YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Erkenci Kus (2018) Episode-132 (720p).mp4

466.62 MB N/A video/mp4 145 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ponniyin Selvan: Part II
6.9

Ponniyin Selvan: Part II (2023) IMDb 8.1/10 ၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်... တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ... သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်... သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်... ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်... ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ... ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။ Part II မှာတော့ အရွန်းမိုဇီဟာ ခမည်းတော်ရဲ့အမိန့်အရ အကျဥ်းသင်္ဘောနဲ့ပြန်လာခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အာရွန်းမိုဇီ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား။ ဒီတော့ နောင်တော် အာဒိတကလည်း ဒါက နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ကြားထဲက ပဋိပက္ခတွေ တင်းမာလာခဲ့တပေါ့။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး တိုင်းပြည်ရဲ့အာဏာကို သိမ်းဖို့ကြိုးစားနေတဲ့ လူတွေကတစ်ဖက်။ ထက်မြက်ပြီးပါးနပ်လှတဲ့ ဘုရင်မ နန်ဒီယာကရော ဘယ်လို ဆက်အကွက်ရွေ့မလဲ။ ဒီလိုတိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ Part II မှ မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... အညွှန်းရေးသားထားပေးတာကတာ့ Hayman ဖြစ်ပြီး ဘာသာပြန်တွေကတော့ Hayman,Khin,Saii,Yin Yin တို့ဖြစ်ပါတယ် File size…8.58GB / 4GB /1.6GB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Hayman,Khin,Saii,YH

Drama • BL
6.9 2023 165 mins
Ponniyin Selvan: Part II
The Son
6.7

Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီး မိဘ‌တစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီး မိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး‌ ရောက်မလာကြောင်းကို ယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက် သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း.... File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Romance
6.7 2022 123 mins
The Son
Blurr
4

တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ... ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ် တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ် ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူး အဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူး တဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation
4 2022 126 mins
Blurr
Puss in Boots: The Last Wish
8.3

2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။ File size… (4.9 GB) /(2.2GB) / (1.46GB) Quality…. WEB-DL 4K HEVC/1080p / 720p / 480p Format…mkv/mp4 Duration….01:35:00 Genre...  Comedy / animation / adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Drama • Western
8.3 2022 103 mins
Puss in Boots: The Last Wish
[18+] Nightbird
7.8

Nightbird (2023) ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား… ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ… သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား… ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 570MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 37Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.8 2023
[18+] Nightbird
Detonator
6.7

Detonator(1993) ***************** ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်.. ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့ လူအများကြီးတော့ သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်.. တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီး ရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက် ထွက်ခွာသွားတယ်… လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင် ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်.. ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့ မနေသာဘဲ ဝင်ကူရပါတော့တယ်… ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်.. File Size : (3.1GB)(962MB) and (382MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae

6.7 1993 100 mins
Detonator
The Corruptor
6.1

ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ…။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေ ခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်….။ ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲ လူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေ ဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့…. မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့ တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ…။ ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ…။ ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက် တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ…။ File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 1999
The Corruptor
New Normal
6.7

New Normal (2023) ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။ တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။ SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horro, Thriller Quality…. 1080p | 720p File size…1.1GB | 422MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

6.7 2023
New Normal
Thuppakki
8.1

Thuppakki (2012) “ပစ်မှတ်” IMDb – 8.1/10 ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါ ဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ Zwe ~ Alex ~ BpL ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.1 2012
Thuppakki
27 Steps of May
7.9

27 Steps of May (2019) ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။ စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။ အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။ အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။ ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကို ဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ ဒီသမီးလေးတစ်‌ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊ သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကား‌မပြောခိုင်းရက်တဲ့ အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်‌ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။ ၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့ လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။ ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့ ၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။ အဲဒီနောက်မှာတော့…… Heart touching Dialogue တွေလည်းမပါ ဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊ အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့ Rape victim နဲ့ မိသားစုဝင်‌တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 593MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7.9 2019
27 Steps of May
Kickboxer 2: The Road Back
5

Kickboxer 2: The Road Back (1991) ============================== Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။ Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ရီဗျူးလေးအဆုံးသတ်လိုက်ပါမယ်။ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ ) File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Action, Sport, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin

Horror • Thriller • Mystery
5 1991
Kickboxer 2: The Road Back
Alfie

IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။ အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Alfie
Knock Knock

Knock Knock (2015) ဒီရုပ်ရှင်ကားကတော့ John Wick ကြီးကို အမှောက်သိပ်တဲ့ဇာတ်ကားဆိုပြီး နာမည်ကြီးပါတယ်။ သိပ်မယ့် မင်းသမီးက အလှပဂေးလေး Ana de Armas ဆိုတော့ ဂျွန်ဝစ်မှမဟုတ်ပါဘူး သကောင့်သားအားလုံးမှောက်မှာပါပဲ။ ဇာတ်လမ်းကတော့….ကျောချမ်းစရာပါ… မိသားစုကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျ်ားသားတွေကိုမှ တမင်အကွက်ဆင်ပြီး ဘဝဖျက်ဖို့ အမဲလိုက်မယ့် နတ်နိမယ် ၂ ပါးရှိပါတယ်… သူတို့ရဲ့ အလှအပ ညှို့ငင်ဆွဲဆောင်အားတွေနဲ့ တည်ငြိမ်ပါတယ်ဆိုတဲ့ ယောကျ်ားသားကို ပညာပေးမှာပါ။ ကျူးဘားမင်းသမီး Ana de Armas နဲ့ ချီလီ မင်းသမီး Lorenza Izzo တို့ မင်းသားကြီး Keanu Reeves ကို ဘယ်လိုပညာတွေပေးသွားမလဲဆိုတာ……..။ ” Some doors should never be opened ” တချို့တံခါးတွေက လုံးဝကိုဖွင့်မကြည့်သင့်ပါဘူးတဲ့။

0 2015 99 mins
Knock Knock