YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

EXchange.S02E05.1080p.CM.mp4

1.42 GB N/A video/mp4 189 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
An Affair to Forget
5

ရိုဝမ်နာရာမိုစ်ဟာ ဂုဏ်သတင်းကြီးနိုင်ငံကျော် အိမ်ထောင်ရေးရှေ့နေတစ်ဦးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာရော လူမှုရေးအသိုင်းအဝိုင်းမှာပါ ရိုသေလေးစားခံရပေမယ့် သူ့အိမ်တွင်းမှာတော့ ခင်ပွန်းသည်ကခပ်ခွာခွာဆက်ဆံသလို တစ်ဦးတည်းသောသားဖြစ်သူ ချားစ်ကလဲ ခပ်တန်းတန်း ဖြစ်နေပါတယ်။ ဒီထက်ပိုဆိုးတာက သူ့ခင်ပွန်းသည်ပန်းချီဆရာဟာ လတ်တလော စတူဒီယိုထဲမှာပဲနေထိုင်ရင်း ပန်းချီပြပွဲတစ်ခုအတွက် အသည်းအသန်ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီပန်းချီပြပွဲရဲ့အဓိကအကြောင်းအရာကလဲ ကိုယ်လုံးတီးအမျိုးသမီးတွေဖြစ်တဲ့အတွက် ကိုယ်ဟန်ပြမယ် ငယ်ငယ်လှလှလေးတွေနဲ့နှစ်ဦးတည်းလွှတ်ထားရတဲ့အခြေအနေပါ။ အသက်အရွယ်နဲ့မလိုက်အောင်လှပအရွယ်တင်တဲ့အတွက်ပတ်ဝန်းကျင်ကအံ့သြချီးကျူးကြပေမယ့် ခင်ပွန်းသည်ရဲ့ လျစ်လျူရှုမှုတွေအောက်မှာ အကြိမ်ကြိမ်ရှုံးနိမ်ခဲ့ရာကနေ စိတ္တဇဖြစ်လာခဲ့တဲ့ ရာမိုစ်ဟာ သူရဲ့အမှုသည်တစ်ယောက်ကတစ်ဆင့် သိခဲ့ရတဲ့ ကြေးကြီးဇိမ်မယ်တစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပြီးတဲ့နောက် ဘယ်သူမှမတွေးမိလောက်တဲ့အကြံအစည်ကြီးတစ်ခုကိုစိတ်ကူးရသွားပါတော့တယ်။ အဲ့ဒါကတော့ အဲ့ဒီကြေးကြီးဇိမ်မယ်လေးကို သူကိုယ်တိုင်ငှားပြီး သူ့ယောက်ျား တကယ်ဖောက်ပြန်နေတာဟုတ်မဟုတ်ကိုသိရအောင် မြူဆွယ်ဖြားယောင်းခိုင်းဖို့ပါပဲ။ တကယ်တမ်း အဲ့ဒီမိန်းကလေးစိတ်ဝင်စားနေတဲ့သူဟာ သူ့ခင်ပွန်းမဟုတ်ပဲ သူ့ကိုဖြစ်နေခဲ့ပြီး သူ့အတွက် ခင်ပွန်းသည်နဲ့သားတို့ကို အန္တရာယ်ပေးဖို့အထိကြံစည်လာချိန်မှာတော့...။ ဇာတ်လမ်းတည်ဆောက်ပုံအရ 2009 ခုနှစ်ကထွက်ခဲ့ပြီး Commercial success ဖြစ်ခဲ့တဲ့ Liam Neeson, Julianne Moore နဲ့ Amanda Seyfried တို့ရဲ့ ''Chloe'' နဲ့အတော်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ''Chloe'' Remake လို့သဘောထားပြီးကြည့်ရင်လဲ မင်းသမီးတွေရဲ့အလှအပနဲ့တင်ကြည့်ရတန်တဲ့ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 36Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Comedy • Romance
5 2022 96 mins
An Affair to Forget
Case 39
6.3

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့ အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်... Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေ မိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်.... ၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily က ကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ် အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ File Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Drama • History
6.3 2009 109 mins
Case 39
Kingsman: The Golden Circle
7

ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေး လွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ် အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ထက် မြုပ်ကွက်တွေပိုများပြီး Action Scene တွေကလဲ ကြည့်ရှူသူအကြိုက်တွေ့စေမှာသေချာပါတယ်။ ဟာသလေးတွေရယ်၊ John Denver ရဲ့ ကမ႓ာကျော် Take Me Home, Country Road သီချင်းရယ်နဲ့အတူ ဟယ်ရီမှတ်ဉာဏ်ဘယ်လိုပြန်ပေါ်အောင်လုပ်မလဲ၊ Kingsman အဖွဲ့မှ ာ ဘယ်သူတွေထပ်ပြီး အနစ်နာခံရမလဲ၊ Statesman အဖွဲ့မှာရော ဘယ်လိုမြုပ်ကွက်တွေ ရှိနေလဲဆိုတာသိနိုင်ဖို့ 2017 ထွက် Action ကားတွေထဲကအကောင်းဆုံးတစ်ကားအပါအဝင်ဖြစ်တဲ့ Kingsman: The Golden Circle ကို ခုပဲ Download လုပ်ပြီးကြည့်ရှူလိုက်ပါ။

Drama • History • War
7 2017 141 mins
Kingsman: The Golden Circle
Por Thozhil
8.1

Por Thozhil ( 2023 ) ================== IMDb 8.4/10 တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။ Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL /1080p WEB DL / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Yunni~ Moon~ V~Cherry ~ Zwe Yan

Drama
8.1 2023 148 mins
Por Thozhil
Isle of Dogs
7.9

Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ် အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ် လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw

Drama
7.9 2018 101 mins
Isle of Dogs
The Skeleton’s Compass
6.2

မိသားစုကြည့်ဖို့ ကလေးစွန့်စားခန်းရုပ်ရှင်လေးတစ်ခုပါ။ အလယ်တန်းကျောင်းသားလေး Champ တို့သူငယ်ချင်းတစ်သိုက်ဟာ သစ်တောထဲမှာ ရှေးခေတ်ကအရိုးစုတစ်ခုကိုတွေ့ပြီးနောက်မှာ ရတနာသိုက်ရှာပုံတော်ထွက်ရင်းနဲ့ မထင်ထားပဲ အတိတ်ကိုပြန်ရောက်သွားပြီးစွန့်စားခန်းတွေ ကြုံရပါတော့တယ်။Champ တို့လည်းရတနာရှာရင်းနဲ့ သူငယ်ချင်း၊မိသားစုတွေရဲ့သံယောဇဉ်ကအရေးအကြီးဆုံးဆိုတာသိလာရပြီး အတိတ်ကဖြစ်ရပ်တွေအပေါ် ပိုနားလည်လာရပါတယ်။ ထက်မြက်တဲ့ကလေးသရုပ်ဆောင်တွေပါ၀င်ထားတဲ့ ကြည်နူးစရာကားလေးပါ။ File size…(1GB) / (609MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:37:00 Genre…Adventure / Family / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Adventure • Animation • Comedy • Family
6.2 2022
The Skeleton’s Compass
Balada Si Roy
7.4

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် … နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်…. File Size : 2.2GB, 921MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama , Action Translated by Thinn Thinzar Encoded by Phyo Pyae

7.4 2023 109 mins
Balada Si Roy
My Animal

ဟယ်သာဟာ ဆယ်ကျော်သက် တစ်ယောက်။ ဟယ်သာကို အဖေကလွဲပြီး ဘယ်သူမှမချစ်ဘူး၊ ဟယ်သာ့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီလိုမျိုး အဘက်ဘက်ကနေ ဖိနှိပ်မှုတွေနဲ့ ကြုံနေရတဲ့ ဟယ်သာဟာ မြို့ကို ပြောင်းရွှေ့လာတဲ့ ရေခဲပြင်စကိတ်ဝါသနာရှင်လေး ဖြစ်တဲ့ ဂျိုနီးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အေးစက်နေတဲ့ မြို့ငယ်လေးမှာ ဟယ်သာအတွက်ပထမဆုံးနေရောင်ခြည်လေး ဂျိုနီး…ဟယ်သာရဲ့ လျှို့ဝှက်ချက်ကို ဂျိုနီးတစ်ယောက် သိသွားတဲ့အခါမှာတော့… Hunger Gameမှာ Rueအဖြစ်ပါဝင်ခဲ့တဲ့ Amandla Stenbergနဲ့ Under the silver lake ဇာတ်ကားမှာ အသိအမှတ်ပြုခံထားရတဲ့ Bobbi Salvör Menuez တို့ဦးဆောင်ပါဝင်ထားပြီး ၂၀၂၃မှာထွက်ရှိထားတဲ့ ဇာတ်ကားအသစ်ဖြစ်ပါတယ်။ Horror romanceအမျိုးအစားဖြစ်လို့ ဆယ်ကျော်သက်တွေရဲ့နေ့စဉ်ဘဝ၊ ဖိအားနဲ့ စိတ်ခံစားချက်အပြောင်းအလဲတွေအပြင် ဟယ်သာနဲ့ဂျိုနီးကို ခြောက်လှန့်လာမယ့် လျှို့ဝှက်ချက်ကိုပါ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Fantasy, Horror, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ahorne

