YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Earth Arcade Season 2 (2023) E09 720P(CM).mp4

708.9 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marriage Blue
6.5

၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.69GB | 976MB | 474MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy • Romance • TV Movie
6.5 2013 118 mins
Marriage Blue
Gamer
5.7

အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka

Drama
5.7 2009 95 mins
Gamer
Honest Candidate 2
6.9

"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ အူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါ လိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ် ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲ သရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ Yoon Kyung Ho တို့ကလည်း ပါဝင်ထားတာမို့ မရယ်ရမှာတော့ စိတ်ပူစရာမလိုပါဘူးဗျာ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်တွေကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 802MB | 357MB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Science Fiction
6.9 2022
Honest Candidate 2
Beetlejuice
7.4

~ IMDb - 7.5/10, Rotten Tomatoes - 85% ~ Beetlejuice ဟာ Gothic ဟန်နဲ့ နာမည်ကြီးတဲ့ Tim Burton ကြီးရဲ့ ကနဦးကားတွေထဲက တစ်ကားဖြစ်ပြီး Johhny Depp နဲ့ Winona Ryder တို့ Edward Scissorhands မှာ မတွေ့ကြခင် Winona နဲ့ ဘာတန်တွဲရိုက်ခဲ့တဲ့ကားဖြစ်သလို Beetlejuice 2 သာ ထွက်ဖို့သေချာရင် မူလ Actor, Actress တွေဖြစ်တဲ့ Michael Keaton တို့ Winona တို့အပြင် Johnny Depp လည်း ပါလာမယ်ဆိုပါတယ်။ Beetlejuice ဟာ Rating တွေမြင့်သလို Classic စာရင်း၀င်တဲ့ ဘာတန်ဆန်ဆန်၊ Gothic ဆန်ဆန် Comedy ကားလည်းဟုတ်ပါတယ်။ ဘာတန်ဟာ Beetlejuice ကို Hero တစ်ဖြစ်လည်း မြင်ရမယ်လို့ပြောကြတဲ့ Beetlejuice Goes Hawaiian ကို 1990 ကတည်းက ရိုက်ဖို့လုပ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပျက်ခဲ့ပါတယ်။ သို့ပေမဲ့ Winona ကတော့ ဘာတန်နဲ့ Keaton သာ ပါရင် သူလည်း ပါမယ်ပြောခဲ့သလို Keaton ကလည်း Burton ရိုက်မှ သူရိုက်မယ်ပြောခဲ့တဲ့ အချင်းချင်းသစ္စာရှိကြတဲ့လူတွေချည်းပါပဲ။ ဒီလိုနဲ့ ၂၇နှစ်ကျော်မှာ ရိုက်ဖို့အကြောင်းတစ်ခါဖန်လာခဲ့သလို အခု ၃၄နှစ်ကျော်မှာတော့ ဘာတန်နဲ့ သိပ်လိုက်တဲ့ Johnny Depp ပါ cast စာရင်းထဲ ပါလာတယ်လို့ ကောလဟာလတွေ ဆိုလာကြပါတယ်။ ဇာတ်လမ်းကတော့ မတော်တဆမှုနဲ့ တစ္ဆေဖြစ်သွားတဲ့ လင်မယားဟာ သူတို့အိမ်ကို ပြောင်းလာတဲ့ လူတွေကို ကိုယ်တိုင်ခြောက်ထုတ်မရတာကြောင့် လူအပနှင်ဖို့ဆိုပြီး လူအပနှင်ကျွမ်းကျင် တစ္ဆေကြီး Beetlejuice ကို အကူအညီတောင်းခဲ့ပါတယ်။ သို့ပေမဲ့ အဲဒီမိသားစုထဲက သူတို့နဲ့ ရင်းနှီးသွားတဲ့ ကောင်မလေးကိုပါ Beetlejuice က ထိပါးလာတဲ့နောက် Beetlejuice ကို တားဖို့လုပ်ရတဲ့ သရဲဟာသ ဇာတ်လမ်း ခပ်ကြောင်ကြောင်ပါပဲ။ တမလွန်ကို ခပ်ကြောင်ကြောင်ဗားရှင်းနဲ့ပြထားသလို Supernatural ထဲက ခရောင်လီကြီးရဲ့ ငရဲစနစ်သစ်ဆိုပြီး တန်းစီပြီး အကြာကြီးစောင့်ရတဲ့စနစ်ထက် Beetlejuice ကားက တမလွန်ရဲ့တန်းစီစနစ်က ပိုဆိုးပါတယ်။ Beetlejuice ဟာ Makeup Oscar ဆုရခဲ့သလို တခြားဆုပေးပွဲတွေမှာ Best Horror Film ဆုကိုပါ ရထားပါတယ်။ ဘာတန်ကြီးရဲ့ သရဲဟာသကားကို ဘာတန်ဖန်တွေအတွက် Winona လေးရဲ့ တော်တော်ငယ်သေးတဲ့ ချစ်စရာမျက်နှာလေးနဲ့ တွဲဖက်ခံစားလို့ရစေမယ့် ရှားပါးရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Horror • Thriller
7.4 1988 92 mins
Beetlejuice
Safety Not Guaranteed
6.8

