YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Eismayer.2022.BLU-RAY.720P(CM).mp4

469.37 MB N/A video/mp4 390 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Holly and the Hot Chocolate

IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ မင်းသား Ryan Farrel နဲ့ မင်းသမီး Hanna Gaffney တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ် Fancy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ခရစ္စမတ်ကို နောက်ခံ ထားရိုက်ကူးထားတဲ့ကားလေးဖြစ်လို့ ပွဲတော်အကြောင်းတွေ၊ ပျော်စရာလေးတွေကိုတော့ ပေါပေါသီသီကိုမြင်တွေ့ရမှာဖြစ်ပါ တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းလေးတွေကြည့်ချင်တဲ့ သူတွေအတွက်ကတော့ တော်တော်လေး သင့်တော်မယ်လို့ထင်ပါ တယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ ပိုင်းဖောဆိုတဲ့ ပွဲတော်တွေကို အရမ်း ခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ကို စတင်ဖော်ပြထားပါတယ်။ မိန်းမ ဆုံးပါးသွားပြီးကတည်းက ခရစ္စမတ်ဆိုရင် လှည့်တောင်မကြည့်ချင် တော့တဲ့အပြင်၊ တစ်မြို့လုံးက အရမ်းကြိုက်နှစ်သက်ကြတဲ့ Hot Chocolate ကိုတောင် လုံးဝမထိတွေ့တော့တဲ့ ရူဒီနဲ့ တစ်ဖက်မှာလည်း ခရစ္စမတ်ဆိုရင် အရမ်းကိုပျော်တဲ့ဟော်လီတို့ နှစ်ယောက်ကြားက အချစ် ကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဟော်လီက သူ(မ)ရဲ့ရည်းစားနေထိုင်ရာ ဘော်စတွန်ကိုအသွား လမ်းမှာ ကားမတော်တဆမှူဖြစ်ပြီး ရူဒီတို့မြို့လေးမှာသောင်တင်နေခဲ့ရာကနေစလို့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်မျှော်ရှုစားလိုက်ကြပါဦးခင်ဗျာ………. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.07 GB) / (423 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family Translator.......Lwin Bo Encoder..........SWM

Comedy • Drama
0 2022 66 mins
Holly and the Hot Chocolate
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
Valimai
5.7

ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့ မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီး အမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေ ဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက် အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။ တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်း သေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ လိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာက ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်း အမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ အခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza

Horror
5.7 2022 179 mins
Valimai
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
Ready, Steady, Ommm!
5.2

Ready, Steady, Ommm! (2013) ====================== IMDb Rating – 5.2/10 2013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size……….(1.89 GB) / (854 MB) / (495 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Zaw Myo Thu Encoder……….SWM

Mystery • Science Fiction • Thriller
5.2 2013
Ready, Steady, Ommm!
Torn: A Wicked Trilogy
4.9

Torn: A Wicked Trilogy (2022) ====================== လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.6 GB) / (750 MB) / (500 MB) Quality…………WEB-RIP 1080p, 720p, 480p Duration………2Hrs 36mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Romance Translator…….C’mon Encoder……….SWM

