YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dumbo [2019] (MM Sub).mp4

959.96 MB N/A video/mp4 515 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fight the Fight
4.9

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်.... ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား... ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy • Drama • Romance
4.9 2011 133 mins
Fight the Fight
Troll
6.7

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2GB, 745MB, 397MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Action, Adventure, Drama Translated by Mr.Anderson Encoded by Kinnov, Thit San Khant

Romance
6.7 2022 104 mins
Troll
Camila Comes Out Tonight
6

ဒီဇာတ်ကားဟာ အဘွားနေမကောင်းဖြစ်နေလို့ အိမ်ပြောင်းလာကြတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေကို ခပ်ပါးပါးလေးရောယှက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ကာမီလာဟာ အမေရယ် ညီမလေးရယ်နဲ့အတူ အဘွားအိမ်ကိုပြောင်းလာခဲ့ကြပြီး မြို့အသစ်ရဲ့ ကျောင်းအသစ်ကိုရောက်တော့ သူငယ်ချင်းမရှိတဲ့အတွက် တစ်ယောက်တည်း ‌ယောင်ချာချာ ဖြစ်နေခဲ့ရပါတယ်။ ဒီလိုနဲ့သူငယ်ချင်း မိတ်ဆွေတွေ ရလာခဲ့တဲ့အခါမှာလည်း ထင်သလိုအဆင်မပြေဘဲ အခက်အခဲလေးတွေ ထပ်မံကြုံတွေ့ရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်၀င်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။ ဒီဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိဘကြား ဆက်ဆံရေးအခက်အခဲတွေကို ဆဲဆိုအော်ဟစ်တာမပါဘဲ ခပ်အေး‌အေးပဲ ချပြသွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ခွန်အားတွေပါပေးတဲ့အတွက် ဇာတ်ကားငြိမ့်ငြိမ့်လေးကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.7GB / 600MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Drama
6 2022 100 mins
Camila Comes Out Tonight
Pirates of the Caribbean: At World's End
7.2

သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... -------------------------------------------------------------------------------------- File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Drama • Thriller
7.2 2007 169 mins
Pirates of the Caribbean: At World's End
Comrades, Almost a Love Story
8.1

