YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Emancipation.2022.720p.Edit(CM).mp4

1.24 GB 720p video/mp4 2554 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wrath of God
6.4

ဒီကားလေးကတော့ "The Slow Death of Luciana B" ဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ စပိန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် ဒီကားကို အမြည်းပြောပြရရင် လူစီယားနားဆိုတဲ့ ကောင်မလေးနဲ့ သူ့အလုပ်ရှင် စာရေးဆရာ ကလော့စတာ တို့ကြားကနားလည်မှုအလွဲလေးကြောင့် အရာအားလုံး စတင်ခဲ့တယ်လို့ ပြောရပါမယ် သေးငယ်တဲ့ လိပ်ပြာ‌ေလးတစ်‌ကောင် အတောင်ပံခတ်လိုက်ရာကနေ ဟာရီကိန်းမုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect လိုမျိုးပဲ ဒီကားထဲမှာလည်း အနမ်းလေးတစ်ခုကနေ အစပြုပြီး မိသားစုဝင်တွေ ‌အသက်ဆုံးရှုံးကုန်ကြတဲ့အထိ ဘယ်လိုတွေ ဒုက္ခကြုံကြရမလဲ..... ကံကြမ္မာဆိုး အားလုံးရဲ့နောက်ကွယ်က တရားခံကရော ဘယ်သူဖြစ်မလဲ..... လူစီယားနားကပဲ မှားခဲ့တာလား ကလော့စတာကပဲ လွန်တာလား ဘယ်သူ့ကြောင့် ဒါတွေဖြစ်လာခဲ့တာလဲ ..... စတဲ့မေးခွန်းပေါင်းများစွာကို ဒွိဟခံစားချက်တွေနဲ့ ကြည့်ရှုအဖြေရှာလိုက်ပါ 2022 ခုနှစ် June လ ၁၅ ရက်နေ့ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး IMDB rating 5.6 ရရှိထားတဲ့ Drama, Thriller ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre.....Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 627MB | 294MB Format… mp4 Duration….1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August

6.4 2022 97 mins
The Wrath of God
Happy Bhag Jayegi
6.2

IMDb Rating (6.5) ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ.... ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။ အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။ Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung နဲ့ Intelligence တို့ ဖြစ်ပါတယ်။ File size…(2.6 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:05:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence

Comedy • Horror • Mystery • Thriller
6.2 2016 126 mins
Happy Bhag Jayegi
The Lord of the Rings: The Two Towers
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8 GB)/(3.6 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:55:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Mystery • Thriller
8.4 2002 179 mins
The Lord of the Rings: The Two Towers
John Wick: Chapter 3 – Parabellum
7.5

Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်…. ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့… ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ…. ဘယ်သူတွေကရော သူ့ဘက်ပါမလဲ…. ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ… (function(f,b,n,j,x,e){})();

Action • Comedy • Crime
7.5 2019
John Wick: Chapter 3 – Parabellum
Nurse 3D
4.6

(ဤဇာတ်လမ်းတွင် သွေးထွက်သံယိုအခန်းများ လိင်အသားပေးအခန်းများ ရင့်သီးသောစကားလုံးများပါ၀င်သည့်အတွက် ကလေးသူငယ်များကြည့်ရှုရန်မသင့်လျော်ပါ) ကျွန်မနာမည်က အက်ဘီဂေး ရက်ဆယ်တဲ့။ လုံးကြီးပေါက်လှ ယောကျားတိုင်းလည်ပြန်ငေးရတဲ့အချောလေး။ ကျွန်မအလုပ်လုပ်နေတာက အော်လ်စိန့်ဆေးရုံမှာ သူနာပြုတယောက်အနေနဲ့။ ဒါပေမယ့်ညဆိုရင်တော့ကျွန်မကမုဆိုးပဲ ကျွန်မအမဲလိုက်တဲ့သူတွေကယောက်ျားတွေ အထူးသဖြင့်ဖောက်ပြန်ကြတဲ့အိမ်ထောင်ရှိယောကျာ်းတွေပေါ့။ ကျွန်မအမြင်သူတို့ကဒီကမ္ဘာပေါ်မှာရွံစရာအကောင်းဆုံးလူတန်းစားတရပ်ပဲ။ ကျွန်မကသူတို့ကိုဖျား‌ယောင်းတိုင်းပါလာကြတယ်။ အဲ့သည်အခါကျမှ သူတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုကျွန်မပေးနေကြ။ ဒီလိုနဲ့ကျွန်မဘ၀ထဲကို၀င်လာတာက ဒန်နီရော်ဂျာဆိုတဲ့သူနာပြုအသစ်‌က‌လေး။ ဘာမှမသိနားမလည်တဲ့ဒီကောင်မလေးကိုယောကျာ်းထုကြီးဆီကနေ ကာကွယ်ပေးချင်တယ်။ သူ့ဘေးနားကတွဲလောင်းတွဲလောင်းနဲ့စတိဗ်ဆိုတဲ့ သူ့ရည်းစားကိုလည်းအမြင်ကတ်တယ်။ ဒန်နီကကျွန်မဘယ်လိုကြိုးစားကူညီကူညီကျွန်မကို ပြန်လှည့်တောင်မကြည့်တာအရမ်းမုန်းတယ်။ ဒန်နီကကျွန်မအပိုင်ပဲ ဘယ်သူ့မှမပေးနိုင်ဘူး။ ကျွန်မလက်ခုပ်ထဲဒန်နီရောက်လာအောင်ကျွန်မ ဘယ်လိုကြိုးစားမလဲရှင်တို့ကြည့်သာကြည့်လိုက်ကြပါတော့ File size… 1.4 GB / 636.7 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Thriller , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Drama
4.6 2013 84 mins
Nurse 3D
They Want Me Gone

ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Comedy • Drama
0 2022
They Want Me Gone
Rebel Moon – Part Two: The Scargiver
6.9

Rebel Moon – Part Two: The Scargiver (2024) ================================= IMDb Rating – 6.9/10 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင် ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက် ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ် လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီ ငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါ တယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲ ဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ် ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူ တိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း – ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက် လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခု ခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံ မရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ် သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည် တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီ ဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲ ဆိုတာ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.8 GB)/(1.79 GB) / (899MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………2Hr 2Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

6.9 2024
Rebel Moon – Part Two: The Scargiver
Shaolin Popey II: Messy Temple
5.9

ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။ သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

Comedy
5.9 1994 88 mins
Shaolin Popey II: Messy Temple
Escape And Trace
5.8

လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး

Horror • Mystery
5.8 2024
Escape And Trace
Handsome Guys
6.9

Handsome Guys (2024) ************************ ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလို Canadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon, Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်း လူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။ တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို အမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့… ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပါတယ်။) File size…1.78GB / 780MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 42m Genre ….. Horror, Comedy, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Treasure Htet & Hnin Wai

6.9 2024 102 mins
Handsome Guys
City Of Fathers
7

City Of Fathers (2009) ************************ ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action scene တွေအများကြီးနဲ့ ဖခင်မေတ္တာကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်‌တွေအနေနဲ့လည်း ဂင်ဂန်ဆူအဖြစ် မင်းသားကြီး Ko Chang-seok၊ သူဌေးဂျိုထယ်ဆော့အဖြစ် မင်းသားကြီး Kim Young-ho နဲ့ သားလေး ဂျုံချောလ်အဖြစ် မင်းသား Yoo Seung-ho နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- အရက်အမြဲသောက်ပြီး လောင်းကစားလုပ်တတ်လို့ ငွေတိုးချေးစားသူတွေဆီကနေ ထွက်ပြေးနေရတဲ့ ဂင်ဂန်ဆူဟာ အရမ်းသွေးဆိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့သူ တစ်ယောက်ဖြစ်သလို သားလေးဂျုံချောလ်အပေါ်ကိုလည်း အဖေဆိုပြီး နွေးနွေးထွေးထွေး မရှိတဲ့အပြင် အမြဲ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူ ဂျုံချောလ်တစ်ယောက် ကျောက်ကပ်ကင်ဆာနဲ့ အသက်ရှင်ရဖို့ ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူကြမ်းကြီး ဂန်ဆူဟာ ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာပါတော့တယ်။ ကျောက်ကပ်အစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မယ့် သားလေးအတွက် သူ့ဘဝတစ်လျှောက်လုံး လျှို့ဝှက်လာခဲ့တဲ့ သူ့သားလေးရဲ့ တကယ့် အဖေအရင်းကို လိုက်ရှာပြီး ကျောက်ကပ်အစားထိုးပေးဖို့ သွားတောင်းဆိုခဲ့တဲ့အခါမှာတော့…. ဒုစရိုက်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဦးစီးလုပ်ဆောင်ရင်း မိသားစုဆိုတဲ့အရာကို လုံးဝမထူထောင်ချင်တဲ့ သူဌေးဂျိုထယ်ဆော့တစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ သူ့သားဆိုတာကို လက်ခံပေးနိုင်ပါ့မလား။ ဂျုံချောလ်အတွက် ကျောက်ကပ်ကိုရော အသာတကြည် ထုတ်ပေးနိုင်ပါ့မလား။ ကြားထဲမှာရော ဘယ်လိုအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…1.81GB / 730MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 42m Genre ….. Action, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

