YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Erkenci Kus (2018) Episode-72 (720p).mp4

354.33 MB N/A video/mp4 200 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bring It On: Cheer Or Die
6.1

ဒီကားလေးကတော့ Halloween horror, Thriller ကားလေးပါ။ Abby တို့ကျောင်းမှာ Cheerleader အဖွဲ့က အရမ်းအနှိမ်ခံရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြိုင်ပွဲမှာ Cheerleader တစ်ယောက်သေပြီး နောက်ပိုင်း ဘာစတန့်မှမလုပ်ရ ဘာပွဲမှမပါရဘဲ နေနေရပါတယ်။ လာမဲ့ ပြည်နယ်ပေါင်းစုံပြိုင်ပွဲမှာ ပြိုင်ဖို့ Abby တို့အဖွဲ့ ခိုးပြီး လေ့ကျင့်ကြတဲ့အခါ လူမသိတဲ့ကျောင်းဟောင်းဆီ သွားကြပါတယ်။ Abby တို့ကျောင်းဟောင်းကို သွားတဲ့ညက Halloween ည ဖြစ်နေပြီး သူတို့ကို လိုက်သတ်တဲ့လူသတ်သမားရှိနေတဲ့အခါ ဘာဆက်ဖြစ်မလဲ? Abby တို့အဖွဲ့ ဘယ်လိုအလွဲတွေလုပ်မလဲ? လူသတ်သမားရန်ကနေ လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။) File Size          : 2.3GB, 859MB, 438MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format            : mp4 Duration         : 1hr & 31mins Genre              : Comedy, Fantasy, Horror Translated by Marie Encoded by Kinnov

Action • Adventure • Drama • History • War
6.1 2022 91 mins
Bring It On: Cheer Or Die
My Heart Puppy
6.2

My Heart Puppy (2023) ဒီတစ်ခေါက် တင်ဆက်ပေးမှာတော့ အားလုံးမျှော်နေကြတဲ့ ခွေးလေးတွေနဲ့ မထင်မှတ်ဘဲ ခရီးသွားဖြစ်သွားတဲ့ ဇာတ်လမ်းလေးပေါ့နော် ဖြစ်ပုံကဒီလို... ခွေးလေးရွန်းနီကိုအရမ်းတန်ဖိုးထားပြီး ချစ်တဲ့ မင်ဆူက လက်ထပ်တော့မယ့်အချိန်မှာမှ ဆက်ပြီးမွေးထားဖို့ လုံးဝအဆင်မပြေနိုင်တော့တဲ့အခြေအနေတစ်ခုကြောင့် မွေးစားဖို့အတွက် သူ့အစ်ကိုဖြစ်တဲ့ ဂျင်းဂုကို အပူကပ်ရတာ... နှစ်ယောက်သား ရှာကြဖွေကြရင်းနဲ့ ဂျယ်ဂျူကျွန်းကို မွေးစားဖို့ပေးမယ်ဆိုပြီး အသွား.. လမ်းမှာတွေ့တဲ့စွန့်ပစ်ခွေးလေးတွေကိုလည်း တစ်ခါတည်းခေါ်သွားနဲ့ပေါ့ အဲလိုနဲ့ အသွားကြီးသွားရပြီးမှ ဂျယ်ဂျူကျွန်းရောက်တဲ့အခါမှာရော မွေးစားတဲ့လူတွေ့သွားကြမလား ရွန်းနီလေးကိုရော မင်ဆူကခွဲခွာရက်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် My Sassy Girl နဲ့ နာမည်ကြီးပြီး လူသိများခဲ့တဲ့ မင်းသားကြီး Cha Tae Hyun, Hospital Playlist ထဲ ဘုန်းကြီးဆရာဝန်အနေနနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Yoo Yeon Seok တို့လို မင်းသားကြီးတွေပါဝင်ထားပြီးတော့ ချစ်စရာခွေးလေးတွေနဲ့ လုံးဝကို healing ဖြစ်စေမယ့် ရုပ်ရှင်လေးတစ်ကားပါပဲ အညွှန်းကိုတော့ JoyZ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 1.51GB | 527MB | 269MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Crime • Drama
6.2 2023 114 mins
My Heart Puppy
Lover for a Day
6.7

