YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Drowning.Love.2016.720p.BluRay {CM}.mp4

1.15 GB 720p video/mp4 97 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Brooklyn's Finest
6.3

IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.3 2010 133 mins
Brooklyn's Finest
Luca
7.9

ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။ ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။ လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာ နေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။ အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။ သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။ File size…(3.7 GB)/(1.7 GB) /(1 Gb) Quality….BluRay 4K HEVC/WebDL 1080p /720p Format…mkv/mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,Nyeinsaeya Aung Translated by Mr. Anderson

7.9 2021 95 mins
Luca
Peace by Chocolate
6

Peace By Chocolate (2021) ~ IMDb – 6/10, Rotten Tomatoes – 86% ~ ၂၀၁၁ မတ်လမှာ စဖြစ်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုရုပ်ရှင်ကို တင်ဆက်လိုက်တဲ့ အချိန်မှာဆို ၁၁နှစ် ၂လ ၄ပတ်နဲ့ နှစ်ရက်တိတိရှိပါပြီ။ တော်တော်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်သလို ကမ္ဘာပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး ပေါ်ထွက်စေခဲ့တဲ့ ပြည်တွင်းစစ်လည်း ဟုတ်ပါတယ်။ အဲဒီက လူတွေ ဒုက္ခသည်လက်ခံပေးတဲ့ နိုင်ငံအသီးသီးမှာ ခိုလှုံကြတဲ့ အကြောင်းရုပ်ရှင်တွေလည်း မနည်းတော့ပါဘူး။ ဒီကားကတော့ အဲဒီဒုက္ခသည်တွေထဲကမှ ထူးထူးခြားခြား အောင်မြင်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဆီးရီးယားမှာ ဗုံးကြဲခံရရာက မိသားစုချောကလက်လုပ်ငန်းလေး ပျက်စီးခဲ့ရသလို သူတက်နေတဲ့ ဆေးကျောင်းလည်းတစ်၀က်တစ်ပျက် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်းသားလေးနဲ့ သူ့မိသားစုဟာ ကနေဒါကိုရောက်လာခဲ့ပါတယ်။ ဆာတီဖီကိတ်မရှ်ိလို့ ဆေးပညာနဲ့ အသက်မွေးချင်ပေမဲ့ မရ ဖြစ်‌နေတဲ့ ကျောင်းသားလေးနဲ့ သူ့မိသားစုကို ကနေဒါဒေသခံမိသားစုတစ်စုက ခေါ်ထားပေးပါတယ်။ ချစ်တဲ့လူတွေလည်းဆုံးရှုံး၊ အိမ်လည်းမရှိ၊ ဘ၀လည်းမရှိတော့တဲ့ သူတို့ဟာ သူတို့ဇာတိမှာ ဆုံးရှုံးခဲ့ရတဲ့ချောကလက်လုပ်ငန်းလေးကို အိမ်တွင်းဖြစ်အ‌နေနဲ့ စထောင်ပြီး ချာ့ခ်ျကျောင်းမှာ ရောင်းရာက အရသာကောင်းလွန်းလို့ အောင်မြင်လာခဲ့ပြီး အခက်အခဲတွေကြုံခဲ့ရပေမဲ့ လုပ်ငန်းကြီးထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းရဲ့ နာမည်က Peace by Chocolate တဲ့။ သူတို့မရခဲ့တဲ့ ငြိမ်းချမ်းမှုကို ချောကလက်နဲ့ရှာဖွေချင်တဲ့… ချောကလက်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တဲ့သူတွေပေါ့။ ဒုက္ခသည်တွေလည်း အောင်မြင်နိုင်ကြောင်း အမြင်သစ်ဖွင့်ပေးခဲ့တဲ့သူတွေဆိုလည်း မမှားဘူးပေါ့။ လက်ရှိမှာ Peace By Chocolate ဟာ ကမ္ဘာနဲ့ချီအောင်မြင်နေတဲ့ ချောကလက်လုပ်ငန်းစုကြီးဖြစ်ပြီး သူတို့အမြတ်ရဲ့ ၃ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းကို ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ လှူဒါန်းပေးထားပါတယ်။ တကယ့် Peace By Chocolate ပါပဲ။ မယုံမရှိပါနဲ့။ တစ်ခါတလေကျ ချောကလက်ကလည်း ကမ္ဘာကြီးကို ငြိမ်းချမ်းစေနိုင်တာပါပဲ။ စာကြွင်း – အဓိကဇာတ်လမ်းကို သိပ်မထိခိုက်ပေမဲ့ တစ်ချို့ အာရေဗျလိုပြောတဲ့နားမှာ စာပါမလာပါဘူး။ မူရင်းစာဖိုင်မှာကို ပါမလာတာပါ။ သုံးဖြတ်လောက်ပဲဖြစ်ပြီး တစ်ဖြတ်ကို ဘယ်လောက်မှမကြာသလို ဇာတ်လမ်းကိုလည်း မထိခိုက်တာမို့သည်းခံပေးကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.63GB, 772MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Mystery • Thriller
6 2021
Peace by Chocolate
Sugar

