YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Epic of Mantra S01E18 720p CM.mp4

242 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Crucible
6.6

ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ အမေရိကန်ပြဇာတ်ရေးဆရာ Arthur Millerက The Crucible ပြဇာတ်ဇာတ်လမ်းကို ၁၉၅၃ခုနှစ်မှာ ရေးသားထားပြီး ၁၉၉၆ခုနှစ်မှာ ဒါရိုက်တာ Nicholas Hytnerက ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ဒိုင်ယာလော့တွေကိုတော့ ၁၆ရာစုက Old Englishကိုပဲသုံးနှုန်းပြီးပြောထားတာတွေ့ရပါတယ်။ File size…(2.0 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Romance
6.6 1996 124 mins
The Crucible
Listeners: The Whispering
7

Channel Myanmar ပရိသတ်ကြီးအတွက် Psychological drama ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ Ah Nhien ဟာ အသက် ၂၃ နှစ်အရွယ် စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူတစ်ဦးပါ။ သူဟာ The Whispering လို့ အမည်ရတဲ့ ဝတ္ထုစာအုပ်ကို ရေးသားခဲ့ပြီး စံချိန်တင်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေပြီးနောက် စိတ်ကျဝေဒနာဟာ ပိုမိုဆိုးရွားလာတာကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ သဘောတူခဲ့ပါတယ်။ Ah Nhien ရဲ့ထွက်ဆိုချက်အရ အမျိုးသမီးတစ်ယောက် ခြောက်လန့်ခြင်းကို ထပ်တလဲလဲခံနေရပြီး ထိုအမျိုးသမီးဟာလည်း ထူးဆန်းစွာနဲ့ သူ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်နေတာပါ။ ဆရာဝန်ဖြစ်တဲ့ Tuong Minh ဟာ အစကတော့ ဒါကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်ခဲ့သော်လည်း သူကိုယ်တိုင် ထိုအမျိုးသမီးကို အိပ်မက်ထဲမှာ မြင်လာရချိန်မှာတော့ အဖြစ်အပျက်များဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အစစ်အမှန်လား ပုံရိပ်ယောင်လား ဝေခွဲမရဖြစ်နေရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်က ဘယ်လိုအကြောင်းတရားတွေနဲ့ ပတ်သက်နေမလဲဆိုတာတော့.... (အညွှန်းနဲ့ ဘာသာပြန်ဆို ရေးသားသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 600MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action & Adventure • Crime • Drama
7 2022 120 mins
Listeners: The Whispering
The Woman King
7.8

~ IMDb - 6.7/10, Rotten Tomatoes - 94% ~ သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။ "ဇာတ်လမ်းအကျဉ်း" ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.11GB, 1.1GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 2H 15Min Genre - Action, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Action • Adventure • Fantasy
7.8 2022 135 mins
The Woman King
She Said
7.3

~ IMDb - 7.4/10, Rotten Tomatoes - 87% ~ 2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Family • Fantasy • Horror
7.3 2022 129 mins
She Said
Thappad
7.1

