YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Enola Holmes (2020) Web-dl 1080P {CM}.mp4

1.74 GB N/A video/mp4 10454 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Stepford Wives
5.7

မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Comedy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.7 2004 93 mins
The Stepford Wives
Blood

ဒီတစ်ခါမှာတော့ "Enchoes" ဇာတ်လမ်းတွဲထဲက အမြွှာ ညီအစ်မအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Lynn Monaghan ရဲ့ "Blood" ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ "Blood" ဆိုတဲ့ Horror/Thriller ရုပ်ရှင်ထဲမှာ အမည်မသိ အရာတစ်ခုဆီကနေ သားငယ်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဂျက်စီကာဟာ ကွာ ရှင်းပြီးတဲ့နောက် သားနဲ့သမီးကို အုပ်ထိန်းခွင့်ရဖို့ အရင်ယော က်ျားနဲ့ တရားရင်ဆိုင်ဆဲအနေအထားပါ။ အဲ့အချိန်မှာပဲ သူ့ သားလေးဆီကို အမည်မသိအရာတစ်ခုဝင်ရောက်လာလေ တော့ သားဇောနဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲတွေ၊ ရွေးချယ် မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (665 MB) / (336 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Drama • Romance
null 2022 108 mins
Blood
Men in Black: International
5.9

အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာ ကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။ မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။ ဇာတ်လမ်းအကျဉ်း အေးဂျင့် အိတ်ချ်ဟာ အမ်အိုင်ဘီရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသူပါ။ အေးဂျင့်အမ်ကတော့ အမ်အိုင်ဘီကို ရအောင်ရှာပြီး အဖွဲ့ဝင်ဖြစ်ဖို့ အစမ်းခန့်ကာလ အေးဂျင့်တစ်ယောက်ပါ။ သူတို့ နှစ်ယောက်တွဲပြီး တာဝန်ယူတဲ့ အရေးမကြီးလှတဲ့ တာဝန်တစ်ခုဟာရုတ်ချည်း ကမ္ဘာကြီးပျက်စီးမယ့် အဖြစ်ကိုပြောင်းလဲသွားတဲ့အခါ....... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size :5.8GB / 2GB / 1GB Quality :4k HEVC WEB DL / 1080p / 720p Format…mp4 Duration…01:54:00 Genre :  Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Thit San Khant

Comedy • Drama
5.9 2019 115 mins
Men in Black: International
La La Land
7.9

(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။) IMDb - (8/10) / Rotten Tomatoes (91%) ၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။ မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ခ်ျ ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။ La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်‌ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။ La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။ (ရုပ်ရှင်အညွှန်းကို myanmarnewsnetwork မှ ကူးယူဖော်ပြပါသည်။) File size…(9 GB)/ (1.9 GB) / (800 MB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:07:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Crime • Drama
7.9 2016 129 mins
La La Land
Vanam
8

ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူး ထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်း အနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါ တစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza

Action • Fantasy • Mystery
8 2021 134 mins
Vanam
Empire of Light
7

Empire of Light(2022) ********************* “အင်ပါယာ” ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်း မိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။ သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊ လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့….. File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2022
Empire of Light
Goodbye Summer
5.6

Goodbye Summer (2019) ================== တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်) File Size……….(990 MB) / (323 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 07Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khin Thant Sin Tun Encoder……….SWM

