YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

EscapeRoom.Tournament.of.Champions.2021.WEB-DL.720P.PP.mp4

960.66 MB N/A video/mp4 6320 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Duel: Final Round
5.3

ဒီတစ်ခါ CM Fan တွေ အတွက် ကိုရီးယား ဟာသ အက်ရှင်ကားကောင်လေးတစ်ကား တင်ဆက်ပေးပါ့မယ် ဖွန်းဟို ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကိုယ်ခံပညာကို ကောင်းစွာ တက်မြောက်ထားပြီး အပိုမုန့်ဖိုးရှာတဲ့အနေဖြင့် အွန်လိုင်းက တရားမဝင်ချယ်နယ်တွေကနေ ပြိုင်ဘက်ရှာပြီး စိန်ခေါ် ထိုးလေ့ ရှိပါတယ်... ဖွန်းဟို ရဲ့ အပျော်တမ်း စိန်ခေါ်ပွဲထက် ကြမ်းတဲ့ ထိုးသတ်ပွဲတွေလဲ သပ်သပ်ထက်ရှိနေပါသေးတယ် ထိုပွဲတွေကတော့ အနိုင်အရှုံး ဆိုတာထက် ပြိုင်ဘက်ကို သေဆုံးသည်အထိ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားသည် အထိ ထိုးသတ်တဲ့ ပြိုင်ပွဲတွေပါ ထိုပြိုင်ပွဲတွေကနေ လူသေမှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဖွန်းဟို ရဲ့ အကိုဖြစ်သူ ရဲအရာရှိမှ လိုက်လံ စုံစမ်းရင်း ယုန်ထောင်ကြောင်မိ အပျော်တမ်း ထိုးပြီး မုန့်ဖိုးရှာတဲ့ ညီဖြစ်သူကိုသာ ဖမ်းမိသွားပါတော့တယ်.... အကိုရဲ့ ဆုံးမ ဒဏ်ပေးမှု အောက်မှာ ပြစ်မှု မှတ်တမ်းမဝင်ဖို့ ဖွန်းဟိုတစ်ယောက် သက်ကြီးရွယ်အိုတွေကို ပရဟိတ လိုက်ပြီး ကူညီပေးရပါတော့တယ်... တစ်ရက်မှာတော့ ဖွန်းဟိုရဲ့ အကို ရဲအရာရှိဟာ တရားမဝင်သတ်ကွင်း တစ်ခုကို စုံစမ်းရင်းသေလုဆဲဆဲ အခြေအနေကို ရောက်ရှိလာခဲ့သော အခါမှာတော့ ဖွန်းဟို တစ်ယောက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ကြည့်ရှုလိုက်ကြပါဦး.... File size…  1.49 GB /  800 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Comedy • Romance • Thriller
5.3 2016 97 mins
Duel: Final Round
The Emigrants
6.1

ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။ 1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။ သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင် ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက် အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက် အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ လာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ File size…2.34Gb / 1GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….2h 28m Subtitle….Myanmar SUbtitle (Hard Sub) Encoder….YK Translated by V

Action • Adventure • Crime • Thriller
6.1 2021 148 mins
The Emigrants
Pu-239
6.7

ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယို သတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာ ကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံ ဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစား ခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာ ပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစား ရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့ တယ်။ အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ် ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလော ဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ် စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေး တောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက် သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်း အချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ် နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်း ပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ် ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက် ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size..........(2.13 GB) / (842 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Alias Encoder..........SWM

Horror • Thriller
6.7 2006 97 mins
Pu-239
Good Boys
6.8

ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ ဟာသကားလေးပါ။ တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူး ဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊ လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူက ပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူ အောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့ မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကို ပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့ သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်း ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်း သူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီး မိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကို လက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB) Quality :  WEB-DL 720p Running Time : 1 hr 30 min Format : Mp4 Genre : Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Action • Thriller
6.8 2019 89 mins
Good Boys
The Long Dark Trail

အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O’Donnell နဲ့ Carter O’Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။ File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

