YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Elemental.2023.720p.AMZN.WEB-DL {CM}.mp4

1.69 GB N/A video/mp4 10936 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Woman Called Sada Abe
5.3

အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊ တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာ သူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။ တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Fantasy
5.3 1975 76 mins
A Woman Called Sada Abe
MK Ultra
6.3

~ IMDb - 6.7/10, Rotten Tomatoes - 98% ~ ( * အချို့သော ဇာတ်ဝင်ခန်းများသည် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ * ) စိတ်ကိုထိန်းချုပ်စေခိုင်းခြင်း (mind control) ဆိုတာ စိတ်ကူးယဉ်ရုပ်ရှင် ဇာတ်လမ်းတွေအတော်များများမှာ ထည့်ရိုက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။ စိတ်က ခန္ဓာကိုယ်ကို မောင်းနှင်တယ် ဆိုတဲ့စကားရှိပြီး မိမိသာ တခြားသူတစ်ယောက်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ကိုင်တွယ်နိုင်လိုက်မယ်ဆိုရင် ကိုယ်ဟာ အဲဒီလူရဲ့ ခန္ဓာကိုယ်၊ အဲဒီလူ လုပ်သမျှကို လိုသလို အသုံးချ စေခိုင်းနိုင်ပြီ ဆိုတဲ့သဘောပဲ မဟုတ်လား။ စိတ်ကူးယဉ်ဆိုတာကလည်း လက်တွေ့ကနေ ဆင့်ပွါးဖြစ်တည်လာတဲ့အရာမို့ "စိတ်ကို ထိန်းချုပ်ခြင်း" ဆိုတဲ့ စကားလေးအပေါ် အခြေခံလို့ အင်အားကြီးနိုင်ငံတွေနောက်ကွယ်မှာ သို့လော သို့လော ဖြစ်စရာတွေ၊ အခုထိ ဖော်ထုတ်လို့မရတဲ့ လျှို့ဝှက်ချက်တွေ တပုံတပင်ကြီး ရှိနေမယ်ဆိုလျှင်ရော...? MK Ultra ဆိုတာကတော့ စီအိုင်အေရဲ့ လျှို့၀ှက်ပရောဂျက်နာမည်တစ်ခုဖြစ်ခဲ့ပြီး LSD ဆေးဝါးကို အမေရိကန်နိုင်ငံသားတွေထဲ မသိမသာ ဆေးခတ်ပြီး စိတ်ကိုထိန်းချုပ်ဖို့အတွက် စမ်းသပ်မှုပေါင်းများစွာ ညှဥ်းပန်းနှိပ်စက်မှုပေါင်းများစွာ ဖြစ်ပျက်ခဲ့တဲ့ ပရောဂျက်တစ်ခုပါ။ ၁၉၅၃ ခုနှစ်‌ကနေ ၁၉၇၃ ခုနှစ်အထိ ဒီပရောဂျက်ဟာ ကြာရှည်ခဲ့ပေမယ့် ၇၅ ခုနှစ်မှာတော့ ဒီပရောဂျက်ကို တရား၀င်စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ ဖွင့်ဟချပြခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာလည်း စီအိုင်အေရာဇ၀င်မှာ အတော့်ကို ပွဲဆူခဲ့တဲ့ ဒီ "MK Ultra" ပရောဂျက်ကို ဖြစ်ရပ်မှန်နဲ့ ရောယှက်ရိုက်ကူးထားတာပဲမို့ ဗဟုသုတရစရာ တုန်လှုပ်စရာတွေကို ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း... ဒေါက်တာ စထရောက်စ်ဆိုတာကတော့ ထူးချွန်တဲ့ စိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပရောဂျက်အတွက် ရန်ပုံငွေထောက်ပံ့သူကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းတစ်ခုဘက်က သူ့ကို ထောက်ပံ့ဖို့ ဖြစ်လာပြီး သူ့ရဲ့ ပရောဂျက်ကြီးကို စတင်ဖို့ ဖြစ်လာပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က ‌ရည်ရွယ်ချက်ကို မသိခဲ့တဲ့ စထရောက်စ် အနေနဲ့ ပရောဂျက်ကို ဆုံးခန်းတိုင်သည်အထိ သုတေသနလုပ်ရင်း နိုင်ငံရေးနဲ့ သူ့ရဲ့ သုတေသနလမ်းကြောင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာပါတော့တယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.72GB, 861MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 38Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama • Horror
6.3 2022 97 mins
MK Ultra
(18+) Bambola
4.2

Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်... 'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊ အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Drama • Romance
4.2 1996 95 mins
(18+) Bambola
A Very Long Engagement
7.3

၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။ စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင် သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။ အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံး ပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေ အလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့ အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။ အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား? သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား? အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Comedy • Romance
7.3 2004 133 mins
A Very Long Engagement
Superheroes
6.7

ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 2m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Crime
6.7 2021
Superheroes
Shotgun Love
6.7

Shotgun Love(2011) ****************** (720Pပဲရှိလို့ အကောင်းဆုံးတင်ဆက်ပေးထားပါတယ်..) SEX IS ZEROထဲက ဒီဘဲကြီးပါကတည်းက ရှယ်ခွီရမယ်ဆိုတာ ကျွန်တော်တို့မပြောလည်းသိကြမှာပါ…သို့ပေမဲ့ သူ့ကားတွေက ရယ်ရတာနဲ့မတန်အောင် ဝမ်းနည်းကြေကွဲရအောင်လုပ်တဲ့အပိုင်လေးတွေနဲ့ လည်း ဇတ်သိမ်းတတ်ပါသေးတယ်…ဒါ့ကြောင့်လည်း သူ့ကားတွေဟာ ကျွန်တော်တို့ရင်ထဲမှာကျန်ရှိနေတာလားမပြောတတ်ပေ… ဟုမ်းရှော့ပင်းအစီအစဉ်မှာ ရှိုးမော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆန်းယောဟာ ဆွဲဆောင်မှုမရှိတဲ့ အူတူတူ အတတ ယောကျာ်းတစ်ယောက်ဖြစ်ပါတယ် သူနဲ့ တစ်ရုံးတည်းမှာ အလုပ်အတူလုပ်တဲ့ မိန်းမလှ‌‌လေး ဆိုယွန်းကို ရင်ထဲကနေ နှစ်နှစ်ကာကာ စုံမက်နေခဲ့ပါတယ် အဲ့လိုနဲ့ မိုးညတစ်ညမှာတော့ ဆန်းယောနဲ့ ဆိုယွန်းတို့ဟာ မိုတယ်ကိုရောက်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ဆန်းယောတစ်ယောက် သူချစ်ရသူနဲ့ မိုတယ်မှာ တစ်ညတာ အတူရှိနိုင်ခဲ့တာမို့လို့ ရင်ထဲမှာ ပန်းတွေပွင့်တဲ့အထိ ပီတိဖြာနိုင်ခဲ့ပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့… ဒီကားလေးက ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသ ဇာတ်ကားလေး ဖြစ်ပြီး တစ်ကားလုံး သဘာဝကျကျနဲ့ အတော်လေး ရယ်ရတာမို့လို့ စိတ်အပန်းဖြေဖို့အတွက် ဇာတ်ကား တစ်ကားရွေးချယ်နေတယ်ဆိုရင်တော့‌ အကြိုက်နဲ့ ကွက်တိကျနိုင်မှာပါ Comedy Movie ကြိုက် ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်…. File Size…671MB Quality…WEB-DL 720p Format…mp4 Duration…01:52:00 Genres: Drama, Comedy, Romance Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Treasure Htet

Horror • Fantasy • Science Fiction • Thriller
6.7 2011 112 mins
Shotgun Love
The Last Ride
6.8

The Last Ride (2016) CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig’s Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။ မင်းသားတွေကလည်း God’s Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ (စကားလုံးတွေ အပြုအမူတွေကြမ်းတမ်းတာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်လျော်ပါကြောင်း) အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Comedy Quality…. 1080p | 720p File size… 1.2GB | 571MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Blank

Action • Crime • Mystery • Thriller
6.8 2016
The Last Ride
Addicted to Love
6.1

Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊ Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့ အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့ စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။ Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့ လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီး သူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။ Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့ အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကို လျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကို အသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။ အဲဒီမှာပဲ Sam နဲ့ Maggie တို့ နှစ်ယောက်ပူးပေါင်းပြီး Anton နဲ့ Linda တို့နေထိုင်တဲ့ တိုက်ခန်းကို အသံဖမ်းခိုးနားထောင်ကြပါတယ်။ ဒါတင်မက သူတို့စုံတွဲကို နေ့တိုင်း ပြဿနာတမျိုးပြီးတမျိုးတက်အောင် ဇာတ်လမ်းဆင်ပြီး နောက်ကွယ်ကနေ တိတ်တိတ်ကလေး လုပ်ကြံပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ အန်တန်တို့စုံတွဲ ဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ Sam က သူအရမ်းချစ်ရတဲ့တဲ့ Linda နဲ့ ပြန်ပေါင်းထုပ်နိုင်မှာလား၊ Maggie ကရော သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ Anton ရဲ့ ဘဝကို Maggie တယောက် ဘယ်လိုနစ်နာအောင် လက်စားချေပြမလဲဆိုတာ ဟာသအသော ကလေးတွေနဲ့ ဇာတ်ဝင်ခန်း တခန်းပြီးတခန်း ငြီးငွေ့စရာမရှိအောင် စောင့်မျှော်‌ အားပေးကြရမှာဖြစ်ပါတယ်။ File size…2.26GB / 851MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AICOG