Sugar (2022) လွန်ခဲ့တဲ့ 6 နှစ်တုန်းက ကနေဒီးယန်း Ig ဆယ်လီ စော်လေးနှစ်‌ယောက်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းမှာ ဒေါ်လာသုံးဆယ်မီလီယံလောက် တန်ကြေးရှိတဲ့ ကိုကိန်းတွေ မှောင်ခိုသယ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ် ခုဇာတ်ကားလေးကတော့ အဲ့ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ ကမ္ဘာလှည့်ခရီးသွား ဆယ်လီလေးနှစ်‌ယောက် ဘယ်ကနေဘယ်လို မူးယစ်မှောင်ခိုသမားဖြစ်သွားလဲဆိုတာပါပဲ ဖြစ်ရပ်မှန်ပြန်ရိုက်ထားတယ်ဆိုပေမဲ့ ဇာတ်ကောင်တွေ အကုန်လုံးက စိတ်ဝင်စားဖို့ကောင်းမွန်ပြီး ထင်မှတ်မထားတဲ့ မြှပ်ကွက်တွေလဲထည့်သွင်းထားတာတွေ့ရမှာပါ Lead actress မင်းသမီးနှစ‌်ယောက်ကလဲ Instagram celebrity ဆိုတဲ့ဇာတ်ကောင်စရိုက်နဲ့အညီ တော်တော်လေးကို ဆွဲဆောင်မှုရှိတာမို့ လက်လွတ်မခံသင့်ကြောင်း လက်တို့ပေးပါရစေ အညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p | 480p File size… 1.7GB | 941MB | 501MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

Action • Comedy
0 2022
Sugar
The Duchess
6.9

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ် မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့ လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင် ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့ အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့ မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင် Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။ ဇာတ်လမ်းအကျဉ်း‌အနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့် သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့ ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်း‌တစ်ကားပဲဖြစ်ပါတယ်။ File size…1.52GB / 746MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Horror • Comedy
6.9 2008 110 mins
The Duchess
Fuzzy Head
6.7

