YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Eat Run Love 2025 E18 1080p WEB-DL [RMC].mp4

568.98 MB N/A video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sodium Day

"Sodium day"ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာ Class-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ် ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲ သွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို "Sodium day" လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။ အဲ့နေ့ "Sodium day"နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်း မပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေ ကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက် (၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။ အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော် ပြသွားတာကို "Sodium Day"ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (516 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Ngwe Zin Encoder..........SWM

Action • Comedy
0 2022 100 mins
Sodium Day
The Devil's Tail
5.9

ဒါရိုက်တာ၆ယောက် လက်စွမ်းပြပြီး ဇာတ်လမ်း၆ခုကို ရောသမမွှေပြထားတဲ့ ဇာတ်ကားပါ။ ငယ်ငယ်က သူရဇ္ဇတို့ နက္ခတ္တရောင်ခြည်တို့ထဲက သဲထိတ်ရင်ဖိုဇာတ်လမ်းတိုလေးတွေကို သဘောကျတဲ့ လူတွေအတွက် အံကိုက်ပါပဲ။ မြင်သာထင်သာ ရိုးရိုးရှင်းရှင်းရှိတဲ့ ဇာတ်လမ်းတွေရော၊ စိတ္တဇဆန်တဲ့ ဇာတ်လမ်းတွေရော၊ သရဲလိုလိုဇာတ်လမ်းတွေရော၊ ကွင်းဆက်လူသတ်သမားဇာတ်လမ်းတွေရော အစုံတကာ့အစုံရဲ့ သဲထိတ်ရင်ဖိုရသကို တစ်နာရီခွဲလောက် အချိန်ကလေးမှာ ခံစားလို့ရအောင် ပြသပေးထားပါတယ်။ Horror , Thrillerတွေ ကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ မဆိုးလှတဲ့ကားပါပဲ။ ရော်ဘတ်အဂ္ဂါဖန်တွေလည်း သဘောကျကြမှာပါ။ သိသလောက် ၂၀၂၂မှာ ဘာဟော်ရာကားကောင်းကောင်းမှ မရှိသေးပါဘူး။ ဒီရုပ်ရှင်ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။ တစ်ချိန်က သိပ်ခေတ်စားခဲ့တဲ့၊ ခုမရှိတော့တဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများစွာအတွက် အလွမ်းပြေကြည့်ကြဖို့ပါပဲ... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.22Gb, 552Mb Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Crime • Thriller
5.9 2021 95 mins
The Devil's Tail
In a Lonely Place
7.9

In a lonely place (1950) အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ဖြစ်နေခဲ့တာကို သတိထားမိတဲ့နောက်မှာ လူသတ်တရားခံ အစစ်ဟာ သူပဲလား ဒါမှမဟုတ် ဘယ်သူဖြစ်မလဲ ဆိုတာကို ရင်သပ်ရှုမော ကြည့်ရမှာပါ။ မှုခင်းနောက်ခံအဖြစ်အပျက်နည်းနည်းနဲ့ အချစ်အလွမ်း ဒရာမ များများ ရောသမမွေထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ၁၉၅၀ ခုနှစ်က အဖြူ အမဲဇာတ်ကားတွေ ထုံးစံအတိုင်း ပြဇာတ်ဆန်တဲ့ နောက်ခံတီးလုံးတွေကို ခံစားရမှာပါ။ အဖြူအမဲရုပ်ရှင်ခေတ်ရဲ့ အော်ပရာဆန်တဲ့ တေးဂီတတွေကို မကြိုက်တဲ့သူတွေအတွက်ကတော့ ပျင်းစရာ နည်းနည်းတော့ ကောင်းမယ်ထင်တယ်။ ဒီကားရဲ့ ထူးခြားမှုကတော့ ဒိုင်ယာလော့တွေရဲ့ လန်းမှုပါပဲ။ ဇာတ်ကောင် ဒစ်ခ်ဆန်ရဲ့ လောကကြီးကို မြင်တဲ့ အမြင်နဲ့ အတွေးအခေါ်တွေဟာ ကြည့်ရှုသူအတွက် အတွေးနဲ့ ခံစားချက် တစ်စုံတစ်ရာကို ပေးကောင်းပေးစွမ်းနိုင်မှာပါလို့။

Action • Adventure • Science Fiction • Thriller
7.9 1950 93 mins
In a Lonely Place
Guillermo del Toro’s Pinocchio
8.1

