YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Erkenci Kus 2018 Episode 11(720p).mp4

494.14 MB 720p video/mp4 544 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
Executioners
6

မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut Version 1080p /720p Format…mp4 Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Fantasy • Horror • Mystery • Science Fiction
6 1993 101 mins
Executioners
The Secret Life of Pets 2
7

ဒီနှစ်ထဲမှာ ရုံတင်ပြသခဲ့တဲ့ The Secret Life of Pets 2 ဇာတ်လမ်း ထွက်လာပါပြီဗျာ။ Pets 1 တုန်းက ကျွန်တော်တို့ရဲ့အသည်းကျော်ကြီး Max က အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်ဆဲပါပဲ။ ဒီဇာတ်လမ်းမှာတော့ မက်စ်ရဲ့သခင် ကေတီဟာ ချပ်ခ် နဲ့ အိမ်ထောင်ရက်သားကျပြီး လီယန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်၊ ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် လီယန်နဲ့တွေ့တဲ့အခါ မက်စ်တစ်ယောက် လီယန်ကို ချစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းမှာ မက်စ်ဟာ အစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။ သူချစ်တဲ့ လီယန်လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။ ကေတီဟာ မက်စ်ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့ မက်စ်တို့ဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ မက်စ်ရဲ့အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ရောဂါဟာ ပျောက်နိုင်ပါ့မလား????? တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘောဟာ ကပ္ပတိန်စနိုးဘောအနေနဲ့ ပါဝင်လာဦးမှာပါ။ ကြောင်မလေး ဒေစီရဲ့ အကူအညီတောင်းချက်အရ ကျားဖြူကြိး ဟူ ကို ဆပ်ကပ်ဆရာကြီးလက်ကနေ ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ နယ်ကို ရောက်နေတဲ့ မက်စ်တို့ အိမ်ပြန်လာတဲ့အခါမှာ စနိုးဘောတို့ရဲ့ စစ်ဆင်ရေးကြိးကို ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေအနေနဲ့ သဘောတွေ့ မနောခွေ့ရဦးမယ့် ဇာတ်ကားတစ်ကားပါ။ IMDb ကတော့ 6.5 ရထားပါတယ်။ ဘာသာပြန် နဲ့ အညွှန်းကတော့ August ပါ။

Action • Drama • Romance
7 2019 86 mins
The Secret Life of Pets 2
Camp
6.7

မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့ အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။ အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။ သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး ရိုက်တတ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။ သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ် အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက် နွေရာသီစခန်းကို ရောက်လာပါတော့တယ်။ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Phu Myat Thwe