ဇာတ်ကားတစ်ကားလုံး ပရိသတ်ကိုခေါင်းစားမဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က Fuzzy Head ဖြစ်ပြီး နာမည်နဲ့လိုက်အောင်ကို ခေါင်းကိုက်စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာ တွေ့ဖူးမြင်ဖူးနေတဲ့ ဇာတ်ကားတွေလို ဇာတ်ကွက်မျိုးတွေနဲ့မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြည့်ရှု ရမှာပဲဖြစ်ပါတယ်။ မာလာလို့ခေါ်တဲ့ ကောင်မလေးကငယ်စဉ်က စိတ်ဒဏ်ရာတွေရခဲ့တဲ့အတွက် စိတ်ဝေဒနာ တစ်မျိုးကို ခံစားနေရပြီး တကယ်ဖြစ်နေတဲ့အရာတွေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ အရာတွေနဲ့ အမြဲတမ်းရောထွေးနေတတ်ပါတယ်။အဲ့ဒီရောဂါကြောင့် အိပ်တောင် မအိပ်ရဲလောက်တဲ့အထိ ဖြစ်နေပြီးအတူတူနေထိုင်တဲ့ သူငယ်ချင်းဆီကနေ ထပ်ခါထပ်ခါထွက်ပြေးနေပြီး ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက် လျှောက်သွား နေတတ်သူတစ်ယောက်ပါ။သူ့စိတ်ဝေဒနာရဲ့ ဇာတ်မြစ်ကတော့ သူ့အမေကြောင့်ဖြစ်ပြီး သူ့ရဲ့ငယ်ဘ၀က သူ့အမေကြောင့်ပဲကြမ်းတမ်းခဲ့ပါတယ်။တစ်နေ့မှာသူ့အမေက သေသွားခဲ့ပြီးတော့ သေသွားတဲ့သူ့အမေရဲ့ ဘေးနားမှာသူရှိနေခဲ့ပါတယ်။ သူကတော့ သူ့အမေကိုသူကိုယ်တိုင် သတ်ခဲ့တယ်လို့ပြောပေမဲ့ တကယ်တမ်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူး။ဒီလိုနဲ့ သူ့အမေတကယ်တမ်း ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် သူ့မှတ်ဉာဏ်တွေထဲကနေ ပြန်လည်ရှာဖွေရင်း ဒီအိပ်မက်ဆိုးကြီးကနေရုန်းထွက်နိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.42GB / 636MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 84 mins
Fuzzy Head
Various Geeks
5.6

တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။ လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီက ဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့ အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေ အစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့…… ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား…… ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.6 2023
Various Geeks
That Kind of Love
5.5

That Kind of Love (2024) တစ်ကယ်တော့ အချစ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ လူတစ်ယောက်ကို ပျော်ရွှင်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ် အဲ့ဒိအတွက်ကိုဘေးကနေဖြည့်ပေးနေရုံလေးနဲ့ တစ်ဖက်လူရဲ့ဘဝလေး ပျော်ရွှင်​နေတယ် ပြည့်စုံနေတယ်ဆိုရင်ကိုပဲ ဝမ်းသာပီတိဖြစ်ရတယ်ဆိုတာကို အချစ်စစ်တယ်လို့ခေါ်ပါတယ်.. **ဆရာမ ဂျူး** That Kind of Love ဟာဆိုရင် Director Catherine O. Camarillo ရိုက်ထားတဲ့ ဖိလစ်ပိုင် Romantic comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အတွေအနေနဲ့ မင်းသမီး Barbie Forteza နဲ့ မင်းသား David Licauco တို့က ပါ၀င်အားဖြည့်ထားပါတယ်။ Mila (Barbie Forteza) ဆိုတဲ့ dating coach က Adam (David Licauco) ဆိုတဲ့ဘ၀င်ရူးပြီး အလုပ်များတဲ့ကောင်လေးကို ဖူးစာရှင်ရှာပေးရာကနေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါခင်ဗျာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wai Hylan ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….02:16:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wai Hlyan

5.5 2024
That Kind of Love
The Man Who Loved UFOs
5.2

ဒီဇာတ်ကားလေးကတော့ ဂြိုလ်သားယာဉ်ပျံ‌တွေအကြောင်းကိုလိုက်လံစုံစမ်းတဲ့ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Josè De Zer ဆိုတဲ့အာဂျင်တီးနားနိုင်ငံရဲ့နာမည်ကြီးသတင်းထောက်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ Josè တစ်ယောက်သူယုံကြည်ရာကိုလိုက်လံသက်သေပြရင်း ဘယ်လိုတွေကြုံရမလဲဆိုတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကျွန်တော်လေ့လာကြည့်သလောက် Josè ဆိုတာအပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး UFOတွေရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဖြစ်မှန်နဲ့အနည်းငယ်ပြောင်းထားတဲ့အတွက်ကြည့်ရှု့သူ‌တွေအဖို့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းမှာအမှန်ပါပဲလို့ထင်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