0 2023
My Animal
Wonder Woman (2020)
6.8

DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/dceu/ ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013) – Batman vs Superman: Dawn of Justice (2016) – Suicide Squad (2016) – Wonder Woman (2017) – Justice League (2017) (Theatrical Cut) – Aquaman (2018) – Shazam! (2019) – Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020) – Wonder Woman 1984 (2020) – Zack Snyder’s Justice League (2021) – The Suicide Squad (2021) – Black Adam (2022) – Shazam!: Fury of the Gods (2023) – The Flash (2023) – Blue Beetle (2023) – Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Wonder Woman 1984 (2020) IMDb Rating (5.4) / Rotten Tomatoes (73%) DatShin Review: WW84 … 2017 က ထွက်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ DC Comics တွေထဲမှာတင်မဟုတ်ဘူး Superhero ကားတွေထဲမှာပါ အကောင်ဆုံးရုပ်ရှင်ကားတစ်ကား။ Perfect မဟုတ်ပေမဲ့ Superhero ကား (အထူးသဖြင့်) အမျိုးသမီး Superhero ကားဆိုတာ ဒီလိုရိုက်ရတယ် ဆိုပြီး ရှေ့ဆောင်လမ်းပြခဲ့သလိုမျိုးကို အောင်မြင်ခဲ့ပါတယ်။ Gal Gadot နဲ့ Chris Pine တို့ရဲ့ သရုပ်ဆောင်မှုနဲ့ chemistry, Wonder Woman ရဲ့ အပြစ်ကင်းစင် ပြုံးရွှင်နေတဲ့ အပြုံးနဲ့အတူ လူတွေကြားမှာ စစ်မက်တွေ ကင်းမဲ့အောင် ကြိုးပမ်းမှု၊ အမျိုးသမီးတွေကို နှိမ့်ချနေတဲ့ discrimination တွေကို မားမားမတ်မတ် ရပ်တည်ပြမှု၊ စစ်သည်တွေကို ဦးဆောင်နိုင်မှု စတာတွေကြောင့် Wonder Woman ရုပ်ရှင်ဟာ serious ဖြစ်သလောက် ပျော်လည်းပျော်၊ အားလည်းတက်ရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ WW84 မှာတော့ Patty Jenkins နဲ့ အဖွဲ့တွေဟာ အရင်ကားလိုမျိုး formula အတိုင်းပဲ သွားခဲ့ပါတယ်။ 1984 theme ဆိုတော့ အရောင်စုံ လင်းလက်နေပြီး မျှော်လင့်ချက်တွေ၊ ပျော်စရာတွေ ပိုယူဆောင်လာမဲ့အထာပေါ့။ ဇာတ်လမ်း concept ကလည်း မိုက်တယ် မဆိုးဘူး။ ဒီမှာအပြောအရဆို “message” ကောင်းကောင်း ပေးနိုင်မဲ့ဟာမျိုး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဇာတ်က over တွေဖြစ်ပြီး အရင်ကားနဲ့ ဘာမှကိုမဆိုင်တော့အောင် ဖြစ်နေခဲ့ပါတယ်။ Wonder Woman