Lover for a Day (2017) ~ IMDb – 6.7/10, Rotten Tomatoes – 82% ~ ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။ အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။ အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။ အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ‌ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။ ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။ ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် ‌အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။ တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။ ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။ ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။ ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 610MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.7 2017 76 mins
Lover for a Day
The Last Ride
6.8

The Last Ride (2016) CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig’s Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။ မင်းသားတွေကလည်း God’s Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ (စကားလုံးတွေ အပြုအမူတွေကြမ်းတမ်းတာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်လျော်ပါကြောင်း) အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Comedy Quality…. 1080p | 720p File size… 1.2GB | 571MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Blank

Action • Crime • Mystery • Thriller
6.8 2016
The Last Ride
Perfect Harmony
6.8

သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ နာအိုမီလို့ ခေါ်တဲ့ သူငယ်ချင်း ၂ယောက် ရှိပါတယ်။ ဂျက်နဲ့ ဘာရက်နဲ့က အချင်းချင်း သတ်ရင်းနဲ့သာ အချိန်ကုန်နေကြတာ ဆိုင်မွန်နဲ့ နာအိုမီကတော့ လက်ထပ်ပြီး မင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။ ဂျက်တို့တတွေရဲ့ သူငယ်ချင်းဖြစ်သူ၂ယောက်က မင်္ဂလာဆောင်အတွက် ဂျက်တို့ကို အကူညီတောင်းလာတဲ့အခါမှာတော့ အကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဂျက်နဲ့ ဘာရက်တို့ မင်္ဂလာပွဲအတွက် ကူညီရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ …. ဘယ်လို ကတောက်ကဆလေးတွေဖြစ်မလဲ …. သူတို့အချင်းချင်း ညှိနှိုင်းကြရင်း သူတို့၂ယောက်လုံး လိုအပ်နေတဲ့ Perfect Harmony လေးကို ရှာတွေ့သွားကြမလား ….. ဆိုတာကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ ရုပ်ရှင်က ပေးချင်တဲ့ message ကိုသာ ခံစားမိမယ်ဆိုရင် ဝါကျွတ်ရင် လက်ထပ်ချင်တဲ့စိတ်တွေပါ ပေါက်လာပါလိမ့်မယ်။ Review ရေးတဲ့ လူလည်း Perfect Harmony ကို ရှာတွေ့ချင်ပြီး Reviewကို ဖတ်နေတဲ့ CMပရိသတ်ကြီးလည်း Perfect Harmonyကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း reviewလေးကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Crime • Comedy
6.8 2022 84 mins
Perfect Harmony
Parking
8

Parking (2023) “နေရာ” IMDb – 8.0/10 သတင်းရင်းမြစ်တွေအရ ၂၀၂၃တမီးလ်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးစာရင်းဝင်ထားတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ အက်ရှ်ဝါဆိုတာ အိုင်တီပညာရှင်တစ်ဦး။ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့အတူ ချန်နိုင်းမြို့မှာအိမ်ငှားနေဖို့ ပြောင်းလာပါတယ်။သူတို့ငှားနေတဲ့ အောက်ထပ်မှာတော့ လူရိုးလူဖြောင့် အစိုးရဝန်ထမ်း လူ့ဂွစာအဘိုးကြီးမိသားစုနေပါတယ်။ လာဘ်ပေးလာဘ်ယူမုန်း ခေတ်သစ်လူ့အဖွဲ့အစည်းကိုလည်း အမြင်မကြည်တဲ့အဘိုးကြီးနဲ့ ဇနီးဖြစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြင်နာတတ်တဲ့ အိုင်တီပညာရှင်လူငယ်တို့ တွေ့တွေ့ချင်းမှာတော့ ပလဲနံသင့်ရှိကြပါပေရဲ့။ ဒါပေမဲ့လည်း ဇာတ်လမ်းနာမည်အတိုင်း တစ်နေရာတည်းရှိတဲ့ ပါ့ခ်ကင်ကို မောင်ပိုင်စီးဖို့ကြိုးစားကြတဲ့အခါမှာတော့။ ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်လာမဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းလေးကို ပရိသတ်တို့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8 2023
Parking
22 Bullets
6.6

ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူ ပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကို အခြေပြုပြီးရိုက်ကူးထားတာပါ…။ လက်တွေ့ဘဝမှာဆိုရင် “Jacky Imbert”၊ ရုပ်ရှင်ထဲမှာဆိုရင်တော့ “ချာလီမာတီ”ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။ တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့် ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး…။ ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာ ဘယ်သူတွေမှန်းသိအောင်ရှာကာ တစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။ မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊ လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့် ကားလေးတစ်ကားလည်းဖြစ်ပါတယ်…။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller • Horror
6.6 2010
22 Bullets
A Mother’s Nightmare
5.8

A Mother’s Nightmare (2012) “မိခင်သောက” IMDb – 5.8/10 ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.5GB | 803MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.8 2012
A Mother’s Nightmare
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
Blade of Fury
6.2

တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင်ကတုံးလေးကားထဲက ကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်… ဒီကားလေးကတော့ မိမိသည် မိမိဘာသာနေသော်လည်း ပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ…. ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း က ယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့… ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကိုပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား… ဒီတော့ သူ့အလုပ်သူလုပ်ချိန်မှာပဲ… ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ … သူခိုးသေပြီး ပုလဲရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်… မလွှဲသာတော့လည်း ရုံးတော်ကို အပ်ခဲ့တာ.. ဆုကြေးမရတဲ့အပြင် သူအပ်ခဲ့တဲ့ အမျိုးသမီးကိုလည်း ညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ကြတယ်… နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ်သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့… ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ကြေးစားအထိငှားတဲ့သူကို ရှာရပါတော့တယ် ဒီအမျိုးသမီးကဘယ်သူလဲ… ဘာလို့ ထွက်ပြေးနေရတာလဲ နောက်ပြီး သူ့ကိုဘယ်သူသတ်ဖို့ကြိုးစားတာလဲ…. ဘာလို့ သတ်ဖို့ကြိုးစားတာလဲဆိုတာတွေကို စုံစမ်းနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့မလဲဆိုတာ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ

6.2 2024
Blade of Fury
Love Story
6.9

Love Story (1970) ~ IMDb – 6.9/10, Rotten Tomatoes – 63% ~ The Godfather ရုပ်ရှင်ဖြစ်တည်လာပုံအကြောင်း အသေးစိတ်ရိုက်ပြထားတဲ့ The Offer ဆိုတဲ့ စီးရီးကို ကြည့်ဖူးတဲ့လူတွေတော့ ဒီရုပ်ရှင်ကို ရင်းနှီးကြမှာပါပဲ။ The Offer ဟာ The Godfather ရုပ်ရှင်ရဲ့ ဖြစ်တည်ပုံကို အဓိကထားပြထားခဲ့ပေမဲ့ အဲဒီကာလ ပါရာမောင့်ရဲ့ အခြေအနေတွေကိုလည်း ပြသင့်သလောက်ပြထားခဲ့တော့ အဲဒီကာလမှာ ရိုက်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ဖြစ်ပုံတွေကိုလည်း နည်းနည်းပါးပါး‌ တွေ့ခဲ့ရတယ်။ အဲဒီထဲ ဒီ Love Story (1970)ကတော့ တော်တော်လေး မြင်သာခဲ့တယ်။ မြင်သာဆို ဘော့အီဗန်ရဲ့စကီဖြစ်တဲ့ Ali MacGraw ရဲ့ကားကိုး။ Love Story ဟာ ဟောလိဝုဒ်ရွှေခေတ်မှာ ဘတ်ဆဲလားစာအုပ်ဖြစ်ခဲ့တဲ့ Erich Segal ရဲ့ Love Story ကို ပြန်ရိုက်ထားတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ချိန်ကိုက်ပြီး စာရင်းထုတ်ထားတဲ့ Highest-grossing Films of All Time စာရင်းထဲလည်း ပါခဲ့သလို အမေရိကန်ရုပ်ရှင်အစည်းအရုံးက စာရင်းပြုစုထားတဲ့ ရိုမန့်တစ်အဆန်ဆုံးရုပ်ရှင်စာရင်းထဲမှာလည်း နံပါတ်ကိုးချိတ်ခဲ့တယ်။ ဇာတ်ကတော့ နှစ်ပေါင်းများစွာကြာသွားပေမဲ့ ရိုးရိုးရှင်းရှင်းကိုပဲ ထိထိခတ်ခတ်ဖြစ်အောင် ရိုက်ပြထားလို့ မဟောင်းသွားသေးဘူး ပြောရမှာပဲ။ အချစ်ရုပ်ရှင်တစ်ကားအနေနဲ့တော့ အဆင့်တစ်ခုမှာရှိနေတယ်။ ကာရိုက်တာတွေကတော့ မဲပြာပုဆိုးဖြစ်နေတဲ့ သူဌေးသားနဲ့ ဆင်းရဲတဲ့ကောင်မလေး ကာရိုက်တာတွေပါပဲ။ ဒါပေမဲ့ ဒီလိုကာရိုက်တာတွေကို ရိုးရိုးရှင်းရှင်းဇာတ်လေးထဲ လှလှပပသွတ်သွင်းပြလိုက်တာကလည်း ကြည့်ရတာ အရသာရှိပါတယ်။ ဒီလို တက္ကသိုလ်နောက်ခံဇာတ်ဖြစ်လာအောင်လည်း ဒီဇာတ်ကို စာရေးဆရာက အဲဒီခေတ်တက္ကသိုလ်ဝန်းထဲ သွားလေ့လာပြီး ရေးခဲ့တယ်။ ၁၉၇၁ အော်စကာဆုပေးပွဲမှာ Best Picture နဲ့ Best Director အပါအဝင် ၇ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Original Score ဆုကိုရသွားခဲ့တယ်။ Oliver’s Story (1978) ဆိုပြီး အဆက်ထွက်ခဲ့ပေမဲ့ ဒီကားရဲ့ ဒါရိုက်တာ Arthur Hiller ရိုက်ထားတာတော့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ မူရင်းစာရေးဆရာရဲ့ဇာတ်ပဲ။ Love Story (1970) ဟာ Tommy Lee Jones သရုပ်ဆောင်အနေနဲ့ ပထမဆုံးစပါဝင်ထားတဲ့ကားလည်း ဟုတ်တယ်။ Facts တွေသက်သက်ပါပဲ။ The Offer ထဲလည်းရင်းနှီးပြီးသားဖြစ်နေမယ့် ဟောလိဝုဒ်ရွှေခေတ်ကို ချစ်တဲ့လူတွေအတွက်တော့ Love Story (1970) ဟာ ဒီတိုင်းကို ကြည့်ဖြစ်လောက်မယ့် ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အချစ်အကြောင်းသက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားဆိုတာ အချစ်တွေရဲ့ကမ္ဘာမှာ မရှိတဲ့အကြောင်းပါပဲ။ ~ အချစ်များအကြောင်း ~ ကြယ်တံခွန်တွေကိုလည်း နားလည်ဖို့ မကြိုးစားခဲ့ပါဘူး ဘာမှမဟုတ်သလိုပဲ ရှင်သန်လာတယ် ဘာမှမဟုတ်သလိုပဲ သေဆုံးသွားတယ် ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း သူတို့ရဲ့ကမ္ဘာမှာ ငါ့မှာမတွေ့ခဲ့ရဘူး… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.2GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 40Min Genre – Dark Romance, Tragedy, Tragic Romance, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Crime
6.9 1970
Love Story
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
Borgo
7

ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ် Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Family • Drama
7 2023 118 mins
Borgo