5.2 2024 107 mins
The Man Who Loved UFOs
Timestalker
5.6

ဒီဇာတ်ကားလေးကတော့ 2024 october တုန်းက ထွက်ရှိထားတဲ့ sci-fi romance အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Director အဖြစ်ရော writer အဖြစ်ရော အဓိကသရုပ်ဆောင် အဖြစ်ပါ Alice Lowe က ပါဝင်ထားပြီးတော့ တခြားသရုပ်ဆောင်တွေ အဖြစ် Aneurin Barnard, Jacob Anderson နဲ့ Nick Frost တို့က ဝင်ရောက်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Agnes ဟာ Alex ဆိုတဲ့ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားပြီးတော့ ကံမကောင်းစွာနဲ့ပဲ ပေါင်းဖက်ခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ဖြစ်သမျှဘဝတိုင်းမှာ Alex ကိုပဲ လိုက်ရှာနေပြီးတော့ နှစ်ယောက်အတူပေါင်းဖက်ဖို့ ကြိုးစားရင်း သမိုင်းတစ်လျှောက် ဘဝပေါင်းများစွာ ဒီတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့ Agnes ရဲ့တစ်ဖက်သက်အချစ်သံသရာကို ပရိသတ်တွေ အနေနဲ့ ကြည့်ရှုကြရမှာပါ။ IMDb မှာ 5.7/10 ဆိုတဲ့ rating ကောင်းတစ်ခုကို ရရှိထားကာ စိတ်ဝင်စားစရာကောင်းပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.36GB) / (724MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Comedy , Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Crime • Thriller
5.6 2024 89 mins
Timestalker
Becoming Astrid
7.1

Becoming Astrid (2018) ********************** အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဆွီဒင်စာရေးဆရာမ Asrid Lindgren အကြောင်းကို ကျောရိုးထားရိုက်ကူးထားတဲ့ Becoming Astrid ဆိုတဲ့ Biography, Drama ကား အမျိုးအစားပါ ကလေးတွေအတွက် စာအုပ်များစွာကို ရေးသားခဲ့တဲ့ Astrid ကို သူ့ပရိသတ်ကလေးတွေက မွေးနေ့ဆုတောင်း ပို့တဲ့အသံဖိုင်လေးကို ဖွင့်ပြီးနားထောင်တဲ့ ပုံစံနဲ့ သူ့ငယ်ဘဝကိုပါ တစ်ပါတည်း ရိုက်ကူးပြသထားပါတယ် Astrid ငယ်စဉ်ကတည်းက ပုံပြောကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ စာရေးစာဖတ်ကို အရမ်းဝါသနာပါပြီး တစ်နေ့မှာတော့ သူတို့မြို့လေးက သတင်းစာတိုက်မှာ အလုပ်သင်လုပ်ခွင့်ရခဲ့ပါတယ် အယ်ဒီတာကတော့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ သူပါ… သူစိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးရင်း Astrid နဲ့ ချစ်ကြိုးသွယ်မိရာက Asrid တစ်ယောက် ကိုယ်ဝန်ရသွားပါတယ် ကလေးကို တိတ်တိတ်ပုန်းမွေးပြီး သားလေးကို ဒိန်းမတ်မှာ ထားခဲ့ရတဲ့ Astrid တစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ… IMDB rating 7.1 ထိ ရထားတဲ့ ဇာတ်လမ်းကားလေးဖြစ်လို့ ဒရမ်မာချစ်ပရိသတ်တွေ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်… File Size : 1.69GB / 738MB Quality : Blu-Ray 1080p / 720p Duration : 02:03:00 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Heather Oo

Action • Thriller
7.1 2018 123 mins
Becoming Astrid
The Fate of the Furious Fast and Furious 8
6.6