ဆိုတာ ဘယ်လိုကြမ်းကြောင်း၊ ဘယ်လို epic ဖြစ်ကြောင်း၊ လူတွေကို ဘယ်လိုကယ်ကြောင်း အမျိုးသမီးငယ်လေးတွေကို ဘယ်လိုမျိုး hope and inspiration တွေယူဆောင်လာကြောင်း စတာတွေကို အရမ်းအရမ်းကို လုပ်ပြထားတယ်။ ကာတွန်းကားဆန်ဆန်ဖြစ်နေတယ်။ ကလေးတွေဆို ကြည့်ပြီး ရယ်ကြ သဘောကျကြမဲ့ အကွက်တွေ ထည့်ထားတယ်။ Slow motion တွေ စွတ်သုံးထာတယ်။ ဒီလို Over ဖြစ်နေတဲ့ script နဲ့ edit တို့ကြောင့် WW84 ဟာ DC က Superhero ကားတစ်ကား ပုံစံမဟုတ်ဘဲ Disney channel မှာလာနေတဲ့ ကလေးကြည့် ဇာတ်လမ်းတွဲတစ်ပုဒ်လိုမျိုးကိုဖြစ်နေတယ်။ Femenism ကိုပြတာမှာလည်း အရင်ကားလိုမဟုတ်ဘဲ အရမ်းကိုပြီးစလွယ်ဖြစ်လာတယ်။ သတိထားကြည့်ရင် Wonder Woman ကယ်တာခံရတဲ့ ကလေးတွေအပါအဝင် victim တွေ အားလုံးနီးပါးက အမျိုးသမီးတွေဖြစ်ပြီး ယောင်္ကျားတွေ နမော်နမဲ့လုပ်လို့ ဝင်ကယ်လိုက်ရတာချည်းပဲ။ အဲအပြင်လည်း ယောင်္ကျားတစ်ယောက်မှ ကောင်းတာမပါဘဲ အားလုံးက စော်ချောချောလေးမြင်တာနဲ့ hey sexy ဆိုပြီး ဝိုင်အော်ကြတဲ့ super နှာဘူးတွေချည်းပဲဖြစ်နေတယ်။ Wonder Woman (2017) တုန်းကလို တကယ်ကို epic and powerful လည်းဖြစ် meaningful ဖြစ်တဲ့အခိုက်အတန့်တွေမပါပဲ သက်သက်ကြီးလုပ်ပြနေတာမျိုးတွေပဲ ပိုများနေတယ်။ တချို့ cut တွေဆိုလည်း လုံးဝမထည့်ရင် ရသလောက် နားမလည်မှာစိုးလို့လားမသိဘူး အတင်းကြီးလုပ်ပြထားတာတွေရှိတယ်။ Truth is beautiful ဆိုတာကလည်း ပြောလို့သာ လူကြားကောင်းတာပါ။ လောဘမတက်ကြတဲ့ပေါ့။ မိုက်တယ် concept က။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် အလုပ်မဖြစ်ပါဘူး။ သူကတော့ ပြောနိုင်တာပေါ့ Amazon က Goddess ချောပြီးသား လှပြီးသား၊ တော်ပြီးသား။ စစ်ဘေးရှောင် ငတ်ပြတ်ပြီး ဘယ်တော့သေရမလဲ ဘယ်ပြေးရမလဲ မသိတဲ့ မိဘမဲ့ ကလေးတွေအတွက်တော့ truth is beautiful သွားလုပ်နေလို့မရပါဘူး။ သရုပ်ဆောင်တွေမှာလည်း Gal Gadot ကတော့ Gal Gadot ပဲ။ Steve ကိုကြည့်တဲ့ မျက်လုံးနဲ့အပြုံးတွေနဲ့ သူ့ရဲ့ ဝမ်းနည်းမှုတွေကတကယ့် top notch acting ဖြစ်ပြီး ရုပ်ရှင်ရဲ့ ရှားရှားပါးပါး ကောင်းကွက်တစ်ခုလည်းဖြစ်ပါတယ်။ Chris Pine လည်း မိုက်တယ်။ သနားမိတာကတော့ Pedro Pascal ပါပဲ။ Mandalorian နဲ့ Game of Thrones မှာ ကြမ်းခဲ့သလောက် ဒီမှာတော့ ငပေါကြီးလိုဖြစ်နေတယ်။ ကြိုးတော့ ကြိုးစားပါတယ် တချို့အခန်းတွေဆို