Adventure • Horror • Thriller
4.9 2022
Torn: A Wicked Trilogy
Maverick
7

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ အကြမ်းအရမ်းတွေပါသော်လည်း သူတို့ချည်းသက်သက်မဟုတ်ဘဲ money heist ဆန်ဆန် twists and turns လေးတွေထည့်ပြီး အထက်မှာဖော်ပြခဲ့တဲ့သဘောတရားနဲ့ ပိုကာလောကအကြောင်းရောသမမွှေထားတဲ့ တစ်မူဆန်းသစ်ကွဲပြားတဲ့ western ရုပ်ရှင်ဖြစ်လို့ သမရိုးကျ cowboy ရုပ်ရှင်တွေနဲ့မတူတဲ့ ရသတစ်မျိုးကို ခံစားရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ သရုပ်ဆောင်ရော၊ ဒါရိုက်တာအဖြစ်ပါ အနုပညာစန်းပါတဲ့ မင်းသားကြီး Mel Gibson ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းမွန်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကို အထူးတလည်ညွှန်းဆိုနေစရာ လိုမယ်မထင်တော့ပါဘူး။ Mel Gibson၊ James Garner၊ Jodie Foster၊ James Coburn၊ Alfred Molina၊ Geoffrey Lewis၊ Dub Taylor အစရှိတဲ့ ၉၀ ပြည့်လွန်နှစ်တွေရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ အားဖြည့်တင်ဆက်ထားပါတယ်။ Roy Huggins ရဲ့ Maverick ဆိုတဲ့နာမည်တူဝတ္တုအပေါ်မှာပဲအခြေခံထားပြီး ဇာတ်ညွှန်း William Goldman၊ ဒါရိုက်တာ Richard Donner ကတာဝန်ယူရိုက်ကူးကာ Warner Bros. ကုမ္ပဏီကနေ 1994 ခုနှစ် မေလမှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မဲဗရစ်ခ်( Mel Gibson) ဟာ သူ့ကိုယ်သူ ဖဲဝိဇ္ဇာကြီးတစ်ယောက်လို့ စိတ်ကြီးဝင်နေသူပါ။ ဖြစ်ချင်တော့ အမေရိကန်အနောက်ပိုင်းဒေသဟောင်း Lauren Belle အပျော်စီးသင်္ဘောပေါ်မှာ အထူးစပါယ်ရှယ် ပိုကာချန်ပီယံလုပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။ မဲဗရစ်ခ်ခမျာ သူ့ပါရမီနဲ့ ဖဲဇာတာကို တစ်ချီတည်းစမ်းသပ်ခွင့်ရမယ့် အဆိုပါပြိုင်ပွဲကို တားမနိုင်ဆီးမရ ဝင်ပါချင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကြေးက ဒေါ်လာ ၂၅၀၀၀ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ပိုက်ဆံနဲ့မလောက်လို့ အကြွေးသမားတွေဆီက ပြန်ဆပ်ငွေရဖို့လည်း အဆင်မပြေတဲ့အခါမှာ မဲဗရစ်ခ်တစ်ယောက် ဝင်ကြေးပြည့်မီဖို့ ကြိုးစားရပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပြိုင်ပွဲကိုအသွား လမ်းခရီးမှာ လူလိမ်မလေး အန်နာဘယ်လ်၊ နယ်ထိန်းအရာရှိ ဇိန်းကူးပါးတို့နဲ့ ဆုံပြီး ဘယ်လိုတလွဲတွေကြုံကြမလဲ၊ သူ့ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်နိုင်ပါ့မလား၊ သူတို့ကိုယ်စီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေက ဘာတွေလဲ၊ နောက်ဆုံး ဘယ်သူချန်ပီယံဖြစ်ပြီး ဆုငွေ ဒေါ်လာသန်းဝက်ကို ဘယ်သူနိုင်သွားမလဲဆိုတာတော့ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ Western ရုပ်ရှင်တို့ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ အင်ဒီးယန်းတွေ၊ မြင်းစီးကောင်းဘွိုင်တွေ ရိုးရာမပျက်ထည့်ပေးထားတဲ့အပြင် ဒီဇာတ်လမ်းမှာတော့ ပိုကာနဲ့ comedy ပိုင်းကို နည်းနည်းအသားပေးပြထားလို့ ဇာတ်ကားအစမှအဆုံးထိ မလွတ်တမ်းကြည့်ဖြစ်သွားမှာပါ။ အက်ရှင်သီးသီး ကောင်းဘွိုင်ဇာတ်လမ်းတွေပဲ ကြိုက်သူတွေအတွက် အဆင်မပြေလောက်ပေမယ့် မင်းသားကြီး Mel Gibson သရုပ်ဆောင်ချက်ကိုကြည့်ရတာနဲ့တင် ကြည့်ပျော်နေပါပြီ။ IMDb rating 7 ရထားပြီး Rotten tomatoes 68% ဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပါရစေ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7 1994 127 mins
Maverick
The Package
5.6

