YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Zootopia.2016.1080p.BluRay HEVC 5.1 H {CM} TSK.mkv

1.47 GB N/A video/x-matroska 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rock of Ages
6.2

Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။ တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ရှုစားကြည့်လိုက်ကြပါ။ Imdbမှာ 5.9ရထားပြီး Comedy ခပ်ပါးပါးလေး ပုတ်ထားတဲ့အပြင် သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရမှာမို့ ဘဝအမောပြေစေမှာ အမှန်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Musical Quality…. 1080p | 720p | 480p File size… 2.5GB | 1.4GB | 657MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama
6.2 2012 123 mins
Rock of Ages
[18+]Female War: A Nasty Deal
3.2

အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်ရယ်ပါ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲ အွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက် နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက် အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲ သူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါ ဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ် ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ် ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲ သူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့ တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး...... သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ် ဒါပေမဲ့လေ... အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ် မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ် မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေ အွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့ မျက်စိမှိတ်လိုက်ပါတော့တယ် ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူး အဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်း အွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Q ညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲ ဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေး မိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကို DS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး File size…1.9GB / 856MB Quality…1080p FHD  /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Horror • Mystery • Thriller
3.2 2015 110 mins
[18+]Female War: A Nasty Deal
Raaz 3
5.5

လောကမှာ လူတွေဟာ လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတယ်... ဒီလိုအင်ဆန္ဒတွေဟာ တစ်ပါးသူအပေါ် ကောင်းကျိုးပြုနိုင်သလို သူများဘဝကိုစုတ်ပြတ်သပ်သွားအောင်လည်း လုပ်နိုင်ပါတယ်... ဒီလိုအင်ဆန္ဒတွေ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရင်တော့ လူ့အသက်ကိုတောင် နှုတ်ယူလိုက်နိုင်ပါတယ်... ဒီဇာတ်ကားလေးကတော့ ဒီ့ရဲ့သာဓကတစ်ခုပါပဲ... ရှနာယားဟာ ပြီးပြည့်စုံနေပေမယ့်လည်း ဒီနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လွန်စွာလိုချင်နေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်...နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာလေး အာဒိသယနဲ့လည်း တိတ်တိတ်ပုန်းတွဲနေသူလေးပေါ့.. ဒါပေမဲ့ ဒီဆုကို တက်သစ်စ မင်းသမီး ဆန်ဂျနားက ဆွတ်ခူးရရှိသွားခဲ့ပါတယ်... ကိုယ့်အတွက်လို့ ထင်ထားခဲ့တဲ့အရာက သူများလက်ထဲပါသွားလို့ စိတ်သောကရောက်ရတာကတစ်ဖက် တက်သစ်စလေးက ကိုယ့်ကိုကျော်တက်သွားလို့ ခံပြင်းတာကတစ်ဖက်နဲ့ သူမဟာ မကောင်းတဲ့အာဃာတအမုန်းတရားတွေ ဝင်လာပါတော့တယ်... ဒီလိုနဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး ဆန်ဂျနားကို ဒုက္ခပေးလာခဲ့တဲ့အခါမှာတော့...။ စိတ်ဝင်စားစရာကောင်းတဲ့ တခြားအပိုင်းတွေကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါဦးနော်.. ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ အင်မရန်းဟက်ရှမီ ဗီပါရှားဗာဆူး နဲ့ အေရှားဂုပ်သားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်... ဘားဂျက် ရူပီ သန်း၂၅၀အသုံးပြုခဲ့ပြီး Box Office မှာ ရူပီ သန်း၉၇၀ပြန်လည်ရရှိခဲ့ပါတယ် World-wide အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ 12million အထိရရှိခဲ့ပါတယ်.. File size…3GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Mystery • Thriller
5.5 2012 139 mins
Raaz 3
Don't Look Back
5.7

Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don't Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့ အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don't Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) /(999 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung

Action • Adventure • Science Fiction
5.7 2009 110 mins
Don't Look Back
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Wolf Creek 2
6.1