5.6 2019 71 mins
Goodbye Summer
Lamb Game
5.9

ဒီဇာတ်လမ်းလေးက မြို့လေးတစ်မြို့က စားသောက်ဆိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေးပါ……. တစ်နေ့မှာ ရွှယ်လိ့ ဆိုတဲ့ကောင်မလေးနဲ့ သူမရည်းစားတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ မင်္ဂလာပွဲကျင်းပနေကြပါတယ် အဲ့ဒီစားသောက်ဆိုင်မှာပဲ ကျန်းနီဆိုတဲ့ စုံထောက်မလေးကလဲ သူမ အဖေနဲ့ ညနေစာ စားနေခဲ့ကြတယ် တာ့တိ့ ဆိုတဲ့ ဓားပြ ခေါင်းဆောင်ဟာ သူ့အပေါင်းအပါတွေနဲ့ ဓားပြတိုက်ပြီး ရလာတဲ့ရွှေတွေ ရောင်းဖို့အတွက် ရွှယ်လိ့တို့ မင်္ဂလာပွဲကျင်းပနေတဲ့ စားသောက်ဆိုင်က VIP အခန်းထဲကို ရောက်လာခဲ့ပါတယ် ပစ္စည်းအရောင်းအဝယ် ကိစ္စငြင်းခုံရင်း တာ့တိ့ဟာ လူသတ်မှု စကျူးလွန်ပါတော့တယ် ထိုအချိန်မှာ သတင်းပေးသူတစ်ဦးကြောင့် ရဲတွေဟာ ရွှေတွေလုသွားတဲ့ လူတွေဟာ စားသောက်ဆိုင်တစ်ခုမှာရှိကြောင်းသိပြီးနောက် စစ်ဆေးဖို့ရောက်လာပါတော့တယ် စစ်ဆေးဖို့ဦးဆောင်တဲ့လူ ကျန်းနီဆိုတဲ့ စုံထောက်မလေးပေါ့ ရဲတွေရောက်လာတာသိတဲ့ တာ့တိ့ဟာ ရွှယ်လိ့ တို့ မင်္ဂလာဆောင်မှာ ဧည့်သည်အဖြစ်အယောင်ဆောင်ပြီးဝင်လိုက်ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်လိုအရှုပ်အထွေးတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.9 2023
Lamb Game
The Last Station
6.9

၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Biography, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

6.9 2009
The Last Station
The Accused
7.1

The Accused (1988) ~ IMDb – 7.1/10, RT – 93%, Meta – 65% ~ “လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်” ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ လူတွေမှာပါ အပြစ်ရှိတယ်လို့ ယူဆတဲ့အတွက် ပုဒ်မ ၃၇၃ ကိုင်ပြီး တရားစွဲဖို့ကြိုးပမ်းကြတယ်။ ရုပ်ရှင်ကိုကြည့်ရင်တော့ တရားရင်ဆိုင်ကြတာပဲ ဆိုပေမဲ့ ဒီတရားခွင်ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအပေါ် လူတွေရဲ့အမြင်ကို ပွင့်စေခဲ့တယ်။ မုဒိမ်းမှုအတွက် ဆာရာအနေနဲ့ အရက်သောက်ထားတယ်၊ အတိုင်ရှို့ထားတယ်၊ ဝတ်ဆင်ပုံရိုင်းတယ်။ အဲဒီအချက်တွေကိုကိုင်ပြီး တရားခံတွေဘက်က မိန်းကလေးဟာ မုဒိမ်းကျင့်ခံရဖို့ ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း ဖိပြောပြီး မုဒိမ်းတရားခံတွေကို ရမ်းကားမှုနဲ့ပဲ ထောင်သက်တို ချမှတ်စေခဲ့တာပေါ့။ Victim Blaming လုပ်လိုက်တာပါပဲ။ သိပ်ကိုမတရားမှန်းသိသာနေတာကြောင့် ရှေ့နေမာဖီအနေနဲ့ ဘေးက ရပ်ကြည့်အားပေးခဲ့တဲ့လူတွေကိုပါ တရားစွဲဖို့ဖြစ်လာခဲ့တယ်။ ဒီတရားခွင်က အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလို ရာဇဝတ်အားပေးမှုမှာသာ နစ်နာသူဘက်ကနိုင်ရင် မုဒိမ်းမှုအစား ရမ်းကားမှုနဲ့ ထောင်ကျနေတဲ့ တရားခံ ၃ ယောက်ကပါ ထောင်ဒဏ်အပြည့်ကျခံရမယ်။ ဘေးကအားပေးတဲ့လူတွေလည်း ထိုက်သင့်တဲ့ထောင်ဒဏ်ကျခံရမယ်ပေါ့။ ဇာတ်လမ်းအရ ဖြစ်ရပ်မှန်ကို မှီငြမ်းထားတာဖြစ်တာကြောင့် Plot Twist တွေ ပါတယ်ဆိုရုံလောက်ပဲပါပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က ပရိသတ်တွေကို ဟာခနဲ ဟင်ခနဲ ဖြစ်စေချင်တာမဟုတ်ဘဲ တရားဥပဒေကို ပိုနားလည်ကြဖို့နဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေကဖြစ်လာတဲ့ နစ်နာသူဘက်က ခံစားချက်တွေကို နားလည်စေဖို့ ရည်ရွယ်ပါတယ်။ တရားဥပဒေရေးရာ ရုပ်ရှင်ဆိုပေမဲ့ ဥပဒေရေးရာ စကားရပ်တွေ ပြွတ်သိပ်သုံးထားတာမဟုတ်ဘဲ ဇာတ်လမ်းကို နောက်ဆုံးတရားခွင်အထိ စိတ်ဝင်စားစရာကောင်းအောင်ဆွဲခေါ်သွားနိုင်ပါတယ်။ အဖော်အချွတ်ပြကွက်တချို့နဲ့ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 975MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Fantasy • Action • Thriller • Science Fiction • Horror
7.1 1988 111 mins
The Accused
Puspa Indah Taman Hati
7.8

