YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Elite.squad.2007.BLU-RAY.720P(CM).mp4

1.76 GB N/A video/mp4 1477 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
A Wicked Trilogy

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Action • Thriller
null 2022 156 mins
A Wicked Trilogy
The Conjuring: The Devil Made Me Do It
7.5

အက်ဒ် နဲ့ လော်ရိန်း ဝါရန်လင်မယားရဲ့ သဘာဝလွန်အမှုတွေထဲက အဆိုးဆုံးအမှုတစ်ခုကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ကွန်ဂျူးရင်း ၄ ကားမြောက် လာပါပြီ။ နိုင်ငံကျော် အာနီ ဂျွန်ဆန်ရဲ့လူသတ်မှုပဲ ဖြစ်ပါတယ်။ ဓားနဲ့ ၂၂ ချက်တိတိထိုးသတ်ခဲ့တဲ့ အာနီဟာ နတ်ဆိုးပူးကပ်ပြီး လုပ်ခဲ့မိတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုလာပါတယ်။ ဒီလို လူသတ်မှုမျိုးဟာ ထောင်ဒဏ် အနှစ် ၂၀ လောက်ကနေ သေဒဏ်အထိ ချနိုင်လောက်အောင် ပြင်းထန်တဲ့အပြင် နတ်ဆိုးပူးကပ်မှုဆိုတာ တရားရုံးမှာ သက်သေပြဖို့လည်း မလွယ်ခဲ့ပါဘူး။ ဒီရုပ်ရှင်မှာတော့ ဝါရန်လင်မယားဟာ ဘယ်လို နတ်ဆိုးတွေနဲ့ ဘယ်လို သဘာဝလွန်အဖြစ်အျပက်တွေကို ထပ်ပြီးစုံစမ်းရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင် Translator:- Mr.Anderson Encoder: August File Size: 1.33 GB and 2.5GB Quality: 720p nd 1080p Subtitle: Myanmar (Hardsub) Duration: 1h 52min

Drama
7.5 2021 111 mins
The Conjuring: The Devil Made Me Do It
Another Round
7.7

IMDb Rating (8.1/10) Rotten Tomatoes (92%) ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။ မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။ အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။ အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။ ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။ အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။ သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ ဇာတ်အိမ်ကတော့...သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။ သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ် Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။ သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့ သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။ ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။ မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။ အော်စကာပွဲမှာ Best International Film ဆုအတွက် ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ် အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက "Another round"ပါ။ တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။ ကျန်တာကောင်းတာဘာညာအသာထား အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့ မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။ တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့ လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။ ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။ ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။ File size…(1 GB) and (1.7 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3mon , Wira Aung , Tin Myo Lwin

Action & Adventure • Crime • Drama
7.7 2020 117 mins
Another Round
Chhichhore
7.7

အတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။ မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။ အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။ ----------------------------------------------- ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။ အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။ အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊ အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သုံးနှစ်လုံး စီနီယာလုပ်နေတဲ့သူရယ်၊ အမြဲလိုလို ငိုငိုပြီး ရိုးအ,လွန်းတဲ့ ကောင်ရယ်၊ အနိုင်ကျင့်ဗိုလ်ကျလွန်းတဲ့ကောင်ရယ်၊ H4ကို စိတ်ကုန်ရင်း H4ကို ချစ်တတ်သွားတဲ့ကောင်ရယ်၊ ဒါဟာ အရှုံးသမား ၆ယောက်၊ H4ရဲ့ အာဏာရှိတွေ။ သူတို့ဟာ အရှုံးသမားလို့ အခေါ်ခံနေရတာကို ခံပြင်းနေကြသူပါ။ ဘက်စုံထူးချွန်ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒီနာမည်ဆိုးကို ဖျောက်ဖျက်နိုင်ကြလိမ့်မယ်လို့ သူတို့ ယုံထားတယ်။ ဒါပေမဲ့ အနိုင်ရဖို့ မပြောနဲ့ဦး၊ အားကစားနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိသူတွေက နည်းနေသေးတယ်။ ဒီလိုနဲ့ ပြိုင်ပွဲနီးကပ်လာရာမှာတော့.... ---------------------------------------------------- ဒီဇာတ်ကားကို နောက်ကြောင်းပြန်ပြီး ဖော်ပြထားပါတယ်။ ဒါကလည်း အရှုံးသမားလို့ အခေါ်ခံရမှာကို ကြောက်နေတဲ့ ကလေးတစ်ယောက်ကို အားပေးစကားပြောပုံနဲ့ တင်ဆက်ထားတာပါ။ ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖော်ပြရမှာ ရယ်စရာလေးတွေပါမယ်။ သို့ပေမယ့် အပေါစားဆန်တဲ့ ဟာသတွေ တော့ မဟုတ်ပါဘူး။ ကဲ... ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ ကျေနပ်စေနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုတာ ယုံကြည်ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)