6.1 1997 100 mins
Addicted to Love
Friday Night Sext Scandal
6.4

အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Comedy • Drama
6.4 2024 87 mins
Friday Night Sext Scandal
Mean Machine
6.4

“The Mean Machine” လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ဆေးလိပ်အမြန်ဖွက်ပုံနည်းလမ်းအထိ ထောင်တွင်းနေထိုင်နည်းအဖြာဖြာကို သင်ယူခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲစည်းရုံးအရယူအပြီးမှာတော့ ထောင်စောင့်တွေနဲ့ ယှဉ်ပြိုင်ရမယ့် ဘောလုံးပွဲစဉ်ဟာ နိုင်ငံသစ္စာဖောက်အဖြစ်နဲ့ ကျဆင်းခဲ့ရတဲ့ ဒန်နီရဲ့ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က The Longest Yard အမေရိကန်ရုပ်ရှင်ကားကို မှီငြမ်းထားပေမယ့် American Football အစား Soccer အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဒန်နီမီဟန် အနေနဲ့ Vinnie Jones၊ Jason Statham တို့ ပါဝင်ထားတဲ့ Sports Comedy ဇာတ်ကားလေးကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 625 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

War • Drama
6.4 2001
Mean Machine
18×2 Beyond Youthful Days
6.6

CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်… ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်… သူ့နာမည်က အာမီတဲ့… သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့… အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး… ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း… ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့… အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်… အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်… ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်…

Drama • Romance
6.6 2024
18×2 Beyond Youthful Days
Victoria : Ek Rahasya aka Bhed Ek Rahasya
4.2

Bhed.Ek.Rahasya (2023) ပြန်ပေးသမားတစ်ယောက်ရဲ့အလှည့်အပြောင်း နိုင်ငံတွင်းမှာတင်မက ကမ္ဘာထိနာမည်ပေါက်‌လောက်အောင် အောင်မြင်တဲ့ ဆေးကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ကြီး ဆူဒါကာရာနာ ၊ စီးပွားရေးကိုအောင်မြင်အောင်လုပ်နိုင်သလို စီးပွားရေးလောကမှာ မလိုသူ့ကိုရန်သူမရှိပါဘူးဆိုတဲ့ သူဋ္ဌေးကြီးပေါ့ သူ့အထင်နဲ့မတူဘဲ သူ့လုပ်ငန်းကြောင့်ထိခိုက်နစ်နာဖူးပြီး မုန်းတီးနေသူတွေရှိနေသေးတယ်ဆိုတာပါပဲ ဆပ်တူက အဲဒီလူတွေထဲကတစ်ယောက်ပေါ့ ဆူဒါကာရာနာ့သမီးကိုပြန်ပေးဆွဲဖို့ ဆပ်တူ့ကို လာငှားတဲ့အချိန်မှာတော့ ဆပ်တူတို့ တစ်ချက်ခုပ်နှစ်ချက်ပြတ်။ ဒါပေမဲ့ သူဋ္ဌေးကြီးသမီးကိုပြန်ပေးဆွဲပြီးတဲ့အချိန်မှ သူသိလာရတဲ့အရာတွေက သူ့အထင်တွေနဲ့ကွဲလွဲနေချိန်မှာတော့…… ဆပ်တူကိုပြန်ပေးဆွဲခိုင်းတဲ့သူနဲ့ သူဋ္ဌေးကြီးကြားက ရန်ငြိုးတွေကဘာများဖြစ်မလဲ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Linn Lunn တို့ပဲဖြစ်ပါတယ်

4.2 2023
Victoria : Ek Rahasya aka Bhed Ek Rahasya
City of Ember
6.4

City of Ember (2008) IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။ City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ.. ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်.. အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး.. ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်.. ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ) ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်.. ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ.. ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ.. ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ဖြစ်ပြီး IMDb rating 6.4/10 ရရှိထားတဲ့ ဒီ City of Ember (မီးခဲမြို့တော်) ဆိုတဲ့ကားလေးဟာ လက်လွတ်မခံပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar khin ဖြစ်ပါတယ်။) File size…(1.4 GB) / (750 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Family, Fantasy Duration….01:35:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar khin