ကဲ Netflix ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ခုကို ထပ်တင်ပေးလိုက်ပါပြီနော်… ဒီရုပ်ရှင်ကားကလဲ 18+ ပါပဲ 18+ ပေမယ့် ဟာသ ကားလေးမို့ အတော်ရယ်ရပါတယ် လိင်အင်္ဂါပုံတွေ ထင်ထင်ရှားရှားပြသပြီး သွေးထွက်သံယိုတွေ နဲ့ ညစ်ညမ်းစကားလုံးတွေ ပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပါ ရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင် လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက် မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာ အားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ ခရီးထွက်ခဲ့ပါတယ်… စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့ လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ FA ကောင်ပါ …. နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့ အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကို FA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲ ဖြစ်ပါတယ်.. ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကို အတင်းစည်းရုံးခဲ့ပါတယ်… ? ဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြု အမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီး အကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်… ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့ သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်း မတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3 အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီး ငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကို ညကြီး မှောင်မှောင်မှာ စမ်းတဝါးဝါး နဲ့ လိုက်ရှာကြတော့တာပါပဲ ကဲ ဇတ်လမ်းလေးကတော့ လပြွတ် ပျောက်လို့ လိုက်လို့ရှာ သူ့ခဗျာ ငိုမဲ့ ငိုမဲ့ ပါ ခင်ဗျာ… File size… 1.6 GB / 820 MB Quality… NF Web-Rip 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.6 2018 94 mins
The Package
The Room
6.6

The Room(2019)အညွှန်း *********************** IMDb …… 6.6 ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ… မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်… လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်… မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ…. ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ် CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်… File Size : 1.25GB / 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Tiff

6.6 2019
The Room
[18+] The Secret Game of the Immoral Wife
6.6

The Secret Game of the Immoral Wife (2016) IMDb Rating (6.6) ဟာရူအိုဟာ လမ်းပေါ်ကလူအသွားအလာတွေကိုရေတွက်ရတဲ့ ဆာဗေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူရေတွက်နေတဲ့သူတွေထဲက မိန်းမလှလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ နောက်ငါးနှစ်အကြာမှာတော့ ဟာရူအိုရဲ့အရူးရောဂါက အတော်လေးမြင့်တက်နေခဲ့ပါပြီ။ သူကြိတ်ချစ်နေတဲ့ကောင်မလေး မာကိုတိုဟာ အိမ်ထောင်နဲ့ဆိုတာသိရတဲ့နောက် မာကိုတိုနဲ့မျက်နှာချင်းဆိုင်က အိမ်ကိုငှားနေပြီး အလုပ်ကိုပါပြောင်းပစ်လိုက်ပါတယ်။ မာကိုတိုနဲ့သူ့ရဲ့သာယာတဲ့အိမ်ထောင်ဘက်ကို တစ်ဖက်ကနေချောင်းကြည့်ပြီး စိတ်ဖြေတတ်သလို တစ်ခါတစ်လေ ပစ်စာလိုလိုကြောင်တောင်တောင်စာတွေလည်းပို့တတ်ပါသေးတယ်။ တစ်ချိန်မှာတော့မာကိုတိုဘက်က သူ့ကိုရိပ်မိသွားခဲ့ပြီး လူရိုးကြီး ဟာရူအိုကို အရူးအမဲသားကျွေးလိုက်ချိန်မှာတော့ ဟာရူအိုတစ်ယောက်ဘယ်လောက်အထိရူးရူးမိုက်မိုက်ရှေ့ဆက်တိုးမလဲဆိုတာကို ဆက်ပြီးရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Romance Duration….01:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.6 2016 71 mins
[18+] The Secret Game of the Immoral Wife
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You
Pie To Die For: A Hannah Swensen Mystery
6.4