TV Movie • Romance • Comedy
0 2022
The Long Dark Trail
[18+] Actress Sex Lessons

****************************** ဝူဂျောင်ဟာ ကွီးယား sex movieတွေမှာ သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေသူတစ်ဦး.. သို့ပေမဲ့ သူဟာ ပုံမှန်ထက် ပိုကြီးနေတော့ ကွီးယားမတွေလည်းသူနဲ့တွဲရိုက်ဖို့ ငြင်းဆိုကြတယ်…ဒီတော့အခန်းလေး အောင်းပြီး ခေါက်ဆွဲခြောက်စားလိုက် ရေသောက်လိုက်လုပ်နေတုန်း ဖုန်းဝင်လာတယ်…ဂျပန်မှာသွားပြီးတော့ AVရိုက်ဖို့ ကမ်းလှမ်းလာတာပါ… ဟိုရောက်တော့ ဘယ်လိုအခက်အခဲတွေတွေ့မလဲ… ဂျပန်ရောက်တော့ မထင်ထားတဲ့ဆရာကြီးနဲ့တွေ့ခဲ့သလို ဂျပန်မနဲ့ ကွီးယားကောင်လေးတို့ ဘာဘာညာညာခန်းတွေကိုလည်းတဝကြီးရှုစားရမှာဖြစ်ပါတယ်… File Size :1.6GB& 699MB Quality : WEB-DL1080p,720p Format…mp4 Duration…01:45:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2019
[18+] Actress Sex Lessons
Jin & Jun
5.2

Jin & Jun (IMDb 5/10) ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့… ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ… ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်… စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်… တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်… ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်… အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့် ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်… ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်… ဂျွန် ပြန်သတိရလာတဲ့အခါ အိမ်ကြီးထဲက လွတ်မြောက်အောင် ကြံစည်ရင်း မြေအောက်ခန်းတစ်ခန်းကို ရောက်သွားပါတော့တယ်… အခန်းထဲမှာ အစီအရင်တွေနဲ့ ပုလင်းများလည်း ရှိနေပြီး ထိုထဲက တစ်ပုလင်းကို ဂျွန် ကောက်ဖွင့်ကြည့်လိုက်တဲ့အခါ… ဂျင်ဆိုတဲ့ မီးခွက်စောင့်ဘီလူးလည်း ထွက်လာပါတော့တယ်… ထုံးစံအတိုင်း မီးခွက်စောင့်ဘီလူးနဲ့ ဂျွန်ရဲ့ တောင်းဆုတွေအကြောင်း ရိုက်ပြထားတာပေါ့… ဇာတ်လမ်းဟာ အာလာဒင်လို ခပ်ဆင်ဆင်ဆိုသော်ငြား အင်ဒိုနီးရှားဗားရှင်းမို့ မတူကွဲပြားမှုတွေ များစွာပါဝင်နေပါတယ်… ဂျွန်ရဲ့ တောင်းဆုတွေဟာ အမှန်တကယ်ဖြစ်မြောက်လာပေမယ့် သူမမြင်ရမသိရသေးတဲ့ အကြောင်းတရားတွေလည်း ရှိလို့နေပါတယ်… ဒီဇာတ်လမ်းဟာ လူငယ်ကျောင်းသားကား ဖြစ်တာမို့ ရီစရာလေးတွေနဲ့ တသောသော ရယ်မောရင်း သင်ခန်းစာလေးတွေလည်း ရတာမို့ အပျင်းပြေကြည့်ကြပါလို့ အကြံပြုလိုက်ရပါတယ်…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Fantasy Quality…. 1080p | 720p File size… 1.4GB | 736MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.2 2023
Jin & Jun
I Miss You
5.9

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့ I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့ အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့ သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။ တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာ ကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။ နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။ တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်း အတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီး နေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သား အကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာ သူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန် ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့် ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းက စာရေးရတာဝါသနာပါတာကြောင့် စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာက ဘယ်လိုတွေဖန်တီးပေးဦးမလဲ။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင်

5.9 2024
I Miss You
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Glengarry Glen Ross
7.7

IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။ File size…(2.1 GB)/(951 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Workplace drama, Crime, Drama, Mystery, Financial drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