Guillermo del Toro’s Pinocchio (2022) သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan’s Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ တွေးစရာတွေထည့်သွင်းနေကျမို့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဥပမာ ကောင့် ဗိုပီဆိုတဲ့ ဗီလိန်ဆိုရင် (ဗိုပီဆိုတာက အီတလီလို မြေခွေး) နှာခေါင်းအရှည်ကြီးဖြစ်နေတာကြောင့် “လိမ်ပြောလေလေနှာခေါင်းရှည်လေလေ” ဆိုတဲ့ ပုံပြင်ကို လူသားမှာပါ သရုပ်ဖော်ထားသလိုဖြစ်နေတာမျိုးပေါ့။ ပီနိုခီရိုပုံပြင်ကို ခဏခဏကြည့်ဖူးဖတ်ဖူးပေမဲ့ ဒီတစ်ခါတော့ တစ်မျိုးခံစားကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre…..Animation, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1.12GB | 400MB Format… mp4 Duration….1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

Drama • Horror • Thriller
8.1 2022
Guillermo del Toro’s Pinocchio
The Place
7

မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ “the place” ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့် စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိ တဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကို သူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လို ချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေး စိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့ တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်း တွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေ ကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူ အညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါး ရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက် ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်း တာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့ တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကို တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေး ရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာ တွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီး ဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်’ လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖို ဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Thriller
7 2017 102 mins
The Place
Summoning Sylvia
6.3

Summoning Sylvia (2023) လယ်ရီတစ်ယောက် စပရိုက်စ်တိုက်ခံလိုက်ရပါတယ်။ သူကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူဂျေမီနဲ့မကြာခင်လက်ထပ်တော့မှာပါ။ ဒါနဲ့သူ့သူငယ်ချင်းဂေးတစ်ဖွဲ့က သူ့ကိုစပရိုက်စ်လူပျိုပါတီအတွက်ခေါ်သွားပါတယ်။ သူတို့က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာ နှစ်ညအိပ်သုံးရက်ဌားနေကြပါတယ်။ သရဲကတော့ ဆယ်ဗီရာဆိုတဲ့မိန်းမတစ်ယောက်က သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့တာပါတဲ့။ သူကိုယ်တိုင်လဲ အဲ့ဒီအိမ်ထဲမှာပဲသူများသတ်တာ ခံလိုက်ရပါတယ်။ အဲ့အိမ်မှာ သူတို့သားအမိပုံကိုတွေ့တော့ လယ်ရီတို့တစ်ဖွဲ့လုံးကလဲ ကောင်လေးကအဆင်လေးဟဲ့ဆိုပြီး သူတို့သရဲသားအမိကိုခေါ်ပြီး သူတို့တကယ်ဘာဖြစ်ခဲ့တာလဲမေးမယ်ပေါ့ဆိုပြီး ဝိဥာဥ်ခေါ်ပါတော့တယ်။ အဲ့မှာသရဲထက်ပိုဆိုးတဲ့အရာက ရောက်ချလာပါလေရော။ လယ်ရီ့ရဲ့ယောက်ဖလောင်းလေး ဟယ်ရစ်ဆန်ပါ။ ဟယ်ရစ်ဆန်က စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဂေးလဲမဟုတ်ပဲဖြောင့်လွန်းသူဖြစ်နေပါတယ်။ အဲ့တော့ဂေးသူငယ်ချင်းလေးယောက်ရဲ့လူပျိုပါတီကို ရောက်လာတဲ့အဖြောင့်ရယ် သရဲသားအမိရယ် ဂေးတွေရယ်ကြားကအလွဲလွဲအချော်ချော်လေးတွေကို ပါးစပ်မပိတ်တမ်းရယ်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ ဟာသဇာတ်မြူးအပြင်ကို ဂေးတွေရဲ့ကြားကခင်မင်မှုတွေ လူတွေရဲ့အထင်အမြင်လွဲမှုတွေ ပုံသေကားချပ်အယူအဆတွေကိုပါ ဟဲဗီးကြီးဒရာမာမခင်းဘဲ ဇာတ်လမ်းသွားထဲမှာ ဒိုင်ယာလော့ခ်ထဲမှာပဲ ပေါ့ပေါ့ပါးပါးထိထိမိမိနဲ့ဖော်ပြထားသေးတာမို့ လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။ လူအားလုံးမှာလဲ ဂေးမိတ်ဆွေသူငယ်ချင်းအနည်းဆုံးတစ်ယောက်တော့ ရှိကြတာပဲမဟုတ်လား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror , Thriller Quality…. 1080p | 720p File size… 1.1GB } 550MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

Thriller • Drama
6.3 2023
Summoning Sylvia
Flight
7.3

Flight(2012) IMDb….7.3,,,,,Rotten….78% Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်….. တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် …ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်… လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်….လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် … ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ…သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ …သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ…လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ… သူဘာတွေများလုပ်ခဲ့လို့လဲ…သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး…သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ… ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။ File Size…(4.37GB) (1.6GB) and (718MB) Quality…Blu-Ray4K.HEVC.EAC3.6CH, 1080p,720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae