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Hannah Swensen ထုတ်ကုန်များထဲက ၂၀၂၅ ခုနှစ်ထွက် ဇာတ်ကားလေးဖြစ်ပါတယ်.. စာရေးဆရာမ Joanne Fluke ရဲ့ Mystery/Crime အမျိုးအစား Hannah Swensen စာအုပ်များကို Hallmark ချန်နယ်မှ ဖန်သားပြင်ပေါ်သို့ ပြောင်းလဲတင်ဆက်ပေးနေတာဖြစ်ပြီး အခုဆိုရင် ၁၂ ကားမြောက်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် ဟန်နာ့မိခင်ဖြစ်သူရဲ့ အနုပညာပြိုင်ဘက်တစ်ယောက် နေအိမ်တွင် အသတ်ခံရပြီး ထိုလူသတ်မှုကို ဟန်နာတို့ မိသားစုက စုံစမ်းဖော်ထုတ်ကြပုံကို တင်ဆက်ရိုက်ကူးထားပါတယ်.. ဗစ်တိုးရီးယားဟာ ဟန်နာ့မိခင်ဖြစ်သူနဲ့ ပြဇာတ်အတူကသူဖြစ်ပြီး နာမည်ကျော်စတားတစ်ယောက်လည်းဖြစ်ပါတယ်.. ငွေကြေးချမ်းသာသူဖြစ်တဲ့အပြင် နာမည်ကျော်ဖြစ်သောကြောင့် ပရိသတ်အများအပြား ချစ်ခင်နှစ်သက်သူအများအပြားရှိသူဖြစ်ပါတယ်.. သို့သော်လည်း တစ်ရက်မှာတော့ ကံမကောင်းစွာနဲ့ နေအိမ်အတွင်း လူမသိသူမသိ အသတ်ခံခဲ့ရပါတယ်… ၎င်းအသတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဗစ်တိုးရီးယားနေအိမ်သို့ ဟန်နာရောက်ရှိခဲ့ပြီးနောက် ရဲဌာနကို ဖုန်းဆက်အကြောင်းခဲ့ပါတယ်.. မူလက ရန်ငြိုးရန်စရှိသူ ဟန်နာ့မိခင်ဟာ ဒီအမှုအတွက် သံသယရှိသူစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့တဲ့နောက်မှာတော့ ဟန်နာတို့မိသားစုအတွက် လက်ရှိအမှုကို ကိုယ်တိုင် စုံစမ်းစစ်ဆေးရေးလုပ်ဖို့ အခက်တွေ့ခဲ့ရပါတယ်.. သို့သော်လည်း မိသားစုလိုက် စည်းစည်းလုံးလုံးနဲ့ ရဲများရဲ့ အငြူစူမခံရအောင် ရှောင်ရှားရင်း လူသတ်သမားအစစ်ကို ဖော်ထုတ်ဖို့ကြိုးစားကြတဲ့အခါမှာတော့ လူသတ်မှုကျူးလွန်နိုင်စရာ အကြောင်းပြချက်များစွာနဲ့ လူသတ်သမားဖြစ်နိုင်သူများစွာကြားမှာ အမှုဟာ ရှုပ်ထွေးလာခဲ့ပါတော့တယ်… ဒီကားလေးဟာ တီဗွီဇာတ်လမ်းဖြစ်ပြီး ၁၂ ကားအထိ ဆက်တိုက်ရိုက်ကူးလာခဲ့တဲ့ ကားလေးဖြစ်လို့ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်ပါတယ်.. စုံထောက်ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ချစ်ပရိသတ်များ ခေါင်းစားရတာ ကြိုက်နှစ်သက်သူပရိသတ်များအတွက် ကြည့်ပျော်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ကြစေရန် ညွှန်းဆိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ… File Size… (1.31 GB) / (666 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….. Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.4 2025 84 mins
Pie To Die For: A Hannah Swensen Mystery