Puspa Indah Taman Hati 2023 အညွှန်း ‌အချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင် ၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။ အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။ မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။ အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။ အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါ ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့ CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.3GB | 649MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.8 2023
Puspa Indah Taman Hati
The Greatest of All Time
6.7

The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား] TRUE WEB DL Quality Update Genre – Action, Thriller, Sci-fi IMDB – 6.7/10 မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။ မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ နေနေတဲ့ဂန်ဒီကို အထက်ကနေ အရေးကြီးတာဝန်တစ်ခုနဲ့ ပြန်ခေါ်လိုက်တဲ့အခါမှာတော့ နောက်ထပ် အံ့သြသင့်စရာတွေ ဂန်ဒီတစ်ယောက် ကြုံတွေ့ရပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲ နှစ်ကိုယ်ခွဲက ဘာတွေလဲဆိုတာ မင်းသားကြီးဗီဂျေးရဲ့ အလန်းစား သရုပ်ဆောင်ချက် ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့အတူ ၃ နာရီခွဲကြာအောင်တိုင် ဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်။ အညွန်းဖတ်နေတာ ကြာပါတယ် ချက်ချင်းပြေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.7 2024 183 mins
The Greatest of All Time
The Experts
7

The Experts (2024) IMDb Rating (7.0) ဖောက်ထွင်းခိုးယူရေး အာရှဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ် ဇာတ်ကွက်ကိုပဲ အာရှဟန်ဆန်းသစ်ပြီး drama ချိုးထားပေမဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ သရုပ်ဆောင်တွေ တိုက်ခိုက်ရေးရိုက်ချက်တွေ မဆိုးတဲ့အတွက် အာရှသားတစ်ယောက်အနေနဲ့ အားပေးမယ်ဆိုရင် အားပေးထိုက်တဲ့ ဇာတ်လမ်းတစ်ခုပါ။ ဖခင်တစ်ယောက်ဟာ တသက်လုံးလည်း ဆိုးသွမ်းလာခဲ့တယ်။ သားသမီးတွေကိုလည်း ခိုးဆိုးဖောက်ထွင်းရေးပညာရပ်တွေအမွေပေးလို့ ရာဇဝတ်မှုတစ်ခုအတွင်းမှာ အသုံးချခံ ငါးစာတစ်‌ခုအနေနဲ့ မထင်မရှား သေဆုံးခဲ့ရတယ်။ ကျန်ခဲ့တဲ့ သားတွေက ဖခင်ရဲ့ ကျွမ်းကျင်မှုတွေကို ခြေရာတိုင်းနိုင်ရုံမက အဖေထက် တစ်လကြီးလို့ရတဲ့ အဆင့်တွေပေါ့လေ။ သူတို့အဖွဲ့ရဲ့ စုပေါင်းစွမ်းရည်က လုံခြုံပေ့ဆိုတဲ့အရာတွေကို ဖောက်ထွင်းခိုးယူနိုင်တာပါ။ ဒီလိုနဲ့ သူတို့အဖွဲ့ကို လူတစ်ယောက်က အကြပ်ကိုင်ပြီး အကြီးဆုံးဆိုတဲ့ လူဆိုးဂိုဏ်းကြိး ဆင်စွယ်ငါးချောင်းအဖွဲ့ရဲ့ ထီးနန်းအရိုက်အရာအထိမ်းအမှတ် ကျောက်စိမ်းလက်စွပ်ကြီးကို ခိုးခိုင်းတဲ့အခါမှာတော့ …။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(1.7 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….02:00:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