Wolf Creek 2 ========= ဒီကားဟာ ပထမကထွက်ရှိခဲ့တဲ့ Wolf Creek ရဲ့ ဒုတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Wolf Creek ကြည့်ဖူးတဲ့ သူတွေအတွက် ထွေထွေထူးထူး ပြောစရာမလိုပေမယ့် မကြည့်ဖူးသေးတဲ့သူတွေအတွက်ပြောရရင် ဒီဇာတ်ကားဟာ ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဩစတြေးလျနိုင်ငံ ဝုဗ်ခရိခ် ဒေသကို အလည်လာခဲ့တဲ့ ဂျာမနီလူမျိုးစုံတွဲတစ်တွဲနဲ့ အင်္ဂလိပ်လူမျိုး ယောက်ျားတစ်ယောက်က အဲဒီဒေသနားက ထူးဆန်းတဲ့လူတစ်ယောက် ဖမ်းဆီးတာကိုခံခဲ့ရတဲ့အတွက် သူတို့တွေ ဘယ်လိုမျိုးလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ပထမ Wolf Creek ဇာတ်ကားလိုပဲ သွေးထွက်သံယိုတွေ၊ သတ်ဖြတ်တာတွေ ပါတာကြောင့် horror/thriller ကြိုက်တဲ့သူတွေအနေနဲ့ ပထမကားရော အခုကားကိုပါကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size : 1.92GB / 948MB Quality : BluRay 1080p 5.1CH , 720p Running Time : 1hr 46min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Crime • Drama • Western
6.1 2013 106 mins
Wolf Creek 2
Arthur, Malédiction

Arthur, Malédiction (2022) ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 695MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Horror • Thriller
0 2022
Arthur, Malédiction
Dreamin’ Wild
6.7

Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။” တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 930MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2022 110 mins
Dreamin’ Wild
Dovbush
7.9

၁၈ ရာစုနှစ်မှာပေါ်ထွန်းခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ IMDb Rating 7.9 အထိတောင် ရရှိထားတဲ့ Dovbush ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီသူရဲကောင်းကတော့ ပြောရရင်မကောင်းသူပယ် ကောင်းသူကယ်တဲ့ Robin Hood နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ဒါပေမယ့် Robin Hood နဲ့ မတူတာကတော့အဲ့ဒီသူရဲကောင်းကပုဆိန်ကိုင်ပြီး ကျည်ဆံပြီးတာပဲ ဖြစ်ပါတယ်။သူ့ကို သူရဲကောင်းလို့သာခေါ်နေကြပေမဲ့လဲ မတရားသဖြင့် သူတို့မြေတွေကို သိမ်းပိုက်ထားတဲ့ပိုလန်တော်ဝင်တွေအမြင်မှာတော့ သူက၀ရမ်းပြေးပါပဲ။ အဲ့ဒီ၀ရမ်းပြေးတစ်ဖြစ်လဲ သူရဲကောင်းရဲ့နာမည် ကတော့အိုလက်ဆာဒို့ဘုရှ်ပဲဖြစ်ပါတယ်။သူ့မှာ အီဗန်ဆိုတဲ့ညီတစ်ယောက် ရှိပြီး သူကတော့တကယ့်ဓားပြအကြီးစားပါ။သူတို့ရဲ့မြေကိုမတရားသဖြင့် သိမ်းပိုက်ထားပြီး သူတို့ကိုလွတ်လပ်ခွင့်မပေးတဲ့ ပိုလန်တပ်တွေကို တွန်းလှန်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ပေါင်းစည်းခဲ့ကြပြီး သူတို့ရဲ့ မိဘတွေကိုပိုလန်တပ်တွေက သတ်ခဲ့တဲ့နောက်ပိုင်းမှာတော့ ညီအစ်ကို နှစ်ယောက်စိတ်ဝမ်းကွဲ သွားခဲ့ကြပါတော့တယ်။အဲ့ဒါကြောင့် အိုလက်ဆာ တစ်ယောက်တည်းကျန်ခဲ့တဲ့လူတွေနဲ့ ပိုလန်တွေကိုတွန်းလှန်ဖို့ကြိုးစား ခဲ့ပုံတွေနဲ့ သူ့ရဲ့ကျည်ပြီးတဲ့ မသေနိုင်တဲ့စွမ်းအားကရောဘယ်က ရလာတယ် ဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်….. File size…2.53 GB / 1.25GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Action
7.9 2023 120 mins
Dovbush
The Coffee Table
6.7

The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီး IMDb 6.7 ရရှိထားပြီး Rotten tomatoes 86% ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့ ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။ တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။ စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့ သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။ ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူး အဖော်အပေါင်းနဲ့လာတယ်ဆိုတာ ဒီကားကိုကြည့်ရင်သိရမှာပါ။ ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့ ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေ The coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 490 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo

