YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Erkenci Kus 2018 Episode 51 (720p).mp4

422.58 MB N/A video/mp4 278 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nick of Time
6.2

ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။ တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။ File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

6.2 1995 90 mins
Nick of Time
Peter Pan
7.2

Peter Pan (1953) ============= အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.62 GB) / (759 MB) / (501 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama
7.2 1953 77 mins
Peter Pan
The Secret Garden
7.4

~ IMDb - 7.3/10, RT - 88%, Meta - 74% ~ ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie "The Secret Garden" ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ လျှို့ဝှက်ဥယျာဥ်တစ်ခု တကယ်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။ မှော်ဆန်တဲ့ လျှို့ဝှက်ဥယျာဥ်ထဲကို အလည်သွားရင်း မထုံတတ်တေးလေးမေရီက ရဲတိုက်ကြီးအတွက် ဘယ်လို အပြောင်းအလဲတွေယူဆောင်လာခဲ့လဲဆိုတာကိုလည်းကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 870MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action • Comedy
7.4 1993 102 mins
The Secret Garden
Savages
6.3

ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ဗီဒီယိုလေးပြပြီး ကမ်းလှမ်းခဲ့တာပါ သူတို့လည်း အတတ်နိုင်ဆုံးညှိကြပေမဲ့ အဆင်မပြေတဲ့အခါကြတော့ သူတို့ရဲ့ အချစ်လေး "အို"ကို ပြန်ပေးဆွဲပြီးအကြပ်ကိုင်ပါတော့တယ် အဲဒီနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပါ ပညာရှင်တစ်ယောက်နဲ့ စစ်ပြန်ကြီးပေါင်းထားတဲ့ ဘန်နဲ့ချောင်ကပဲ ဘာတွေဘယ်လိုလက်ဦးမှုယူနိုင်မလဲ အတွေ့အကြုံရင့်တဲ့ ဘာဟာဂိုဏ်းကြီးကပဲခေါင်းမဖော်နိုင်အောင်နှိပ်ကွပ်မလား မူးယစ်ဆေးဆိုတာကြီးက ကမ္ဘာကြီးပေါ်ကနေဘာလို့ပပျောက်မသွားရတာလဲ အဲဒါကိုဖြေရှင်းဖို့ကြိုးစားနေတဲ့ ဦးဦးရဲကြီးတို့ကရော ဘာတွေလုပ်နေတာလဲ ဆိုတာတွေက တောရိုင်းထဲက လူရိုင်းတွေလို့ နာမည်လေးပေးထားတဲ့ ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ File size…(2.46GB/(1.61MB)/(791MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:11:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Fantasy • Romance • Science Fiction
6.3 2012 131 mins
Savages
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
To All the Boys I've Loved Before
7.6