သူဘယ်လောက်လုပ်နေလည်း သိသာတယ် ဒါပေမဲ့ script နဲ့ direction အောက်မှာ အူကြောင်ကြောင်နိုင်နေခဲ့တာတွေ များတယ်။ Max Lord နဲ့ Barbara တို့နှစ်ယောက် ပြောတဲ့အခန်းဆိုရင် ဟာသ sitcom တစ်ခုမှာ ဟာသတွေ ပြောနေတဲ့အခန်းလိုမျိုး တော်တော်လေး ကြည့်ရဆိုးတယ်။ DC ကားတစ်ကားအနေနဲ့ villain character ကို ဒီထက်အများကြီး ပိုကောင်း ပိုလှအောင် လုပ်ပြထားနိုင်ရက်နဲ့ တော်တော်နှမြောဖို့ကောင်းတယ်။ Action sequnce တွေက တချို့ပြောသလောက် မနည်းပါဘူး။ ကျွန်တော့် personal taste အရကတော့ action sequence များဖို့မလိုဘူး လိုအပ်သလောက် ထိထိရောက်ရောက် ပါရင် ရပြီ။ WW84 မှာ action sequence တွေက 1 တုန်းကလောက် သိပ်အားမရနိုင်ဘူးလို့ မြင်ပါတယ်။ ကြိုးတစ်ချောင်းနဲ့ ဟိုခုန် ဒီခုန် swing လုပ်နေတဲ့ cool move တွေပဲများပြီး သူ့ရဲ့ fighting skill ကို သေချာပြနိုင်မဲ့ဟာမျိုးတွေ မပါခဲ့ဘူး။ Final fight မှာတော့ CG က Black Panther Final Fight ထက်တော့ ပိုကောင်းတယ်၊ ဒါပေမဲ့ ထိရောက်မှု ရှိမနေပါဘူး။ Black Panther ထက်ပိုကောင်းတယ်ဆိုတာ ဒီတစ်ခန်းလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ action sequence တွေမှာတော့ Marvel ကို လုံးဝမမီသေးပါဘူး။ Creative ဖြစ်အောင်လည်း မပြနိုင်သေးဘူး။ ဥပမာ သူပြေးတဲ့အခန်းဆို Black Panther နဲ့ Captain America တို့ပြေးသလောက် ကြည့်မကောင်းဘဲ တစ်မျိုးကြီးပဲ။ ကြည့်ရ အဆင်မပြေဘူး။ ဆိုတော့ အရင်ကားမှာ အရမ်းမိုက်သလောက် အခုကားမှာဘာကြောင့် ဒီလောက်ဖြစ်သွားလဲတော့ မသိဘူး။ အရမ်းကောင်းတယ်လို့ ဝိုင်းပြောလို့ပဲ လွတ်သွားတာလား။ တစ်ခုရှိတာ ဟိုနေ့က Patty Jenkins ပြောပုံအရဆို Wonder Woman (2017) ရဲ့ ဇာတ်သိမ်းက သူ့ original vision မဟုတ်ဘဲ WB အကြိုက်ရိုက်ခဲ့ရတာတဲ့။ ဆိုတော့ WW84 ကိုလည်း ပိုပျော်ဖို့ကောင်းအောင်၊ younger audience တွေပါ ကြည့်လာအောင် လုပ်ခိုင်းပြန်သလားတော့ မသိဘူး။ ပထမကား ဘယ်လောက်ကောင်းကောင်း WB ဝင်ပါမှ sequel တွေဂွမ်းကုန်တာ ဆန်းတဲ့ဟာတော့ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် WW84 ရုပ်ရှင်ဟာ worthy sequel ဖြစ်မလာခဲ့တာကတော့ နှမျောစရာပါပဲ။ Admin KPK DatShin: 2/5 IMDB: 5.7/10 Rotten Tomatoes: 63% (ရုပ်ရှင်အညွှန်းကို DatShin FB Page မှ ကူးယူဖော်ပြပါသည်။)