IMDb - 6.9/10 , RT - 91% > Calls , From Up on Poppy Hill, Monsters Inc. 2, The Legend of Korra, Legion, Dirty Grandpa အစရှိတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ Aubrey Plaza နဲ့  Creep 1,2,3ထဲက ဘဲကြီး Mark Duplassတို့ ၂ယောက်က ယခုဇာတ်လမ်းကို ဦးဆောင်ထားပြီး Spider-Man: Into the Spider-Verse, Spider-Man: Across the Spider-Verse, Let's be Cops, Tag, Jurassic World အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ထားဖူးတဲ့ Jake Johnsonကနေပြီးတော့ ဝန်းရံကာ ဒီဇာတ်လမ်းကို ပုံဖော်ထားကြပါတယ်။ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း reviewကို မေးခွန်းလေးတွေနဲ့ စတင်ချင်ပါတယ်။ အချိန်ခရီးသွားခြင်းကို ဘယ်လိုထင်ပါသလဲ၊ အချိန်ခရီးသွားခြင်းက တကယ်ပဲဖြစ်နိုင်ရဲ့လား။ အကယ်၍ သင်က အချိန်ခရီးသွားဖို့အဖော်ရှာနေတဲ့ကြော်ငြာကို တွေ့ရင် သင့်အနေနဲ့စိတ်ဝင်စားမလား ဒါမှမဟုတ် Scamလို့ပဲသတ်မှတ်ပြီး ကျော်သွားမလား။ .... ဇတ်လမ်းအကြောင်းပြောရရင် ဒဲလ်ရီးယက်စ်ဆိုတဲ့ မိန်းကလေးငယ်လေးက ဆီယက်တဲလ် မဂ္ဂဇင်းတိုက်မှာ အလုပ်သင်ဆင်းနေသူဖြစ်ပါတယ်။ တစ်နေ့မှာ မဂ္ဂဇင်းအတွက် ဆောင်းပါးရေးဖို့အတွက် အစည်းဝေးလုပ်နေတုန်း အချိန်ခရီးသွားဖို့အတွက် လူခေါ်နေတဲ့ကြော်ငြာအကြောင်း ပြောမိရာကနေ ဆောင်းပါးရေးဖို့ဖြစ်လာပါလေရော။ ဒီလိုနဲ့ ဒဲလ်ရီးယက်စ်က စီနီယာ စာရေးဆရာ ဂျက်ဖ်နဲ့ နောက်ထပ် အလုပ်သင် အာနိုးနဲ့အတူတူ ထိုကြော်ငြာခေါ်ထားတဲ့နေရာဆီကို သွားပြီး စုံစမ်းကြတော့ ကက်နက် ကယ်လိုဝေးလို့ခေါ်တဲ့ လူကို ရှာတွေ့ပါလေရော။ ထိုလူက ဘယ်လိုလူလဲ၊ ဘယ်လိုမျိုးကြောင့် အချိန်ခရီးသွားဖို့ အဖော်ရှာနေရတာလဲ၊ အချိန်ခရီးသွားတာက တကယ်ရောဖြစ်နိုင်ရဲ့လား၊ သူက အတည်ပေါက်ပြောနေတာ ရွှီးနေတာလားဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုရုပ်ရှင်မျိုးက ပျင်းစရာကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ မတူညီဘဲ ကွဲပြားလွန်းနေပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ရယ်ကို အချစ်မေတ္တာနဲ့ နှောင်ဖွဲ့ထားပြီးတော့ ဇာတ်လမ်းကို ရင်ထဲရောက်အောင် ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့ ပြောရင်း reviewကို နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။

