YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Earth Arcade Season 2 (2023) E08 720P(CM).mp4

644.08 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
From Me to You
7.3

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating - 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား 'Ring' ထဲက သရဲမ "Sadako" နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ...ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး... ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(2.32 GB) / (905 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 08Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Drama • Mystery
7.3 2010 128 mins
From Me to You
Kwaidan
7.7

ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း... ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု... တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု... နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း... ရှေးခေတ်ဂျပန် Theme များကို ကြိုက်နှစ်သက်သူများအတွက်၊ တစ္ဆေပုံပြင်များကို ဘယ်လိုပုံဖော်ရိုက်ကူးလဲဆိုတာ လေ့လာရင်း ငြိမ့်ငြိမ့်လေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်တုန်းကတော့ Oscar စာရင်းထဲပါ ဝင်ခဲ့တဲ့ ဂန္ထဝင်မြောက်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 3H 3Min Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action & Adventure • Crime • Drama
7.7 1964 183 mins
Kwaidan
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
Burning Peony
3

ပန်းမျိုးတစ်ရာပွဲတော်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပန်းဘုရင်မဟာ မသေမျိုးနတ်ဘုရားတွေရဲ့ ရှေ့မှောက်မှာ လုပ်ကြံခံရကာ အဆိပ်မိပြီး သက်တော်ကုန်ဆုံးသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဒဏ္ဍာရီတွေအရ ခွန်းလွင်တောင်ထိပ်မှာ တည်ရှိတဲ့ ယွင်ယန်းသု ဘုရား​ကျောင်းဟာ အရာအားလုံးကိုပြန်လည်ရယူဖို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ပေါင်နှံရတယ်ဆိုပြီး သတင်းပျံ့လွင့်လို့နေခဲ့ပါတယ် ပန်းဘုရင်မ သေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေဖို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ယွင်ယန်းသု ကျောင်းတော်ဆီကို ခရီးနှင်ခဲ့ပြီး ခရီးလမ်းမှာ နတ်ဘုရားအရှင်နဲ့တွေ့ဆုံခဲ့ပါတော့တယ် ဆောင်းရာသီ ပန်းမျိုးတစ်ရာပွင့်ချိန်ရောက်ပေမဲ့လို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ပန်းမပွင့်စေချင်ခဲ့ပါဘူး အဒီအတွက် ကောင်းကင်ဘုံက အပြစ်ပေးခြင်းခံရပြီးတော့ သူနဲ့တွေ့ဆုံကြုံကြိုက်ခဲ့တဲ့ နတ်ဘုရားအရှင်ဟာ သားရဲတစ်ကောင်အဖြစ်ပြောင်းလဲခံခဲ့ပြီး ပိုင်မူတန်းကိုယ်ပေါ်က မိုးကြိုးတွေ အပူတွေကို ငြိမ်အေးသွားစေခဲ့ပါတယ် အဲဒီနောက်မှာတော့ နှစ်ယောက်သားအတူတူ အမှန်တရားကို ရှာဖွေကြရင်း ချစ်ခင်စုံမက်ပြီးသွားတဲ့နောက်မှာ ယွင်ယန်းသုပိုင်ရှင်ဟာ မိမိနဲ့ တစ်ပုံစံထဲ တူနေတဲ့မိန်းမပျိုဖြစ်တဲ့အကြောင်း ပိုင်မူတန်းသိရှိသွားတဲ့အခါမှာ - ❏ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရမလဲ ❏ အဲဒီအမျိုးသမီးဟာ ပိုင်မူတန်းချစ်ခင်ရတဲ့ အမျိုးသားနဲ့ရော ဆက်စပ်နေမလား ❏ ပန်းဘုရင်မကိုလုပ်ကြံခဲ့တဲ့ သတ်ဖြတ်သူကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလားဆိုတာ ရှုပ်ထွေးမှုများကြားကနေပြီး အဖြေရှာလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
3 2022
Burning Peony
Muzzle
5.6

Muzzle (2023) ============ Crime,Thriller Batman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်… ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်… မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်… သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ… (အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် ) Genre….. Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

5.6 2023
Muzzle
Big Momma’s House 2
4.8

Big Momma’s House 2 (2006) ====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.8 2006 99 mins
Big Momma’s House 2
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Crypto Storm
6