IMDb (7.1/10) /Rotten Tomatoes 92% Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါ Q - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်း Q - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်း Q - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်း Q - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ် လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ် တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူး Bollywood ကားကြည့်ချင်ပေမယ့် အယောက် ၁၀၀ နဲ့ တစ်ယောက်တည်းဖိုက်လို့ စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကားကြည့်ချင်ပေမယ့် ၁၀ မိနစ်တစ်ခါ သီချင်းဆိုပြီး က,ခုန်နေတာကို စိတ်ပျက်နေတယ်ဆိုတဲ့သူတွေ ... ဒီကားကိုကြည့်ပါ Bollywood ကား ကြည့်ချင်ပေမယ့် အိုဗာဒရာမာခင်းတာတွေကို စိတ်ပျက်နေတဲ့သူတွေ ... ဒီကားကိုကြည့်ပါ ဒီကားထဲမှာ မင်းသား ငယ်ငယ်ချောချောမပါ,ပါဘူး  မင်းသမီးလည်း အချောကြီးမဟုတ် (ကျွန်တော့်အတွက်တော့ အချစ်ဆုံး :P) ဘာဖိုက်တင်မှလည်းမပါဘူး ခင်ဗျား ဘာကြည့်ရမှာလဲ relationship နဲ့ပတ်သတ်တဲ့ ရပိုင်ခွင့်တွေ ခင်ဗျားသိရမယ် RS ဆိုတဲ့အထဲမှာ အိမ်ထောင်ရေး၊ သမီးရည်းစားရေး ဆက်ဆံရေးအားလုံးပါဝင်ပတ်သတ်နေပါတယ် ဒီလိုပြဿနာတွေကို ထိထိမိမိတင်ဆက်ပြနိုင်တဲ့ ဒါရိုက်တာကြီး Anubhav Sinha ကငါယောက်ျားပါကွလို့ လက်မထောင်နေတဲ့သူတွေကို ဒီဇာတ်ကားနဲ့ ပါးပိတ်ရိုက်လိုက်သလိုပါပဲ Mulk (2018), Article 15 (2019) တို့ကိုကြည့်ဖူးရင်ဒီဒါရိုက်တာရဲ့အရည်အချင်းကို သိကြမှာပါ ဇာတ်လမ်းကောင်း/မကောင်းကတော့ နိုင်ငံတကာ အရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါတော့။ ပေးရတဲ့အချိန် အကျိုးရှိစေရမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size…(4.5 GB)/(1.3 GB)/(1 GB)/(550 MB) Quality….WEB-DL 4K HEVC/ 1080p HEVC/ 720p / 480p Format…mkv/mp4 Duration….02:21:50 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ, Nyeinsaeya Aung Translated by Zaw Htoo

Action • War
7.1 2020 144 mins
Thappad
[ 18+ ]The First Time 2
6

အပြာကားအတွက် ဇာတ်ညွှန်းရေးပေးတဲ့ ယွန်းလေးဆိုတဲ့ ဇာတ်ညွှန်းဆရာမက တစ်ခါမှ အတွေ့အကြုံမရှိသေးတဲ့ အပျိုစင်လေး တစ်ယောက်ဖြစ်တယ် .. တစ်ခါမှအတွေ့အကြုံ မရှိတဲ့အတွက် သူ့ရဲ့ ဇာတ်ညွှန်း‌‌တွေကို အမြဲ သူငယ်ချင်းရဲ့ Sexအတွေ့အကြုံ‌ကို နားထောင်ပြီး ရေးနေရတယ် တစ်နေ့မှာ ရိုမန့်တစ်ဆန်ဆန်နဲ့ သူ့ရဲ့ first time ကို သူတကယ် သဘောကျတဲ့ သူနဲ့ပဲ ဖြတ်သန်းချင်တဲ့ ဇာတ်ညွှန်းရေးဆရာမလေးက သူငယ်ချင်းဖြစ်သူရဲ့ ချစ်သူကောင်လေးနဲ့ ဆုံတွေ့ပြီး ရင်းနှီးသွားကြတဲ့အခါ ဘယ်လို ဇာတ်လမ်းလေးတွေ ဖြစ်လာကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါနော်.. File Size :(1.5GB) and (574 MB) Quality : WEB-DL 1080p5.1ch,720p Format…mp4 Duration…01:25:00 Genre : Adult ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Action • Adventure • Fantasy
6 2019 61 mins
[ 18+ ]The First Time 2
Escape the Field
5

Thriller/ Mystery သည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | 288MB Format…mp4 Duration…. 1h 29 min Subtitle….Myanmar Subtitle (Hardsub) Translator ..... San Thu Aung Encoder ..... August