Comrades, Almost A Love Story (1996) ~ IMDb – 8.1/10, Rotten Tomatoes – 89% ~ Directed By Bunny Chan အချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ဟောင်ကောင်ကို ပြောင်းလာခဲ့တဲ့ သူတွေရဲ့ အခြေအနေကို ကောင်းကောင်းကြီး ပုံဖော်ထားခဲ့သလို ပြည်မကလူတွေ တောသားမြို့တက်အထင်ခံရမှာစိုးတဲ့ သဘာ၀ကိုလည်း ပုံဖော်ထားခဲ့တယ်။ အဲဒီလိုပုံဖော်ထားတဲ့အထဲ ရယ်ရခက်ငိုရခက် တစ်ချက်ကိုပြောရရင် ပြည်မကလူတွေဟာ Teresa Tang ဆိုတဲ့ အဆိုတော်ကို တော်တော်သဘောကျကြတယ်။ မက်ဂီချောင်ဟာ ပြည်မမှာ Teresa Tang အခွေတွေ ရောင်းတုန်းက အရမ်းရောင်းကောင်းခဲ့တော့ ဟောင်ကောင်ပွဲဈေးမှာရောင်းဖို့ ရှိသမျှပိုက်ဆံတွေကို Teresa အခွေတွေ၀ယ်ပြီး ရင်းခဲ့တယ်။ ကံဆိုးချင်တော့ ဟောင်ကောင်မှာ Teresa သီချင်းနားထောင်ရင် ပြည်မသားဆိုတာ လိုက်ပြောလိုက်သလိုဖြစ်နေတော့ ကြိုက်ကြပေမဲ့ ဘယ်သူ့မှ မ၀ယ်ကြပါဘူး။ ဒီလိုနဲ့ မက်ဂီချောင် အရင်းပြုတ်သွားတယ်။ ဒီလိုဆိုလို့ Teresa ကို ခပ်ညံ့ညံ့အဆို‌တော် မထင်လိုက်ပါနဲ့။ Teresa ဟာ တရုတ်ပြည်ရဲ့ ဂန္တ၀င်အဆိုတော်လို့ ပြောလို့ရပြီး တရုတ်တွေရှိတဲ့ နေရာတိုင်းမှာ Teresa သီချင်းသံကြားရတယ်ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Teresa သီချင်းတွေ နေရာမလပ် လွှမ်းခြုံထားသလို ဒီရုပ်ရှင်မှာ Teresa ဟာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်းလည်း ဟုတ်ပါတယ်။ Comrades ရုပ်ရှင်ရဲ့ တရုတ်နာမည်က Tian Mi Mi ဆိုတဲ့ Teresa သီချင်းနာမည်ကို ယူထားတာဖြစ်သလို ဒီရုပ်ရှင်အနှံ့မှာ Tian Mi Mi သီချင်းကို ကြားရမှာပါ။ တော်တော်ကောင်းတဲ့ သီချင်းပါပဲ၊ YouTubeမှာ အလွယ်တွေ့နိုင်ပါတယ်။ တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးစာရင်း၀င်တဲ့ လီယွန်လိုင်ဟာ ဝေါင်ကာဝေးရဲ့ Fallen Angels မှာ ခပ်မိုက်မိုက် ကြေးစားလူသတ်သမား ဇာတ်ကောင်နေရာနဲ့ ပီပြင်ခဲ့သလို ဒီထဲလည်း ပြည်မကနေ ဟောင်ကောင်တက်လာတဲ့ အူတူတူ အတတ ဇာတ်ကောင်နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းပါပဲ။ ဒီရုပ်ရှင်ထဲက သူ့ဇာတ်ကောင်ဟာ သူ့ဘ၀ကို ထင်ဟပ်နေတယ်လို့လည်းဆိုပါတယ်။ သူ့ရုပ်ရှင်ဆိုလို့ နှစ်ကားတည်း ကြည့်ဖူးပေမဲ့ လီယွန်လိုင်ဟာ ဒီတစ်ကားနဲ့တင် တော်တော်သရုပ်ဆောင် ကောင်းတဲ့သူဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ရဲ့ မက်ဂီကတော့ ဒီထဲပိန်ချုံးကျနေပြီး အရင်လောက် မလှဘူးထင်ရပေမဲ့ တစ်နေ့လေးနာရီလောက်ပဲ အိပ်ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်မလေးဇာတ်ရုပ်မှာ ဒီပုံစံက အံ၀င်ခွင်ကျပါပဲ။ ဒီလိုကမောက်ကမခေတ်ကြီးမှာ ဒီရုပ်ရှင်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ များလောက်မှာပါပဲ။ အိပ်မက်တွေရှိတယ်။ ကြိုးစားကြည့်ကြတယ်။ လဲကျကြတယ်။ အချစ်တွေရှိတယ်။ ဘ၀တွေက အဆင်ပြေမနေခဲ့ဘူး။ အချိန်မှား နေရာမှား ရောက်လာရသလို လမ်းလွဲခဲ့ကြတယ်။ Comrades ဟာ ဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းဖြစ်လုနီးနီး ဘ၀နှစ်ခုအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျွန်တော့်အနေနဲ့တော့ ထိုင်၀မ်နဲ့ ပြည်မက မာစတာပိစ်တွေထဲ သူတို့ခေတ် သူတို့အခြေအနေကို ထင်ဟပ်တဲ့ ရုပ်ရှင်ကောင်းတွေ တွေ့ရပေမဲ့ ဟောင်ကောင်မှာ ဒီလိုမျိုးရုပ်ရှင်တွေကို မကြည့်ဖူးခဲ့ပါဘူး။ ဥပမာဆို – A Brighter Summer Day မှာ ပြည်မကနေ ထိုင်၀မ်ခွဲထွက်ပြီး နောက်ပိုင်း အခြေအနေတွေကို ပြထားတဲ့ ပုံစံမျိုးပေါ့။ Comrades ကတော့ အချစ်ဇာတ်လမ်းလည်းဖြစ်သလို အဲဒီလိုဇာတ်လမ်းတွေရဲ့ အရသာကိုလည်း ပေးနိုင်ခဲ့တဲ့ ဟောင်ကောင်ရဲ့ အရာရာလှပနေတဲ့ မာစတာပိစ်တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုရေးတဲ့ Ivy Ho ဟာ ဇာတ်ညွှန်းဆုများစွာရခဲ့သလို ရုပ်ရှင်ကလည်း တခြားဆုများစွာလည်း ရထားတယ်။ ထူးတာကတော့ ဒီရုပ်ရှင်မှာ ဝေါင်ကာဝေးရဲ့ ပင်တိုင် စီနီမာတိုဂရပ်ဖာ ခရစ္စတိုဖာဒွိုင်းက အင်္ဂလိပ်စာသင်တဲ့ဆရာ အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။။ လူပြောတော်တော်များပေမဲ့ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို အရင်က မကြည့်ဖြစ်ခဲ့ပါဘူး။ သို့ပေမဲ့ နောင်တတော့မရပါဘူး။ ဒီလိုအခြေအနေတွေမှာ ကြည့်မှ ပိုနီးစပ်သွားမယ့်ရုပ်ရှင်လို့ ယူဆလို့ပါပဲ။ ဗိန်းဗောင်းဆင့်ရောက်လာတဲ့ ကမောက်ကမခေတ်မှာ အခြေအနေအချိန်အခါတွေ မလွယ်တဲ့ဘ၀တွေကြောင့်နဲ့ လမ်းလွဲခဲ့ရတဲ့ ချစ်ခြင်းတွေ နည်းမှာမဟုတ်ပါဘူး။ Comrades ဟာ အဲဒီအချစ်တွေကို ထင်ဟပ်မိလောက်မယ့် ရုပ်ရှင်ပါ။ ပုဂ္ဂလိက အမြင်အရတော့ အကြိုက်ဆုံးရုပ်ရှင် ဆယ်ဂဏန်းထဲ စာရင်းသစ်၀င်သွားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.2GB, 1.23GB Quality – Blu-ray 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
8.1 1996 118 mins
Comrades, Almost a Love Story
Mother’s Day is Cancelled

