YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Echo.3.S01E01.1080p.CM.mp4

963.75 MB N/A video/mp4 1576 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Good Son
6.8

The Good Son (1993) IMDb Rating (6.4) Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ........ -Spoiler Alert- ........ ....... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့  ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အပြုမူတွေက ဆိုက်ကိုပက် တစ်ယောက်ရဲ့အမူအကျင့်တွေလိုဖြစ်လာပါတယ်။ ခွေးတွေ ကြောင်လေးတွေသတ်တာ လမ်းပေါ်ကကားတွေတိုက်မိအောင် အရုပ်ကြီးပစ်ချတာတွေကို သူနဲ့အတူမက်ခ်ကိုပါလှည့်စားပြီး ဝင်ပါမိအောင်အကွက်ချလုပ်ဆောင်လာပါတယ်။ အဆိုးဆုံးက သူ့ညီမလေးကိုစကိတ်စီးရင်း ရေခဲပြင်ထဲကျအောင်လုပ်ခဲ့ပြီး သူ့ညီမလေးလေးလဲ ကိုမာဝင်သွားပါတော့တယ်။ သူ့အမေ ဆူဇန်မှာ အရင်က ဟင်နရီတို့မောင်နှမနှစ်ယောက်အပြင် ကလေးအငယ်ဆုံးလေး ရစ်ချက်ပါရှိခဲ့ဖူးပါတယ် အဲ့ဒီကလေးက ငယ်တော့ရေချိုးရင်းရေဇလုံထဲရေမွန်းပြီးသေသွားခဲ့တာကြာခဲ့ပါပြီ အခုဆူဇန်က ဒီကလေးအငယ်လေးသေခဲ့တဲ့ဖြစ်စဥ်မှာ ဟင်နရီက တရားခံဆိုတာသိသွားချိန်မှာ သူ့အမေကိုပါ နှုတ်ပိတ်ဖို့ သားဆိုးဟင်နရီကလုပ်လာပါတော့တယ် ဒါကိုမက်ခ်လေးက ဘယ်လိုကယ်မလဲ ဆိုးသွမ်းတဲ့ကလေး ဟင်နရီကဘာဖြစ်သွားမလဲဆိုတာ..........။ (ရုပ်ရှင်အညွှန်းကို Movieholic Myanmar FB Page မှကူးယူဖော်ပြထားတာဖြစ်ပြီး Myo Min Aung ((MMA) မှ ဘာသာပြန်တင်ဆက်ထားပါတယ်။ File size…(1.9 GB)/ (800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:26:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Nyeinsaeya Aung Translated by Myo Min Aung (MMA)

Action & Adventure
6.8 1993 87 mins
The Good Son
Blaze
5

IMDb Rating - 6.6/10 ရုပ်ရှင်ပွဲတော်တွေမှာ အားပေးမှုနဲ့ Rating ကောင်းကောင်းတွေ ရထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ၁၂ အရွယ် ဘလေ့ဇ် ဆိုတဲ့ ကလေးမလေး တစ်ယောက်ရဲ့ စိတ်ကူးယဉ်အတွေးတွေနဲ့ ဒုစရိုက်မှုတစ်ခုကိုဘယ်လိုဖြေရှင်းသွားလဲဆိုတာကို ကြည့်ရမှာပါ။ ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို ပြန်ပြောပြီး...ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့ နေရာကိုရောက်သွားတဲ့အခါမှာတော့...ဟန်နာရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့ ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့ ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့ အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ရှုစားလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.6 GB) / (590 MB) / (338 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Crime, Drama Translator.......Thiha Yan Naing Encoder..........SWM

Drama • Romance
5 2022 101 mins
Blaze
Bloody Sunday
7.3

ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ... ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Poant Encoded by Kinnov

Drama • Romance
7.3 2002 107 mins
Bloody Sunday
The Wandering Moon
7

The Wandering Moon ( 2022 ) ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • TV Movie
7 2022
The Wandering Moon
The Angels’ Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

7 2012
The Angels’ Share
Bloodsucking Bastards
6

ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်း ဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အ‌ရောင်းမန်နေဂျာ ဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေ အမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့ အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲ ကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကို တက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာ ပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာ ကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။ မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီး တစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့ အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူ ဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့…… File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6 2015
Bloodsucking Bastards
Landline
6.4

