုပ်ရှင်မှာ ရေချိုးခြင်းနဲ့ပတ်သက်ပြီး အဆင့်မြင့်နည်းစနစ်တွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရသေ့ကြီးရဲ့စကားအတိုင်းပဲ ဘယ်လိုရေကိုပဲချိုးချိုး အရေးတော့မကြီးပါဘူး။ ရေချိုးခြင်းရဲ့ အနှစ်သာရဟာ ရေမှာရှိနေတာမှမဟုတ်ခဲ့ဘဲ။ တကယ်တမ်း ရေချိုးခြင်းရဲ့ အနှစ်သာရဟာ သူတို့နှလုံးသားထဲ တည်နေခဲ့တယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ )File size_( 1.8GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:06:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Comedy • Drama
6.6 2023
Yudo: The Way of the Bath
Apocalypse Now
8.4

Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။ တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်… လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်…. အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင် ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့ အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီး တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့ အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ် နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။ တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ ကျွန်တော်ကြားနေရတယ်။ အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင် အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မြစ်ကြီးဆီ ဦးတည်နေတဲ့ လူတစ်ယောက်ကလည်း တရွေ့ရွေ့ချင်းမျောနေပြီ။ မြစ်ကမ်းတစ်လျှောက်မှာ… မြစ်ရေထဲမှာ… ခက်ထန်သော ကြမ်းကြုတ်သော အနိဋ္ဌာရုံများ။ အဲဒီမြစ်ရဲ့ အဆုံးသတ်မှာ အဖြေဟာ တကယ်ရှိပါ့မလား။ ရှိခဲ့ရင်ရော အဲဒီအဖြေဟာ အဖြေအစစ်ဖြစ်ပါ့မလား။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲ။ သူများရဲ့ အထင်အမြင်ကနေ လွတ်မြောက်တာလား။ ကိုယ်တိုင်ရဲ့အထင်အမြင်ကနေ လွတ်မြောက်တာလား။ ဒီလိုနဲ့ ဒုတိယအဖြေဟာ မေးခွန်းအသစ်တွေကိုပဲ ထပ်လောင်းပေးခဲ့တာပါပဲ။ အနိဠာရုံအပြည့်နဲ့ ဗီယက်နမ်ကို အိမ်အဖြစ်သတ်မှတ်ပြီး မစွန့်ခွာနိုင်ခဲ့တဲ့ ပြင်သစ်တွေလိုပဲ ဘဝမှာ ငါမစွန့်ခွာနိုင်တဲ့ အရာတွေသိပ်များခဲ့တယ်။ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြည့်ဖြစ်တဲ့ Apocalypse Nowရဲ့အဆုံးသတ်မှာ “အဖြစ်အပျက်တစ်စုံတရာကို ပုံစံသဏ္ဍာန်တူဖြစ်ရပ်တစ်ခုကို ဖြတ်မသန်းဖူးဘဲ သိခြင်းဟာ အဲဒီအဖြစ်အပျက်ရဲ့ သရုပ်မှန်ကိုသိခြင်းနဲ့ ကွဲလွဲတယ်”ဆိုတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဒီရုပ်ရုင်ကို ကျွန်တော်ကြည့်တုန်းက ခံစားမိရုံဆိုပေမဲ့ အခုတော့ ကွက်ကွက်ကွင်းကွင်းကို နားလည်လာရတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့အဖြစ်အပျက်တွေကလည်း ပျက်ကပ်ထဲကို ရှားလော့ဟုမ်းနဲ့ မိုရီရာတီ ရိုင်ချန်ဘတ်ရေတံခွန်အောက် ပြုတ်ကျသလို ထိုးဆင်းနေခဲ့တာ ကြာပြီ။ အနိဋ္ဌာရုံဆိုတဲ့ စကားလုံးကို ဒိုင်ယာလော့တွင်တွင်သုံးထားတဲ့ Apocalypse Nowကိုရော အနိဋ္ဌာရုံ(Ran)ဆိုတဲ့ စကားလုံးကို နာမည်တပ်ထားတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုရော ကြည့်ခဲ့ဖူးတယ်။ အနိဠာရုံဆိုတဲ့ တူညီချက်တစ်ခုကလွဲ ဘာတစ်ခုမှမတူညီတဲ့ ရုပ်ရှင်နှစ်ကားဟာ ဒီပြင်တူညီတဲ့တစ်စုံတရာတော့ ရှိနေခဲ့တယ်။ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပေးတတ်ဘူး။ ဇာတ်သိမ်းမှာ Willardက ကာနယ်Kurtzကို ကျွဲတစ်ကောင်ကို ဓားနဲ့ခုတ်ပြီးပေါ်သလို အားရပါးရခုတ်သတ်ပြီးတဲ့နောက် ကာနယ်Kurtzရဲ့ စာအုပ်ကိုလှန်ကြည့်တဲ့အချိန် ” ဗုံးကြဲပြီး အားလုံးကို မျိုးဖြုတ်ပစ်လိုက် “လို့ ရေးထားတာကို တွေ့ခဲ့တယ်။ အားလုံးကိုဆိုတာ အဲဒီမှာရှိနေတဲ့ သူ့ကိုနတ်ဘုရားလိုကိုးကွယ်နေတဲ့ သူ့နောက်လိုက်တွေတစ်ဖြစ်လဲ သူ့စစ်တပ်ကို ရည်ညွှန်းထားတာပေါ့။ သူသေမှာကို သူကြိုသိခဲ့သလို သူမရှိတော့ရင် ဒီစစ်တပ်လည်း လမ်းပျောက်သွားမှာကို မြင်ခဲ့လို့ အကုန်လုံးရှင်းပစ်ခိုင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ်ပျောက်ရှခြင်းနဲ့ သေခြင်းမှာ ဘယ်အရာက အထိအခိုက်ပိုများလဲတော့ မသေချာဘူး။ ဒီရုပ်ရှင်မှာ တစ်ကားလုံးကအရာတွေနဲ့ ကွဲထွက်နေတဲ့တစ်စုံတရာပါခဲ့တယ်။ မြစ်ရဲ့တစ်နေရာက လှေကလေးတစ်စင်းပေါ်မှာ ခွေးပေါက်ကလေးအတွက် အသက်ပေးခဲ့တဲ့ ဗီယက်နမ်သူတစ်ယောက်ပေါ့။ တော်တော်မထင်မရှား ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ဒီမှောင်အတိကျနေတဲ့ အနိဋ္ဌာရုံတွေကြားမှာတော့ တစ်စင်းပဲရှိတဲ့ကြယ်ဟာ ပြက်ပြက်ထင်ထင် လင်းခဲ့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Crime
8.4 1979 147 mins
Apocalypse Now
Today Again Un oggi alla volta
6.8