၂၀၂၃ထွက် စပိန်၂စကားပြော comedy drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းအကျဉ်းကတော့ မာနွယ်လ်ဆိုတဲ့ RK လေးနဲ့ အက်စ်မရဲဒါ ဆိုတဲ့ကောင်မလေးဟာ ကျောင်းတက်ရင်းတွေ့ဆုံချစ်ကြိုက်ပြီးတော့ မိဘတွေကိုအသိမပေးပဲနဲ့ လက်စ်ဗီးဂတ်စ်မှာ ကောက်လက်ထပ်လိုက်ကြပါတယ် လပိုင်းအကြာမှာတော့ မင်းသားရဲ့အဖေ ဖရန်စစ်စကိုဆိုတဲ့သူဌေးကြီးက သူ့အကိုရင်းကပိုက်ဆံတွေလိမ်ပြေးသွားလို့ ဒေဝါလီခံရတော့မှာပါ ဒီအကြောင်းကိုလည်းသူဌေးကြီးနဲ့သူ့ချွေးမပဲသိတာပါဒီလိုနဲ့သူတို့လူမျိုးတွေအလေးထားကျင်းပကြတဲ့အမေများနေ့အရောက်မှာတော့မိသားစုနှစ်စုဟာအကြောင်းမျိုးစုံနဲ့ထမင်းလက်ဆုံစားဖို့အကြောင်းဖန်လာပါတော့တယ်မိသားစုတွေစုံစုံလင်လင်ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရမဲ့နေ့ပေမဲ့မပျော်နိုင်တဲ့ကိစ္စတွေကမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါမှာတော့….. ဟာသကားလေးဆိုပေမဲ့အရမ်းရီနေရတာမျိုးထက် အလွဲတွေအစုံနဲ့ မိသားစုကြားကဆက်ဆံရေးတွေကို ရသမျိုးစုံပေါ်လွင်အောင်ရိုက်ပြထားတာမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ကားလေးပါ ဒါရိုက်တာJavier Colinasရဲ့လက်ရာဖြစ်ပါတယ် File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing

0 2023
Mother’s Day is Cancelled
Kelab Rojak

Kelab Rojak (2023) အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက် မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေ ဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခ စတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။ အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ ‌အတော်ကြီးအလုပ်ရှုပ်နေပြီးတော့ မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့ တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။ နှစ်‌ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့ သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကို နိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ် အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။ ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြော‌လို့ ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။ ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကို သိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ Hijabနဲ့ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အခါ၊ ကေအယ်လ်မှာတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ အလီရှာတစ်ယောက် လန်ကာဝီကကျောင်းက စည်းကမ်းတွေ ဆရာမတွေရဲ့ ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ဆိုတဲ့ အမိန့်ဆန်တဲ့စည်းကမ်းတွေကို သူနာခံနိုင်မှာလား။ ကျောင်းအသစ်မှာ အမှိုက်ကောက်ရင်း ရလာတဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အတူ သူတို့ဘာတွေဆက်လုပ်ကြမလဲ။ ယောက်ျားလေးပေမဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ အလှောင်ခံနေရတဲ့မင်ကစ်၊ စာတော်ပေမဲ့ စာဂျပိုးဖြစ်နေလို့ အနိုင်ကျင့်ခံရတဲ့ ဆာလယ်ဟာ၊ ယောက်ျားဆန်ဆန်နေတတ်လို့ ယောက်ျားလျာ ဆိုပြီး လူတကာကလက်ညှိုးထိုးနေတဲ့ ပါဗီထရာတို့ရဲ့ ပြဿနာတွေကိုရော အလီရှာတစ်ယောက် ဖြေရှင်းပေးနိုင်မလားဆိုတာ ပိတ်ကားထက်မှာပဲ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 784MB | 371MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Kelab Rojak
Before the Devil Knows You’re Dead
7.3

Imdb rating – 7.3/10 ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။ အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ရင်ဆိုင်​ရပါ​တော့တယ်။ Indie ရုပ်ရှင်​ဖြစ်လို့​ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်​အသွေး​မြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆ​တိုက်​ဆိုင်သွားတဲ့ ဖြစ်ရပ်​တစ်ခုက​နေ​ မိသားစု​ပြိုကွဲတဲ့အထိ​ ဆင့်ကဲသက်ရောက်သွားပုံကို​ Pulp Fiction​ ဇတ်​ကားလို​ non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်​အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့​ Ethan Hawke​ လို​ ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်း​ပီပြင်​တဲ့အတွက်​ ရုပ်​ရှင်​ဝေဖန်​သူတွေ​ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်​ဒီရုပ်ရှင်​နှစ်သက်​သူများနဲ့ မှုခင်းဒရာမာ​ Thriller ရုပ်ရှင်​များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်​မနေကြည့်ရှုသင့်တဲ့ ဇာတ်​ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ​ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip​ Hoffmann ကတော့​ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Romance • Comedy • Drama
7.3 2007
Before the Devil Knows You’re Dead
The Thundermans Return
5.5

Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ် ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကို Thundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့ အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင် အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 675MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 10m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

5.5 2024
The Thundermans Return
Yaariyan 2
5.3

Yaariyan 2 (2023) “အချစ်များ လွှမ်းခြုံ၍” မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါ လာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ “အမေ့နို့ဖိုး” ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ် အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ် သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို… တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2024
Yaariyan 2
I Sell the Dead
6