ဟောင်ကောင်စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လော့ရိဖုန်းဟာ ICAC(အလွှဲသုံးစားမှုတိုက်ဖျက်ရေး)က စုံစမ်းရေးဌာနမှူးဖြစ်ပါတယ်။ စခန်းမှူးရဲ့ အမိန့်အရ အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး Crypto ငွေကြေးနဲ့ ဈေးကွက်ပြုလုပ်တဲ့အမှုမှာ ဘဏ်တစ်ခုက အရာရှိတွေ အလွှဲသုံးစားလုပ်မှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ဒါကြောင့် လော့ရိဖုန်းက Cap ငွေကြေးကို အပေးအယူလုပ်တဲ့ ပလက်ဖောင်းဖြစ်တဲ့ Ocryptbase ပရိုဂရမ်ကို ရေးသားခဲ့တဲ့ ရွှီရှင်းကို အကူအညီတောင်းခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ စုံစမ်းမှုကြောင့် ဘဏ်ရဲ့ ဘဏ္ဍာရေးမှာ အမှားအယွင်းရှိတာ သိရတဲ့အတွက် ဘဏ်မှအရာရှိဟယ်ကျင့်ထောင်းကို သံသယရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟယ်ကျင့်ထောင်းလည်း လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လူဆိုးတွေက ဘဏ်ဥက္ကဋ္ဌကို ပြန်ပေးဆွဲပြီး Cap ငွေကြေးနဲ့ ပြန်ရွေးဖို့ တောင်းဆိုတဲ့အခါ…… နောက်ကွယ်က ဈေးကွက်ကို ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ…… လော့ရိဖုန်းတို့ အဖွဲ့ကရော ဘယ်လို လိုက်လံစုံစမ်းကြမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

Action • Thriller • Crime
6 2024
Crypto Storm
Raju Yadav
5.4

Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ……. အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ….. သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား …… အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 119 mins
Raju Yadav
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
Seoulmeyt

Seoulmeyt (2024) ******************* ကေဒရာမာတွေ ကေပေါ့တွေကို အားပေးကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့အချစ်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ချိုချိုမြိန်မြိန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- အရာအားလုံးဟာ Lunie လိုခေါ်တဲ့ ကောင်မလေး နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသလေးကို မုန်တိုင်းတိုက်ခတ်ရာကနေ စတင်ပါတယ်။ မုန်တိုင်းကြောင့် လူတွေရော အိုးအိမ်တွေရော အရာအားလုံးပျက်ဆီးသွားတဲ့ ပင်လယ်ကမ်းရိုးတန်းဒေသလေးကို ကိုရီးယားအပါအဝင် အခြားနိုင်ငံခြားကုမ္ပဏီတွေက ဝင်ရောက်ပြီး လုပ်ငန်းအသစ်တွေ ထူထောင်ဖို့ ငြင်းမရလောက်အောင် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေပေးလာတဲ့အခါမှာ မြို့နေထိုင်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Lunie နဲ့ ကိုရီးယားကုမ္ပဏီရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာမဲ့ ကိုရီးယားကုမ္ပဏီရဲ့ ဆက်ခံသူတို့ရဲ့ ဇာတ်လမ်းလေးနဲ့ အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေမှာ ကေပေါ့တွေ ကေဒရာမာတွေအပေါ် စိတ်ရင်းနဲ့ ချစ်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် မျှော်လင့်ထားစရာကြီးဖြစ်နေတဲ့ ကိုရီးယားလူမျိုးတစ်ယောက် သူတို့ဆီကို ရောက်လာမယ်ဆိုတဲ့သတင်း…။ ဒါပေမဲ့ တကယ်တမ်း ရောက်လာတဲ့သူက ကိုရီးယားလူမျိုးအစစ်တစ်ယောက် မဟုတ်တဲ့အခါမှာတော့ သူ့ရဲ့ သရုပ်မှန်ကဘာလဲ…။ သူနဲ့ Lunie နဲ့ရော ဘယ်လိုဆက်ဖြစ်သွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေပါရောနှောပြီး ကြည့်ရှုရမဲ့ ဖိလစ်ပိုင် အချစ်ကားချိုချိုလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Yati Naing မှ ရေးသားပေးထားပါတယ်။) File size…2.4GBGB /1GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Yati Naing

0 2024 118 mins
Seoulmeyt
Companion
7.3

Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။ File size…(3.6 GB) / (1.13 GB) / (647 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Action
7.3 2025 97 mins
Companion
After Us, the Flood Jälkeemme vedenpaisumus
5.8

After Us, the Flood (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ Finland နိုင်ငံကနေ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံ(Sci-fi ) ကားလေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက ရာသီဥတု အပြောင်းအလဲကြောင့် ပျက်စီးလုဆဲဆဲဖြစ်နေပြီး ထက်မြက်ပြီး တော်တဲ့ သိပ္ပံပညာရှင်က ဒါကို ကယ်တင်ဖို့ အတိတ်ကိုပြန်သွားပြီး ဘယ်လိုတွေ လုပ်မလဲ။ ရာသီဥတုပျက်စီးရတာက ဘယ်သူ့ကြောင့်လဲ ပြန်လာရမဲ့အချိန် အောင်မြင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေကိုလဲ ရိုက်ပြထားသေးတာမလို့ သိပ္ပံချည်းသပ်သပ်မဟုတ်ပဲ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:37:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

Drama
5.8 2024 97 mins
After Us, the Flood Jälkeemme vedenpaisumus