YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Euphoria.S02eE03.1080p.WebRip[CM].mp4

924.26 MB N/A video/mp4 1729 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kuttey
6.4

Kuttey (2023) IMDb-6.4/10 ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်း သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ….. ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး

Thriller • Mystery • Drama
6.4 2022
Kuttey
Rockstar
7.7

Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။ Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ ပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့ Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2011
Rockstar
Johnny Z

ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။ နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ထုတ်နေတာပါ။ တစ်ရက်မှာ လူနာဇီကို စမ်းသပ်မှုတွေ လုပ်နေတဲ့ ဒေါက်တာ လားစ်က လူနာဇီရဲ့လွှတ်ပေးလိုက်ပါတော့တယ်။ အဲဒီလိုနဲ့ လွတ်သွားတဲ့ လူနာဇီနဲ့ ဇွန်ဘီ မုဆိုး ဂျွန်ရေးတို့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ လူနာဇီနဲ့ ဂျွန်ရေးတို့ တွေ့ဆုံပြီး နော်ဒက်ခ် ကုမ္ပဏီရဲ့ အမျိုးမျိုးအသွယ်သွယ်ရဲ့ ရန်ကနေ ဘယ်လို ကာကွယ်ကြမလဲ၊ ဘယ်လို ခုခံကြမလဲ၊ ဘယ်လို ပြေးလွှားကြမလဲ၊ ဒေါက်တာ လားစ်ကရော လူနာဇီ ( ဂျွန်နီ ) ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ၊ အမြဲတမ်း လုံးဝ ရောဂါကာကွယ်နိုင်မယ့် ကုသဆေးကို ရှာတွေ့သွားနိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ခွင့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Johnny Z
A Town Called Panic
7.4

ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ဗရုတ်သုတ်ခ​ဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိ​နည်း​မကျတဲ့ Non sensical​ ဟာသတွေကို အသုံးပြု​ထားတာကြောင့် ပုံမှန်​နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ​ မြင်း​အိမ်​နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိ​မရှိပေမဲ့​ ကြည့်လို့ကောင်းအောင် ပုံဖော်​ထားတာမျိုး၊ ခေါင်း​ပြောင်​သိပ္ပံပညာ​ရှင်​နှစ်ယောက်က ဧရာ​မပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမ​နှင်း​လုံး​ကြီးတွေနဲ့ မဆီမဆိုင်​ ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့်​ သမားရိုးကျ Animated ရုပ်ရှင်​တွေလို ယုတ္တိ​မတန်​ဘူးလို့ မြင်​ကောင်း​မြင်​ပါလိမ့်မယ်။ ဇာတ်​အိမ်​ကရိုးရှင်းပေမဲ့ ဇာတ်​လမ်း​ကို အသေး​စိတ်​ပြင်​ဆင်တည်ဆောက်ထားလို့ ဇာတ်​အိမ်​က ပေါ့​ပါးပြီးပြေပြစ်ပါတယ်။ ခြုံ​ပြောရရင်​ stop motion ဖြစ်​တဲ့အပြင် ပလတ်စတစ်​အရုပ်​အစစ်တွေကို ပုံဖော်​ရိုက်​ကူးထားတာဖြစ်လို့ ကလေး​ကိုမှ ငယ်​ငယ်​လေးတွေ​ပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်​အရွယ်​အား​လုံး​ကြည့်ရှုနိုင်ပါတယ်။ ပရိသတ်​အားလုံးအတွက်တော့ မဟုတ်​ပေမဲ့ stop motion ရုပ်​ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်​မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်း​ကလည်း တစ်​နာရီ​စွန်း​စွန်း​စာပဲရှိတာကြောင့် ဥရောပ​ Animated​ ဇာတ်ကား​တွေကို​မြည်းစမ်း​လိုသူ​များလည်း​ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။ File size…(994 Mb)/(497 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:15:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.4 2009
A Town Called Panic
The Housemaid
6.4

2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

6.4 2010 107 mins
The Housemaid
The Outsider
4.7

Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsider ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။ မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့် ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူ ဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲ မတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီ လာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။ အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လို သာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်း မာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။ သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကို ခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း “The Hunters become Hunted” ဆိုသလိုပဲ လက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့ “The Chinaman” ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။ စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့ Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 886 MB / 383 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Western Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

4.7 2019
The Outsider
Shuigui Bride
5.8

Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် The water trick Bride လို့ ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။ ၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့ မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊ စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့ အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။ အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲ‌တွေကို မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့.. တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ? လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ? သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့် ဒီလိုတွေသတ်‌နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။

5.8 2024
Shuigui Bride
Thirteen

IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။) File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama
0 2003
Thirteen
Inside the Mind of a Dog
7.2

ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။

Drama
7.2 2024
Inside the Mind of a Dog
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
The Killers
6.1

The Killers (2025) ***************** IMDb…..6.1 ၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ “The Murders” ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ “The Killers” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungတို့နဲ့ အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့.. နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်၊ လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်၊ လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်၊ လူတစ်ယောက်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်.. အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ်ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။ ဒီ လူ၄ယောက်က ဘယ်လိုတွေ ပတ်သက်ဆက်နွယ်မှု ရှိနေပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ပါပြီ။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Treasure Htet မှ ရေးသားထားပါတယ်။) File Size : 2.31GB/ 990MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:59:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Hsu Pyae & Hnin Wai Oo Encoded by Tiff

6.1 2024 119 mins
The Killers
Bromance
5.8

Bromance 2025 သွေးသား Imdb 6/10 မလေယာလမ်းဇာတ်ကားတွေက အစပိုင်းမှာ အေးပေမဲ့ နောက်ပိုင်းရောက်လာလေ ထိုင်ရာကမထကြည့်ချင်လေဆိုတာတော့ မလေယာလမ်းပရိသတ်တို့ သိကြမှာပါ ဒီဇာတ်ကားမှာလည်း အစပိုင်းမှာတော့ ဖြည်းဖြည်းချင်းသွားပေမဲ့ ဇာတ်ရှိန်မြင့်လာလေ ဆွဲထုတ်မိတဲ့အစပေါင်း များလာလေပါပဲ ရှင်တိုနဲ့ ဘင်တိုဆိုတဲ့ ညီအစ်ကို၂ယောက်.. ရှင်တိုကတော့ အကြီးပီပီ လုပ်တတ်ကိုင်တတ် တာဝန်ယူတတ်ပြီး မိသားစုရဲ့အားထားရာပေါ့ ဘင်တိုကတော့ အလုပ်မရှိ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့အလေလိုက် ရန်ပွဲတွေဖြစ်နဲ့ ညီအစ်ကိုပေမဲ့ မိုးနဲ့မြေလောက်ကွာနေပါတယ် တစ်နေ့ ကျ ရုတ်တရက် ရှင်တိုပျောက်သွားပါတယ် ဖုန်းဆက်မရ လူလည်းမတွေ့ရလို့ ရှင်တို့ သူငယ်ချင်းက ဘင်တိုကိုဖုန်းဆက်ပြီး ကိုချီကိုတက်လာခဲ့ဖို့ပြောပါတယ် ဒီလိုနဲ့ ၂ယောက်သားပူးပေါင်းပြီး ရှင်တိုကိုရှာမဲ့ခရီးစဉ် စတင်ပါတော့တယ် ဒီခရီးတစ်လျှောက် သူတို့၂ယောက် ဘာတွေအစဆွဲထုတ်မိမလဲ သူ့အစ်ကိုကရော ဘာဖြစ်လို့ပျောက်သွားတာလဲ ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Horror • Drama
5.8 2025 139 mins
Bromance