6.4 2008 90 mins
City of Ember
The Wizard of Oz
8.1

ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကို L. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကို ပြန်ရိုက်ထားတယ်။ L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီး‌ရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့ သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်။ ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကို ကယ်ဖို့ အိမ်ကနေ သူ့ခွေးလေးနဲ့အတူတူထွက်လာရင်း လေမုန်တိုင်းတစ်ခုနဲ့တိုးရာကနေ အဲဒီလေမုန်တိုင်းက သူ့ကို Ozလို့ခေါ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာဆီခေါ်သွားခဲ့တယ်။ ဒိုရိုသီဟာ ဒီကမ္ဘာကနေသူ့အိမ်ပြန်တဲ့လမ်းကိုရှာဖို့ အော့ဇ်ရဲ့မှော်ဆရာကြီးဆီကို သွားရင်း လမ်းမှာ သတ္တုလူသား , စာခြောက်ရုပ်, ခြင်္သေ့အစရှိတဲ့အရာတွေနဲ့တွေ့ခဲ့ပြီး သူတို့မှာလည်း သူတို့ချို့ငဲ့နေတဲ့အရာတွေရှိနေတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့တွေ အော့ဇ်ရဲ့မှော်ဆရာကြီးဆီအတူတူသွားပြီး အကူအညီသွားတောင်းကြဖို့ ခရီးဆက်ကြတဲ့ဇာတ်လမ်းပါပဲ။ ဒီလမ်းတစ်လျှောက်မှာ အနောက်ဘက်စုန်းမဆိုးကြီးက သူတို့ကို နှောင့်ယှက်အန္တရာယ်ပေးတာတွေကို ကျော်လွှားပြီး မှော်ဆရာကြီးဆီ သူတို့ရောက်အောင်သွားကြမယ့် ခရီးကို ကြည့်ရမှာပါ။ ဇာတ်လမ်းအရတော့ Ozဟာ ကလေးပုံပြင်တစ်ပုဒ်ပါပဲ။ အရမ်းခမ်းနားကြီးကျယ်တဲ့ ဇာတ်လမ်းကြီးမဟုတ်ပေမဲ့ ခေတ်အဆက်ဆက် အားလုံးရဲ့ ရင်ထဲရောက်နိုင်ခဲ့တဲ့ဇာတ်လမ်းပါပဲ။ ကလေးပုံပြင်တစ်ပုဒ်ရဲ့ ဒြပ်တွေအကုန်ပါနေတဲ့ ကလေးပုံပြင်စစ်တဲ့ ကလေးပုံပြင်တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ပုံပြင်ဟာ ပုံပြင်ပါပဲ။ ပုံပြင်မဆန်တဲ့ပုံပြင်တွေထက် ပုံပြင်ဆန်တဲ့ပုံပြင်တွေက ကျွန်တော်တို့ရင်ထဲပိုရောက်တတ်တာပါပဲ။ ကလေးပုံပြင်တွေဟာ ကြီးကျယ်ခမ်းနားစရာမလိုသလို ရိုးသားစရာလည်းမလိုပါဘူး။ ကလေးပုံပြင်တွေက လက်တွေ့မကျပေမဲ့ ကမ္ဘာကြီးရဲ့ တကယ့်မျက်နှာအစစ်ကို ရင်ဆိုင်တွေ့ပြီး ကိုယ့်အတွေးအခေါ်တွေ ကိုယ်ဖြစ်တည်မလာခင် စပ်ကြားမှာ ကျွန်တော်တို့ခေါင်းထဲရှိနေတာကောင်းတဲ့ အကောင်းဘက်က အမြင်တွေကို ဖြည့်စွက်ပေးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲ။ Ozဟာ ဒီလိုဒြုပ်မျိုး အပြည့်အဝရှိတဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒုတိယကမ္ဘာစစ်စတဲ့ကာလ ၁၉၃၉မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ပေမဲ့ The Wizard of Ozဟာ သူ့ကာလက ကားလို့မထင်ခဲ့ရသလို မြူဇစ်ကယ်ရုပ်ရှင်တွေရဲ့ အရွေ့အပေါ်လည်း သက်ရောက်မှုကြီးခဲ့တယ်။ သူ့နောက်မှာ နာမည်ကျော် မြူဇစ်ကယ်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့သလို Ozဇာတ်လမ်းတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ကြတယ်။ ဒီနှစ်နဲ့နောက်နှစ်မှာလည်း Jon M. Chuရဲ့ Wicked ( 2024 )နဲ့ Wicked: For Good (2025)ထွက်ဦးမှာဆိုတော့ ဒီအသစ်တွေရဲ့ဇာတ်လမ်းကို သေချာသိဖို့ရော ဂန္တဝင်မြူဇစ်ကယ်တစ်ကားအနေနဲ့ရော ကြည့်ထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size… 4.5 GB / 2.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Adventure/ Fantasy/ Family/ Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by WiRa Aung

Romance • Drama
8.1 1939 102 mins
The Wizard of Oz