Today Again (2023) IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာ အေးဆေးနေတတ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့ သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။ Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ “နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့” ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့ နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:42:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

6.8 2023 101 mins
Today Again Un oggi alla volta
A Hundred Lies
6.5

ဒီတစ်ခါမှာတော့ Canadian Crime Drama ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Rouzbeh Heydari က ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Rob Raco, Dana Abraham, Humberly González, Brandon McKnight တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သီချင်းဆို၊သီချင်းရေးရတာကို ဝါသနာပါတဲ့ ရစ်ကီဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကို ထောက်ပံ့ဖို့အတွက် ဘားတစ်ခုမှာ စားပွဲထိုးနေရပါတယ်။ တစ်နေ့တော့ သူဟာ သီချင်းထုတ်လုပ်သူ တစ်ယောက်နဲ့တွေ့ပြီးတော့ သီချင်းခွေထုတ်ဖို့ဖြစ်လာပါတယ်။ အဲဒီလိုနဲ့ သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီးတော့ ရုတ်တရက် နာမည်ကြီးလာ၊ ပရိသတ်တွေရလာပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ မထင်မှတ်ထားတဲ့ လောကဓံရဲ့ရက်စက်မှုတွေ၊ နေ့ချင်းညချင်းရလာတဲ့ အောင်မြင်မှုတွေကြားကနေ ရစ်ကီဘယ်လို ရုန်းကန်ရမလဲ။ ဘယ်လိုလှည့်ကွက်တွေ ရှိနေမလဲ။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (902MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Drama • Thriller
6.5 2024 95 mins
A Hundred Lies
The Wish Swap
6.8