I Sell the Dead (2008) ================= ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့‌သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ဆရာဖြစ်သူ အလောင်းခိုးမှု၊ လူသတ်မှုနဲ့ ခေါင်းဖြတ်ခံရတဲ့အခန်းကနေစထားတာပါ။ တပည့်အလှည့်ကတော့ မနက်ဖြန်ပေါ့လေ။ အဲလိုသေဒဏ်မပေးခင်မှာ ဘုန်းတော်ကြီးတစ်ပါးကို အပြစ်သားဆီလွှတ်ပြီး အပြစ်ဖော်ဆုံးမခိုင်းလေ့ရှိပါတယ်။ ဘုန်းတော်ကြီးနဲ့ တပည့်ဖြစ်သူတို့ စကားပြောရင်း တပည့်လေးက သူတို့ရဲ့အလောင်းသူခိုးအတွေ့အကြုံတွေ၊ မျက်မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာတွေကို ပုံပြင်တစ်ခုလိုပြန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာပါတော့တယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:25:00 Genre_Comedy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Crime • Thriller
6 2008
I Sell the Dead
Fake Big Brother
5.8

CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်… မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့… သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်… ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့… ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်… ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ… ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ… ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်…

5.8 2024
Fake Big Brother
Wynonna Earp: Vengeance
5.6

Wynonna Earp: Vengeance (2024) IMDb Rating (5.6) ဝိုင်နုန်နားအာ့ပ် – နာမည်ကျော် ဥပဒေဘက်တော်သားကြီးဝိုင်းယက်အာ့ပ်၊ ကနေဒါ ရော့ကီးတောင်တွေနားက ပါဂတိုရီဆိုတဲ့ မြို့လေးက သူ့ဇာတိ။ မှော်အစွမ်းရှိတဲ့ ငြိမ်းချမ်းချင်သူကြီးဆိုတဲ့ သေနတ်ကိုကိုင်ပြီး နတ်ဆိုးတွေကို ငရဲပြည်ပြန်ပို့ပေးသူ။ ဝေဗာလီဆိုတဲ့ ဘာလာလာအကုန်ဒေါင်းတဲ့ အထန်ညီမတစ်ယောက်နဲ့ အသက်ရာချီရှည်တဲ့ ဒေါက် ဟော်လီဒေးဆိုတဲ့ ချစ်သူရှိတယ်။ ဒါတွေ အားလုံးဟာ Beau Smith ရဲ့ comic book series ကို အခြေခံရိုက်ကူးထားတဲ့ Wynonna Earp ဆိုတဲ့ Supernatural Western ရုပ်ရှင်စီးရီးထဲကပါ။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ season ၄ခုထွက်ထားပါတယ်။ ဆုတွေလဲ အတော်ရဖူးပါတယ်။ ခုရုပ်ရှင်ကတော့ အဆိုပါစီးရီးကို ပြန်အသက်သွင်းတဲ့အနေနဲ့ မူရင်းဇာတ်ကောင်တွေကို အသုံးပြုပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။ ကြိုပြီးသတိပေးထားချင်တာ တစ်ကားလုံးမှာ ပက်ပက်စက်စက်ကို ဆဲပါတယ်။ စကား ၁၀ခွန်းမှာ ၇ခွန်းခွဲလောက်က Slang တွေ Idiom တွေပါ (ဘာသာပြန်သူ စိတ်အတော်လေရပါတယ် – အမေရိကန်အစစ်တွေတောင် အလုံးစုံနားလည်ရဲ့လား မသိပါ) Straight ‌ရော LGBTရော အခန်းလေးတွေပါပါတယ်။ Horror အဆင့်လောက်တော့ ကြောက်စရာမပါပါဘူး။ စီးရီးကြည့်ဖူးသူတွေကတော့ ပြဿနာမရှိနိုင်ပေမယ့် ခုမှကြည့်ဖူးသူတွေကတော့ အတော်တိုင်ပတ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပါဂတိုရီဆိုတဲ့ မြို့လေးမှာ ဝိုင်နုန်နားအာ့ပ် ရဲ့ အချစ်ဆုံးသူငယ်ချင်းတစစီဖြတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဝိုင်နုန်နားလဲ ဒီကိစ္စကို စုံစမ်းဖို့ ပြန်လာရင်း တရားခံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီလူက ဘာအကြောင်းကြောင့် သူ့ကို ဦးတည်ပြီး တိုက်ခိုက်နေတာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြပါ။ ဇာတ်ဆောင်တွေအနေနဲ့ Melanie Scrofano, Tim Rozon, Dominique Provost-Chalkley နဲ့ Katherine Barrell တို့က ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.6 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller, Drama, Fantasy, Horror Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

