YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

EXchange.S02E16.1080p.CM.mp4

2.35 GB N/A video/mp4 193 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Short Peace
6.4

ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့ သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက် ပေးပါမယ်။ Code Geass, Gintama, Inuyasha, Colourful တို့လို Anime တွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDb Rating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ "Short Peace" ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တို လေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေ ဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတို လေးပါ။ ဂျပန်ဒဏ္ဍာရီပုံပြင်တို‌(၃)ပုဒ်ကတော့ - ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့ စစ်ကားပေါ့ဗျာ။ Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေး လည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fan မဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေ အတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြ ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.45 GB) / (860 MB) / (518 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......Ngwe Zin Encoder..........Zin Phyo Aung

Action • Thriller
6.4 2013 68 mins
Short Peace
Honeymoon with My Mother
6.4

ဒီတစ်ခါတော့ အမေနဲ့ ဟန်းနီးမွန်း ထွက်ကြည့်ကြရအောင်ပါ။ မင်္ဂလာဆောင်မှာ ကတိသစ္စာပြုတော့မယ့်ဆဲဆဲ သတို့သမီးကို သူ တကယ်ချစ်ရတဲ့သူက အချစ်သူရဲကောင်းဆန်ဆန် လာခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးကြမှာပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီးကတော့ ကြောင်တောင်တောင်နဲ့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ သတို့သားကြီး ဟိုဆေးလူးဝစ်ပါ။ မင်္ဂလာပွဲ ကုန်ကျ စရိတ်လည်းဆုံး သတို့သမီးလည်းဆုံး ဖြစ်နေတဲ့ ဟိုဆေးတစ်ယောက် ဟန်းနီးမွန်းအတွက် ပေးထားတဲ့ ပိုက်ဆံကလည်း ပြန်အမ်းခိုင်းလို့မရ ဖြစ်ရာကနေ သူ့အမေရဲ့ အကြံအတိုင်း အမေနဲ့အတူ ဟန်းနီးမွန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။ သားအမိနှစ်ယောက် မော်ရေးရှပ်စ်ကျွန်းကို ဟန်းနီးမွန်းထွက်ကြရင်း ဇနီးမောင်နှံဟန်ဆောင်ကြရပုံတွေ တလွဲဖြစ်ကြပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့အပြင် သားအမိတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုအလွဲတွေ အမေတစ်ယောက်ရဲ့ ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်တာကြောင့် ကြည့်ရှူခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ် Genre.....Comedy Quality….WEB-DL 1080p and 720p File size…1.5GB and 830MB and 283MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Drama
6.4 2022 110 mins
Honeymoon with My Mother
The Venture Bros.: Radiant is the Blood of the Baboon Heart
7.3

ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(1.2 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Mystery Translator.......Thetti Tun Encoder..........Zin Phyo Aung

Drama • Science Fiction
7.3 2023 84 mins
The Venture Bros.: Radiant is the Blood of the Baboon Heart
Ju Dou
7.6