7.3 2012
Flight
Wake Wood

IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရ‌ပါတော့တယ်။ စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven

Comedy
0 2009
Wake Wood
The Constant Gardener
7.4

အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2005 129 mins
The Constant Gardener
Concrete Utopia
7.3

Concrete Utopia(2023) ********************* ၂၀၂၃ခုနှစ် ၈လပိုင်း ၉ရက်​နေ့မှာ စတင်ပြသခဲ့တဲ့ thriller ရုပ်ရှင် Concrete Utopia နာမည်ကြီး မင်းသား​ မင်းသမီးတွေဖြစ်တဲ့ အီ​​ဗြောင်ဟွန်း(Lee Byung-hun), ဘတ်​ဆောဂျွန်း (Park Seo-joon)နဲ့ ဘတ်ဘို​ယောင်း(Park Bo-young)တို့ အဓိကပါဝင်သရုပ်​ဆောင်ထားပြီး All of us are dead မှ မင်းသမီး​ချော ဘတ်ဂျီဟူ(Park Ji-hu)လည်း ပါဝင်အားဖြည့်​​ပေးထားပါတယ်။ ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက်​ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်.. ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာ မားမားမတ်မတ်ကြီးကျန်ရှိနေတယ်…တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်.. သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး.. ဒါ့ကြောင့် ဒုက္ခဒဏ်တွေမခံစားနိုင်တဲ့သူတွေဟာ ဒီတိုက်မှာနေဖို့ ရသမျှနည်းနဲ့ကြိုးစားလာကြပါတော့တယ်… လူမျိုးစုံစရိုက်မျိုးစုံနဲ့ နောက်ဆုံးလူသတ်ဖို့ပါဝန်မလေးတော့တဲ့လူအုပ်ကြီးထဲမှာ ဘယ်သူတွေအသက်ရှင်ကျန်ကြမလဲဆိုတာကိုတော့…အညွှန်းကိုတော့Stary မှရေးသားပေးထားပါတယ်… File Size : 899MB | 2.4GB Quality : WEB-DL720p | 1080p Format…mp4 Duration…02:1၀:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Hana Stary, Treasure Miri & Hnin Wai Oo Encoded by Phyo Pyae

7.3 2023
Concrete Utopia
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Borderless Fog
5.8

“Borderless Fog” ရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာ စီးဝင်နေတာပါ။ စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊ လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကို ခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက် ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်း ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by PHOENIX

5.8 2024
Borderless Fog
SPL 2: A Time for Consequences
6.7

ပိတ်ရက်မှာ ဟောင်ကောင်အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် 2005 ခုနှစ်က ထွက်ရှိထားတဲ့ Kill Zone 1 ရဲ့အဆက် 2015 ခုနှစ်ထွက် Kill Zone 2: A Time for Consequences နဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို့ စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိုထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိုလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။ တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖို့ဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို့ မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို့ ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。 သားအဖ၊ ညီအစ်ကို၊ ဦးလေးနဲ့တူအကြားက ချစ်ခြင်း မုန်းခြင်း၊ အတ္တနဲ့ဓမ္မအကြား ဗျာများ‌နေကြတာတွေကို ဟောင်ကောင်ကားဆန်ဆန် အက်ရှင်အကြမ်းကြီးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့ Rotten tomatoes 100%, IMDb 6.7/10 ဇာတ်လမ်းကို ရှုစားကြည့်ကြပါဦး။ File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Martial, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Drama • History
6.7 2015 120 mins
SPL 2: A Time for Consequences
Boonie Bears: Future Reborn
6

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထို့ချန်) တို့ရဲ့ ၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတို့က ကွမ်းထို့ချန် နဲ့ မိတ်ဆွေတွေပါပဲ… မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲ… အသားစားတဲ့ အပင်တွေက နေရာယူပြီး… ယခင်ကတည်ရှိနေတဲ့ သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ… ဒါတွေအားလုံးက တရားခံကတော့ ကွမ်းထို့ချန်ပါပဲ… ဟုတ်ပါတယ်… ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်… ဒီရုပ်ရှင်ထဲမှာ ကွမ်းထို့ချန် က သစ်မခုတ်တော့ဘဲ ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ… ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့… ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို ဖြေရှင်းရင်း… သူက ခရီးသွားလို့ကောင်းမယ့် နေရာသစ်ကို ရှာတွေ့ပြီး… ဒီဒေသအသစ်ရဲ့ သီးသန့်ကိုယ်စားလှယ်အဖြစ် ရာထူးတိုးခံရတော့မယ့်အချိန်မှာပဲ… အနာဂတ်က ရှောင်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက်က အချိန်ခရီးသွားပြီးတော့ ကွမ်းထို့ချန်ကို လူဆိုးကြီးဆိုပြီး အပြစ်တင်ရင်း… အလုအယက်ဖြစ်ရင်း အနာဂတ်ကိုရောက်သွားရော… ဝက်ဝံ့ညီနောင်လည်း ပါတာပေါ့… ဒီတော့ သူတို့နဲ့ စိမ်းနေတဲ့ အနာဂတ်ဝန်းကျင်မှာ နေနိုင်ပါ့မလား… ရှောင်လျန်နဲ့ပေါင်းပြီးပဲ အနာဂတ်ကို ကယ်တင်နိုင်မလား… သူတို့ရဲ့ မူလဘဝကိုပဲ ပြန်သွားနိုင်ပါ့မလားဆိုတာကိုတော့… ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့နော်