5.6 2024 96 mins
Wynonna Earp: Vengeance
The Ranger
5.8

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုယ်သူသက်သေပြဖို့အတွက် ရွာကထွက်ပြေးလာပြီး မြို့ကသူငယ်ချင်းနဲ့အတူအလုပ်လုပ်ဖို့ရောက်လာခဲ့တယ်။ ဘိလိယက်ခုံမှာအလုပ်လုပ်ရမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့သူဌေးဟာနောက်ကွယ်မှာတရားမဝင်အလုပ်တွေလုပ်နေတာဖြစ်နေပါတယ်။ အဖေကဒါကိုသိပြီး လိုက်တားပြီးရွာကိုပြန်ခေါ်ပေမယ့် ဒါကိုမသိတဲ့ရိုးအတဲ့ကောင်လေးဟာ ရွာကအဖေကိုဆန့်ကျင်ပြီးတော့ မြို့မှာပဲလုပ်ဖို့ဂျစ်တိုက်ခဲ့တယ်။ အဲဒီနေ့ညမှာပဲ သူ့အဖေက တရားမဝင်အမဲလိုက်တဲ့သက်သေတွေကိုရသွားတဲ့အတွက် သတ်ခံလိုက်ရပါတယ်။ တော်တော်နဲ့အိမ်ပြန်မလာပဲ ရုတ်တရက်ပျောက်နေတဲ့အဖေကို ရှာတဲ့အခါမှ ကောင်လေးဟာအမှန်တရားကိုသိလိုက်ရတဲ့အခါ……

Action • Thriller
5.8 2025
The Ranger
Doc Holliday
4

Doc Holliday (2024) အမေရိကန်ရဲ့ သမိုင်းဝင် နာမည်ကျော် လူသတ်သမား၊ ဆရာဝန်နဲ့ လောင်းကစားသမား Doc Holliday ရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Doc Holliday ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ “Tombstone” (1993) နှင့် “Wyatt Earp” (1994) တို့လို နာမည်ကျော်ရုပ်ရှင်တွေနဲ့ မတူဘဲ မတူညီတဲ့ရှုထောင့်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Doc Holliday” (2023) ဇာတ်ကားမှာ Doc Holliday ရဲ့ ဘဝအစ၊ သွားဆရာဝန်ဘဝမှ စတင်ကာ အနောက်တိုင်းမြေသို့ ရောက်ရှိလာပုံ၊ လောင်းကစားသမားဘဝ သေနတ်ပစ်သမားတစ်ယောက် ဖြစ်လာပုံအထိ အသေးစိတ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ Tombstone ဇာတ်ကားထဲက Doc Holliday ရဲ့ ခပ်မိုက်မိုက်ပုံစံတွေကို မြင်တွေ့ရမှာထက် သူ့ခံစားချက်၊ စိတ်ဒဏ်ရာ၊ ရုန်းကန်လှုပ်ရှားမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Tombstone ထဲကနဲ့ မတူညီကွဲပြားတဲ့ Doc Holiday ဇာတ်ကောင်ကို မြင်တွေ့ချင်သူများအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Western Duration…. 01:33:04 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

4 2024
Doc Holliday