Western
5 2022 89 mins
Escape the Field
Jackie
6.4

ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ကြည့်နေရတာဟာ တစ်ကယ့်အပြင်က Jacqueline ကို မျက်ဝါးထင်ထင် ပြန်လည်မြင်တွေ့နေရတဲ့ အလား အလွန်အမင်းကို သရုပ်ပါလွန်းတယ်။ သူမကိုယ်တိုင်တောင် သရုပ်ဆောင်ခဲ့တာထက် ဈန်ဝင်နေခဲ့ပုံလို့တောင် မှတ်ယူလောက်မိတယ်။ အကယ်၍ Heath Ledger ဟာ Joker ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့မွေးဖွားလာခဲ့တယ်လို့ဆိုရရင် Natalie Portman ဟာလည်း ယခု Jacqueline Kennedy ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့မွေးဖွားလာတယ်လို့ကျွန်တော်ကတော့ ပြောချင်တယ်။ Natalie Portman ဟာ ယခုဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ဇာတ်ကောင်ရဲ့ပြင်ပလောကက Videos မှတ်တမ်းမှတ်ရာတွေကို အချိန်များစွာပေးကာ လေ့လာခဲ့ရတယ်။ အထူးသဖြင့် 8 နာရီခွဲစာကြာမြင့်တဲ့ 1964 ခုနှစ်က Jacqueline နဲ့LIFE Magazine က interviewer တို့ရဲ့Private interview တွေပေါ့။ Kennedy သေဆုံးပြီးနောက် သူမထိုအကြောင်းအရာနဲ့ပတ်သက်ပြီး interviews ကို 3 ခုပဲ လုပ်ခဲ့ပါတယ်။ ထို့နောက် အသံနေအသံထား စကားပြောပုံတွေကိုအထိတောင် Natalie Portman တစ်ယောက် ပြောင်းလဲခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်မှာ သူမဟာ Oscar နဲ့အထိုက်တန်ဆုံးပဲ။ Natalie Portman ပြောသလိုပေါ့။ သူမဒီဇာတ်ကောင်ကို သရုပ်မဆောင်ခင်ကအထိတော့ Jacqueline Kennedy ကို fashion plate တစ်ယောက်လောက်အနေနဲ့သာ သိထားပြီး ယခုသူမ ထိုဇာတ်ကောင်ကို သရုပ်ဆောင်မှ Jacqueline Kennedy ရဲ့ဘဝကို နားလည်လာပါတော့တယ်။ ထို့အတိုင်းပင် ကျွန်တော်တို့လည်း ယခု ဇာတ်ကားကြည့်မှ သူမရဲ့ဘဝကို နားလည်လာကြတော့တယ်။ ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook မှ ကူးယူဖော်ပြပါသည်။) File size…(850MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by The Fridays

Action • Adventure • Science Fiction
6.4 2016 100 mins
Jackie
The Three Wise Kings vs. Santa
5.2

The Three Wise Kings vs. Santa (2022) ============================ ခရစ္စမတ်လို့အသံကြားလိုက်တာနဲ့ ဆန်တာကလော့စ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဆန်တာကလော့စ်မဟုတ်ဘဲ The Three Kings ဆိုတဲ့ ဘုရင်သုံးပါးအကြောင်းကို အဓိကထားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆန်တာကလော့စ်နဲ့ ဘုရင်သုံးပါးက မတည့်ကြပါဘူးတဲ့။ ဘုရင်သုံးပါးက ဆန် တာကလော့စ်ကို မနာလိုဖြစ်နေကြတာပါ။ ဘာလို့ဆို ခရစ္စမတ်ဆိုရင် ဆန်တာကလော့စ်ကိုပဲ အရင်ပြေးမြင်ကြတာကိုး။ ဆန်တာကလော့စ်ကလည်း ကိုယ့်ဘာသာမနေဘဲ သူတို့ကိုသွားသွားစပါတယ်။ ခပ်ပျော်ပျော်ပဲနေတဲ့ ဆန်တာကရော ဘုရင်သုံးပါးကို ဘာများမနာလိုရတာလဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားအတိုင်း သူတို့တွေရဲ့ရန်ပွဲကြောင့် နိုးထလာတဲ့ မကောင်းဆိုးဝါးကို သူတို့တွေဘယ်လိုအနိုင်ယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) / (495 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 46Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Comedy Translator…….EL Encoder……….Zin Phyo Aung

Drama • Fantasy
5.2 2022
The Three Wise Kings vs. Santa
Ranah 3 Warna
6.5

Ranah 3 Warna (2022) ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Fantasy • Comedy • Romance • TV Movie
6.5 2022
Ranah 3 Warna
Dhishkyaoon
7.3