Ju Dou (1990) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။ 1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ။ Ju Dou က စစချင်းသူ့ရုပ်ရှင်တွေရဲ့ ပုံစံအတိုင်းပဲ တရုတ်က နာမည်ကြီးဝတ္တုတစ်ပုဒ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ Liu Heng ရဲ့ Fuxi Fuxi ဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ ထုံးစံအတိုင်း စစချင်းမှာ‌တော့ တရုတ်ပြည်မှာ ဘန်းခံထိတဲ့ကားပဲ။ ကားရဲ့အကြောင်းအရာဖြစ်တဲ့ သွေးရင်းစပ်ယှက်မှုကြောင့် ဘန်းတယ်လို့တော့ထင်ရတာပဲ။ မသေချာဘူး။ ဇာတ်လမ်းကကျ ဒီလို… အထည်ဆေးဆိုးလုပ်ငန်းပိုင်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနဲတော့ လူပိုမခေါ်ဘဲ သူ့တူနဲ့အတူပဲ ဒီလုပ်ငန်းကို လုပ်တယ်။ သူက သားလိုချင်လို့ မိန်းမယူတာ ဂေါင်လီ့ဇာတ်ကောင်ပါနဲ့ဆို ၃ယောက်ရှိပြီ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက မစွမ်းနေတော့ အဖတ်မတင်ဘူး။ အဘိုးကြီးက သူမစွမ်းတာကို လက်မခံနိုင်ဘဲ မိန်းမတွေအသုံးမကျလို့ဆိုပြီး လုပ်ပြီး သူ့မိန်းမတွေကိုနှိပ်စက်တယ်။ ဒီလိုနဲ့ပဲ ရှေ့က ၂ယောက်သေသွားပြီ။ ခုက ဂေါင်လီ့တစ်လှည့်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ ဂေါင်လီက အဘိုးကြီးရဲ့တူနဲ့ ကာမဆက်ဆံပြီး ကလေးရသွားတယ်။ အဘိုးကြီးကတော့ သူ့ကလေးပဲထင်နေတယ်။ ဒီနောက် အဘိုးကြီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲ ရိုက်ပြထားတယ်။ ဒါပဲ ဇာတ်ကရှင်းရှင်းလေး။ ဒါပေမဲ့ ဒီဇာတ်ကောင်လေးသုံးကောင်ကိုပဲ ကာရိုက်တာသေချာပေါ်အောင် ပုံဖော်ထားပြီး လိင်ဆွဲဆောင်မှုကို အစွမ်းကုန်သုံးပြီးရိုက်ထားတယ်။ ကြည့်ဖူးသမျှ ကျန်းရိမူဂေါင်လီကားတွေထဲတော့ ဒီကားက ဂေါင်လီရဲ့ လိင်ဆက်ဆံခန်းအများဆုံးကားဖြစ်သလို အဲဒီအခန်းတွေမပါဘဲနဲ့တောင် သူ့ဆွဲဆောင်မှုအပေါ်ဆုံးကားလည်းဟုတ်တယ်။ ဒီလိုဘာမှမဟုတ်တဲ့ ဇာတ်လေးရဲ့ နောက်ကွယ်မှာကို တရုတ်ရဲ့မုဆိုးမယဉ်ကျေးမှု၊ ဖိုဝါဒီကြီးစိုမှု၊ ဘူဇွာတွေရဲ့ နိုင်ထက်စီးနင်းမှု၊ နောက် နာမည်နဲ့ပတ်သက်တဲ့ သူတို့ယုံကြည်မှုတွေကိုပါ မြင်နိုင်တယ်။ ဇာတ်ကတော့ ကျဉ်းပေမဲ့ ပုံဖော်တဲ့လူတွေက သူတို့သိတဲ့ကိစ္စတွေဆိုတော့ အပြည့်စုံဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပုံပါပဲ။ ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုလည်းရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Academy Award for Best Foreign Language Film ကို ဆန်ခါတင်ခဲ့တဲ့ ပထမဆုံး တရုတ်ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရခြင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 800MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller • Comedy • Horror
7.6 1990
Ju Dou
Hopeless
6.3

Hopeless (2023) ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။ Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်း အကျဥ်းကတော့ ၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။ ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီး ဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာ‌တော့… ဘာသာပြန်တွေကတော့ Hnin Miri,Stary Tiff & Treasure Estel တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.2GB | 459MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Miri,Stary Tiff & Treasure Estel Encoder ….. Aaron

6.3 2023
Hopeless
Higuita: The Way of the Scorpion
Sleepaway Camp

နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.8 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1983
Sleepaway Camp
Suspicion Of The Moon
5.7

တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့် စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…… မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီး မီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။ စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာ အိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကို လှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။ တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့ ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။ သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ ….. သူတကယ်ပဲရူးသွားပြီလား…… မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား…… ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ……

Documentary
5.7 2024
Suspicion Of The Moon
Star Wars: Episode III – Revenge of the Sith
7.6

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode III – Revenge of the Sith (2005) အပိုင်း ၃ လာပါပြီ။ ဒီအပိုင်းမှာတော့ စိတ်မကောင်းစရာတွေများပါတယ်။ ဒီမိုကရေစီကျဆုံးပြီး Sith Lord အာဏာရှင်ဖြစ်လာပုံ။ ဂျီဒိုင်းတွေ အကုန်ပျောက်ကွယ်ရပုံ။ ညီအစ်ကိုရင်းတွေလိုချစ်ကြတဲ့ ဆရာ တပည့် ၂ယောက်ရဲ့ အသေအကြေတိုက်ပွဲ။ Yoda နဲ့ Sith တို့ရဲ့ အကြီးဆုံးတိုက်ပွဲ တွေကိုတွေ့ရမှာပါ။ စွန့်လွှတ်သင့်တာကို မစွန်လွှတ်နိုင်တဲ့စိတ်၊ ကြောက်စိတ်၊ သံသယစိတ်၊ စွမ်းအားကိုတပ်မက်စိတ်တွေက Jedi တစ်ယောက်ကို အမှောင်ခြမ်းကို ဆွဲခေါ်သွားခဲ့ပြီပေါ့ဗျာ။