ဒီဇာတ်ကားလေးကို ပြီးခဲ့တဲ့ ၁၇ ရက်က Netflix ကထွက်ခဲ့တာပါ ။ ၂၀၁၄ ခုနှစ်ကထွက်ခဲ့ပြီးရောင်းအားအကောင်းစာအုပ်ဖြစ်တဲ့ Jenny Han ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပါ ။ သရုပ်ဆောင်တွေက Lana Condor ၊ Noah Centineo ၊ Israel Broussard တို့ပါဝင်ထားပြီး ဒါရိုက်တာ Susan Johnson ကရိုက်ကူးထားပါ ။ ဇာတ်လမ်းအကျဉ်း ---------------- Lara Jean ဆိုတဲ့ ကောင်မလေးဟာ " The Forbidden Kiss " ဆိုတဲ့စာအုပ်ကို ဖတ်ပြီး စိတ်ကူးယဉ်တက်လေ့ရှိပါတယ် ။ တကယ်တော့သူမဟာ စိတ်ကူးသာယဉ်ခဲ့ပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်မနေသေးပါဘူး ။ ဒါပေမဲ့ သူမရဲ့ လျှို့ဝှက်ချက်ကတော့ သူမ crush ခဲ့ရတဲ့ ကောင်လေးတွေဆီကို စာရေးပြီး တခါမှမပို့ဘဲ သိမ်ထားကာ တခါတရံ ထုတ်ဖတ်တက်တာပါ ။ သူမ ပြောတာက " ကျွန်မ တစ်စုံတစ်ယောက်ကို အရမ်း crush တဲ့ အခါ စာတစ်စောင်ချရေးပစ်လိုက်တာပဲ ၊ အဲဒါအပြင် ဘာလုပ်ရမှန်းလည်း ကျွန်မမသိဘူးလေ " တဲ့ ။ သူမ ပြောတာလည်း ဟုတ်နေပြန်တယ် ။ သူမ crush ရတဲ့ အရွယ်တုန်းကလည်း အရမ်း crush ရုံကလွဲရင် ဘာလုပ်တက်မှာလဲ ။ သူမရဲ့ အစ်မဖြစ်သူ Margot စကော့တလန်ကို တက္ကသိုလ်တက်ဖို့ ထွက်သွားတဲ့အခါ ညဘက်တွေဆို သူမရဲ့ ၁၁ နှစ်အရွယ် ညီမ ဖြစ်သူ နဲ့ " Golden Girls " marathon ကြည့်ပြီး အချိန်ဖြုံးခဲ့ရတယ် ။ တစ်ညမှာ သူမ စောစောအိပ်ပျော်သွားပြီးတဲ့နောက် သူမမထင်ထားတဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ် ။ သူမရေးထားတဲ့စာတွေဟာ သူမ crush ခဲ့ရတဲ့ ကောင်လေး ၅ ရောက်စီ ရောက်ရှိသွားခဲ့တာကို နောက်တနေ့မှာ သူမသိရှိသွားခဲ့တဲ့အခါမှာတော့ ..... လောလောဆယ်မှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်းရရှိထားပါတယ် ။ Crazy Rich Asians မကြည့်ရသေးသူတွေအတွက် Crazy Rich Asians မတိုင်ခင် ကြည့်ရှုဖို့ ထိုက်တန်တဲ့ ဇာတ်ကားလေးပါ ။ ဒီဇာတ်ကားလေးဟာ အတော်ကို ကြည့်လို့ကောင်းတဲ့ ဆယ်ကျော်သက်အချစ်ကားလေး ဖြစ်တယ်ဆိုတာ ပထမဦးစွာ ပြောကြားချင်ပါတယ် ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ ဖြစ်သူ Susan Johnson ရဲ့ လက်ရာကို အရင်က ကျွန်တော်မကြည့်ခဲ့ဖူးဘူး ။ ဒါပေမဲ့ ဒီဇာတ်ကားအတွက် သူမကို ပထမဆုံး ချီးကျူးချင်တယ် ။ Cast တွေကို သိပ်မရင်းနှီးပေမဲ့ ဒီဇာတ်ကားနဲ့ လိုက်ဖက်နေတာကိုလည်း ချီးကျူးချင်ပါတယ် ။ ခုမှထွက်စ ဇာတ်ကားဖြစ်တဲ့အတွက် spoiler ထည့်မရေးတော့ဘဲ ဆယ်ကျော်သက်အချစ်ကားကို ကြည့်ရှူ့ချင်သူတွေအတွက် အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း လက်တို့လိုက်ပါရစေ ..... Imdb - 7.8 Rotten Tomatoes - 93 % #HH #MSR (ဇာတ်လမ်းအညွှန်းကိုတော့ Movie Short Review Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်) (Aye Mon Kyaw ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (750 MB) and (300 MB) Quality : NF WEB-DL 720p Running Time : 1hr 39min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DDP5.1.x264-NTG Translated by Aye Mon Kyaw Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
7.6 2018 100 mins
To All the Boys I've Loved Before
Paju
6.5

Paju (2009) ဒီတစ်ခေါက်မှာတော့ ဒီနှစ်ပိုင်းမှာ comeback ပြန်လာတော့မယ့် မင်းသမီး Seo Woo ရဲ့ ၂၀၀၉ ခုနှစ်က ရုပ်ရှင်လေးကို တင်ဆက်ပေးပါဦးမယ် မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်ကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့် ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ် အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့ အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ် ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်က ဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့ အဲအတွက်လည်း ကြိုးစားရပါတော့တယ် ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ၊ အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ် ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.1GB | 748MB| 277MNB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

Comedy • Romance
6.5 2009
Paju
My Perfect Roommate
5

My Perfect Roommate (2022) Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။ ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။ ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။ Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့ အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့ တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့ မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။ ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့ My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့ မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။ လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။ ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို အပြန်အလှန်ဖြည့်ဆည်းကြပုံကို ကြည်နူးဖွယ်၊ မျက်ရည်ဝဲဖွယ် ဖန်တီးရိုက်ကူးထားတာပါ။ ရယ်မောစရာတွေနဲ့အတူ ကြည့်ပြီးရင် ရင်ထဲနွေးပြီးကျန်ခဲ့မယ့်ခံစားချက်ကိုပါပေးနိုင်မယ့်ရုပ်ရှင်ကားလေးမို့ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…1.27GB | 515MB | 237MB Format… mp4 Duration….1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lao Qui Encoder …..August

Crime • Mystery • Thriller
5 2022 91 mins
My Perfect Roommate
Marjorie Prime
6.3

ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့ သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့ အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကို သူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေ ဇာတ်လမ်းကိုစတည်ထားပါတယ်။ မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာ ဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့ သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့ သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်း ဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီး IMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက် ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.5 GB / 569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Thriller • Mystery • Drama • Horror
6.3 2017 99 mins
Marjorie Prime
[18+] When I Grow Up, I Want to Be a Pornstar
5.7