The Wish Swap (2025) ကံကြမ္မာရဲ့ဆန်းကြယ်မှုဆိုတာ လူတိုင်းစီကို တစ်နည်းမဟုတ်တစ်နည်း အခွင့်အရေးတစ်ခုမဟုတ်တစ်ခုနဲ့ ရောက်လာတတ်ကြတယ်တဲ့ လူတိုင်းဟာ ကိုယ့်ဖူးစာဖက်ကို တကယ်မှန်ကန်တဲအချိန်မှာတွေ့မိတတ်ကြမလားမသိနိုင်ပေမယ့် လွဲချော်သွားကြတဲ့အခါ အချိန်နဲ့ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြတာပေါ့ ဒါဆိုရင် ကံကြမ္မာကရော အမြဲတမ်း လွဲမှားမှုတွေပဲပေးနေတတ်သလား မဟုတ်ရင် ပိုကောင်းတဲ့ သင့်တော်တဲ့လူတစ်ယောက်ဆီကို တွန်းပို့ပေးမှာလားဆိုတာ မျှော်လင့်ရင်ခုနနိုင်မယ့်ဒီဇာတ်ကားလေးကတော့ မတူညီတဲ့ဘဝပုံစံနှစ်ခုနဲ့ ဟန်နရီနဲ့ကေစီတို့နှစ်ဦးသား အကြောင်းတိုက်ဆိုင်လို့တောင် တွေ့နိုင်ဖွယ်မရှိတဲ့သူတို့နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် မွေးနေ့အတူတူအဖြစ် မွေးနေ့ပွဲလုပ်တဲ့ဆိုင်လေးမှာ ဆုံတွေ့ခဲ့ကြတယ် အဲဒီကနေ သူတို့နှစ်ယောက်ဘဝကို မသိမသာတိုးတိုးတိတ်တိတ်လေး ပြောင်းလဲသွားစေမယ့် ကံကြမ္မာရဲ့ဆန်းကြယ်မှုကတော့ မွေးနေ့ကိတ်တစ်ခုတည်းပေါ် ဆုတောင်းမိကြတဲ့သူတို့နှစ်ဦးသား ဆုတောင်းတွေအမှန်တကယ်ဖြစ်လာတာပါပဲ ဒါပေမယ့် သူတို့ဆုတောင်းတွေက တစ်ဦးဆုတောင်းတစ်ဦးဆီမှာဖြစ်ပေါ်လာရင်း ဘယ်လိုမျိုး ဖြည့်ဆည်းသွားကြမလဲ ဘယ်လိုမျိုးယုံကြည်ချက်တွေ ခိုင်မာမှုတွေက နှစ်ယောက်သားအချင်းချင်း အမြစ်တွယ်ငြိလာကြမလဲ ပေါ့ပါးတဲ့ခံစားချက်အတက်အကျလေးနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပုံကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်

6.8 2025 84 mins
The Wish Swap
Beatdown
4.5

Beatdown (2010) IMDb Rating (4.5) / Rotten Tomatoes (29%) ဘရန်ဒန်က Street fight တွေထိုးတဲ့ ဖိုက်တာတစ်ယောက်။ သူ့အကိုနဲ့အတူ Street fight တွေလိုက်ထိုးတယ်။ သူ့အကိုကတော့ အလောင်းကစားသမား မြင်းပွဲတွေလောင်းရတာကြိုက်တဲ့သူ။ သူတို့ညီအကိုနှစ်ယောက်တည်းနေရပြီး ဂန်းစတားတစ်ယောက်ဆီက ပိုက်ဆံချေးထားတာတွေရှိတယ်။ သူ့အကိုကလည်း မြင်းပွဲလောင်းဖို့ အဲဒီဂန်းစတားဆီမှာ ပိုက်ဆံတွေချေးထားတယ်။ တစ်ညမှာ သူ့အကိုက အသတ်ခံလိုက်ရတယ်။ သူ့အကိုအသတ်ခံလိုက်ရတဲ့အချိန် ဂန်းစတားဆီမှာက အကြွေး ဒေါ်လာ ၆၀၀၀၀ ရှိနေပြီ။ ဂန်းစတားက အကြွေးပြန်ဆပ်ဖို အချိန်တစ်ပတ်ပေးတော့ ညီဖြစ်သူ သူ့အဖေရှိတဲ့တောမြို့လေးကိုရှောင်လာတယ်။ အဲဒီမှာအလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ Street fight တွေမှာ ပိုက်ဆံရှာကြတာကိုကြည့်ရမှာဖြစ်ပါတယ်။ Fight scene မြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့မို့ ဘွိင်ကာတို့လို Vibe မျိုးကြိုက်သူတွေအတွက်ကတော့ မပျင်းရမှာအသေအချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ linmyat hein ဖြစ်ပါတယ်။) File size…(1.7 GB) / (950 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Thriller Duration….01:30:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by linmyat hein