Comedy
6.8 2012 86 mins
Safety Not Guaranteed
Red, White & Royal Blue
8

Red, White, and Royal Blue (2023) 2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။ LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ သူတို့ကိုကြည့်ပြီးခွီရသလို လေးနက်ကြပြန်ရင်လဲ သူတို့နှစ်ယောက်အပြင်မရှိပြန်ပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီးလဲ အဲလက်စ်ရဲ့လူငယ်အမြင်နဲ့ ပေါ့ပေါ့ပါးပါးပါဝင်ထားသေးတာမို့ စိတ်ဝင်စားစရာကောင်းသလို နိုင်ငံရေး စာပေ ရုပ်ရှင် အညွှန်းတွေပါဝင်တာကလဲဇာတ်လမ်းကိုပံ့ပိုးပေးပါတယ်။ 3 CNN entertainment ကတော့ "ဒါက နတ်သမီးပုံပြင်လေးပါပဲ ဒါပေမဲ့ဒီဇာတ်လမ်းမှာ အတားအဆီးက မိထွေးကြီးမဟုတ်သလို ကောက်ကျစ်တဲ့စုန်းမကြီးလဲမဟုတ်ဘူး အချစ်စစ်က မင်းသားတစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်ကိုတွေ့သွားတဲ့အခါ တွေ့ရမယ့်အတားအဆီးတွေပါပဲ" လို့ညွှန်းဆိုထားပါသေးတယ်။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Mary Christ, Hnin Ei Pai တို့ပဲ ဖြစ်ပါတယ်။

Crime • Drama • Thriller
8 2023 121 mins
Red, White & Royal Blue
Beautiful Pain
7

Beautiful Pain (2016) မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။ အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့… သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p | 480p File size… 1.25gB | 660MB | 326MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

7 2016
Beautiful Pain
Hustlter vs Scammer
5.8

Hustler vs Scammer (2023) “ကလိမ်စေ့ ငြမ်းဆင်” တို့ “ခေါင်းတုံးပေါ်ထိပ်ကွက်” တို့ စကားလုံးတွေကြားဖူးကြမှာပါ အဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာ လမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။ တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းက သူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေ ဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 976MB | 480MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama
5.8 2023
Hustlter vs Scammer
The Place
7

မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ “the place” ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့် စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိ တဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကို သူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လို ချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေး စိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့ တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်း တွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေ ကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူ အညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါး ရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက် ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်း တာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့ တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကို တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေး ရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာ တွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီး ဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်’ လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖို ဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Thriller
7 2017 102 mins
The Place
Chicken Run: Dawn of the Nugget
6.7

ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့ Chicken Run: Dawn of the Nugget လာပါပြီ။ နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီး ရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။ Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့ Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာ Shazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့ Game of thrones ထဲက အချစ်တော်လေး Bella Ramsey က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ ဂျင်ဂျာတို့တစ်သိုက်ဟာ လူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။ သူတို့ဟာ လူတွေနဲ့ဝေးရမှာ နေဖို့ကြိုးစားပြီး သူတို့သမီး မော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။ အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကို စူးစမ်းရင်းနဲ့ ရန်သူဟောင်း ကြက်ခြံပိုင်ရှင်ကြီး တွီဒီရဲ့ ခြံထဲမှာ ပိတ်မိသွားပါတော့တယ်။ ဒီတော့ မော်လီတို့တသိုက်ဟာ ခြံထဲကထွက်ပြေးဖို့မဟုတ်ဘဲ ခြံထဲကိုဖောက်ဝင်ပြီး မော်လီ့ကို ကယ်ဖို့ စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။ ပထမ ကားကို မကြည့်ရသေးတဲ့ သူများ Chicken Run (2000) ဆိုတာလေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ် File size… 1.7 GB / 806 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

Comedy • Family
6.7 2023 101 mins
Chicken Run: Dawn of the Nugget
Till Death Do Us Part
7

Till Death Do Us Part 2024 ( ‌ပြစ်ဒဏ်) Imdb 7.6 အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါ မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်‌ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ် ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် )

7 2024 108 mins
Till Death Do Us Part
The Little Comedian
6.8

The Little Comedian (2010) IMDb Rating (6.8) 2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။ အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့ ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။ သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။ ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။ မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့* ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့* ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့* မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင် တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်.. (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်) File size…(1.4 GB) / (3.8 GB ) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:07:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