When I Grow Up, I Want to Be a Pornstar (2021) ဇာတ်ကားနာမည်လေးကတော့ သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်ပါတယ်တဲ့။ ဖိလစ်ပိုင် အောလောကထဲက ဆရာသမားတစ်ယောက်က ဒူးမနာသမီးလေးကို သေခါနီးမှာ အောလောကကို တိုးတက်စေချင်တာ အဖေ့ရဲ့ ဆန္ဒပါလို့ ပြောသွားတယ်။ အဲဒီတော့ အငြိမ်းစား အောမင်းသမီးက အောလောကကို တိုးတက်အောင် ရည်ရွယ်ချက်နဲ့ ဖိလစ်ပိုင်ပွန်းလောက ကယ်ဆယ်ရေး စီမံကိန်းကြီးကို စလိုက်တာပေါ့။ သူလို ခေတ်မရှိတော့တဲ့ အောမင်းသမီးတွေကို စုပြီး သူတို့ရဲ့ အတွေ့အကြုံတွေ အကြံဉာဏ်တွေနဲ့ ပွန်းစတားအသစ် တင်ဖို့လုပ်ကြတော့တာပါပဲ။ ဒီကားကို ကြည့်ရင်တော့ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ပညာတွေ ရသွားမှာ သေချာပါတယ်။ ဟာသဇာတ်မြူးဆိုတော့ ရယ်လည်းရယ်ရ ကြည့်လည်းကြည့်ရမှာပါ။ ဖိလစ်ပိုင်အောလောကနဲ့ နီးစပ်တဲ့သူတွေအတွက်လည်း ရှေးက ဇာတ်ကားတွေကို အောက်မေ့စရာဖြစ်လောက်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 740MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 32Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

5.7 2021 91 mins
[18+] When I Grow Up, I Want to Be a Pornstar
4bia (Phobia)
6.7

VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့ Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်း ပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။ Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်း အဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့ အထီးကျန်ကမ္ဘာ Loneliness သာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါ အဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်း ပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charm သိပ်ချစ်ကြတဲ့ ရွှတ်နောက်‌နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာ ဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middle နောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့ လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244 Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီး Horror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်း နားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mary Christ

Mystery • Thriller • Crime • Horror
6.7 2008 120 mins
4bia (Phobia)
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour
Daddy Long Legs
6.3

Daddy Long Legs (2005) ************************ ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း —————— Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။ အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့… ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့ အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့ အိမ်တစ်အိမ်မှာပါ ဝင်နေလို့ရသွားပါတယ်။ တစ်ရက်…သူမ နေထိုင်ရာအိမ်ဆီကို အရင်တစ်နှစ်ကနေ အချိန်ကိုက်ပြီး ပေးပို့ခဲ့တဲ့ အိမ်ပိုင်ရှင်ရဲ့ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ စာထဲမှာ “သူမနဲ့ သူမရဲ့ တစ်ဖက်သတ်ချစ်ရသူနဲ့ပက်သက်ပြီးတော့ ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းလေးတွေ”ကို ရေးထားတဲ့အခါ… Cha Young Mi ဟာ အဲဒီအီးမေးလ်ထဲက သူတို့ကို ရှာဖွေသွားနိုင်မလား… တက္ကသိုလ်ကတည်းက အလုပ်ဝင်တဲ့အချိန်ထိ တိတ်တဆိတ် အကူအညီတွေ ပေးလာခဲ့တဲ့ သူမရဲ့ အရပ်ရှည်တဲ့ဦးလေးကြီးနဲ့ရော တကယ်ပဲ တွေ့ဆုံသွားနိုင်မှာလား…ဆိုတာကို ရင်ခုန်ဖွယ် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီးတော့ အဆုံးထိ ကြည့်ပြီးသွားတဲ့အခါမှာ .. ဒီကားလေးကို ဘာကြောင့် remake တွေ ပြန်ရိုက်လဲ ဘာလို့ နာမည်ကြီးတာလဲဆိုတာတွေ သဘောပေါက်သွားစေမဲ့ ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…3.02GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Action • Crime • Thriller
6.3 2005
Daddy Long Legs
Growth of God
6.1

နတ်ပြည်မှာ ‘ခြေဗလာနတ်မင်း’ လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။ အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့် သူ့မှာ “ရူယီ” လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။ အဲ့လက်နက်ကအတော်စွမ်းတာကြောင့် သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက် မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့ သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ ‘ရူယီ’ ဟာ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။ အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့် ‘လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်’ ဆိူသလိုပဲ သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။ သူ့ရဲ့လက်နက်ကျသွားရာနေရာ​​ကဖြစ်တဲ့ ကျီရှန်းရွာလေးကတော့ ‘ရူယီ’ ကိုရတနာအဖြစ် သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။ လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့် ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။ သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့ တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့ နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ​ကြောင့် ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Animation • Science Fiction • Action • Horror
6.1 2022
Growth of God
Na Tum Jaano Na Hum
4.9

Na Tum Jaano Na Hum (2002) ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင် သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့… ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ… အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား… ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်လွတ်မခံသင့်ပါကြောင်း… ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။

Drama
4.9 2002 159 mins
Na Tum Jaano Na Hum