Landline (2017) ============ IMDb Rating – 6.4/10 ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေး တစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကို သိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ် ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်​အောင် ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။ သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာ ကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲ တွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံ စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (507 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

Action • Science Fiction • Crime
6.4 2017
Landline
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
The Ice Harvest

ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ကြည့်ရှု​ရမှာ​ဖြစ်ပါတယ်။ ဇာတ်လမ်း​က ရှုပ်ထွေး​မှုမရှိပေမဲ့ ဇာတ်​ကောင်​တွေရဲ့စရိုက်ကြောင့် စိတ်မအီမသာဖြစ်တဲ့ ခံစား​မှု​မျိုး​ကိုပေးပြီး တစ်ချိန်​တည်း​မှာ Dark​ Humor တွေနဲ့အတူ Crime/Thriller​ ဇာတ်ကား​တစ်​ကား​ရဲ့ရသကိုလည်း ပေးနိုင်​တဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခု​လုံး​မှာ အပေါ်​ယံရွှေမှုန်ကြဲထားပေမဲ့ အတွင်း​မှာလှိုက်​စားပျက်စီးနေတဲ့ Wichita လူအဖွဲ့အစည်းကို ဖော်ညွန်းထားပြီး အဲဒီအသိုင်းအဝိုင်းကနေ ထွက်​ပြေးဖို့ကြိုးစားနေတဲ့ Charlie နဲ့ သူငယ်ချင်း​ဖြစ်သူ​ Pete ကို တွေ့မြင်​ရမှာဖြစ်ပါတယ်။ ရုန့်ရင်း​ကြမ်းတမ်း​တဲ့ စကားလုံး​တွေပါဝင်တာကြောင့် ကလေး​တွေ ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(1.4 GB)/(633 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2005
The Ice Harvest
Mentalese Express
5.7

ထိုင်ဝမ်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အခု တင်ဆက်ပေးမှာကတော့ Mentalse Express လို့ခေါ်တဲ့ Comedy , Romance ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ် 2024 ခုနှစ်မှာထွက်ရှိထားပြီး မင်းသားအနေနဲ့. Mizukami Koshi မင်းသမီးအနေနဲ့ Joanne Missingham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးက ဇာတ်လမ်းတိုလေးဖြစ်လို့ အညွှန်းရေးရင် အကုန်ပါသွားမှာစိုးပါတယ် ။ ဇာတ်လမ်းလေးကို လိုတိုရှင်းပြောရရင် ဓာတ်လှေကားထဲမှာ အမြဲလိုလို ဆုံဖြစ်နေတဲ့ ထိုင်ဝမ်ကိုပြောင်းလာတဲ့ ဂျပန်နိုင်ငံသားကောင်လေးနဲ့ တရုတ်မလေးတို့ရဲ့ ဇာတ်လမ်းလေးပါပဲ ။ နှစ်ယောက်သား အမြဲလိုလိုတွေ့နေတော့ တစ်ယောက်က ကံကြမ္မာလို့ထင်နေပေမဲ့ နောက်တစ်ယောက်က stalker နောက်ကလိုက်နေတဲ့ ဆိုက်ကိုလို့ထင်သွားတဲ့အချိန်မှာ ဖြစ်လာတဲ့အလွဲလေးတွေကို ကြည့်ရှူရမှာပါ ။.

Horror • Thriller
5.7 2024
Mentalese Express
Ali G Indahouse

Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2002
Ali G Indahouse
My Next Doll