Dhishkyaoon (2023) သေနတ်ရူးလေးကျွန်တော် IMDb – 7.3/10 ဒီတစ်ခေါက်တော့ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးဟာသဇာတ်ကွက်လေးတွေ အများကြီးပါတာကြောင့် ခဏတာ ဘဝအမောပြေစေမဲ့ကားလေးဆိုလည်း မမှားပါဘူး။ ဆန်ယာဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေကြည့်ပြီး ဇာတ်လိုက်ရူးရူးနေတဲ့သူပါ။ အဲဒီလိုကနေ သေနတ်ကိုင်ရဖို့ အရမ်းစွဲလမ်းသွားပြီး မရမက လိုက်ရှာဝယ်ဖို့လုပ်ပါတော့တယ်။ သူငယ်ချင်းတစ်သိုက် သေနတ်အကြောင်းပြောကြရင်းနဲ့ မှာလို့ရတဲ့သူရှိတာကို သိသွားပါတယ်။ ဆန်ယာတို့သူငယ်ချင်းအဖွဲ့ထဲက ဂျင်န်ယာကတော့ အရမ်းကို စိတ်ပူတတ်တဲ့သူပါ။ ဆန်ယာ သေနတ်ဝယ်မယ်ဆိုတဲ့ကိစ္စကြောင့် သူ့မှာ ဟိုတွေးဒီတွေး တွေးလိုက်ရာကနေ နောက်ဆုံးဘဝပျက်ကိန်းဆိုက်တဲ့ထိပါပဲ။ အဲဒါနဲ့ သူငယ်ချင်းကိုတားဖို့ဆိုပြီး အဖေဖြစ်သူကို သွားတိုင်ပြောပါတော့တယ်။ ကဲ အဖေနဲ့သူငယ်ချင်းတစ်သိုက် ဆန်ယာ့ကိုတားရင်းနဲ့ ဘယ်လိုအလွဲလေးတွေကြုံရပြီး ဘယ်လိုခွီရမလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ပြီးပဲ အဖြေရှာလိုက်ပါနော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra ~ KKKZ ~ Cym ~ ToMo ~ Yunni ပဲဖြစ်ပါတယ်)

Comedy • Romance
7.3 2023
Dhishkyaoon
Partners
6.5

Partners (2024) အမှန်တရား ဘယ်ဆီ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါတဲ့။ အခုချိန် ဖုံးကွယ်ထားလို့ရရင်တောင် နောင်တစ်ချိန်ပေါ်ပေါက်လာရမှာပါ။ ဘာလို့လဲဆိုတော့ လိမ်ညာ ဖုံးကွယ်မှုဟာ တစ်ခါတည်းနဲ့ပြီးပြတ်တယ် မရှိဘဲ ဒီတစ်ခုမပေါ်အောင် ဆက်လက် လိမ်လည် ဖုံးကွယ်နေရတဲ့အတွက်ပါပဲ။ ဒီလိုမကောင်းမှု ရာဇဝတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ၈၀% က‌ ငွေကြေးကြောင့်ပါတဲ့။ လူတွေဟာ ငွေကြောင့် သူစိမ်းက‌ နေမိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကနေ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရွာတွေရဲ့ထုံးစံအတိုင်း ငွေတိုးချေးစား ခေါင်းပုံဖြတ်နေတဲ့သူတွေကိုကြောက်နေရချိန် အဲဒီရွာလေးမှာ ဘဏ်တစ်ခုလာဖွင့်ပါတယ်။ ရွာသားတွေကတော့ သူတို့ရွာမှာ ပထမဆုံးဖွင့်တဲ့ဘဏ်မို့ ပျော်နေလေရဲ့။ ဒါပေမဲ့ဒီဘဏ်က ရိုးရိုးသာမန်ဘဏ်မဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုကိုကြိုးကိုင်သူတွေရှိနေပါတယ်။ ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ရွှေတွေငွေတွေကို ပမာဏများစွာ ခိုးယူဖို့ သူတို့ဘယ်လိုအလုပ်ဝင်လာကြမလဲ၊ ဘယ်လိုလှုပ်ရှားကြမလဲ၊ ရွာသားတွေကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဘဏ်လုပ်ငန်းရှင်တွေရော ဒီအမှုမှာပါဝင်နေမလားဆိုတာ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.5 2024
Partners
Under Suspicion
6.4