Comedy
7.7 2019 146 mins
Chhichhore
Never Too Late to Celebrate
6.7

စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။ အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။ အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့ အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့ အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။ အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက် အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။ အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့ အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့် အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေ ကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲ အဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါ မကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့် Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါ ပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ကြိုဆောင်ထားကြစေချင်ပါတယ်။ ပြုံးပြုံးကြီး ကြည့်မိရင်း နောက်ခံသီချင်းလေးတွေကိုပါ ကြိုက်နှစ်သက်မိမှာဖြစ်လို့ အချစ်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေ Down ပြီးရင် နောင်တမရမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း အသိပေးလိုက်ချင်ပါတယ်။ မင်းသားနဲ့မင်းသမီးက လက်တွေ့လောကမှာ တကယ့်လင်မယားတွေဖြစ်ပြီး သားသမီး ၃ ယောက်ပါ ထွန်းကားထားသေးတာမလို့ Chemistry မိချက်ကတော့ ပြောစရာမလိုသလို စပိန်ရိုးရာဓလေ့စရိုက်တွေကို သီချင်းလေးတွေ စားစရာတွေနဲ့အတူ မရိုးရအောင် တင်ဆက်ပြသထားတာမလို့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်နော်။ File size…1.86GB / 719MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Romance
6.7 2023 84 mins
Never Too Late to Celebrate
Butcher’s Crossing
5.9

Butcher’s Crossing (2022) =================== IMDb Rating -5.9/10 Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် – အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ကျွဲအမဲလိုက်ဖို့ သဘောတူလိုက်ပြီး၊ လူသူအရောက် ပေါက်နည်းပြီး ရှားပါးကျွဲကြီးတွေရှိတဲ့ တောင်တန်းတွေပေါ် ခရီးဆက်ပြီး စွန့်စားခန်းထွက်ခဲ့ကြပုံတွေကို ဆက်လက်ကြည့်ရှူလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(3.0 GB) / (826 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Western Translator…….Thiha Yan Naing Encoder……….Zin Phyo Aung

5.9 2022
Butcher’s Crossing
Under the Light
6

ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့… အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ

6 2023
Under the Light
The Wall
6.7

ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီး အထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movie လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေ ဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်း ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့ မျှော်လင့်ရင်းနဲ့…. ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင် Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။ နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့ ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့ အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာက ဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက် တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့ လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာ အရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ် ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာ တာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုး အတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့ နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ် ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူ နောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့ အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်… File size…981 MB Quality…Blu-Ray 720p Format…mp4 Duration….1h 48m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Horror • Mystery • Thriller
6.7 2012
The Wall
The Fog
3.7

The Fog (2005) Genre – Horror, Mystery Halloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း လေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာ ရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊ မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီး ကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေး အဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ပဟေဠိကို ဘယ်လိုအဖြေရှာကြမလဲ အသက်အန္တရာယ်တွေထဲက ဘယ်လိုရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ နစ်ခ်နေရာကိုတော့ Smallville စီးရီးထဲက Superman မင်းသား Tom Welling ဖြစ်ပြီး အဲလိဇဘတ်နေရာကိုတော့ နာမည်ကြီး Taken မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော Maggie Grace တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ဆိုသူထားကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.9 GB / 880 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