Action • Drama
4.5 2010 89 mins
Beatdown
Aghathiyaa
4.6

Aghathiyaa (2025) “ကျိန်စာသင့်အိမ်ကြီး” မင်းသားယိုဂီဘာဘူ ဧည့်သည်အနေနဲ့ ပါဝင်ထားတဲ့ အသစ်ထွက် တမီးလ် horror/comedy လေး တင်ဆက်ပေးလိုက်ပါတယ် အာဂါသီယမ်ဟာ တက်သစ်စ ရုပ်ရှင် art director တစ်ဦးဖြစ်ပြီး စံအိမ်ကြီးတစ်အိမ်ငှား၊ ရိုက်ကူးရေးအပြင်အဆင်တွေ အိတ်စိုက်အကုန်အကျခံစီစဉ်ပြီးကာမှ ရှုတင်ဖျက်ခံထိသွားတဲ့အခါမှာ သူ့ကောင်မလေးရဲ့အကြံပေးချက်အရ စံအိမ်ကို ဝင်ကြေးနဲ့ကြည့်ရမယ့် သရဲကမ္ဘာကြီးအဖြစ် စနစ်တကျပြောင်းလဲပြင်ဆင်ဖို့ လုပ်ပါတော့တယ် ဒီလိုနဲ့ ဝင်ငွေကောင်းပြီး လူစည်တဲ့ သရဲအိမ်ကြီးဖြစ်လာပေမဲ့ အိမ်ကြီးမှာ အမှန်တကယ် ကြောက်စရာကောင်းတဲ့ သမိုင်းကြောင်းရှိနေတဲ့အခါမှာတော့ …. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ STAR မှ ဖြစ်ပါတယ်

Drama • Thriller • Science Fiction
4.6 2025 134 mins
Aghathiyaa
Kudumba Sthreeyum Kunjadum

Kudumba Sthreeyum Kunjadum (2024) “လက်ပူးလက်ကြပ်” စိတ်ညစ်စရာတွေ ခဏတာမေ့ထားပြီး အားရပါးရရယ်မောပစ်ချင်သူတွေအတွက် မလေယာလမ်စကားပြော ဟာသ-မှုခင်း-ဒရာမာရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြို့တစ်မြို့ကို တာ၀န်ပြောင်းရွှေ့လာတဲ့ရဲတစ်ယောက်ဟာ ရောက်ပြီးသိပ်မကြာခင်မှာပဲ ခိုးမှုတွေနဲ့ ကြုံခဲ့ရပြီး သူခိုးဂိုဏ်းကိုလိုက်စုံစမ်းပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ရေးဟာလည်း အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။ သူပြန်လာတဲ့အချိန်မှာ မိန်းမဖြစ်သူဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ သူ့မိန်းမနဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကိုလာသတ်တယ်လို့ အိပ်မက်မက်ရာကစလို့ သူ့သံယတွေပိုကြီးထွားလာပြီး မိန်းမဖြစ်သူကို လက်ပူးလက်ကြပ်ဖမ်းဖို့ စောင့်ကြည့်နေတယ်။ အဲဒီလိုနဲ့ သူခိုးဂိုဏ်းမှာဘယ်သူတွေပါမလဲ၊ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စကရော ဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆက်စပ်နေဦးမလဲဆိုတာကို ရယ်စရာ ဗရုတ်သုတ်ခဇာတ်၀င်ခန်းတွေနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Action • Science Fiction • Thriller
0 2024 150 mins
Kudumba Sthreeyum Kunjadum
Let the Bullets Fly
7.3

ဒီကားလေးကတော့ ၁၉၂၀ ဝန်းကျင်လောက်က တရုတ်နယ်မြို့လေးတမြို့ကို အခြေခံပြီး ဂိုဏ်တွေကြားက ပြဿနာလေးကို ရိုက်ပြထားတဲ့ကားလေး တစ်ကားဖြစ်ပါတယ်။ နာမည်ကျော် မင်းသားကြီးတွေ့ဖြစ်တဲ့ Chow Yun Fat, Wen Jiang နဲ့ You Ge တို့ ပါဝင်သရုပ်ဆောင်ထားတာမို့ ကြည့်မကောင်းမှာကို စိုးရိမ်နေစရာမလိုပါဘူး….. ဇာတ်လမ်းလေးကတော့ လူသူအရောက်အပေါက်နည်းလှတဲ့ နယ်မြို့လေးကို ဓားပြခေါင်းဆောင်နဲ့ အဖွဲ့က ခြယ်လှယ်အုပ်စိုးဖို့ ရောက်လာကြပါတယ်……သူတို့ အုပ်စိုးခြယ်လှယ်ဖို့ မပြင်ဆင်နိုင်သေးမှာခင် နယ်ခံ သူခိုးအကြီးစားကြီးနဲ့ အရင်ဆုံး ရင်ဆိုင်ရပါတော့တယ်…… နယ်မြို့လေးကို ခြယ်လှယ်ဖို့လာတဲ့ ဂိုဏ်းကြီးနဲ့ အရင်ကတည်းက အုပ်စိုးနေတဲ့ သူခိုးအကြီးစားကြီးတို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အချိန် လက်ရုံးရည် နှလုံးရည် ဘယ်လိုယှဉ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးလို့ File size…(2.7 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:12:00 Genre… Action, Comedy, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Drama • Action • Comedy • Thriller • Crime
7.3 2010 132 mins
Let the Bullets Fly