6.7 2022 91 mins
The Coffee Table
Lone Wolf

Lone Wolf (2021) ဟာ Australian Found Footage ရုပ်ရှင်ဖြစ်ပြီး Trailer, Sci-fi, Mystery, and Drama အမျိုးအစားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ 1907 ခုနှစ်က စာရေးဆရာ Joseph Conrad ရေးသားခဲ့တဲ့ A Secret Agent ဝတ္ထုကို ပြန်လည်ဆန်းသစ်ပြီး Australia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Australia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုမှာ အတွေးအမြင်ဝါဒီတစ်ဦးဖြစ်တဲ့ Winnie ဆိုတဲ့ ကောင်မလေးနဲ့ Conrad ဆိုတဲ့ သူ့ကောင်လေးတို့နှစ်ဦးဟာ မကြာခင်ကျင်းပမယ့် G20 ထိပ်သီးအစည်း‌အဝေးပွဲကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေကြပါတယ် တစ်ချိန်တည်းမှာ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေကို နေရာတိုင်းလိုလိုတပ်ဆင်ထားရတဲ့အနေအထားတစ်ခုလည်းရှိနေပါသေးတယ် ကိုယ်ယုံကြည်ရာလမ်းကိုလျှောက်လှမ်းနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ G20 ကိုတားဆီးဖို့ ကြိုးစားကြရင်း မမျှော်လင့်ပဲ အစိုးရအဖွဲ့ရဲ့လျှို့ဝှက်ထောင်ချောက်ဆင်ထားတဲ့ဂွင်ထဲဝင်သွားကြတဲ့အခါ သူတို့ရဲ့အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားနိုင်မလဲ အစိုးရအဖွဲ့ကရော သူတို့ရဲ့အကြံအစည်တွေအောင်မြင်သွားမလား နောက်ထပ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး သူတို့ထည့်သွင်းချင်‌နေတဲ့ လုံခြုံရေးစနစ်အသစ်ကိုရော အဆိုတင်သွင်းနိုင်သွားမလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ဇာတ်ကား‌ပဲဖြစ်ပါတယ် File size…(2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

Comedy • Drama
0 2021
Lone Wolf
Dear Santa
5.5

ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024 108 mins
Dear Santa
The Fire Inside

The Fire Inside ဇာတ်ကားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ကောင်အဓိကကတော့ သူရဲ့အိပ်မက်ကို လိုက်ချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ််။ သူဟာ လက်ဝှေ့လောကမှာ အောင်မြင်ချင်တဲ့သူဖြစ်ပြီး၊ အခက်အခဲတွေကြုံရပါတယ်။ ဒါပေမယ့် သူဟာ စိတ်အားထက်သန်တွေ လျော့သွားတတ်သူမဟုတ်ပါဘူး။ သူရဲ့ရင်ဆိုင်မှုတွေကိုကြည့်ပြီး တော့ပြန်ပြီးစိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တဲ့ဇာတ်ကားပါပဲ။ ဒါရိုက်တာ ရေချယ် မော်ဆန်က ဇာတ်လမ်းကို တင်ဆက်ရာမှာ ရှုခင်းတွေ၊ စိတ်ကူးတွေအပြည့်အဝ ထည့်သွင်းထားပြီး မိန်းကလေးရဲ့ စိတ်အခြေအနေတွေကို ခံစားရစေပါတယ်။ ဇာတ်ကောင်ရဲ့ရင်ဆိုင်မှုတွေက ပရိသတ်ကို လည်းဘယ်လိုကျော်လွှာရမလဲဆိုတာမျိုးကို အားဖြစ်စေခဲ့တယ် လမ်းပြတဲ့သူ ကိုယ်စားပြုပေးတဲ့သူတစ်ယောက်ဖြစ်ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ လူတိုင်းရဲ့ အိပ်မက်တွေနဲ့ ရင်ဆိုင်ကြိုးစားနေတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိပါတယ်။သူဟာ အခက်အခဲတွေကို ကျော်လွှားပြီးတော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ အခက်အခဲတွေကြောင့် ဘယ်လို မချိုးမလှဖြတ်လို့မရတဲ့အခါမျိုးမှာလည်း အောင်မြင်ဖို့အတွက်မဖြစ်မနေကြိုးစားနေခဲ့တယ်။ “The Fire Inside” ကတော့ အိပ်မက်တွေကို ယုံကြည်စွာလိုက်ခဲ့တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အားလုံးကိုလည်းကြိုးစားလာဖို့အတွက်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Imdb rating 7-10 ၊ File size…(1.6 GB)/(912 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

History • Drama
0 2024
The Fire Inside