6.7 2013
Camp
The War of the Roses
6.8

The War of the Roses (1989) ~ IMDb – 6.8/10, Rotten Tomatoes – 83% ~ လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ဘယ်လောက်ထိကို ဆိုးဆိုးဝါးဝါးလုပ်နိုင်လဲဆိုတာကို ရှေ့ဆုံးတန်းကနေ ပေါက်ပေါက်ဆုပ်ကိုင်ရင်း ကြည့်ခွင့်ရခဲ့တဲ့ နောင်တ,တစ်ပွေ့နဲ့ သူပေါ့။ ကွာရှင်းပြတ်စဲမှုတွေမှာ များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်လုကြပေမယ့် တကယ်တမ်းတော့ “အနိုင်ဆိုတာ မရှိပါဘူး၊ ဘယ်လောက်ရှုံးသလဲဆိုတဲ့ ရှုံးနိမ့်မှုအဆင့်ပဲရှိတယ်” တဲ့။ ဒီထိ ဒီလိုတွေပြောနေလို့ စိတ်ညစ်စရာကားကြီးလို့ ထင်နေပါဦးမယ်၊ တကယ်က Comedy/Romance ပါနော်၊ အတိအကျဆို လှောင်လုံးတွေ အထေ့ငေါ့တွေပါတဲ့ Satirical အမျိုးအစားထဲမှာ ပါတာမို့ စကားအသုံးအနှုန်းတွေက တော်တော်လေး ရယ်ရပါတယ်။ ရယ်ရသလောက် တော်တော် အသည်းတမမဖြစ်ရတဲ့အခန်းတွေလည်း ပါလို့ Thriller Tag များ ပါနေမလားလို့ ကိုယ့်မှာ ပြန်ပြေးကြည့်ရသေးတယ်။ အခုလက်ရှိ ရုပ်ရှင်ရဲ့အရှည်က ၁နာရီ ၅၆ မိနစ်ဆိုပေမဲ့ ဒါရိုက်တာရဲ့ အဆိုအရ တကယ်တမ်းက ၃ နာရီ ၄မိနစ်စာရှိခဲ့တာပါတဲ့။ ဖြတ်ချခဲ့တဲ့အခန်းတွေထဲက တချို့ကိုတော့ Trailer တွေမှာ ရှာကြည့်လို့ရပါတယ်။ ဇာတ်လမ်းထဲက စကားအတိုင်းဆိုရင်တော့ “မိန်းမတွေဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးပိုဆိုးနိုင်တယ်” တဲ့။ အလားတူပါပဲ၊ ထည့်ပြောမသွားပေမဲ့ ယောက်ျားတွေဟာလည်း ဘယ်လောက်တောင် စိတ်ကုန်စရာကောင်းနိုင်ကြောင်း သေချာပြသွားပါတယ်။ တကယ်လို့များ သင်ဟာ အိမ်ထောင်ကွဲဖို့ ဆုံးဖြတ်နေသူဖြစ်ရင် ဒီကားလေး ကြည့်ပြီး တစ်ခေါက်ပြန်စဉ်းစားကြည့်ပါ တကယ်လို့ သင်ဟာ အိမ်ထောင်ပြုဖို့ အရမ်းဇောသန်နေရင်လည်း ဒီကားကြည့်ပါ။ မိန်းမတွေ ဘယ်လောက်ကြောက်ဖို့ကောင်းပြီး ယောက်ျားတွေ ဘယ်လောက်စိတ်ကုန်ဖို့ကောင်းကြောင်း ဆင်ခြင်မိသွားမှာပါ။ ဒါပေမဲ့ သင်ဟာ စိတ်လိုလက်ရ ရယ်မော အပန်းဖြေပစ်ချင်လည်း ဒီကားကြည့်ပါ။ ကုန်ကုန်ပြောရရင်တော့ ဘာပဲဖြစ်နေနေ အချိန်ရရင် ဒီကားကြည့်ပါလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 56Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 1989 116 mins
The War of the Roses
Dead Girls Dancing
5.8

ယခုအခါတင်ဆက်ပေးလိုက်‌တာ‌တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားလေးကအမျိုးသမီးအဓိကထားတဲ့ coming-of-age ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ လောလောလတ်လတ်အထက်တန်းပြီးထားတဲ့ အီရာ၊ခါနဲ့မာလင်တို့သူငယ်ချင်းသုံးယောက်ကမာလင်အဖေရဲ့ကားနဲ့အီတလီကိုခရီးထွက်ခဲ့ကြပါတယ်။ ပြီးတော့သူတို့စခန်းချဖို့နေရာလိုက်ရှာလို့မရတဲ့အတွက် မိုတယ်တစ်ခုကိုကားပါကင်သုံးခွင့်ပြုဖို့အကူအညီတောင်းပြီး ကားထဲမှာပဲအိပ်ကြမယ်လို့စီစဉ်ကြပါတယ်။ ရေချိုးစရာနေရာမရှိတဲ့အတွက် မိုတယ်မှာအခန်းယူထားတဲ့ အခြားမိန်းကလေးတယောက်ကိုရေချိုးခန်းသုံးခွင့်ပြုဖို့အကူအညီတောင်းရင် အဲ့မိန်းသလေးနဲ့သူတို့သုံးယောက်နဲ့ရင်းနှီးသွားပါတယ်။ မိန်းကလေးနာမည်ကဇိုဝီပါ။ လေးယောက်သား ဇိုဝီရဲ့အခန်းထဲမှာဆေးခြောက်ခိုးသောက်တာကို မိုတယ်ကမိသွားတဲ့အခါ ဇိုဝီကပါသူတို့နဲ့လိုက်ပါထွက်ပြေးခဲ့ပါတယ်… ဒီလိုနဲ့ကားပေါ်မှာပဲအိပ်ကြီးပြီး နောက်နေ့ကျကားဘီးလေလျော့နေကြောင်းသိရှိခဲ့ပါတယ်…ထိုအခါသူတို့လေးယောက်ကအနီးနားကရွာကိုသွားကြည့်တဲ့အခါမှာ ထိုရွာဟာ တောမီးအန္တရာယ်ကြောင့်ဘယ်သူမှမနေတော့ကြောင်းသိရှိခဲ့ရပါတယ်…. ဒီရုပ်ရှင်ကားလေးက ခရီးစဉ်အတွင်းမိန်းကလေးလေး‌ယောက်ရဲ့ခံစားချက်ပွင့်ထွက်လာပုံတွေ၊အပြောင်းအလဲတွေအကြောင်းကိုရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