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ The Fate of the Furious (2017) IMDb Rating (6.6) / Rotten Tomatoes (67%) Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ယူသွားပြီးတော့ Cipher နဲ့ ပူးပေါင်းသွားပါတော့တယ် ။ “Cipher” ဆိုတာကတော့ အလွန်တော်တဲ့ Hacker တစ်ယောက် Cyber အကြမ်းဖက်သူကြီးတစ်ဦးပေမယ့် မိန်းမချောလေးတစ်ဦးပါ။ သူက အလွန်တော်တဲ့Hacker မို့ သူ့အကြောင်းတွေ အလွယ်တကူ စုံစမ်းလို့မရပါဘူး။ဘဝဆိုတာ ရွေးချယ်မှုကြားထဲမှာပဲ ရှင်သန်လုပ်ရှားနေရတာပါ ။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာ ရှိပါတယ် “ အောင်မြင်ချင်သလား ရှုံးနိမ့်ချင်သလား” ကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ ဒွန်တစ်ယောက် ဒီလမ်းကို ရွေးချယ်သွားတာလည်း အကြောင်းရှိပါတယ်။ -မိသားစုတွေကို ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ဒွန် ဒီလမ်းကို ဘာကြောင့်များ ရွေးချယ်သွားရတာလဲ – “Cipher” ကရော ဒီ EMP ဗုံးကို ဘယ်လိုအသုံးချပြီး ဘာတွေကို အကြမ်းဖက်ချင်တာလဲ သူရဲ့ Hacking skill တွေကိုရော ဘယ်လောက်တောင်ပြနိုင်မှာလဲ -Furious အဖွဲ့သားတွေကရော ဒွန်ကို ဘယ်လိုပြန်ရှာဖွေမလဲ -သူတို့ရဲ့ ရန်သူတော်ကြီးရော “ ဒက်ရှော” ကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မှာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ File Size : (7.7 GB) /(2.5 GB) / (1.6 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 2hr 16 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Twinlay Encoded by Phyo Pyae/Ka Naung

Romance • Drama
6.6 2017 136 mins
The Fate of the Furious Fast and Furious 8
Crumb Catcher

ဇာတ်လမ်းအစပိုင်းမှာတော့ ပူပူနွေးနွေးငြားခါစ ကြင်စဦးမောင်နှံနှစ်ယောက် ဝေးလံခေါင်ဖျားတဲ့နယ်နိမိတ်ဘက်မှာတည်ရှိတဲ့ အပန်းဖြေစခန်းကို ပျားရည်ဆမ်းခရီးထွက်လာကြပါတယ် ခင်ပွန်းဖြစ်သူက ဦးဆောင် ကားမောင်း ဇနီးဖြစ်သူကတော့ လက်ဖွဲ့တွေကို ဖြည်ဖို့ ဖတ်လို့ပေါ့ အရက်စွဲနေတဲ့ ခင်ပွန်းဖြစ်သူဟာ ကြောင်တောင်တောင်ဖြစ်နေရင်းနဲ့ပဲ ကားမှန်ကိုရုတ်တရက်လှမ်းကြည့်လိုက်တဲ့အခါမှာ ကားတစ်စီးက သူတို့ကားနောက်ကနေလိုက်နေခဲ့လို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ခဲ့ရပါတယ် သို့သော်လည်း နောက်ကလိုက်နေတဲ့ကားဟာ များမကြာမီအချိန် ကားမောင်းသူခင်ပွန်းတစ်ယောက် သံသယတေတွတစ်စစကြီးထွားလာချိန်မှာပဲ လမ်းကြားထဲသို့ ထိုးကွေ့သွားပါတော့တယ် ဒုန်းဒုန်းချစိတ်အေးသွားရပေမယ်လည်း မိန်းမဖြစ်သူနဲ့ လမ်းတစ်လျှောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေရလို့လည်း စိတ်မအေးနေခဲ့ပြန်ပါပြီ ဇာတ်လမ်းဆုံးခါနီးမှာလည်း လင်မယားနှစ်ယောက်ကို ကားအတွင်းထဲမှာပဲ နေစေပြီး ဇာတ်သိမ်းထားပေးပြန်ပါတယ် ပရိုဂျူဆာဘဝကနေ ဒါရိုက်တာအဖြစ်သို့အသွင်ကူးပြောင်းလာခဲ့တဲ့ Chris Skotchdopole ရဲ့ ပထမဦးဆုံးအနေနဲ့ Directing ဒါရိုက်တာ နယ်ပယ်ထဲကိုဝင်လာခဲ့ပြီးတော့ လက်စွမ်းပြထားခဲ့တဲ့ ပထမဦးဆုံးရုပ်ရှင်လည်း ဖြစ်သလို ရုပ်ရှင်မှာပါဝင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ Rigo Garay ကလည်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်ပါဝင်အားဖြည့်ထားပါသေး Drama အချိုးအကွေ့များလည်းပါဝင်ပေမယ့် Thriller ကိုဦးတည်ထားတဲ့ဒီရုပ်ရှင်ကိုကြည့်ရှုသူတို့အဖို့ ကလိကလိနဲ့ စိတ်အသည်းပေါက်အောင် ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့် ကြည့်တဲ့အခါမှာတော့ နားနားပြီးတော့ ဝင်လေထွက်လေမှတ်ပြီး ကြည့်ရှုကြပါရန်ပန်ကြားလိုက်ပါရစေ File size…(1 GB)/(640 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy , Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Ya Mone