7.7 1992 100 mins
Glengarry Glen Ross
[18+] Sex and Fury
6.7

Sex and Fury (1973) IMDb Rating (6.7) မလှည့်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန်ဂန္ဓဝင် Pink Film လေးတွေဆီပြန်လှည့်ကြရအောင်ပါ။ Pink Film ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ခိုင်ခိုင်မာမာ ဇာတ်ကောင်အင်အားတောင့်တောင့်တင်းတင်းနဲ့တည်ဆောက်ထားတဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ ၁၈၈၆ ဂျပန်နိုင်ငံရဲ့မေဂျီခေတ်မှာ ကျိုကိုဆိုတဲ့ကလေးမလေးရယ် ရဲဖြစ်သူ သူ့ဖခင်ဟာ အတူတူ လမ်းလျှောက်လာကြရင်း သူတို့လူစုကွဲချိန်မှာ သူ့ဖခင်ကို လူ သုံးယောက်က သတ်ဖြတ်သွားတာခံခဲ့ရပါတယ်။ သူ့ဖခင်အလောင်းဆီကို သူရောက်ချိန်မှာတော့ လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ ဖဲချပ်သုံးခုကိုတွေ့ရှိခဲ့ရပြီး အဲ့ဒီဖဲချပ်တွေမှာ ဝက်ဝံ၊ သမင်နဲ့ လိပ်ပြာတို့ ပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။ နောက်ဆယ့်ကိုးနှစ်အကြာမှာတော့ ကျိုတိုဟာ နာမည်ကျော် ဖဲဝိဇ္ဇာ ခါးပိုက်နှိုက်ဝိဇ္ဇာတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး သူ့ဖခင်အတွက် သွေးကြွေးဆပ်ဖို့ကြိုးစားမှုတွေကို ခေတ်ကာလ နောက်ခံ၊ အဲ့ဒီခေတ်က ခြေရှုပ်နေတဲ့ နိုင်ငံရဲ့အကြီးပိုင်းထဲက မသမာသူတစ်စု၊ ဂိုဏ်းဂဏပြိုင်ဆိုင်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (680 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Crime Duration….01:30:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.7 1973 88 mins
[18+] Sex and Fury
Life

ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ‌ ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို အလွဲများစွာနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ် ထောင်ကနေ လွတ်မြောက်နိုင်ပါ့မလား ဒါမှမဟုတ် အရိုးဆွေးအောင် ထောင်ထဲမှာပဲ နေသွားရမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

Documentary • Crime • Drama
0 1999
Life
The Party
6.6

The Party (2017) IMDb – 6.6 လူမှုရေးဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ The Party (2017) ဟာ ဗြိတိသျှ အနုပညာလက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး ပြသချိန် ၇၁ မိနစ်ပဲကြာပေမဲ့ သရုပ်ဆောင်တွေရဲ့ အထူးချွန်ဆုံး ပါဝင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရေးသမားတွေရဲ့ အပြည့်အဝချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရရှိခဲ့သောဆုများ – Berlin International Film Festival (2017) – Silver Bear for Best Script (Sally Potter) – British Independent Film Awards (2017) – Best Supporting Actress (Patricia Clarkson) – အခြားဆန်ကာတင်စာရင်းဝင် ဆုများစွာ သရုပ်ဆောင်တွေကတော့ – စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ အောင်မြင်တဲ့ နိုင်ငံရေးသမား ဂျန်းနက်အဖြစ် Kristin Scott Thomas – ဂျန်းနက်ရဲ့အရက်လွန်ကျွံသောက်ပြီးစိတ်ဓာတ်ကျနေတဲ့ခင်ပွန်း ဘေလ် အဖြစ် Timothy Spall – ပါးနပ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့မဟုတ်မခံစိတ်ရှိတဲ့ အေပရယ်အဖြစ် Patricia Clarkson – အေပရာယ်ရဲ့အမျိုးသား lofe coach ဂေါ့ဒ်ဖရီးအဖြစ် Bruno Ganz – အစိုးရဘဏ္ဍာရေးအရာရှိ တွမ်အဖြစ် Tom Shelby စတဲ့နာမည်ကြီး အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂျန်းနက်ရဲ့နိုင်ငံရေးအောင်ပွဲအနေနဲ့ ဂျန်းနက်နဲ့ဘေလ်တို အိမ်မှာကျင်းပတဲ့ပါတီ တစ်ခုဟာ မိနစ်ပိုင်းအတွင်း အရှုပ်တော်ပုံကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဂျန်းနက်ရဲ့ နိုင်ငံရေးအောင်မြင်မှု၊ ဘေလ် ရဲ့ ကျန်းမာရေးပြဿနာ၊ မိတ်ဆွေတွေရဲ့ လျှိဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေဟာ ပါတီမှာအကုန်ပေါ်ပေါက်လာပြီး အချင်းချင်းဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ ” Party ဟာ ဘဝရဲ့ အမှောင်ဆုံးနဲ့ ဟာသဆန်ဆန် မိနစ်တွေကို ရောစပ်ထားတယ်” ဆိုတဲ့ ဝေဖန်သူတွေရဲ့ မှတ်ချက်အတိုင်း ဒီဇာတ်ကားလေးဟာ လူမှုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ထောက်ပြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါကြောင့် Dark Comedy ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတိုင်း မပြတ်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size – 1GB/ 405MB Quality – BluRay 1080p/ 720p Duration – 1h 11m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vic Encoded by – Treasure Htet

Thriller • Crime • Action
6.6 2017 71 mins
The Party
Monkey King: Hero Is Back
6.7

Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ (အညွှန်းကို Once Upon In China FB Page မှကူးယူဖော်ပြပါသည်။) +++++++++++++++++++++ Monkey King: Hero Is Back (2015) IMDb Rating (6.7) နာမည်မြင်တာနဲ့ စွန်းဝူခုန်းမှန်း သိကြမယ်လို့ထင်ပါတယ်… ဟုတ်ပါတယ်.. 2015 July 10 ရက်နေ့တုန်းက ရုံတင်ခဲ့ပြီး Kung fu panda 2 ကိုတောင် ကျော်ပြီး ဝင်ငွေအများဆုံးကာတွန်းအဖြစ်နဲ့ အဲ့ဒီကာလမှာ အသိအမှတ်ပြုခံခဲ့ရပါတယ် ဟိုးအရင် ဝူခုန်းဇာတ်လမ်းတွေနဲ့ မတူဘဲ.. လူသားပိုဆန်ပြီး ပိုနွေးထွေးအောင် ဖန်တီးထားတဲ့ဇာတ်ကားတကားပါ ရန်သူတွေကိုပဲ သတ်ပုတ်နေတဲ့ စွန်းဝူခုန်းကိုမြင်ရမှာမဟုတ်ဘဲ အကျဉ်းချခံထားရာက လွတ်ကာစ. အမိန့်တော်ခတ်နှိပ်ထားတာ လုံးဝမလွတ်ကင်းသေးတဲ့အတွက် သာမန်မျောက်ထက် အနည်းငယ်သာ ပိုစွမ်းတဲ့ anti-hero character နဲ့ ဇာတ်လမ်းဆင်ထားပါတယ်… အဲဒါကြောင့် တန်ခိုးရှင်ပုံစံပျောက်ပြီး ဝူခုန်းရဲ့ တွေ့ရခဲတဲ့ လူသားအဆန်ဆုံး ၊ နွေးထွေးပျော့ပျောင်းဆုံး ပုံစံကို မြင်တွေ့ခံစားရမှာပါ… ဇာတ်လမ်းအကျဉ်းကတော့ ဝူခုန်းကို လွှတ်ပေးမယ့် ကျန်းလျူအာ(ရေမျောကမ်းတင်ကလေးငယ်) ဆိုတဲ့ ကိုရင်ပေါက်စလေးဟာ ငယ်စဉ်ကတည်းက မိစ္ဆာတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရပြီး လေလွင့်နေတဲ့ ဘုန်းကြီးတစ်ပါးက ရေထဲကနေ ကောက်ယူမွေးစားခဲ့တာပါ… တနေ့မှာ သူတို့ရဲ့ရွာကို မိစ္ဆာတွေဝင်ပြီး ကလေးတွေကို ဖမ်းတဲ့အခါ ဝင်ပြီးကူညီပေးရင်းနဲ့ အမှတ်မထင် ဝူခုန်းအချုပ်ခံထားရတဲ့ ဂူထဲရောက်ပြီး လွှတ်ပေးမိသွားတာပါ… အစွမ်းတွေရုပ်သိမ်းခံထားရလို့ စိတ်ပျက်နေတဲ့ ဝူခုန်းနဲ့… ကလေးပီပီ အင်မတန်စကားများပြီး တရစပ် မေးခွန်းထုတ်တတ်တဲ့ ကိုရင်ငယ်လေးတို့ဟာ ရွာကို ပြန်ရင်းနဲ့ လမ်းမှာ ပါကျဲတို့လိုဘော်ဒါတွေ Hun Dun မိစ္ဆာကောင်တွေနဲ့ပါကြုံတွေ့ရပါတော့တယ်။ ကိုရင်လေးကယ်လာတဲ့ ကလေးမလေးဟာ Hun Dun မိစ္ဆာရဲ့ ယစ်ပူဇော်ပွဲအတွက်အရေးပါတဲ့စတေးခံတယောက်ဖြစ်တာမလို့ ကိုရင်လေးနဲ့ကလေးမလေးနောက်ကို မိစ္ဆာတွေက တောက်လျှောက်လိုက်ပါတော့တယ်။ ကလေးတွေနဲ့ ကိုရင်လေးကို အစွမ်းထက်တဲ့ မိစ္ဆာရဲ့လက်ထဲကနေ ကယ်တင်ချင်ပေမယ့် စိတ်ပဲရှိပြီး အရင်လို မစွမ်းဆောင်နိုင်တဲ့ ဝူခုန်းက ဘယ်လိုကယ်ထုတ်မလဲ… ကြမ်းတမ်းမောက်မာတဲ့ ဝူခုန်းကို ဘယ်လိုအကြောင်းတွေကြောင့် ပြောင်းလဲသွားစေလဲဆိုတာကိုတော့…..။

Drama
6.7 2015 89 mins
Monkey King: Hero Is Back