6 2025
Boonie Bears: Future Reborn
The Princess and the Goblin
6.7

ဂျော့ဂျ်မက်ဒေါ်နယ်ရဲ့ ၁၈၇၂ ခုနှစ်က The Princess and The Goblin ဆိုတဲ့ ဝတ္ထုကို ၁၉၉၁ ခုနှစ်မှာAnimation ရုပ်ရှင်အဖြစ် The Princess and The Goblin အမည်နဲ့ပဲ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ ၉၀ ခုနှစ်ကာလများမှာ ကြီးပြင်းခဲ့ကြတဲ့ ကလေးတွေအတွက် အမှတ်ရဖွယ် ဇာတ်ကားတစ်ကားဖြစ်သလို အဆိုးနဲ့အကောင်း လွန်ဆွဲမှု၊ သူငယ်ချင်းသံယောဇဉ် နဲ့ သတ္တိ စတာတွေကို အကောင်းဆုံး ထင်ဟပ်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ မင်းသမီးလေးအိုင်ရီးနီဟာ သူမရဲ့ဖခင် ဘုရင်ကြီးနဲ့အတူ တောင်ပေါ်က ရဲတိုက်တစ်ခုမှာနေထိုင်ပါတယ်။ တိုင်းပြည်ရဲ့ အရေးအခင်းတွေကို ငြိမ်ဝပ်စေဖို့အတွက် ဘုရင်ကြီး စစ်ချီခရီးထွက်သွားချိန်မှာ အိုင်ရီးနီတစ်ယောက် နာနီဖြစ်သူ လူတီကို တစ်ပတ်ရိုက်ပြီး တောထဲကို ထွက်လာခဲ့ပါတယ်။ မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့မှင်စာနဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်ကောင်တွေရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးလာတဲ့ အိုင်ရီးနီဟာ မိုင်းအလုပ်သမားရဲ့သားဖြစ်သူ ကာဒီရဲ့ သီချင်းသံကြောင့် ကယ်ဆယ်ရာရခဲ့ပါတယ်။ ကာဒီရဲ့ ခွန်အားဖြစ်ဖွယ်သီချင်းသံကို နားမခံနိုင်တဲ့ မှင်စာတွေဟာ ဝေးရာကို ရှောင်ပုန်းသွားခဲ့ပါတယ်။ အိုင်ရီးနီ မသိသေးတဲ့အချက်တွေထဲမှာ သူတို့တိုင်းပြည်ရဲ့ တောင်အောက်မှာ အရုပ်ဆိုးအကျည်းတန်ပြီးကောက်ကျစ်တဲ့ မှင်စာတွေရှိနေတဲ့ တိုင်းပြည်တစ်ခုရှိနေတာလည်း အပါအဝင်ပါပဲ။ မှင်စာတို့ရဲ့ ဘုရင် နဲ့ ဘုရင်မဖြစ်သူတို့ဟာ လူတွေရဲ့ မိုင်းတွင်းတွေကို ရေလွှမ်းမိုးစေမယ့်အကြံရှိနေတဲ့အပြင်မင်းသမီးလေး အိုင်ရီးနီကို သူတို့ရဲ့သားအလိမ္မာလေး မှင်စာမင်းသား ဖရော့လစ် နဲ့ ပေးစားပြီး လူသားတိုင်းပြည်ကို သိမ်းယူဖို့ပြင်ဆင်ထားပါတယ်။ အိုင်ရီးနီဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ သူ့ရဲ့အဘွားရဲ့အဘွားဖြစ်သူကပေးတဲ့ မှော်ချည်လုံးရဲ့ အကူအညီနဲ့မှင်စာတွေရဲ့ အကြံအစည်ကို တိုက်ဖျက်ဖို့ ကာဒီနဲ့အတူတူ ကြိုးပမ်းကြပုံတွေကို ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.6 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22 Genre ….. Animation / Comedy / Family / Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Comedy • Drama • Crime
6.7 1991 82 mins
The Princess and the Goblin