Under Suspicion (2000) IMDb Rating (6.4) / Rotten Tomatoes (50%) ဒီဇာတ်ကားလေးကတော့ 2000 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ ပြစ်မှုမှုခင်းဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Morgan Freeman နဲ့ Gene Hackman တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Stephen Hopkins ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း….. ဟင်နရီ ဟတ်စ် ဟာ ပေါ်တိုရီကို ဆန်ဟွမ်မြို့က အလွန်ချမ်းသာတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ ပရဟိတ အသင်းများစွာရဲ့ ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ မနက်ပိုင်းပြေးရင်းနဲ့ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကိုတွေ့ရှိခဲ့ပြီးတော့ ရဲစခန်းကို ဖုန်းခေါ်ခဲ့ပါတယ်။ အမှုက သူထင်ထားသလိုမရိုးရှင်းနေပဲနဲ့ သက်သေတွေအားလုံးက ဟင်နရီ ကိုညွှန်းဆိုပြနေတဲ့ အခါမှာတော့…. Under Suspicion ဆိုတဲ့အတိုင်းပဲ ဟင်နရီ တစ်ယောက် သံသယအဝင်ခံရပုံတွေကို ရိုက်ကူးထားပါတယ်။ ထွက်ထားတာ နှစ်20 ကျော်လောက်ရှိပြီ ဖြစ်ပေမယ့်လဲ old but gold ဆိုတဲ့အတိုင်း ရွှေဖြစ်နေဆဲဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(4.7 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:51:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nay

Action • Crime • Thriller
6.4 2000 110 mins
Under Suspicion
[18+] Celestina: Burlesk Dancer
7.6

Celestina: Burlesk Dancer (20224) IMDb Rating (7.6) Celestina: Burlesk Dancer ဟာ Lovely Ladies Dormitory တစ်ကားထဲနဲ့ပွဲဦးထွက်မှာတင် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Yen Durano လေးရဲ့ပထမဆုံးရုံတင်ကားကြီးဖြစ်ပြီး VMX အတွက်တော့ Unang Tikim နောက်ဒုတိယဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံရဲ့ မငြိမ်မသက်ကာလတစ်ခုကိုအခြေခံထားတာပါ။ ဆယ်လက်စ်တီးနား သို့မဟုတ် တီနေးဟာ လင်ဆိုးမယားဘ၀နဲ့ရင်ဆိုင်ရုန်းကန်နေရပါတယ်။ ခင်ပွန်းဖြစ်သူဟာ ရခဲ့သမျှအမွေတွေကိုရောင်းစားရင်း၊ လောင်းကစားလုပ်မိန်းမရှုပ်ရင်းအချိန်ကုန်ပြီးလက်ကြောမတင်းတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆက်သည်းမခံနိုင်တော့တဲ့နောက် သားဖြစ်သူလက်ကိုဆွဲပြီး ဘ၀သစ်စဖို့ တီနေးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာမှ ပဒေသာဇာတ်ရုံတစ်ခုမှာ burlesque ကချေသည်အဖြစ် အလုပ်ဝင်ရင်းလီယန်ဒရိုဆိုတဲ့ ဂျပန်တော်လှန်ရေးသမားလေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ဘ၀သစ်မှာနေသားတကျပျော်မွေ့နေတဲ့ တီနေးဆီကို တဖန်ပြန်ရောက်လာခဲ့တဲ့ ကြမ္မာဆိုးကတော့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ အခုချိန်မှာ သူ့ခင်ပွန်းဟာ ဂျပန်အလိုတော်ရိတစ်ယောက်အဖြစ်ကောင်းစားနေပါပြီ။ လှုပ်လှုပ်ခတ်ခတ် နိုင်ငံရေး အခြေအနေ၊ဆန့်ကျင်ဘက်တွေဖြစ်နေကြတဲ့ ချစ်သူနဲ့ခင်ပွန်းဟောင်း၊ သားတစ်ယောက်တို့ကြားက တီနေးရဲ့အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါစီးမျောခံစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Comedy • Romance
7.6 2024 119 mins
[18+] Celestina: Burlesk Dancer