5.8 2023
Dead Girls Dancing
Yuva
6.7

Yuva (2024) ကျောင်းတော်ကရန်စ အက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့ ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက် အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့ အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေက တခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ… တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကို သူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီး ယူဗာနဲ့ နယ်ခံကျောင်းသားတွေ…ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီး နယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်… ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာ ဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

6.7 2024
Yuva
New Life

သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica — သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ် သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် – တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူ ဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်… ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Thriller, Science Fiction, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
New Life
Natsume’s Book of Friends: Ephemeral Bond

Natsume’s Book of Friends: Ephemeral Bond (2018) IMDb Rating – 7.1 ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။ အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။ အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ… မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။ အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။ ဒီ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ephemeral Bond ဆိုတဲ့ရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊ အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်က Benni ဖြစ်ပါတယ်။ File size… 1.5 GB / 678 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Action • Thriller
0 2018 104 mins
Natsume’s Book of Friends: Ephemeral Bond
Wild Journey
5.8

သူဌေးကြီးတစ်ယောက်ဟာ ရှေးဟောင်းကျောက်စိမ်းကွမ်ယင်မယ်တော်ရုပ်တုကို နိုင်ငံခြားကနေလေလံနဲ့ဝယ်ပြီးတော့ နိုင်ငံတော်ကိုလှူခဲ့တယ်။ ဒါပေမယ့် လေဆိပ်မှာပဲ ရုပ်တုဟာလုခံလိုက်ရတယ်။ မှောင်ခိုစျေးကွက်မှာ ဒီရုပ်တုဟာ နာမည်အရမ်းကြီးသွားခဲ့တယ်ပါတယ်။ အရမ်းတန်ဖိုးကြီးတဲ့နိုင်ငံ့ရတနာဖြစ်တာကြောင့် လိုချင်တပ်မက်တဲ့ သူတွေများပြီးတော့ ဒီရုပ်တုကိုပိုင်ဆိုင်နိုင်ဖို့ အလုအယက်ကြိုးစားနေကြပါတယ်။ အဲဒီအချိန်မှာ ပညာမတတ်ပေမယ့် ရိုးသားပြီး ကိုယ်ခံပညာတော်တဲ့ တောင်ပေါ်သားတစ်ယောက်က နိုင်ငံ့ရတနာကို မသမာသူတွေလက်ထဲ မရောက်အောင် ကာကွယ်ရင်း သူ့ရဲ့သူရဲကောင်းအိပ်မက်ကို အကောင်အထည်ဖော်သွားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။

5.8 2024
Wild Journey
Mind Wave
6

Mind Wave ဇာတ်ကားလေးဟာ ၂၀၂၄ ခုနှစ်ထွက် ကနေဒါနိုင်ငံက Flying Cloud Productions ထုတ် ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကနေဒါနိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား လင်မယား ၂ ယောက်အကြောင်း ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မဲ့ ကနေဒါနိုင်ငံရွေးကောက်ပွဲမှာ နိုင်ငံခြားနိုင်ငံတစ်ခုရဲ့ မသိမသာကြားဝင်ဖို့ ကြိုးစားမှုတွေက သူတို့ ၂ ယောက်ရဲ့ အတိတ်တွေ အနာဂတ်တွေကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေနိုင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်…… File size… (1.03GB) / (463MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 17m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Harry Translated by James

6 2024 78 mins
Mind Wave
The Witch Cadi
6.5

The Witch (2024) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိခဲ့တဲ့ တူရကီ horror , thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသား Furkan Andic နဲ့ မင်းသမီး abuse Meral တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Erman Boston ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ငယ်ရွယ်တဲ့ တစ်ခုလပ်အမျိုးသမီးလေးဖြစ်တဲ့ Fikriye ဟာ Nasit Nefi Efendi ဆိုတဲ့ လူချမ်းသာတစ်ဦးကို လက်ထပ်ဖို့ဖြစ်လာပြီး သူနေထိုင်တဲ့ စံအိမ်ကြီးထဲကို သွားရောက်နေထိုင်ရပါတော့တယ်။ ဒီစံအိမ်ကြီးရဲ့ ကြောက်စရာကောလဟလ တွေကလည်းလူတွေရဲ့ ပါးစပ်ဖျားမှာပြောစမှတ်ဖြစ်နေပြီးတော့ Fikriye လေးဟာ ကြောက်လန့်လို့နေခဲ့ပါတယ်။ ဒီစံအိမ်ကြီးနဲ့ သူ့ခင်ပွန်းသည် တို့ရဲ့ ခြောက်ခြားစရာအမှန်တရားတွေကို Fikriye တစ်ယောက်ဘယ်လိုရှာဖွေဖြေရှင်းသွားမလဲဆိုတာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(2 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….02:14:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