3.7 2005
The Fog
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
A Million
6

A Million (2009) ******************* Shin Min-a၊ Jung Yu-mi၊ Park Hae-ill၊ Park Hee-soon၊ Lee Min-ki စတဲ့ ကေစီးရီးပရိသတ်တွေကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်ထားတဲ့ “A Million“ လို့ ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း.. ဆုကြေးငွေ ဒေါ်လာ ၁သန်းရရှိမဲ့ Survival Game Show တစ်ခုမှာ ပါဝင်ဖို့ လူအယောက်ပေါင်းများစွာထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ လူ ၈ယောက်ဟာ ဂိမ်းကစားဖို့အတွက် ဩစတေးလျနိုင်ငံက သဲကန္တာရကြီးထဲကို ခေါ်ဆောင်သွားခံရပါတော့တယ်။ အဲဒီလူ ၈ယောက်ထဲကမှ ၁ ယောက်တည်းကသာ ဒေါ်လာ ၁သန်းရရှိမှာဖြစ်ပြီး ဆုကြေးငွေကြီးသလို ဒီလူ ၈ယောက် ယှဉ်ပြိုင်ရမဲ့ခရီးဟာလည်း မသေးပါဘူး။ အဲဒီလိုနဲ့ ပထမဆုံးပြိုင်ပွဲစတင်ပြီး ပြိုင်ပွဲကထွက်ခွာရတဲ့သူလည်း ပေါ်ပေါက်လာတော့တယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲကနေထွက်ခွာသွားရတဲ့သူကို နောက်တစ်နေ့ တောထဲမှာ သေလျက်ကြီး တွေ့လိုက်ရတဲ့အခါမှာတော့…။ ကိုယ့်အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာခံရတဲ့အထိ သူတို့တွေ အဲဒီဂိမ်းကို ဆက်ကစားကြဦးမှာလား..။ ငွေအတွက်သာဆို ဘာမဆိုလုပ်ရဲလာတဲ့ လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စရိုက်သဘာဝတွေကို ကွင်းကွင်းကွက်ကွက်မြင်ရမဲ့ ဇာတ်ကားလေးပဲဖြစ်တာမို့ ကြည့်ရှုသင့်ပါတယ်။ File size…2.86GB / 1.45GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Adventure, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Zuri Htoo

6 2009
A Million
Grand Tour
6.5

Grand Tour (2024) IMDb Rating (6.5) / Rotten Tomatoes (90%) ဗြိတိန်သံတမန်တစ်ဦးဖြစ်တဲ့ Edward Abbot က 1918 မှာ သူနဲ့စေ့စပ်ထားတဲ့ချစ်သူ Molly Singleton က မင်္ဂလာဆောင်ဖိုအတွက် သူ အလုပ်လုပ်တဲ့မန္တလေးမြို့ကိုရောက်လာလို့ အိမ်ထောင်ပြုရမှာကြောက်ပြီး ထွက်ပြေးသွားခဲ့တယ်။ Edward တစ်ယောက် အရှေ့တောင်အာရှနိုင်ငံတွေအကုန်လုံးက မြို့တစ်မြို့ချင်းစီကိုခရီးသွားပြီး လွတ်အောင်ပြေးနေချိန် Molly ကလည်း Edward နောက် တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်တိုက်လိုက်ရှာခဲ့တယ်။ ဒီ film က သူတိုနှစ်ယောက်ရဲ့ မတူညီတဲ့ခရီးလမ်းအတွေ့အကြုံတွေကို ဇာတ်ကြောင်းပြန်တာနဲ့ documentary ဆန်ဆန် ရောစပ်ရိုက်ကူးထားပြီး ကိုလိုနီခေတ်ကသမိုင်းကြောင်းတွေ၊ အချိန်ရွေ့လျားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အဖြူအမည်း ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(4.4 GB) / (1.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Drama Duration….02:04:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
6.5 2024 129 mins
Grand Tour