Comedy • Drama • Music
6.8 2010
The Little Comedian
Kudi Haryane Val Di
6.2

Kudi Haryane Val Di 2024 ဖူးစာရွာလည် Imdb 6.2 ပန်ချာပီကားတွေမှာဆိုရင် လူတိုင်းနဲ့မစိမ်းတဲ့ မင်းသားကြီး Ammy Virk ပါဝင်ထားတဲ့ ဒရာမာကားလေးတင်ဆက်ပေးထားပါတယ် နပန်းမိသားစုရဲ့တစ်ဦးတည်းသောသားလေး ဗီဇကတော့ စော်ပွေချင်တာပေါ့ သူငယ်ချင်းတွေဆီက အသိမိန်းကလေးဖုန်းတွေပတ်တောင်းပြီး တစ်လုံးချင်းထိုင်ဆက်ပြီး ရည်းစားရှာတတ်တဲ့သူပါ နပန်းမိသားစုထဲ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ နပန်းကိုစိတ်မဝင်စားဘဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ ဖြစ်ချင်တော့ သူထိုင်ဆက်တဲ့ဖုန်းတွေထဲ တောင်ပိုင်းပန်ဂျပ်ရဲ့သေမင်းလို့တင်စားကြတဲ့လူရဲ့ သမီးဆီပါဆက်မိထားတာပါ ကံကမကောင်းတော့ သူဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်မိန်းကလေးက ခိုးရာလိုက်ဖို့ပြင်ဆင်နေချိန်ပေါ့ သူနဲ့ဖုန်းပြောပြီးပြီးချင်းမှာပဲ လင်နောက်တန်းလိုက်သွားတော့ ဒီကောင်နဲ့ခိုးပြေးတာပဲဆိုပြီး သူ့ကိုမြေလှန်ရှာပါတော့တယ် ဇာတ်လမ်းကသဘာဝကျကျနဲ့ ဟာသနှောထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
6.2 2024 162 mins
Kudi Haryane Val Di
Hey Joe
6.2

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ “ဟေး ဂျိုး” ဆိုတာကတော့ အီတလီရောက် အမေရိကန်တွေ နားမစိမ်းတော့တဲ့ စကားတစ်ခုပါပဲ။ ဖောက်သည်ရှာတဲ့အခါဖြစ်ဖြစ်၊ မှောင်ခိုလုပ်ဖို့ချဥ်းကပ်တာ ဖြစ်ဖြစ် အီတလီသားတွေက အမေရိကန်စစ်သားတွေကို “ဟေး ဂျိုး” လို့ လိုက်ခေါ်လေ့ရှိကြပါတယ်။ ဒင်းန် ဆိုတဲ့ အမေရိကန် စစ်သားတစ်ယောက်က ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အီတလီနိုင်ငံ နေပယ်မြို့ကို စစ်ဆင်ရေးတာဝန်နဲ့ရောက်လာပြီး အီတလီသူလေး လူစီယာ နဲ့ မေတ္တာမျှခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဒင်းန်ဟာ စစ်ဆင်ရေးတာဝန်ပြီးဆုံးလို့ ပြည်တော်ပြန်သွားရချိန်မှာ လူစီယာမှာ ဒင်းန် နဲ့ ရထားတဲ့ သားယောက်ျားလေး ကိုယ်ဝန်ကျန်ရစ်ခဲ့ပါတယ်။ ဒင်းန် ဟာ လူစီယာ ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာအကြာ ၁၉၇၇ ခုနှစ် ရောက်မှ ဒင်းန် ဟာ ရှိသမျှအကုန်ရောင်းပြီး အမေရိကန် ကနေ ထွက်လာကာ သားဖြစ်သူကို ရှာဖို့ နေပယ်မြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ သားပျောက်လိုက်ရှာတဲ့ ဒင်းန် အကြောင်းကို အချိတ်အဆက်မိမိတင်ဆက်ထားပြီးတော့ သားဖြစ်သူနဲ့ ပြန်တွေ့ချိန်မှာ ကြုံရမဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အားလပ်ရက်မှာ အချိန်ပေးကြည့်ရှုလိုက်လို့ နောင်တရစေရမဲ့ ဇာတ်ကားမျိုးမဟုတ်တာကြောင့် တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ File size… (1.88 GB) / (999 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 57m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Thriller • Crime
6.2 2024
Hey Joe