7 2009
City Of Fathers
Django Unchained
8.4

Django Unchained (2012) IMDb Rating (8.5) / Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။ Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။ ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။ အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။ ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။ လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။ မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ ) နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။ Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။ (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Science Fiction • Adventure
8.4 2012 165 mins
Django Unchained
Unit 234
5.8

Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသမီးက ပရိသတ်တွေ ရင်းနှီးပြီးသား Orphan ဇာတ်ကားထဲက အက်စသာအဖြစ် သရုပ် ဆောင်ခဲ့တဲ့ အစ္စဘယ်လာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း သူမရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင် အောင် သရုပ်ဆောင်ထားနိုင်တာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆင်ဗီးလ်က အစွန် အဖျားရပ်ကွက်မှာ မိသားစုအမွေ သိုလှောင်ရုံ ပိုင်ဆိုင် ထားတဲ့ လော်ရီစကိုင်လာဆိုတဲ့ ကောင်မလေးက ပိတ်ရက် နက်ရှ်ဗီးလ်မှာ ရှိတဲ့ သူ့ရည်းစားဆီ မွေးနေ့ အတွက် သွားလည်ဖို့ စီစဉ်နေပါတယ်။ ကံဆိုးချင်တော့ လေယာဉ်ချိန် နောက်ကျသွားတဲ့အပြင် သူ့ဝန်ထမ်း ကောင်မလေးက ရုတ်တရတ် ခွင့်ယူသွားတော့ သွားဖို့ အစီအစဉ် ပျက်သွားပါတယ်။ ရေယိုစိမ့်မှုဖြစ်နေတဲ့ သိုလှောင်ခန်း တစ်ခန်းကို သွားပြင်ရင်း အခန်းနံပါတ် ၂၃၄ ထဲမှာ သတိလစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတဲ့ အခါမှာ လန့်သွား ခဲ့ပါတယ်။ ဒီလူက ဘယ်သူလဲ….. ဒီလူကို ခေါ်ဖို့အတွက် သေနတ်တွေ ကိုင်ထားတဲ့ အဖွဲ့တွေက ရောက်လာတဲ့ အခါမှာတော့….။ ဇာတ်ကားအစကနေ အဆုံးအထိ ပျင်းရိစရာ အခန်း မရှိဘဲ ဇာတ်သိမ်းထိကို Twist ပါတဲ့ Thriller ဇာတ်ကားလေးမို့ ကြည့်ရတာ တန်ပါတယ်လို့‌ ပြောချင်ပါတယ်။ File size… (872 MB) / (563 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Comedy
5.8 2024 86 mins
Unit 234
Snow Tea and Love 2: With a Bit of Luck

IMDB Rating – “3.8/10 Snow, Tea and Love 2: With a Little Luck (2024) က ထောင်က နေပြီး လွတ်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ စနိုး၊ လက်ဖက်ရည် နဲ့ အချစ် တို့ဟာ time travel လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှာတွေ့လိုက်တော့ Dacia ရဲ့ အေဒီ ၈၅ ခုနှစ်မှာ ကျန်ခဲ့ရပြီး ဧကရာဇ် နာဗာ က သူတို့ကို ဖမ်းဖို့ လိုက်နေတဲ့ အခြေအနေကို ရင်ဆိုင်ရတဲ့ comedy ရုပ်ရှင်ပါ။ ရိုးရိုးရှင်းရှင်း ပြောရရင် time travel adventure လုပ်နေတဲ့ အဆင်မပြေတဲ့ မိတ်ဆွေသုံးယောက်ရဲ့ ဇာတ်လမ်းဖြစ်ပြီး သူတို့ရဲ့ ဟာသတွေက အရမ်း ရယ်စရာကောင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။ Romanian comedy ဆိုတော့ ဟာသလုပ်တဲ့စတိုင်က မတူပေမယ့် IMDB rating 3.8/10 မှာ ကြည့်ရင် ကြည့်သူ‌တွေအတွက် entertainment value က သိပ်မရှိဘူးလို့ထင်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပြီး အဓိက ဇာတ်ကောင်တွေရဲ့ ချိတ်ဆက်မှုတွေက အားနည်းတဲ့တော့ ကြည့်ရတာတစ်မျိူးတော့ ခံစားရစေမှာပါ။ File size…(1.4 GB)/(756 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVy Noe

0 2024
Snow Tea and Love 2: With a Bit of Luck