7 2024 121 mins
The Experts
Ishq Vishk Rebound
5.4

Ishq Vishk Rebound 2024 “အချစ်နှင့်ဘေးထွက်ဆိုးကျိုးများ” ချစ်ဖို့ကောင်းတဲ့ ဟင်ဒီ rom-com လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ Mismatched စီးရီးနဲ့ နာမည်ရလာတဲ့ Rohit Saraf နဲ့ နာမည်ကြီးရိုရှန်မိသားစုထဲက နောက်တစ်ယောက်ဖြစ်တဲ့ တက်သစ်စမင်းသမီး Pashmina Roshan တို့ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရာဂါဗ်က တက်သစ်စ ဇာတ်ညွှန်းဆရာတစ်ယောက်ပါ အလုပ်ဒတ်လိုင်းနီးနေတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပဲ နောက်ကြောင်းပြန်လှည့်စဉ်းစားရင်း ဇာတ်ညွှန်းဖန်တီးဖို့ ဖြစ်လာပါတော့တယ် တချိန်က သူ့ရဲ့သွားအတူစားအတူ ငယ်သူငယ်ချင်း ဆန်ယာနဲ့ ဆာဟီရ်တို့ဟာ အရွယ်တစ်ခုရောက်လာတော့ ချစ်သူတွေဖြစ်သွားကြတဲ့တွက် ရာဂါဗ်တစ်ယောက် third wheel ဘဝရောက်သွားပါတယ် ဒီလိုနဲ့ သူငယ်ချင်းချစ်သူစုံတွဲကိုပဲ အချိန်ပေးနေရတဲ့ ရာဂါဗ်ကိုယ်တိုင် ဆတ်ဆတ်ကြဲချစ်သူကောင်မလေးရလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ချစ်သူကောင်မလေးကြား ဟန်ချက်မညီခြင်းတွေဖြစ်လာပြီး ဘယ်လိုအလွဲလေးတွေ ရင်ဆိုင်ရမလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama • Science Fiction
5.4 2024 106 mins
Ishq Vishk Rebound
Brown Paper Bag
5.4

Brown Paper Bag (2020) *********************** IMDb… 5.4 အာချီဂလပ်ဆို‌တဲ့ကောင်လေးဟာ ကလေးဘဝကတည်းကအရွယ်ရောက်လာရင် ရုပ်ရှင်မင်းသားဖြစ်ချင်ခဲ့တဲ့သူပါ.. ဒါကြောင့်လည်း အရွယ်ရောက်တဲ့အခါ သူ့ရဲ့အိမ်ကနေ ဟောလီဝုဒ်ကို ထွက်လာပြီး ကြုံရာအလုပ် ဝင်လုပ်ပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ကြိုးစားပါတော့တယ်.. ဒါပေမဲ့ ခေတ်အခြေအနေက လူဖြူလူမည်းခွဲခြားမှုတွေ အရမ်းများတဲ့အခြေအနေဖြစ်နေတာကြောင့် ရုပ်ရှင်မင်းသားဖြစ်ဖို့ဆိုတာဟာ လူမည်းတစ်ယောက်ဖြစ်တဲ့ အာချီအတွက် လွယ်ကူမနေခဲ့ပါဘူး… ဒါ့အပြင် ရရာနေရာကနေ ဝင်ရောက်လာခဲ့တဲ့ ရုပ်ရှင်လောကကြီးကလည်း သူမျှော်လင့်ထားသလိုမျိုး မဟုတ်ဘဲ အတင်းအဓမ္မ လွှမ်းမိုးခြယ်လှယ်ချင်တဲ့သူတွေကြောင့် ပြဿနာတွေ ရှိနေတဲ့အခါမှာတော့… အဲဒီပြဿနာတွေကြောင့် အာချီရဲ့ အိပ်မက်တွေက လက်တွေ့ဖြစ်လာနိုင်ဦးမလား… ဘယ်လိုပုံစံတွေနဲ့ ရုန်းကန်လှုပ်ရှားသွားမလဲ… လူတစ်ယောက်ရဲ့ အိပ်မက်တွေဟာ လွယ်လွယ်နဲ့တော့ ဖြစ်မလာနိုင်ဘူးဆိုတာကို တွေ့ရှိရမှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားစဉ်က အခြေအနေတွေကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Okka ပဲ ဖြစ်ပါတယ်။) File Size : 1.38GB/ 580MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:41:03 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Tiff

Romance • Comedy • Drama
5.4 2020 93 mins
Brown Paper Bag