Action • Science Fiction
0 2024
Crumb Catcher
Fatti Vedere
5.7

Fatti Vedere က ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အီတလီ ဟာသရိုမန့်စ် ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Tiziano Russo ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Sandra (Matilde Gioli) ဆိုတဲ့ စိတ်ပညာဘွဲ့ရထားတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူမက FATTIVEDERE.COM ဆိုတဲ့ နာမည်ကြီး အွန်လိုင်းစိတ်ကုထုံးဆိုက်မှ ာ အလုပ်သစ်ရထားလို့ ဝမ်းသာနေချိန်မှာ သူမရဲ့ ဆယ်နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူ Stefano (Francesco Centorame) က ဘာအကြောင်းပြချက်မှ မပေးဘဲ သူမကို စွန့်ပစ်သွားခဲ့တယ်။ ဒီလိုနဲ့ Sandra တစ်ယောက် ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို သိရဖို့ စိတ်ရှုပ်ထွေးပြီး အဖြေရှာဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် သူမရဲ့ ပထမဆုံးအလုပ်နေ့မှာပဲ ဆိုက်မှာ အမှားတစ်ခုဖြစ်ပြီး Sandra ရဲ့ ဓာတ်ပုံအစား အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ အထောက်အထားတွေ ထည့်သွင်းခံရတယ်။ ပိုပြီး ထူးဆန်းတာက သူမရဲ့ ပထမဆုံး လူနာတွေထဲမှာ Stefano ပါဝင်နေတာပါပဲ။ Sandra တစ်ယောက် သူမရဲ့ အချစ်ရေးပြဿနာကို ဖြေရှင်းဖို့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အဲဒီ အသက်ကြီးအမျိုးသမီးရဲ့ အထောက်အထားကို အသုံးပြုပြီး သူမကိုယ်သူမဖုံးကွယ်ကာ စိတ်ကုထုံးပေးတယ်။ ဒီလိုနဲ့ သူမဟာ စုံထောက်ပုဂ္ဂလိက Marco (Pierpaolo Spollon) ရဲ့ အကူအညီနဲ့ Stefano က ဘာကြောင့် သူမကို စွန့်ပစ်သွားရတာလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားပါတယ်။ ဒီရုပ်ရှင်က ၁ နာရီ ၄၅ မိနစ်ကြာပြီး အီတလီမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က Eagle Pictures က ဖြန့်ချီခဲ့ပါတယ်။ အီတလီမှာ ရုံတင်ဝင်ငွေ ၆၁၂,၀၀၀ ယူရိုလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်က အသက် ၁၃ နှစ်အထက် ကြည့်ရှုဖို့ အကြံပြုထားပါတယ်။ ဟာသရော အချစ်ဇာတ်လမ်းလေးရော ကြိုက်တတ်တဲ့သူတွေအတွက် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ File size… 1.92 GB / 794 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 45m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Min khant

Fantasy • Comedy • Romance
5.7 2025 105 mins
Fatti Vedere