Science Fiction • Romance • Comedy
6.8 1984 151 mins
Wonder Woman (2020)
The Deaths of Ian Stone
5.5

အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။ တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။ အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။ အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

5.5 2007 87 mins
The Deaths of Ian Stone
Pani
6.8

Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ) သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။ သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကို ဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာ လစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီး အလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့် ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီး အလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေ ဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန် အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေး ဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီး လှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး……… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Comedy
6.8 2024 141 mins
Pani
Personal Shopper
6.3

Personal Shopper (2016) IMDb Rating (6.1) / Rotten Tomatoes (81 %) Twilight မင်းသမီး Kristen Stewart တကိုယ်တော်ကြမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဒရမ်မာဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့…. မော်ရင်းဟာဂျာမန်ရုပ်ရှင် စတားကိုင်ရာရဲ့ လက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး ကိုင်ရာဓာတ်ပုံရိုက်ရာမှာ ရုပ်ရှင်ရိုက်ရာမှ ဝတ်သမျှ အဝတ်အစားတွေကို စီစဉ်ပေးရသလို အဝတ်အစားတွေကို ပြန်အပ်တာတွေလည်း လုပ်ရတာပါ။ တကယ်တမ်းတော့ မော်ရင်းဟာ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ကိုင်ရာ့ဆီမှာ ဆက်ပြီးလုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ မော်ရင်းဆီကို ထူးဆန်းတဲ့ စာတိုမက်ဆေ့ချ်တွေ ရောက်လာခဲ့ပြီး ပို့တဲ့ သူကလည်း သူနဲ့ပတ်သက်တာမှန်သမျှ အကုန်သိတဲ့သူဖြစ်နိုင်တာမို့ သူအစ်ကိုဆီကလို့ပဲ မော်ရင်းထင်ခဲ့ပါတယ်။ မော်ရင်းမှာ အမြွှာအစ်ကို လူးဝစ္စရှိပြီး မကြာမီလပိုင်းကမှ ကွယ်လွန်သွားခဲ့တာပါ။ မော်ရင်းတို့ အမြွှာမောင်နှမမှာ နှလုံးရောဂါရှိပြီး ဘယ်သူအရင်သေမလဲဆိုတဲ့ အနေအထားပါ။ မော်ရင်းက သူတို့မောင်နှမ အတူနေခဲ့တဲ့ အိမ်ကြီးဆီကို မကြာခဏသွားပြီး တမလွန်က သူ့အစ်ကိုနဲ့ ဆက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လူးဝစ္စက သူအကယ်၍များ မော်ရင်းထက် အရင်သေသွားခဲ့ရင် တမလွန်ကနေ မော်ရင်းကို ဆက်သွယ်မယ်လို့ ပြောထားဖူးတဲ့အတွက် မော်ရင်းက စောင့်မျှော်နေတာပါ။ လူးဝစ္စရဲ့ အိမ်မှာ သွားနေရင်း မော်ရင်းတစ်ယောက်ဘယ်လို အခြောက်အလှန့်တွေ ကြုံရမှာလဲ၊ သူ့အစ်ကိုက တကယ်ပဲ တမလွန်ကနေ ဆက်သွယ်လာမှာလားဆိုတာတော့……။ ဇာတ်ကွက်အချို့က ကြမ်းတမ်းပြီး စကားလုံးအသုံးအနှုန်းအချို့ ရိုင်းစိုင်းတယ်လို့ ဝေဖန်ထားကြတဲ့ ဒီဇာတ်ကားမှာ မော်ရင်းအဖြစ် ခရစ္စတင်စတီးဝပ်၊ အင်ဂိုအဖြစ် လားစ်အီဒင်ဂါ၊ ကိုင် ရာအဖြစ် နိုရာဗွန်ဝဲလ်စတာတန်၊ အာဝင်အဖြစ် အန်ဒါစ်ဒန်နီယယ် ဆန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ (ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြထားပါသည်။)

Drama • Comedy • Romance
6.3 2016 106 mins
Personal Shopper
Love 4 Sale

Love 4 Sale (2024)”ပျားရည်ထောင်ချောက်'” ================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့ တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကို လူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီး ဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့ နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့ အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူက ဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီက သူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့ နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)