TV Movie • Comedy • Romance
6.5 2024 134 mins
The Witch Cadi
Meet the In-Laws
6.3

Meet the In Laws (2011) ************************** ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ F4, Sweet Home ထဲက မင်းသမီးချော Lee Si Young နဲ့ Possessed, My Mister တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Song Sae Byeok တို့ရဲ့ အချစ်ဟာသ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ရိုးသားတဲ့ ဟျွန်းဂျွန်းဆိုတဲ့ ကောင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲတဲ့ ကာတွန်းရေးဆရာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟျွန်းဂျွန်းက သူနဲ့ စာအပြန်အလှန် ပေးဖြစ်နေတဲ့ ဒါဟုံးဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဒါဟုံးကို သူ့ရဲ့ အဖေဖြစ်သူက လက်ထပ်ဖို့အတွက် တစ်ချိန်လုံး ကြင်ဖက်တွေ့ခိုင်းနေတော့ ဒါဟုံးက သူချစ်ရတဲ့ ဟျွန်းဂျွန်းနဲ့ပဲ လက်ထပ်ဖို့ နှစ်ယောက်အတူ စီစဉ်ပါတော့တယ်။ ဒါပေမဲ့ ဟျွန်းဂျွန်းဖခင်နဲ့ ဒါဟုံးရဲ့ ဖခင်က ကျောင်းတုန်းက ပြိုင်ဘက်တွေဖြစ်ပြီး ရန်ငြှိုးရှိကြပါတယ်။ အဲဒီအတွက် ဟျွန်းဂျွန်းအဖေကလည်း ဂယောင်းဆန်ဒိုမြို့သူနဲ့ လက်မထပ်စေချင်သလို ဒါဟုံးအဖေကလည်း ဂျောလာဒိုမြို့သားနဲ့ လက်မထပ်စေချင်ဘူး ဖြစ်နေတာပါ ။ အဲဒါကြောင့် ဟျွန်းဂျွန်းက သူ့ကိုယ်သူ ဆိုးလ်မြို့သားဟန်ဆောင်၊ ဒေသိယစကား ပျောက်အောင် ကြိုးစားပြီး ဒါဟုံးနဲ့ လက်ထပ်ဖို့ ဒါဟုံးမိဘတွေဆီ သွားပြီး ခွင့်တောင်းရပါတော့တယ်။ အဲဒီလိုနဲ့ ဖုံးဖိဖို့ ကြိုးစားရင်း အလွဲလွဲအမှားမှားတွေဖြစ်ပြီး ရယ်မောရတဲ့ အခိုက်အတန့်တွေ ဖြစ်လာတော့တာပေါ့…။ မိသားစုအတွင်း ဟာသဇာတ်လမ်းလေးတွေ ကြိုက်တတ်တဲ့သူဆို ဒီဇာတ်ကားလေးလည်း ကြည့်ကြည့်နော်…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.71 GB/ 913 MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 58m Genre ….. Comedy, Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.3 2011 118 mins
Meet the In-Laws
Clara
7.1

Clara (2024) IMDb Rating (7.1) ရိုမန်းနီးယား အမျိုးသမီးကြီး ကလဲရာ က အိမ်ထောင်ကွဲပြီး သူမရဲ့ ဒန်းညုမြစ်ကမ်းကျေးရွာကို စွန့်ခွါပြီး ဂျာမနီနိုင်ငံကို ကလေးထိန်းအဖြစ် အလုပ်လုပ်ဖို့ ထွက်ခွါခဲ့တယ်။ ဂျာမန်ကလေးမလေးကို နွေးထွေးစွာ ပြုစုနေပေမဲ့ သူမရဲ့ ကလေးဖြစ်သူကိုတော့ အဘိုးဖြစ်သူနဲ့ ထားခဲ့ရတယ်။ ကလေးဖြစ်သူက အမေမှ စွန့်ခွါသွားတယ်လို့ ခံစားရပြီး မြစ်ကြောတလျှောက်လှေနဲ့ အမေကို ရှာပါတော့တယ်။ ဒီအချက်က ကလဲရာကို အိမ်ပြန်ဖို့ ဖိအားပေးလိုက်ကာ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းနည်းစရာအဖြစ်မှန် တွေကို မြင်တွေ့ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (700 MB) / (360 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:20:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

7.1 2024 80 mins
Clara