My Next Doll (2023) ******************* Sex robot ဖြစ်တဲ့ အန်နာကိုချစ်မိသွားပြီး လက်ထပ်ခဲ့တဲ့ အစ်ဆိုတဲ့ကောင်လေးက… အန်နာနဲ့သူ့ကြားက အချစ်ဆိုတာကိုယုံကြည်ချက်ရှိနေသူဖြစ်ပါတယ်။ အန်နာရဲ့ program မှာ… ထည့်သွင်းမထားတဲ့ ခံစားချက်တွေကြောင့် စက်ချို့ယွင်းမှုဖြစ်ပြီး အန်နာ့ကို reset ချဖို့ဖြစ်လာပေမဲ့… အန်နာက သူနဲ့အစ်တို့အတူကုန်ဆုံးခဲ့ရတဲ့အမှတ်တရတွေကို မေ့မပစ်ချင်တာကြောင့်… သူ့ကိုယ်သူပဲဖျက်ဆီးပစ်ခဲ့ပါတယ်။ အစ်ကတော့ အန်နာဆီကနေ move on မလုပ်နိုင်သေးဘဲရှိနေပေမဲ့… သူ့ဦးလေးက မာရီယာဆိုတဲ့ ဆက်ဆီကျတဲ့ သူနာပြုစက်ရုပ်မလေးကို သူ့ဆီပို့လာပါတယ်။ အစ်က‌ မာရီယာ့ကိုဘယ်လောက်ပဲ တွန်းထုတ်နေပါစေ မာရီယာကတော့ အစ်ကိုဂရုစိုက်မြဲစိုက်ဆဲပါပဲ။ အစ်တစ်ယောက် မာရီယာ့ကိုထပ်ပြီးချစ်မိသွားမှာလား။ ဒါမှမဟုတ် အန်နာ့အပေါ်သစ္စာရှိနေဦးမှာလားဆိုတာ… ဒီအရုပ်မဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ် File Size : 2.3GB / 933MB Quality : WEB-DL 1080p / 720p Duration : 1 hr. 45 min. Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kim, Char Ou & Mary Encoded by Heather Oo

Mystery • Animation • Family • Adventure • Comedy • Fantasy
0 2023
My Next Doll
Screw Mickiewicz Piep*zyc Mickiewicza
4.7

Screw Mickiewicz (2024) IMDb Rating (4.7) ဒီကားလေးမှာ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံးကျောင်းသားတွေရှိတဲ့ Bခန်းကို ကိုင်တွယ်ဖို့ဖြစ်လာတဲ့ ဆရာသစ်ဖြစ်သူ Jan Sienkiewicz ရဲ့ ကိုင်တွယ်ပုံအဆန်းတွေကို ရယ်မောရင်း စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီလိုခပ်ဆိုးဆိုးကျောင်းသားတွေကို ကိုင်တွယ်ရတဲ့ ဆရာတွေရဲ့ ဇာတ်ကားတွေ အများကြီးရှိပေမယ့် ဒီကားလေးကတော့ တမူထူးခြားပါတယ်။ စာလုပ်ဖို့ထက် မူးရူးသောင်းကျန်းဖို့ပဲ ပိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ပိုလန်စာဆိုတော်ကြီးတစ်ယောက်ရဲ့ စာစီစာကုံး ရေးခိုင်းတဲ့အခါမှာ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ ဆန္ဒပြကြမှာလား။ ဒါမှမဟုတ် တခြားဘယ်လို ပြုမူကြမလဲ။ ဆရာက သူတို့ကို ထုံးစံအတိုင်း သင်မှာမဟုတ်ဘူးဆိုရင် စာပေကို ဘယ်လို သင်ပေးမလဲ။ သူတို့ကရော ဘယ်လို တုံ့ပြန်ကြမလဲ။ ဒါမှမဟုတ် သူတို့ရဲ့ ပုန်ကန်တဲ့စိတ်ကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်သွားမှာလား။ ဆရာက သည်းခံမှုရှိရှိ သင်ပေးနိုင်ပါ့မလား။ ဒီဇာတ်လမ်းက သင်ယူမှုနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်သစ်တွေ ပေးမလဲ။ ဆရာနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲ။ ဒီဇာတ်လမ်းက လူငယ်တွေကို ပညာရေးစနစ်ကို ပြန်လည်သုံးသပ်စေနိုင်မှာလား။ ဒါမှမဟုတ် ဆရာက သူတို့ကို ပြင်းပြင်းထန်ထန်ပဲ ဆုံးမမှာလား.. စသဖြင့် ဇာတ်ကားကြည့်ရင်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mahaw ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mahaw

Drama • Romance • Comedy
4.7 2024 98 mins
Screw Mickiewicz Piep*zyc Mickiewicza