0 2024
Love 4 Sale
Swing Girls
7.6

Swing Girls (2004) ******************* ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy/Drama အမျိုးအစား Swing Girls ဆိုတဲ့ ဂျပန်ကားလေးဖြစ်ပါတယ်။ စိတ်မရွှင်လန်း အားလျော့နေချိန်မှာ ဘဝအမောပြေပျောက်ပြီး စိတ်ခွန်အားရချင်သူများ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားအဖြစ် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဒီလူငယ်ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပူပြင်းလှတဲ့ ဂျပန်နွေရာသီမှာ အချိန်ပိုသင်တန်းပြန်တက်နေရလို့ ငြီးငွေ့နေကြတဲ့ တိုမိုကိုတို့ သူငယ်ချင်းတစ်စုဟာ အားကစားပွဲကို တီးမှုတ်ဖျော်ဖြေဖို့ ထွက်ခွာသွားကြပြီးနောက် ကားပေါ်မှာ နေ့လယ်စာ မပါတာကို သိသွားခဲ့ပါတယ်။ သင်္ချာဆရာ အိုဇဝါအတန်းချိန်လည်းဖြစ် စာသင်ဖို့ ငြီးငွေ့နေကြတဲ့ သူတို့ဟာ ဆရာ့ကို ခွင့်တောင်းပြီး ရထားနဲ့ နေ့လယ်စာ သွားပို့ခဲ့ကြပါတယ်။ ရထားပေါ်မှာ နေ့လယ်စာဘူးကို ဖောက်စားကြည့်ပြီးနောက် အိပ်ပျော်သွားတဲ့အတွက် ဆင်းရမယ့် ဘူတာကျော်ပြီး သူတို့ဟာ နေပူပူမှာ လမ်းလျှောက်ပြီး သွားပို့ခဲ့ရပါတော့တယ်။ ကံဆိုးချင်တော့ နေ့လယ်စာမလောက်ငလို့ မစားလိုက်ရတဲ့ တာခုအိုကလွဲပြီး စားမိတဲ့ ဂီတဆရာမရော ကျောင်းသူကျောင်းသားတွေပါ ဆေးရုံရောက်ကုန်ကြပါတော့တယ်။ တီးဝိုင်းက ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူ တာခုအိုဟာ ကျောင်းဘော့စ်ဘောပွဲအတွက် အလောတကြီး တီးဝိုင်းအစားထိုး ဖွဲ့ဖို့ စိတ်ဝင်စားသူများ ပါဝင်ကြဖို့ အစည်းအဝေးခေါ်ခဲ့ပါတယ်။ ပန့်ခ်တီးဝိုင်းက ဘော့စ်သမား ၂ ယောက်နဲ့ ဆဲကီဂုချီတို့ပဲ ရောက်လာခဲ့ကြပါတယ်။ တာခုအိုက တိုမိုကိုတို့ မိန်းကလေးအုပ်စုကို နေ့လယ်စာထမင်းဘူးကိစ္စနဲ့ တီးဝိုင်းမှာပါဖို့ ဖိအားပေးခဲ့ပါတယ်။ ဘာကိုမှ အလေးအနက်မရှိကြတဲ့ တိုမိုကိုတို့ မိန်းကလေးအုပ်စုနဲ့ “Big Band jazz” ကို မဖြစ်ဖြစ်အောင် ဖွဲ့ပြီးတီးမှုတ်ဖျော်ဖြေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂီတအကြောင်း ဘာမှမသိ၊ လေ့ကျင့်ဖို့ ကိုယ်ပိုင်တူရိယာမရှိ၊ ဝယ်စရာပိုက်ဆံမရှိတို့ တိုမိုကိုတို့နဲ့ တာခုအို ဘယ်လိုစခန်းသွားပြီး “Swing Girls”အဖွဲ့ဖြစ်လာအောင် လုံးပမ်းကြမလဲ… နာမည်ကျော် jazz ဂီတကို အားကစားပွဲမှာရော စင်မြင့်ထက်မှာပါ အောင်မြင်စွာ ဖျော်ဖြေတင်ဆက်နိုင်ကြပါ့မလားဆိုတာ… ပရိသတ်တွေကို အချိန်ပေးကြည့်ရှုရတာနဲ့တန်အောင် ရယ်မြူးပျော်ရွှင် စိတ်အားတက်ကြွဖွယ်မျိုးစုံနဲ့ Swing Girlsမှာ ဘယ်လိုတွေ ဖန်တီးတင်ဆက်ထားသလဲဆိုတာကို ခံစားကြည့်ရှုကြပါစို့လား… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.53GB / 738MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Music, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

Animation • Family • Romance • War
7.6 2004 105 mins
Swing Girls