7.6 2005
Star Wars: Episode III – Revenge of the Sith
Cry_Wolf
5.8

Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai

Comedy • Romance • Drama
5.8 2005
Cry_Wolf
Love Without End

တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

0 1961
Love Without End
Mad Sad Bad

Mad Sad Bad (2014) ****************** Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့… ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ… သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– “ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့… လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့… ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်” “ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ… ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ… ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်” “နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း… ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ … တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်” ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့ Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ… အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်… ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ် File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : Thriller, Horror, Drama, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Ni Encoded by Heather Oo

0 2014
Mad Sad Bad
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl
My Love Will Make You Disappear
6.6

My Love Will Make You Disappear (2025) *************************************** IMDb… 6.6 ဖိလစ်ပိုင်မင်းသားချော Paulo Avelinoနဲ့ မင်းသမီး Kim Chiuတို့ရဲ့ အသစ်စက်စက် ဖိလစ်ပိုင်ဇာတ်လမ်းလေးကို CM ပရိသတ်တို့ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပါပြီ။ ရယ်စရာအလွဲလေးတွေနဲ့ အခွီတစ်လိုင်းလေးတွေလည်းပါသလို ဒရာမာscene လေးတွေလည်း ပါတာမလို့ တစ်နေ့တာ ဘဝအမောတွေဖြေဖျောက်ဖို့ ရွေးသင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်း ညွှန်းရင်းနဲ့ပဲ ဇာတ်လမ်းလေးအကြောင်းကိုရှေ့ဆက်လိုက်ကြပါဦးစို့။ ငယ်ငယ်ထဲက အကြောက်အလန့်မရှိတဲ့ ဆာရီဟာ ကလေးဘဝထုံးစံအတိုင်းပဲ အကြောက်တရားကို သင်ယူရဖို့ဖြစ်လာပါတော့တယ်။ အဲဒါကတော့ အချစ်ဆိုတဲ့အရာကို နားမလည်ခင်ကတည်းက သူချစ်မိတဲ့ယောက်ျားတိုင်း ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျိန်စာတိုက်ခံလိုက်ရတာပါပဲ။ ပထမတော့ ယုံသလို မယုံသလို ဖြစ်နေပေမဲ့ တကယ်ပဲ ကျိန်စာကြောင့်လား ကံတရားကပဲ တိုက်ဆိုင်လွန်းတယ်ပဲဆိုရမလား ဆာရီကြိုက်သမျှ ဘဲတွေအကုန် ပျောက်ချင်းမလှ ပျောက်ကုန်ကြတာပါပဲ။ ဒါကပဲ ဆာရီကို ကျိန်စာအပေါ် ယုံကြည်သွားစေပြီး တစ်ယောက်တည်း နေတတ်ဖို့ လေ့ကျင့်ရတဲ့ဆီရောက်သွားတော့တာပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေတတ်သွားတာဟာ တစ်ယောက်တည်းနေချင်တာမဟုတ်ဘူးဆိုတာကို ဆာရီရဲ့အိမ်ရှင် အဘွားရယ်မီကတော့ ကောင်းကောင်းသိပါတယ်။ ဒီလိုနဲ့ အဘွားရယ်မီဆုံးသွားပြီးတဲ့နောက်မှာ အဘွားပိုင်တဲ့ တဟာနန်အိမ်ရာဝင်းကြီးကို အမွေဆက်ခံဖို့ အဘွားမြေး ဒီပရက်ရှင်ကောင်ဇိုးလေး ဂျိုလိုတစ်ယောက် ဆာရီရဲ့ဘဝထဲကို ဝင်လာချိန်မှာတော့… ကျိန်စာသင့်နေတဲ့အချစ်ကြောင့် ချစ်မိမှာကြောက်နေတဲ့ဆာရီနဲ့ မင်္ဂလာပွဲမှာ ချစ်သူကထားရစ်ခဲ့လို့ လောကကြီးကနေ ပျောက်ကွယ်သွားချင်နေတဲ့ ဂျိုလိုတို့ကြား ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Mary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 2.27GB/ 990MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:44:46 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by CharOu, Mary, Reddy & Ji Yeon Encoded by Tiff

6.6 2025 104 mins
My Love Will Make You Disappear